(၆)ရပ်ကွက် မရမ်းကုန်းအုပ်ချုပ်ရေးမှူးအားဖယ်ရှားပေးပါခင်ဗျာ

AngelJune 10, 20111min634

ရန်ကုန်တိုင်း မရမ်းကုန်းမြို ့နယ် (၆)ရပ်ကွက်၏အုပ်ချုပ်ရေးမှူး ဦးခင်ဇော် မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ရုံးမှ ချမှတ်ပြဌာန်းထားသော နည်းဥပဒေ လုပ်ထုံးလုပ်နည်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိပါ။
အကြောင်းမှာ ရှေ ့နေ တဦး၏ဇနီး သားသမီး သုံးယောက်၏မိခင် နန်းထိုက်တော်ဝင်စားသောက်ဆိုင်နှင့် ဂရိတ်နို်င်း ဆောက်လုပ်ရေးကုမ္ပဏီတို ့၏ပိုင်ရှင် ဦးအိုက်လင်း၏ တပည့်ရင်း ဒေါ် ခင်သန်းဌေး ဆိုသူ နှင့် ပေါင်းသင်းနေထိုင်ခဲ့ရာ ၅နှစ် ကာလသို ့ရောက်ရှိခဲ့ပါသည်။
၎င်းအုပ်ချုပ်ရေးမှူးဦးခင်ဇော်မှာ ရ.ယ.က ဥက္ကဌဟောင်းတဦးအဖြစ်မှ ယခုအုပ်ချုပ်ရေးမှူးအဖြစ်သို ့ ရောက်ရှိရန် တာဝန်ရှိသူများအား လာဘ်ငွေ ၃သိန်း ပေးကမ်းပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် လုပ်ကိုင်နေပါသည်။
ယင်းဖြစ်ရပ်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သစ်၏ဂုဏ်သရေ ကိုညှိုနွမ်း ထိခိုက်စေခြင်းအလို ့ ငှာမသင့်တော်ကြောင်း သက်ဆိုင်တာဝန်ရှိသူများသို ့တင်ပြအပ်ပါသည်ခင်ဗျာ။

4 comments

  • PaukPhaw

    June 11, 2011 at 4:02 am

    ဒီ့ထက် ပိုတဲ့ ပစ်ချက်လေးတွေ နဲ ့ ဖော်ပြပေးရင်ပိုကောင်းမယ်ထင်တယ်

  • captainamerica

    June 11, 2011 at 4:38 am

    အခုဟာက သတင်းမဟုတ်ဝူး အရပ်ထဲကလူတွေအတင်းပြောသလိုဖြစ်(စ်)နေတယ်။အချက်အလက်ပိုပြည့်စုံ
    ရင်ပိုကောင်းမယ်လို.ထင်ပါတယ် သငယ်ဂျင်း

  • windtalker

    June 11, 2011 at 12:23 pm

    Crystal က MG ကို မိုးနတ်မင်း လို သဘောထား တိုင်တည် ထားတယ် ။ MG ဟာ မြန်မာနိုင်ငံ ကို အုပ်ချုပ်သူ အစိုးရ မဟုတ်ဘူး ။ သို ့သော် MG ထဲ မှာ ရှိတဲ့ အချို ့အချို ့သော ရွာသူရွာသား များ ဟာ အုပ်ချုပ်မှု ပိုင်းမှာ တစ်နည်းတစ်ဖုံ ပါဝင် ပတ်သက်နေတဲ့သူ သို ့မဟုတ် ရာထူးခံ များ ဖြစ်နိုင်တဲ့ အတွက် ။ MG မှာ တိုင်မယ်ဆိုရင် တရားရုံးမှာ တိုင်ချက်ဖွင့်သလိုမျိုး ပြည့်ပြည့်စုံစုံလေး တင်ပြ သင့်တယ် လို ့ထင်ပါတယ် ။ ဒါမှ လည်း စပ်မိစပ်ရာ က နေ ထိထိရောက်ရောက် အရေးယူနိုင်တဲ့ အထိ ရောက်လာနိုင်မယ် မဟုတ်ပါလား ။

  • antimoe

    June 11, 2011 at 3:28 pm

    ၅နှစ်ရှိနေပြီ…အခုမှတိုင်တာ…ဘာဖြစ်လို့လဲ။
    ဝေစုမတည့်ဘူးလား။

    သူက…လူပျိုလူလွတ်လား။

    ပြောင်းပြန်ဇာတ်လမ်းမျိုး…ကြားဖူးပေမယ့်….
    ဒီလိုမျိုးက….ပထမဆုံးကြားဖူးတာပဲ။
    မဟုတ်ဘူးဆိုရင်တော့….အားလုံး…စိတ်ဆင်းရဲစရာတွေ…ဖြစ်ကုန်တော့မယ်။
    အပေါ်ကပြောကြသလို…..အထောက်အထားတွေ..ရှိရင်..
    သူ့အမျိုးသားက….အစောကတည်းက…လုပ်နေရောပေါ့…။
    အံတီမိုးက…..ဒါတွေ…သိပ်နားမလည်ပေမယ့်….ဝင်မန်းမိတာ Sorryပါ…။

Leave a Reply