စပိန်နိုင်ငံ ဘာစီလိုနာ မြို့သည် မြို့၏ ပုံရိပ်ကို မြှင့်တင်ရန်အတွက် မြို့တွင် ၌ ဘီကီနီ ခေါ် ရေကူဝတ်စုံ များဝတ်ဆင်ကာသွားလာခြင်း ကို ပိတ်ပင်သည့် ဥပဒေ တစ်ရပ်ပြဌာန်း လိုက်ကြောင်းသိရသည်။ အဲဒီ တားမြစ်ချက် ဥပဒေ နှင့် ပတ်သက်၍ ဘာစီလိုနာ မြို့တော်ကောင်စစ်ဝန် က ” ဒီမြို့မှာနေတဲ့ လူတချို့ဟာ လမ်းတွေပေါ်မှာ ဘီကီနီလို မလုံတလုံ အ၀တ်တွေဝတ်ပြီးသွားလာနေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြောင့်၊ အင်္ကျီချွတ်ပြီး သွားလာနေတဲ့ ယောင်္ကျားတွေကြောင့် စိတ်ပျက်ခဲ့ကြရပါတယ်” ဟုပြောသည်။

ယခု ဥပဒေ ပြဌာန်းလိုက်တဲ့ အတွက် ဘာစီလိုနာ ရဲတပ်ဖွဲ့ဟာ ကိုယ်ပေါ်တွင် အ၀တ်အစားဝတ်ရန် ငြင်းဆန်သည့် သူများကို ဥပဒေအရ အပြစ်ပေးပိုင်ခွင့်ရရှိသွားပြီဖြစ်သည်။

ဥပဒေအရ ကမ်းခြေများ ၊ ကမ်းခြေနှင့်နီးသောလမ်း များတွင်သာ ဘီကီနီ ကဲ့သို့ မလုံတလုံ အ၀တများ ၀တ်ဆင်ခွင့်ရမည်ဖြစ်သည်။ အခြားနေရာများတွင် နေထိုင်သွားလာပါက ဒဏ်ငွေ ယူရို120 မှ 130 ကြားတပ်ရိုက်မည်ဖြစ်ကာ အ၀တ်အစားလုံးဝ အပါပဲ သွားလာပါက ယူရို 300 မှ 500 အထိ တပ်ရိုက်နိုင်ကြောင်းသိရသည်။

ဘာစီလိုနာ မြို့တော် သည် ပြီးခဲ့သည့် နှစ်မှ စ၍ ကမ္ဘာလှည့်ခရီးသည်များအား မြို၏ နာမည်ကျော် အထိမ်းအမှတ်နေရာများသို့ သွားရောက်ရာတွင် သင့်တော်သော အ၀တ်အစားများ ၀တ်ဆင်လည်ပတ်ကြရန် တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဘာစီလိုနာမြို့သို့ ဗြီတိန်တစ်နိုင်ငံတည်းမှ ကမ္ဘာလှည့်ခရီးသည် ငါးသိန်းခန့်လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

About we R one

has written 65 post in this Website..

https://5tds.wordpress.com/