Taskmanager ပိတ်ထားရင်

ဂ်စ္စူJune 10, 20112min550

ဟို၊ဒီတွေထဲ ဝင်ကလိမနေနဲ ့
ပင်ပန်းမယ်..
ဒါလေးတွေဆောင်ထား..
Process Hacker 2.10 + Portable

System Explorer 2.6.2.3368 ML + Portable

ဗိုင်းရပ်စ် ကိုက်တာဖြစ်ဖြစ်.. တစ်ခုခု အရေးအကြောင်း ရှိတဲ့အခါ Taskmgr  ခေါ်လို ့မရတော့ဘူးဆိုရင် ဒီကောင်လေးနဲ ့ သုံးပါ။ကွန်ပျူတာထဲမှာ Run နေတာတွေကို အရင် ပိတ်ပစ်နိုင်ပြီဆိုရင်တော့ ကျန်တဲ့ လုပ်စရာရှိတဲ့အလုပ်တွေ အေးဆေးဆက်လုပ်သွားလို ့ရပါပြီ။

Cyber user တွေအတွက် Taskmanager အခက်အခဲရှိပါက ဒါလေးကို သွားလေရာဆိုင်ကို Memory Stick ဖြင့် သယ်သွားပါလေ။ကိုယ်မသင်္ကာတဲ့ Process များတွေ ့ပါက End process လုပ်၍ ပိတ်ပစ်နိုင်ပါတယ်။

တစ်ချို ့အင်တာနက်ဆိုင်တွေမှာ Taskmgr ပိတ်ပြီး Key-logger  လိုဆောဖ့်ဝဲမျိုးနဲ ့ User’s password များခိုးယူတယ်လို ့ လဲ ကြားရတယ်။မြို ့ထဲ ဘားလမ်းထဲက ဆိုင်အချို ့ ၊နေပြည်တော်က ဆိုင် အချို ့.တခြား မသိတဲ့ ဆိုင်တွေလဲ ရှိဦးမှာပါ၊ကြုံဖူးတဲ့လူတွေတော့ သိမှာပေါ့လေ။ဒါကေတော့ ကြားဖြတ်  သတိပေးကြော်ငြာပေါ့။

ကျနော့ကွန်ပျူတာ ဗိုင်းရပ်စ်ဝင်တဲ့အခါ ဖြေရှင်းဖို ့အတွက် ဒီ Process hacker and System Explorer ကို လိုရမယ်ရ ဆောင်ထားခြင်းဖြစ်ပါတယ်။ Tasklist,တွေ services တွေ အတွက် သီးသန် ့လုပ်ထာတာဖြစ်လို ့ ,Taskmgr ထက် အများကြီးပိုကောင်းပါ၏။

အသုံးလိုသူများရှိပါက ဒီအောက်မှာ ဒေါင်းလုပ် ရယူပါလေ။
အဆင်ပြေမယ်ထင်တာလေး (၂)ခု ပေါင်းထည့်ထားပါတယ်။

Click here to start Download File size-3.1 MB

ဒီအောက်ကတော့ Mozillia firefox,IE,Google Chrome,Opera စတဲ့ Web browser ထဲမှာ အမှတ်တမဲ့
Remember လုပ်ထားတဲ့ Username,Password,Website စတာတွေကို ဖော်ပြပေးတဲ့ဟာလေးဖြစ်ပါတယ်။ဒါပေမဲ့ အခုနောက်ပိုင်း မည်သူမှ Remember Password သိပ်မလုပ်ကြတော့လို ့ အဆင်ပြေမယ်တော့ မထင်ပါဘူး..လိုချင်ရင်တော့ အောက်မှာ ယူထားနိုင်ပါတယ်
http://www.redferret.net/wp-content/uploads/2011/03/webbrowserpassview_small.jpg

Click here to download