”၀ါဒတိုက်ပွဲလေး စလိုက်ကြရအောင်“

”လုပ်လိုက်လေ“

”ဘယ်ဝါဒနဲ့ ဘယ်ဝါဒကို တိုက်ရင်ကောင်းမလဲ”

”အင်း…အခုတစ်လော ဘာသာရေးလောကမှာ ခေတ်စားနေတဲ့ မိုးပြာ     ဂိုဏ်းနဲ့ ထေရ၀ါဒ ဘယ်သူက ဗုဒ္ဓ၀ါဒီလဲ တိုက်ရအောင်“

”မင်းက အဲဒီဂိုဏ်းအကြောင်းကို ဘယ်လောက်သိလို့လဲ”

”နဲနဲပါးပါးတော့ သိပါတယ်“

”မင်းက မိုးပြာဂိုဏ်းဘက်ကနေ ပြောမယ်ဆိုပါတော့“

”အေးပေါ့“

”ငါက ထေရ၀ါဒဂိုဏ်းဘက်ကနော်“

”ကဲ…စလိုက်ကြရအောင်“

”မင်းတို့ဂိုဏ်းက မိစ္ဆာဒိဋ္ဌိတွေပဲကွ“

”မင်းတို့ ထေရ၀ါဒကမှ မိစ္ဆာဒိဋ္ဌိ အစစ်တွေပါကွာ“

”မင်းတို့ မိုးပြာဂိုဏ်းက နောင်ဘ၀မရှိဘူးမဟုတ်လား အဲဒါ မိစ္ဆာဒိဋ္ဌိပဲ

ပေါ့“

”မင်းတို့ ထေရ၀ါဒက နောင်ဘ၀ရှိသလား“

”ရှိတာပေါ့“

”ဒါဆိုရင် မင်းတို့လဲ မိစ္ဆာဒိဋ္ဌိပဲ“

”ဘာဆိုင်လို့လဲကွာ“

”နောင်ဘ၀ ရှိတယ်လို့ယူရင်လဲ မိစ္ဆာဒိဋ္ဌိ၊ နောင်ဘ၀ မရှိဘူးလို့ယူရင်လဲ

မိစ္ဆာဒိဋ္ဌိပဲမဟုတ်လား။အဲဒါကြောင့် ငါတို့က နောင်ဘ၀ ရှိတယ် မရှိဘူး

ဆိုတာတွေကို မယူဘူး မစဉ်းစားဘူး“

”နောင်ဘ၀ဆိုတာ ရှိကိုရှိတယ်ကွာ“

”ဘယ်လိုသက်သေပြစရာရှိလို့လဲ“

”အများကြီးရှိတာပေါ့“

”ပြောစမ်းပါအုံး“

”လူဝင်စားတွေဆိုတာ မကြားဖူးဘူးလား။အဲဒါ နောင်ဘ၀ရှိတယ်ဆို

တာရဲ့သက်သေပဲပေါ့ “

”အဲဒါနဲ့ပဲ နောင်ဘ၀ဆိုတာက ရှိရရောလားကွာ“

”အေးလေကွာ သေပြီးဝင်စားတဲ့သူတွေက အရင်ဘ၀က သူတို့လုပ်ခဲ့  တာတွေကို ပြန်ပြီးပြောပြနိုင်နေကြတာပဲဟာ“

”ဒါဆိုလျှင် အဲဒီနောင်ဘ၀ဆီကို ဘယ်လိုသွားပြီး ဘယ်လိုဝင်စားတယ် ဆိုတာ သွားပြ ၀င်စားပြစမ်းပါအုံး“

”မင်းကလည်း အဲဒီလောက်ကြီးအောင်တော့ ကတ်သီးကတ်သတ် မ  ပြောနဲ့လေကွာ“

”၀ါဒပြိုင်ပါတယ်ဆိုမှတော့ ကိုယ့်ဝါဒဘက်ကနေ နိုင်အောင်ပြောပေါ့၊“

”ရပါတယ် ရပါတယ်။ ဒီဘ၀က သေတဲ့လူရဲ့ ၀ိဉာဉ်လေးက နောင်ဘ  ၀ကိုယ်ထဲကိုသွားပြီး ၀င်စားတာပေါ့“

”သွားပုံ သွားနည်းလည်း ပြောအုံးလေ“

”ငါ့ကြီးပဲ မေးမနေနဲ့ မင့်လည်းမေးရအုံးမယ်“

”ကြိုက်သလိုသာ မေးလိုက်စမ်းပါ“

”မင်းတို့က ရှိတယ်လည်းမယူဘူး မရှိဘူးလည်းမယူဘူးဆိုတော့ ရှိချင်ရှိ မယ် မရှိချင် မရှိဘူးလို့ယူတာပေါ့“

”အဲဒီလိုလည်းမယူဘူးလေကွာ“

”ဟာ-ဒါကတော့ မင်း လူလယ်ကျတာပဲ၊ တစ်ခုခုတော့ယူရမှာပေါ့“

”မယူပါဘူးဆိုကွာ“

”ဒါဆို မင်းတို့က ဘ၀မရှိဘူးပေါ့“

”ဘ၀မရှိလို့တော့ ဖြစ်မလား၊ ဘ၀ကတော့ရှိတာပေါ့“

”ဒါနဲ့များကွာ ဝေ့လည်ကြောင်ပတ်လုပ်နေရသေးတယ်“

”ဝေ့လည်ကြောင်ပတ်လုပ်နေတာ မဟုတ်ပါဘူး၊ ငါတို့ယူတဲ့ ဘ၀ဆို  တာက နောင်ဘ၀တွေ နောက်ဘ၀တွေမှ မဟုတ်တာ“

”ဒါဖြင့်ရင် အခုလူ့ဘ၀ တစ်ဘ၀လေးကိုပဲ ဘ၀လို့သတ်မှတ်တာပေါ့“

”အဲဒါလည်း မဟုတ်သေးဘူး“

”ဒီဟာတွေအပြင် နောက်ထပ်တစ်မျိုး ဘ၀ဆိုတာက ရှိသေးလို့လား“

”အေး…အဲဒီ ဘ၀ဆိုတာကို ငါတို့လို ဗုဒ္ဓ၀ါဒီ အစစ်တွေကမှ နားလည်  တာဆိုတော့ ငါတို့လိုဖြစ်အောင် ကြိုးစားလိုက်ပါအုံး“

”ဘာမှ ကြိုးစားနေစရာမလိုဘူး ငါတို့ထေရ၀ါဒကမှ ဗုဒ္ဓ၀ါဒီ စစ်စစ်တွေ

ဆိုတာ တကမ္ဘာလုံးသိပြီးပဲ။ မင်းတို့ ပစ္စုပ္ပန်ကမ္မ၀ါဒက မနေ့တစ်နေ့က    မှ ပေါ်လာတာများကွာ“

”အရင်ပေါ်လည်း အတုကြီးဆိုလျှင်တော့ ဘာမှ အလုပ်ဖြစ်တာမှတ်လို့ အလုပ်မဖြစ်တာဟာ အတုကြီးဆိုတာ သေချာတာပဲ“

”ဘာလို့ အလုပ်မဖြစ်ရမှာလဲ ကမ္ဘာပေါ်မှာ ငါတို့ထေရ၀ါဒီတွေကမှ အ  ယဉ်ကျေးဆုံးနဲ့ ကိုယ်ချင်းစာတရားအရှိဆုံးကွ“

”အင်း…မင်းက တော်တော်ရီစရာပြောတဲ့ကောင်ပဲ။ အဲဒါမျိုးကို ၀ါးလုံး   ခေါင်းထဲမှာ လသာတာလို့ပြောတာ။ ကမ္ဘာပေါ်မှာ ထေရ၀ါဒကို အများ  ဆုံးကိုးကွယ်တာ ငါတို့မြန်မာပြည်ပဲ“

”အေးလေကွာ အဲဒါကြောင့်ပြောတာပေါ့“

”သိပ်လည်း ဂုဏ်ယူမနေနဲ့ ကမ္ဘာပေါ်က အဂတိအိလိုက်စားဆုံး တိုင်းပြည် တွေထဲမှာ မြန်မာပြည်က ဒုတိယတဲ့“

”ဒါကတော့ကွာ“

”နောက်တစ်ခု ရှိသေးတယ် အဆင်းရဲဆုံးတိုင်းပြည်တွေထဲမှာလည်းပဲ တတိယဆိုလား“

”အဲဒါတွေနဲ့ ဘာမှ မဆိုင်ပါဘူးကွာ“

”ဘာလို့မဆိုင်ရမှာလဲ မင်းတို့ထေရ၀ါဒဟာ အလုပ်ဖြစ်တယ်ဆိုလျှင် ဒီ လိုတွေက ဘာဖြစ်လို့ဖြစ်နေရတာလဲ“

”တကယ်မကျင့်သုံးကြလို့ပေါ့ကွ“

တကယ်မကျင့်သုံးတာဟာ အလုပ်မဖြစ်လို့ဆိုတာပေါ်လွင်တာပဲပေါ့“

”မင်းတို့ကတော့ ဘယ်လောက်တောင် အလုပ်ဖြစ်လို့လဲ“

”သိပ်ကိုဖြစ်တာပေါ့။ မလုပ်သင့်တာနဲ့ လုပ်သင့်တာကို နောက်ဘ၀တွေ နောင်ဘ၀တွေမပါဘဲနဲ့ ခွဲခြားသိပြီးလုပ်တာဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်း  နေရတာဟာ အလုပ်ဖြစ်တာပဲပေါ့“

”လုပ်သင့်တာနဲ့ မလုပ်သင့်တာလေးကို သိတာနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေရ တာများ အထူးအဆန်းလုပ်လို့ကွာ“

”သိပ်ကိုထူးဆန်ပြီလား။လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ငါတို့လို ဗုဒ္ဓ  ၀ါဒီအစစ်တွေကမှသိတာ။ သူများတွေကကောင်းတယ်လို့ ပြောလို့သာ ကောင်းတယ်ထင်ပြီး လုပ်နေရတာ တကယ်မကောင်းဘူးဆိုတာကို လူ တွေ တကယ်လိုက်မလုပ်နိုင်ကြတာက သက်သေပဲမဟုတ်လား“

”လုပ်တဲ့သူတွေ လုပ်နေကြတာပဲ“

”ဗုဒ္ဓ၀ါဒက လူတစ်ဦးတစ်ယောက် လူတစ်စုတစ်ဖွဲ့လောက်ပဲ လိုက်နာလို့  ရ ရမယ့်တရားမဟုတ်ဘူးလေ။ စစ်မှန်တဲ့ ဗုဒ္ဓ၀ါဒက လုပ်လို့ရတာကိုပဲ  ပြောတယ်၊ ပြောတာကလည်း လုပ်လို့ရ ရမယ် အဲလိုမှ မဟုတ်လို့တော့ ဘယ်မှာလာပြီး ကျင့်သုံးလို့ရတဲ့ တရားဖြစ်မှာ လဲ။ မင်းတို့ထေရ၀ါဒတွေ မှာ အဲလိုတွေဖြစ်နေကြတယ်“

”မင်းတို့ကမှ နောင်ဘ၀မရှိတဲ့သူတွေဆိုတော့ လူတွေကို ပိုပြီး ရိုင်းစိုင်း အောင် လုပ်နေတာပဲ။ နောင်ဘ၀မရှိဘူးဆိုလျှင် လူတွေဟာ လုပ်ချင်  တာတွေ လုပ်ကုန်ကြတော့မှာပေါ့“

”လုပ်ရဲရင် လုပ်ကြည့်လိုက်ကြစမ်းပါ။ ဘာမှမဖြစ်ဘူးလား ဖြစ်သလား တစ်ခါထဲကိုသိသွားစေရမယ်။ စမ်းကြည့်လိုက်လေ“

”မင်းတို့လို မိစ္ဆာဒိဋ္ဌိတွေနဲ့ပြောရတာ တော်တော်လက်ပေါက်ကပ်တာပဲ“

”ကိုယ်ပြောတဲ့စကားတောင် ကိုယ်မသိတဲ့သူတွေကများ လာ လာသေး“

”ကိုယ်ပြောတဲ့စကားတော့ ဘာဖြစ်လို့ ကိုယ်မသိရမှာလဲ“

”သိလျှင် ပြောစမ်းပါ မိစ္ဆာဒိဋ္ဌိဆိုတာ ဘာလဲ”

”မိစ္ဆာဒိဋ္ဌိပါဆိုမှ မိစ္ဆာဒိဋ္ဌိပေါ့ကွ“

”အဲဒါပြောတာပေါ့ ကိုယ်ပြောတဲ့စကား ကိုယ်မသိဘူးဆိုတာ။ကိုယ့်ဘာ သာကလွဲလျှင် တစ်ခြားဘာသာတွေဟာ မိစ္ဆာဒိဋ္ဌိတွေလို့ မှတ်ယူကြတဲ့ အယူအဆကတော့ တော်တော်ကို ကလေးကလားဆန်လွန်းပါတယ်“

”ကံ ကံရဲ့ အကျိုးကို မယုံကြည်တာ မိစ္ဆာဒိဋ္ဌိပဲပေါ့။ ကံ ကံရဲ့ အကျိုးကို     ယုံကြည်တာ ငါတို့ထေရ၀ါဒပဲရှိတာလေ။ တစ်ခြားတစ်ခြား ဘာသာ    တွေက ဖန်ဆင်းရှင်တို့၊ မိုးနတ်မင်းတို့၊ ဘုရားသခင်တို့ ဆိုတာတွေကို ယုံကြည်ကြတာမဟုတ်လား“

”အတူတူနဲ့ အနူနူပါပဲကွာ အရူးက တစ်မူးသာချင်မနေစမ်းပါနဲ့“

”ဘယ်လိုမှ မတူဘူး။ သူတို့က ဘာမဆို ဘုရားသခင်ကဖန်ဆင်းတာတဲ့ ဘယ်လိုလုပ်ပြီး တူနိုင်မှာလဲ။ လူကိုလည်း ဘုရားသခင်က ဖန်ဆင်းဆို လားပဲ“

”မင်းတို့ကတော့ ဘာကဖန်ဆင်းတာတုန်း“

”ငါတို့က ဖန်ဆင်းရှင်ကိုလက်ခံတာမဟုတ်ဘူး ကံတရားကိုပဲလက်ခံတဲ့ သူတွေကွ“

”အဲဒီကံကိုကျတော့ ဘယ်သူကလုပ်တာလဲ“

”ဟ,လူကလုပ်တာပေါ့“

”တကယ်တမ်း မင်းတို့ အဲဒီအတိုင်းမခံယူကြပါဘူး“

”ဘာလို့ မခံယူရမှာလဲ ခံယူတာပေါ့“

”ဒါဆိုလျှင် မေးမယ်နော်“

”မေး“

”အခုလူတွေ ဆင်းရဲချမ်းသာကွဲနေတာ ဘယ်လူကြောင့်လဲ“

”အတိတ်လူကြောင့်ပေါ့“

”မမွေးခင်ကအတိတ်လူလား မွေးပြီးအတိတ်လူလား“

”မမွေးခင်ကအတိတ်လူပေါ့“

”ဒါဆိုလျှင် အခုဘ၀မှာ ဘယ်လောက်ပဲလုပ်လုပ် ချမ်းသာချင်မှချမ်း  သာမှာ ဆင်းရဲချင်မှလည်းဆင်းရဲမှာဆိုပြီး ဘာမှမလုပ်ဘဲနေကြပါလား“

”အဲလိုတော့လည်း မဟုတ်သေးဘူးလေကွာ“

”ဒါ့ကြောင့်ပြောတာပေါ့ မင်းတို့ခံယူတဲ့ကံအတိုင်း လိုက်မလုပ်တာဟာ  မင်းတို့ကံကို မင်းတို့မခံယူတာပဲပေါ့“

”သူများကျတော့ပြောပြီး မင်းတို့ကတော့ ကံကို ဘယ်လိုခံယူတာမို့လဲ“

”တို့က ကံကို လူကလုပ်တာလို့ မခံယူဘူး“

”ဘယ်လိုလဲ“

”ကံကို ကိလေသာက လုပ်တာလို့ပဲခံယူတာ“

”အဲဒီကိလေသာကိုရော ဘယ်သူကလုပ်တာလဲကွာ“

”၀ိပါက်ကလုပ်တာလို့ ခံယူတာပေါ့“

”အဲဒီဝိပါက်ကိုရောကွာ“

”ကံကလုပ်တာလေ“

”ဒါဖြင့် လူကိုရောကွာ“

”ဆင်းရဲချမ်းသာကို လူကလုပ်လို့ ဖြစ်တာမဟုတ်ဘူး“

”လူကမလုပ်လို့ ဘာကလုပ်ရမှာလဲ ပေါက်ကရတွေ ရှောက်(လျှောက်) ပြီးပြောမနေနဲ့“

ဆင်းရဲချမ်းသာကို ဘယ်အတိုင်းအတာနဲ့ ဘယ်လိုသတ်မှတ်မှာလဲ“

”မင်းကရော ဘယ်လိုသတ်မှတ်မှာမို့လဲ“

”သေသေချာချာနားထောင်ပေးပါ သူငယ်ချင်း“

”ပြောမှာသာ ပြောစမ်းပါ“

ကိုယ့်ရဲ့ကိုယ်၊ ကိုယ့်ရဲ့နှုတ်၊ ကိုယ့်ရဲ့စိတ်တွေကို နိုင်နင်းပိုင်နိုင်တာက  ချမ်းသာတာ၊ အို မနိုင်နင်း မပိုင်နိုင်တာက ဆင်းရဲတာလို့ သတ်မှတ်တာပေါ့“

”ကိုယ့်ကိုကိုယ် ပိုင်လို့ရမလား။ မနာ၊မအို၊မသေချင်ဘဲနဲ့ အို၊နာ၊သေနေ ရတာတွေကို ဘယ်လိုလုပ်ပြီး နိုင်နင်း ပိုင်နိုင်လို့ရမှာလဲ“

”အဲဒါကြောင့် မင်းတို့ဟာ ကံတရားကို လက်ခံတဲ့သူတွေမဟုတ်ကြဘူး လို့ပြောတာပေါ့။ ပထ၀ီ၊ ၀ါယော၊ အာပေါ၊ တေဇောတွေနဲ့ ဖွဲ့စည်းတည်   ဆောက်ထားတဲ့ ဘယရုပ်ဝတ္ထုပစ္စည်းပဲဖြစ်ဖြစ် သစ်ရာကနေဟောင်း   ဟောင်းရာကနေပျက်(အို၊နာ၊သေ)မှာတွေကတော့ ဘာမှဆန်းတဲ့အရာ တွေမှ မဟုတ်တာပဲ။ သည်လောက်အရာလေးကို ဗုဒ္ဓ၀ါဒီမဟုတ်ကြတဲ့ သူတွေကသာ တလေးတနက် အဆန်းတကြယ်လုပ်မှာပါ“

”ဒါကိုပဲ တို့ဗုဒ္ဓကဟောခဲ့တာပဲလေကွာ“

ဗုဒ္ဓက ကံတွေရဲ့(အို၊နာ၊သေ)ကိုပဲဟောခဲ့တာ၊ ရုပ်တွေရဲ့(အို၊နာ၊သေ)  ကိုဟောခဲ့တာမှမဟုတ်တာပဲ။ မင်းတို့ကပြောတော့သာ ကံ ကံရဲ့အကျိုး ကိုယုံကြည်တယ်လို့ပြောတာ တကယ်လက်တွေ့မှာကြတော့ အပြောနဲ့ အလုပ်က တခြားစီပါပဲလား“

”မင်းတို့လိုတော့ ကတ်သီးကတ်သတ် မပြောတတ်ဘူး“

မပြောတတ်တာဟာ မသိလို့ပေါ့၊ မသိတာဟာ အ၀ိဇ္ဇာပဲ၊ ကံနဲ့၊ ရုပ်နဲ့ ကိုတောင် ခွဲခြားမသိမှတော့ ဘယ်လိုမှ ဗုဒ္ဓ၀ါဒီမဖြစ်သေးဘူးပဲ

”မင်းတို့ကတော့ မင်းတို့ပြောတဲ့အတိုင်း ဘယ်လိုလုပ်တာမို့လဲ“

”မကောင်းတဲ့အလုပ်တွေကိုလုပ်လျှင် မကောင်းတဲ့အဖြစ်တွေဖြစ်တယ်  မကောင်းတဲ့အဖြစ်တွေဟာ လူကို ဆင်းရဲစေတယ်။ လူကို တကယ့်တ  ကယ်ဆင်းရဲစေတဲ့ ဆင်းရဲဟာ အဲဒီမကောင်းတဲ့ အဖြစ်တွေပဲ။

”မကောင်းတာလုပ်လို့ မကောင်းတာဖြစ်တာကတော့ မင်းတို့ပြောမှဘဲ  သိရမှာလားကွာ“

”ငါတို့ပြောမှ သိရတာဆိုတာထက် ဘုရားပြောမှသိရတာလို့ ပြောလျှင်  ပိုပြီးမှန်မှာပါ“

”မကောင်းတာလုပ်လို့ မကောင်းတာဖြစ်တာလေးသိယုံနဲ့ ဗုဒ္ဓ၀ါဒီဖြစ်   တယ်ဆိုလျှင် တကမ္ဘာလုံး ဗုဒ္ဓဘာသာတွေဖြစ်ကုန်ကြမှာပေါ့“

”မကောင်းတာလုပ်လို့ မကောင်းတာဖြစ်တာဆိုတာကို တကမ္ဘာလုံး တ ကယ်လက်မခံကြပါဘူး။ တကယ်လက်ခံကြတယ်ဆိုလျှင် ကမ္ဘာပေါ်မှာ မကောင်းမူတွေ ကင်းစင်နေမှာပေါ့။ မကောင်းတာနဲ့ ကောင်းတာကို ဗုဒ္ဓ ၀ါဒီစစ်စစ်မဖြစ်ဘဲနဲ့ ဘယ်လိုမှမသိနိုင်ပါဘူး

”ဒါကတော့ မင်း လွန်လွန်းပြီထင်တယ်“

”လွန်တယ်ထင်လျှင် ငါ မင်းကို မေးကြည့်ပါ့မယ်ဗျာ“

”မေးပါ  မေးပါ”

”လိမ်တဲ့အဖြစ်ဟာ ကောင်းတဲ့အဖြစ်လား မကောင်းတဲ့အဖြစ်လား“

”ဒါတော့ ကလေးတောင် သိတယ်“

”ဒါဖြင့် လူတွေမလိမ်ကြတော့ဘူးလား“

”သိရုံလေးနဲ့တော့လည်း ရှောင်လို့မရဘူးပေါ့ကွာ“

မင်းတို့ဟာ တော်တော်မိုက်တဲ့ လူမိုက်တွေပါပဲလား။ မသိလို့သာ ရှောင်မရတာ သိလို့ကတော့ ရှောင်လို့ ရ ရမှာပေါ့။ ဥပမာ အဆိပ်ခွက်  ကို အဆိပ်ခွက်မှန်းသိလျှင် ရှောင်လို့မရပေဘူးလား။ ဒီလိုရှောင်နိုင်တာ ဟာ သိတာလေးကြောင့်ပဲပေါ့“

”ဒီလောက်ကလေးသိတာနဲ့ပဲ ဗုဒ္ဓ၀ါဒီဖြစ်ရော့လား“

”ဘယ်လောက်ကြီးကိုသိမှ ဖြစ်မှာမို့လဲ။ ဒီလောက်အခြေခံကျတဲ့ အသိ  ကိုတောင် ကျေညက်အောင်မသိပါပဲနဲ့ ဘယ်လိုလုပ်ပြီး ဗုဒ္ဓ၀ါဒီဖြစ်မှာ  တဲ့လဲ။ ကိုယ့်မြင်းကိုယ်လည်း ငုံ့ကြည့်ကြပါအုံး“

”ဒီအသိက ဘယ်လောက်များလေးနက်နေလို့လဲ“

”သိပ်ကိုလေးနက်ပြီပေါ့။ မကောင်းတဲ့အဖြစ်တွေ ကင်းစင်ပပြောက်    သွားစေတဲ့အထိလေးနက်တယ်။ ဗုဒ္ဓ၀ါဒီမဟုတ်သူတွေက မကောင်းတဲ့ အဖြစ်နဲ့ ကောင်းတဲ့အဖြစ်ကို အဖြစ် ကြည့်ပြီးသိကြတာမဟုတ်ဘူး“

”အဖြစ်ကြည့်ပြီး သိတာမဟုတ်လို့ ဘာကြည့်သိတာလဲ“

”ခံစားချက်ကြည့်ပြီး သိကြတာလေ“

”ခံစားချက်ကြည့်ပြီးပဲ သိရမှာမဟုတ်ဘူးလား“

ခံစားချက်ကြည့်ပြီး သိတာလောက်ကတော့ တိရစ္ဆာန်တွေသိတဲ့ အသိ လောက်ပဲဖြစ်မှာပေါ့။ တိရစ္ဆာန်တွေဟာ သူတို့တုန့်ပြန်စရာတွေကို တုန့် ပြန်ကြတဲ့အခါမှာ ခံစားချက်လောက်နဲ့ပဲ တုန့်ပြန်ကြတာမဟုတ်လား“

”မင်းတို့ကတော့ အဖြစ်ကို ဘယ်လိုကြည့်ပြီး သိကြတာမို့လဲ“

”ဒီအဖြစ်ဟာ မကောင်းဘူး။ မကောင်းယုံမျှမက ဒီအဖြစ်ဟာ ငါကလုပ် လို့ဖြစ်တာ မဟုတ်ဘူး။ ငါကလုပ်လို့ဖြစ်တာမဟုတ်ပေမယ့် ငါ့မှာတော့ လာပြီးဖြစ်နေတယ်။ ဘာ့ကြောင့်ဒီလိုဖြစ်ရတာလဲလို့ တွေးတယ်“

”တွေးတော့ဘာဖြစ်သလဲ“

”ခံစားချက်ကို မကျော်နိုင်လို့ဆိုတာကို တွေ့တာပေါ့။ လိမ်တဲ့အဖြစ် ဟာ မကောင်းဘူးလို့သိပေမယ့်၊ မလိမ်ရင် ရရှိမယ့် အထင်ကြီးလေး စားခံရမူတွေ ဆုံးရှုံးနိုင်တာဆိုတော့ လိမ်တဲ့အလုပ်ကို လုပ်တော့တာ ပေါ့။ ဒီလိုနေရတဲ့အပေါ်မှာ သာယာပြီးငြှိနေတာကြောင့် လိမ်တဲ့ အလုပ်ကို ဒီသူ့မှာ ရပ်မရဖြစ်ပြီး လိမ်ကျောသံသရာထဲမှာ မျောနေရ တော့တာပေါ့“

”ဒါနဲ့ပဲ ဗုဒ္ဓ၀ါဒီဖြစ်ရော့လား“

”လိမ်ရတာဟာ အလိမ်ခံရသူမသိအောင် တချိန်လုံးဖုံးဖိနေရတာဖြစ်တဲ့  အတွက် ဆင်းရဲပင်ပန်းရသလို၊ သိသွားပြန်လျှင် ပိုပြီးဆင်းရဲပင်ပန်းရဖို့ ရှိတာပဲလို့ အမှန်မြင်တဲ့အထိ တွေးနိုင်တာဆိုတော့ မလိမ်တော့တဲ့သူ  ဖြစ်တာပေါ့။ အဲဒါဟာ ဗုဒ္ဓ၀ါဒီစစ်စစ်ဖြစ်တာပဲ“

”မလိမ်တော့တာလေးနဲ့လား“

”အရိပ်ပြရင်တော့ အကောင်ထင်တော့ပေါ့။ အဲလောက်ထိဒုံးဝေးရင် တော့ ဘယ်တော့မှ ဗုဒ္ဓ၀ါဒီဖြစ်လာမှာမဟုတ်တော့ဘူး။ ဗုဒ္ဓ၀ါဒီတွေရဲ့  ပန်းတိုင်ဟာ မသတ်၊မခိုး၊မလိမ်၊မကျူး……အစရှိတဲ့ အကုသလ ကမ္မပ ထ တရားဆယ်ပါးကို လုံခြုံအောင်စောင့်စည်းနိုင်ဖို့ပဲ မဟုတ်ဘူးလား“

”ဒါလေးနဲ့ နိဗ္ဗာန်ကဘယ်လိုရောက်မှာလဲ“

”နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘယ်လိုဖြစ်တာမို့လဲ“

”ဘာမှ မဖြစ်တော့တာလေ“

”အဲဒါကြောင့် မင်းတို့ကို ဘ၀မသိတဲ့သူတွေလို့ ပြောရတာပေါ့။ ဘ၀ကို မသိတာကြောင့် ဘယ်လိုမှ ဗုဒ္ဓ၀ါဒီစစ်စစ် မဖြစ်တာဘဲ။ ဗုဒ္ဓ၀ါဒီစစ်စစ်မ ဖြစ်တော့ ကြံစည်ပြီးယူရတဲ့ဘ၀တွေကိုပဲ ယူမိကြတော့တာပေါ့“

”ဘယ်လိုကြံစည်ပြီးယူလို့လဲ“

အခုလိမ်လို့ လိမ်မူဖြစ်ပြီး လိမ်သူဖြစ်နေတာကို၊ ကိုယ်တွေ့ကိုယ်မြင် သူများတွေ့သူများမြင်၊ လူတိုင်းတွေ့ လူတိုင်းမြင်၊ မြင်တွေ့နေရတဲ့ လိမ်မူအဖြစ်(ဘ၀)တွေကို ဘ၀လို့မမြင်နိုင်ကြတော့ဘဲ၊ အခုလိမ်တာ တွေက နောက်ဘ၀ကျရင် အလိမ်ခံရမှာ၊ အခုအလိမ်ခံရတာက နောင် ဘ၀တုံးကလိမ်ခဲ့လို့နဲ့ ကြံစည်(တက္က)ပြီးပဲ ဘ၀တွေကို ယူပြနေကြတာ တွေဟာ ကြံစည်ပြီးယူတာတွေပဲပေါ့“

”နိဗ္ဗာန်ကျတော့ ဘယ်လိုရောက်မှာလဲ“

ရပ်လို့မရနိုင်ဖြစ်နေတဲ့ ဖြစ်ခဲ့ပေါင်းလည်းများပြီဖြစ်တဲ့ လိမ်မှု(ကံ)သံ သရာတွေ၊ ခိုးမူ(ကံ)သံသရာတွေ၊ သတ်မူ(ကံ)သံသရာတွေ…အမှု(ကံ) သံသရာတွေ အပြီးတိုင်ချုပ်ငြိမ်းတာဟာ နိဗ္ဗာန်ရောက်တာပဲပေါ့“

”ဟုတ်တော့ ဟုတ်သလိုလိုပဲ“

”ဒီလိုကံ၊ ဒီလိုဘ၀၊ ဒီလိုအမူ ဒီလိုအဖြစ်တွေက ကြံစည်းပြီးမှသိရတာ မဟုတ်ဘဲ အခုလက်ငင်းကို သိလို့ရနေတာကြောင့် သေပြီးမှဖြစ်မှာလို့ ယူတဲ့ အယူမှား၊ မမွေးခင်ကလုပ်ခဲ့တာလို့ယူတဲ့ အယူမှား၊ ဘယ်အယူ မှားမှ မရှိတော့တဲ့သူဖြစ်မှ နိဗ္ဗာန်က ရောက်လို့ရနိုင်မှာလေ“

”လက်ခံလို့တော့မရသေးဘူး“

”သိမှ လက်ခံလို့ရမှာပေါ့။

”သိရုံလေးနဲ့များကွာ“

”လူပြောသူပြော တဆင့်ကြားသိတို့၊ စာအုပ်ပေအုပ်သိတို့၊ ဆွေမျိုးညာ တကာ အစဉ်အလာသိတို့၊ ဆရာ့ ဆရာ ဆရာတွေရဲ့အသိတို့ အဲလိုအ သိတွေလောက်ပဲရှိရုံနဲ့တော့ လက်ခံလို့ရမှာမဟုတ်ဘူးပေါ့“

အသိက တော်တော်အရေးကြီးသလား

”မိုက်လိုက်တဲ့ လူမိုက်၊ မိုက်ချက်ကတော့ ကမ်းတောင်မရှိတော့ပါလား၊ အေးလေ ကမ်းမှ, မရှိမှတော့ ဘာကိုမြင်လို့ရအုံးမှာလဲ။ ဘာ,မှ မမြင်ရ လို့ ဘာ,မှ မသိတာလည်း ဆန်းတော့ မဆန်းပါဘူး“

”အဲလောက်ကြီးတောင်လားကွာ“

ရှိမှ,လောကမှာ မသိသေးဘဲနဲ့ လုပ်လို့ရတဲ့အလုပ်ဆိုတာ မရှိတာ၊ ဘယ်အလုပ်မဆို သိပြီးမှ လုပ်လို့ရတာတွေကြီးပဲ။ သံသရာတို့၊ ဘ၀တို့ ကံ,တို့ ဆိုတာတွေက ဘုရားပြောခဲ့တဲ့စကားတွေ။ ဒါတွေကို ကိုယ်သိ ချင်သလိုသိလို့မဖြစ်ဘူး“

”အခု ငါတို့သိတာတွေက ဘုရားပြောတဲ့အတိုင်းသိတာ မဟုတ်ဘူးပေါ့“

”ဘုရားပြောတဲ့အတိုင်းသိတာဆိုရင် သံသရာတို့၊ ဘ၀တို့၊ ကံ-တို့ ဆို တာတွေကနေ လွတ်ငြီမ်းချမ်းသာနေမှာပေါ့“

”သိတာလေးက…“

”သိတာလေးက(၀ိဇ္ဇာ)ပဲ၊ ၀ိဇ္ဇာဖြစ်ရင် သင်္ခါရတွေငြီမ်းတာပေါ့။သင်္ခါရ တွေငြီမ်းတာဟာ သံသရာတို့၊ ဘ၀တို့၊ ကံ(ကမ္မ၀ဋ်)တို့ ဆိုတာတွေက နေ လွတ်မြောက်ငြီမ်းချမ်းတာ မဟုတ်ဘူးလား“

”ယုံရခက်ခက်ပဲ“

”သိတာနဲ့ မသိတာမှာ၊ မသိတာက သိတာထက်ကြီးနေရင်၊ သိတာကို အလေးမူလို့မရတော့တာကြောင့် သိတာတွေရဲ့ဆင်းရဲ(ဒုက္ခ)ကနေ ဘယ် တော့မှ မလွတ်မြောက်နိုင်တော့ဘူး“

”ပိုရှုပ်သွားပြီ“

”အဲဒါ မသိလို့ရောက်တဲ့ ဒုက္ခပဲ။ တကယ်ရောက်နေတဲ့ဒုက္ခကိုမသိတာ ကြောင့် တကယ်မရောက်သေးတာတွေကို ဒုက္ခဆိုပြီးလုပ်လိုလုပ်၊ ဒုက္ခ မဟုတ်တာတွေကို ဒုက္ခလို့လုပ်လိုလုပ်နဲ့ဆိုတော့ အ၀ိဇ္ဇာတွေပဲ ပိုပိုပြီး ကြီးစိုးကုန်တော့တာပေါ့“

”မကြီးစိုးစေချင်ရင် တရားအားထုတ်ပေါ့“

”တရားအားထုတ်ရအောင် မင်းက တရားကိုသိလို့လား“

”သိအောင်လို့ အားထုတ်ရတာလေ၊ သိမှတော့ ဘာအားထုတ်စရာလို သေးလဲ“

”သိပြီးမှ အားထုတ်ရမှာလား၊ သိအောင်လို့ အားထုတ်ရမှာလား ဆိုတာ လောက်တောင် ကွဲကွဲပြားပြားမသိမှတော့ မသိမှာတွေအတွက်တော့ မ ဆန်းတော့ဘူးပေါ့လေ။တရားဆိုတာ ဘာ လို့ မသိသေးပဲနဲ့ တရားသိဖို့ တရားအားထုတ်တယ်ဆိုတာမျိုးက တော်တော်ကိုမလုပ်ကောင်းတာပဲ“

”တရားအားထုတ်တာပဲ မလုပ်ကောင်းရဘူးရယ်လို့ရှိသေးလား“

”အဲဒါကလည်း မင်းတို့ကို ဗုဒ္ဓ၀ါဒီမဟုတ်ဘူးလို့ ပြောရမယ့်အချက်တစ် ချက်ပဲ။

”ဘာဆိုင်လို့လဲ“

”ဗုဒ္ဓရဲ့တပည့်ဆိုတာ ဗုဒ္ဓရဲ့နောက်ကနေလိုက်တဲ့သူကိုခေါ်တာဆိုတော့“

”အေးလေ“

”တရားဆိုတာ ဗုဒ္ဓဖေါ်ခဲ့လို့ ပေါ်တာနော်“

”ဟုတ်တယ်လေ“

ဗုဒ္ဓဖေါ်မှပေါ်တဲ့တရားဆိုတာကို မသိသေးပဲနဲ့၊ တရားသိဖို့အားထုတ် တဲ့သူတွေဟာ ဗုဒ္ဓနောက်ကလိုက်တဲ့သူတွေ ဟုတ်သေးတော့ရဲ့လား“

”ဗုဒ္ဓပြောတဲ့အတိုင်းအားထုတ်တာပဲလေ“

”ဗုဒ္ဓက ဘယ်လိုပြောခဲ့တာမို့လဲ“

”သံသရာဝဋ်ကနေကျွတ်လွတ်ကြဖို့ ဖြစ်ပျက်တွေကို မြင်အောင်ရှုကြလို့ ပြောခဲ့တာပေါ့“

”သံသရာဝဋ်ကနေ ဘာဖြစ်လို့ကျွတ်လွတ်စေချင်ရတာတဲ့လည်း“

”အဲဒါကြောင့် မင်းတို့ကို မိစ္ဆာဒိဋ္ဌိတွေလို့ပြောတာပေါ့“

”ဟုတ်ပါပြီ သံသရာဝဋ်က ဘယ်လိုဖြစ်နေလို့လည်းဆိုတာကိုပဲ ပြောပြ စမ်းပါအုံး“

”လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ ဗြဟ္မာဖြစ်လိုက်၊ ခွေးဖြစ်လိုက်၊ ပြိတ္တာဖြစ် လိုက်၊ ငရဲဖြစ်လိုက်နဲ့ နိဗ္ဗာန်မရောက်မခြင်း တခြာလှည့်လှည့်ဖြစ်နေရ တာကို သံသရာဝဋ်ကနေ မကျွတ်လွတ်သေးဘူးပြောရတာပေါ့“

”ဒါဆိုရင်တော့ မင်းတို့ရဲ့သံသရာက ဟိန္ဒူတွေ၊ ဂျိန်းတွေရဲ့သံသရာနဲ့ ဘာများထူးလို့လဲ“

”သူတို့သံသရာက ဘယ်လိုမို့လဲ“

”မဟတ္တမာ မဖြစ်မချင်း အတ္တမာလေးက လူ့ဝတ်ရုံထဲရောက်လိုက် နတ် ၀တ်ရုံထဲရောက်လိုက်၊ ဗြဟ္မာဝတ်ရုံထဲရောက်လိုက်၊ ခွေးတ်ရုံထဲရောက် လိုက်၊ ပြိတ္တာဝတ်ရုံထဲရောက်လိုက်၊ ငရဲဝတ်ရုံထဲရောက်လိုက်နဲ့ တခြာ လည့်လည့်နဲ့ ပြေးသွားနေရလိမ့်မယ်တဲ့“

”သူတို့ကအတ္တ၀ါဒ၊ ငါတို့ကအနတ္တ၀ါဒ ဘာမှမဆိုင်ဘူး“

”ဇွတ်အတင်းကြီး မဆိုင်ဘူးမလုပ်နဲ့လေ၊ မဆိုင်ပုံကိုလည်းပြောပြအုံးမှ ဖြစ်မှာပေါ့၊ ကိုယ်နဲ့မတူတာနဲ့ မတူသူတွေဟာအမှား ကိုယ်သာလျှင်အ မှန်လို့လုပ်တာကတော့ ကလေးဆန်လွန်းလှပါတယ်“

”မင်းတို့သံသရာကတော့ ဘယ်လိုမို့လဲ“

”ငါတို့ရဲ့သံသရာကတော့ ဘယ်သူတွေရဲ့သံသရာနဲ့မှတူမှာမဟုတ်ဘူး“

”ပြောစမ်းပါအုံး“

”ကျင်လည်တဲ့အရာရယ်၊ အဲဒီကျင်လည်တဲ့အရာရဲ့ အကျင်ခံရယ်မှာ လူက အကျင်လည်ခံ၊ ကျင်လည်တဲ့အရာက လူမဟုတ်ဘူး“

”ဘာတွေပြောနေတာလည်း

´အသိဟာဘယ်လောက် အရေးကြီးတယ်ဆိုတာ သဘောပေါက်သင့်ပြီ`

About koyo

has written 23 post in this Website..