အဲဒီတုန်းကပေါ့။။။။။။။

အဲဒီတုန်းကပေါ့။။။။။။။။။။။
ကျွန်တော်ငယ်စဉ်ကအကြောင်းတွေပါ
မိတ်ဆွေများ အခုပြောတဲ့အကြောင်းအရာများကိုအရင်ဆုံး  ယုံကြည်မယ်လို့တော့ထင်ပါတယ်
၁၉၇၄ခုနှစ်လောက်ကပေါ့ ဆင်းရဲတဲ့ရပ်ကွက်လေးတစ်ခုမှာပေါ့။။။။။။။။။ကျွန်တော့အဖေရဲ့အလုပ်ဟာ အစိုးရဝန်ထမ်းအလုပ်ပါ
။။အဲဒီတုန်းကပေါ့ သူရတဲဝင်ငွေလေးနဲ့ခြောက်ယောက်သောမိသားစုတွေကိုလောက်ငှ စွာလုပ်ကိုင်ရှာဖွေ
ကျွေးမွေးနေသူတစ်ဦးပါ။
။။အဲဒီတုန်းကပေါ့ မိသားစုများပေမယ် အဖေရဲ့  ပိုက်ဆံမရှိတဲ့အကြောင်း ငြည်းညူသံကို မကြားဘူးသလောက်ရှိခဲ့ဘူးတာ။
။။အဲဒီတုန်းကပေါ့အဖေ့လစာက ၈ဝ ကျပ်ကျော်ကျော်ရတယ်ဆိုတာကိုမှတ်မိစ အရွယ် ယခင်အိမ်ငှားနေထိုင်
ရာကနေပေ(၄၀x၆၀)မြေကွက်ကြီးကို လေးလလောက်ငွေစုပြီးအဲဒီတုန်းက ၇၅ ကျပ်နဲဝယ်လို့ရခဲ့ပါတယ်။
။။အဲဒီတုန်းကပေါ့ ကျွန်တော်တို့မောင်နှမခြောက်ယောက်ကိုလည်းပညာဆုံးခန်းတိုင်အောင်
ကျောင်းထားပေးနိုင်ခဲ့တယ်။
။။အဲဒီတုန်းကပေါ့လစာထုတ်တဲ့နေ့များဆိုကျွန်တော့်အဖေဟာ  သတင်းစာစက္ကူနဲ့ထုပ်
ရောင်းတဲ့ တရုတ်ဆိုင်ကခေါက်ဆွဲကြော်ကို တစ်ထုပ် ၁ကျပ်ပြား၅ဝ နဲ့အနည်းဆုံး
သုံးထုပ်လောက်ဝယ်လာပြီး မိသားစုတွေကိုခွဲဝေကျွေးခဲ့ဘူးတယ်။။
။။အဲဒီတုန်းကပေါ့ သမဆိုင်ကနေပေးတဲ့ ကျောင်းစိမ်းလုံချည်ပိတ်စတွေကမကောင်း၊ တိုက်ဆွေးတွေကများလို့
အပြင်ဆိုင်ကဝယ်ပေးရှာတာ အဲဒီတုန်းက တစ်ထည်ကိုမှ ၅၅ ကျပ်ထဲပေးခဲ့ရတယ်။
။။အဲဒီတုန်းကပေါ့ မြန်မာပြည်မှာ ကားတွေမီးစက်တွေ အများကြီးမရှိလို့ ဖောဖောသီသီ သုံးစွဲနိုင်တဲ့ လျှပ်စစ်မီးမရှိ
တဲ့ ရပ်ကွက်ကလေးကို သမဆိုင်ကရေနံဆီလေးထောင့်သံပုံးတစ်လုံး ၁ကျပ်၂၅ပြားနဲ့ ရောင်းပေးလို့ တစ်ပါတ်တစ်ခါ
အဖေ မရှိလို့ သမဆိုင်မှာကိုယ်တိုင်သွားထမ်းခဲ့ ရတဲ့အခါ နာခဲ့ဖူးတဲပခုံးမှာ အခုထိဒဏ်ရာကျန်နေခဲ့ဘူးတာ။
။။အဲဒီတုန်းကပေါ့ သမကပေးတဲ့ဆန်ကြမ်းတစ်ပြည် ၂ကျပ်၂၅ ပြားတန်ကို လူတန်းအရှည်ကြီးကြားထဲက ကလေး
ပီပီ တိုးဝှေ့တန်းစီတတ်ခဲ့တာ။
။။အဲဒီတုန်းကပေါ့ ကျောင်းပညာရေးမှာ ကျူရှင်ဆိုတဲ့ စကားလုံးစိမ်းကြီးကို ဂုဏ်ယူစရာတစ်ခုလိုပြောပြီး ဆရာစာမ
သင်ခင် သင်ခန်းစာတွေသိနှင့်နေတဲ့ သူငယ်ချင်းတစ်ယောက်ကိုငေးကြည့်နေခဲ့ဘူးတာ။
။။အဲဒီတုန်းကပေါ့ ကျောင်းအပြန် မြန်မာပြည်လုပ် ဟီးနိုး လိုင်းကားကြီးတွေကို ခလေးပီပီ ကားခ ၁၅ ပြားမပေးဘဲ
တက်စီးခဲ့ဘူးတယ် ကားစပယ်ယာကြီးရဲ့ ကျေးဇူးရှင်လေးတွေ သဘောကျစီးပါလို့ ပြုံးပြုံးကြီး ပြောနေခဲ့ဘူးတာ။
။။အဲဒီတုန်းကပေါ့ မြန်မာ့ရုပ်မြင်သံကြားရဲ့ စမ်းသပ်အစီအစဉ်တွေကို ရပ်ကွက်တွေမှာလှည့်ပြတဲ့ ကားကြီးရဲ့
နောက်ခန်းက ရုပ်မြင်သံကြားစက်ကြီး က မြင်ကွင်းဝါးတားတားတွေကိုကြည့်ဘို့ နေရာဦးရင်း သူငယ်ချင်းတွေနဲ့
ရန်ဖြစ်ခဲ့ဘူးတာ။
။။အဲဒီတုန်းကပေါ့ တက္ကသိုလ် ကျောင်းသားကြီးတွေရဲ့အဆောင်ကိုသွားလည်တိုင်း ဘယ်နိုင်ငံကထုတ်တဲ့ သတင်းစာ
မှန်းမသိပေမယ့် အားလုံးအင်္ဂလိပ်လိုချည်းရေးထားတဲ့ သတင်စာတွေဖတ်ပြီး ငြင်းခုန်စကားပြောနေတတ်တဲ့ သူတို့ကို
အားကျနေခဲ့ဘူးတာ။
။။အဲဒီတုန်းကပေါ့ တက္ကသိုလ် ကျောင်းသားကြီးတွေ အင်္ဂလိပ်လိုဖတ်တာပြောတာတွေကိုအားကျလို့ ဘယ်နှစ်တန်းလဲ
မေးတော့  စက်ကန်းရီးယား လို့ပြောတာနားမလည်လို့ ကျောင်းကဆရာမကိုမေးမှ ဒုတိယနှစ်လို့သိခဲ့ရပေမယ့် အဲဒီ
ဒုတိယနှစ်ဆိုတာကြီးကိုနားမလည်ဖြစ်ခဲ့ဘူးတာ။
။။အဲဒီတုန်းကပေါ့ လမ်းစဉ်လူငယ် အသင်းဝင်ရင် သွားလို့ရတဲ့ ဘယ်နေရာမှာရှိမှန်းမသိ့ပေမယ့် အရမ်းရောက်ချင်နေခဲ့
ဘူးတဲ့ ငပလီ ဆိုတဲ့ကမ်းခြေကြီးကို သွားချင်နေခဲ့ဘူးတာ။
။။အဲဒီတုန်းကပေါ့ ရေချိုးတဲ့အခါတိုင်း  ဆေးပါတယ်ဆိုပြီး ယာနာလေးတွေပျောက်ချင်ဇောနဲ မြန်မာပြည်ရဲ့အကောင်းဆုံး
ကာဘော်လစ်ဆိုတဲ ဆပ်ပြာနီနီရဲရဲကြီးတွေကို အမြုပ်တစ်ဖွားဖွားထွက်အောင်တိုက်ခဲ့ဘူးတာ။
။။အဲဒီတုန်းကပေါ့ ဆားနဲ့သွားတိုက်တိုင်း သွားနာတတ်လို့ သမဆိုင်ကရောင်းတဲ့ ပန်ဆိုဒင့် သတ္ထုဘူးလေးထဲက ပြစ်ချွဲချွဲ
အဖြူရောင်ဆေးတွေနဲ့ သွားစ တိုက်ဘူးခဲ့တာ။
။။အဲဒီတုန်းကပေါ့  မွှေးတဲ့ဆပ်ပြာခဲ ဆိုတာရှိတယ် တို့တွေမသုံးရဘူး သမဆိုင်မှာလဲမရောင်းဘူးလို့ အံ့ဩဖွယ်သတင်းကို
စတင်ကြားခဲ့ဘူးတာ။
။။အဲဒီတုန်းကပေါ့ လူတိုင်းမဝယ်နိုင်တဲ့ ရေဒီယို အဟောင်းလေးတစ်လုံးဝယ်ပေးတဲ့အဖေ့ကိုကျေးဇူတင်သလိုအဲဒီရေဒီယို
လေး စ ဖွင့်တော့ ကြားခဲ့ရတဲ့ ကမ္ဘာမကျေ သီချင်းသံ…….အင်းအဲဒီတုန်းကပေါ့။။။
…….အင်း……….အဲဒီတုန်းကပေါ့။။။…….အင်း……………..အဲဒီတုန်းကပေါ့။။။
…….အင်း……….အဲဒီတုန်းကပေါ့။။။…….အင်း………..အဲဒီတုန်းကပေါ့။။။

 

ပညာပြည့်ဝ…နှလုံးလှသော်…

ကိစ္စကြီးငယ်….ဆောက်သဖွယ်လျှင်….

ကျဉ်းကျယ်ထွင်းဖောက်…ဖြတ်တောက်လိုရာ….

ပြီးနိုင်စွာ၏။။။။

(မာဃဒေဝ)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။

9 comments

  • king

    June 10, 2011 at 2:31 pm

    အဲဒီတုန်းကပေါ့
    ကျွန်တော့်ကိုမမွေးသေးဘူးပေါ့
    အဲဒီတုန်းကပေါ့
    အဖြစ်အပျက်တွေကို သေသေချာချာမသိတော့
    အဲဒီတုန်းကပေါ့
    ဆိုတဲ့ စကားဟာ ကျွန်တော့်အတွက်တော့ နောက်ထပ် နှစ်…..
    အခုတော့
    ကျွန်တော်ဟာ ……
    နောက်လာမယ့် နှစ်တွေမှာတော့
    ကျွန်တော်ဟာ ……..
    😛 😀 🙂

  • PaukPhaw

    June 10, 2011 at 3:01 pm

    အဲဒီတုန်းကပေါ့ ..
    ခုလို ဘယ်ဟုတ်မလဲပေါ့..
    ခုတော့လဲပေါ့..
    အဲဒီတုန်းကလို ဘယ်ဟုတ်မလဲပေါ့..
    အဲဒါနဲ ့ပဲ ..အဲဒီတုန်းကပေါ့……..
    အင်း..အင်း…အင်း..။……….။

    The End!

  • unclegyi1974

    June 10, 2011 at 4:41 pm

    0gre ရေ ရေနံဆီသံပုန်းကြီးနဲ့တပုံး ၁ကျပ်၂၅ပြားဆိုတာကအဲဒီတုန်းကမဟုတ်လောက်
    ဖုူးနော်
    ၁၉၇ဝမတို်င်ခင်ကအန်ကယ်ကြီးကိုယ်တိုင်b0cကပေးတဲ့ရေနံဆီ၅ဂါလံတပုံး
    ၅ကျပ်ပေးဝယ်ပြီးအိမ်ပေါ်ထမ်းတင်ခဲ့တာမုန့်ဖိုး ပြား၅ဝပဲရတာနော်

  • MaMa

    June 10, 2011 at 11:45 pm

    ကျောင်းစိမ်းလုံချည်ပိတ်စ တစ်ထည်ကိုမှ ၅၅ ကျပ်ထဲပေးခဲ့ရတယ်။ အဲဒါတော့ မှားနေပြီထင်တယ်။
    အဲဒီတုန်းကပေါ့….. မုန့်ဟင်းခါးတစ်ပွဲကို အကြော်ပါမှ ပြား ၅၀၊
    ဇီးထုပ်၊ ပဲလှော် တစ်ထုပ် ၁ဝ ပြား။ ကျောင်းမုန့်ဖိုး တစ်ရက် ပြား ၅ဝ ကို လောက်လောက်ငင သုံးလို့ရတယ်။ ခုခေတ်ကလေး မုန့်ဖိုး ၂၀ဝကျပ် ပေးတာ မလောက်လို့ အော်နေတယ်။ လောက်အောင်ဘယ်လောက်ပေးရမလဲမေးတော့ တစ်နေ့ ၁၀၀ဝ ကျပ်တဲ့။
    ငွေရှာတဲ့လူကြီးတွေ တက် လောက်တယ်။

  • bigcat

    June 11, 2011 at 12:07 am

    အဲဒီတုန်းက ပေါ့
    အခုတော့ လေး
    ပြောရင်းနဲ့ ဆွေး
    နှောင်းလူတွေ မေး
    ကောင်းသူတွေ ပြေး
    အိုဘယ့် မြန်မာပြည်….

  • shwemanthar

    June 11, 2011 at 8:05 am

    အင်း
    အဲဒီတုန်းကပေါ့
    ကျွန်တော်တော့မမွေးသေးဘူး
    ဒါပေမဲ့ပေါ့
    ကောင်းပါတယ်ပေါ့
    ဖတ်ရတာလေ

Leave a Reply