ကြီးသူကအရင်စလို.ပြင်ကြရအောင်

တစ်နေ.အလုပ်သွားဘို.အိမ်ကထွက်အလာ မန်းလေးစစ်ကိုင်းလမ်းက “ဘိုအိမ်”လို.ကားသမားတွေနာမယ်ပေးထားတဲ.လမ်းထိပ်ကနေပြီး ဆိုင်ကယ်တွေ၊မော်တော်ကားတွေကို ယာဉ်ထိန်းနဲ.တာဝန်ရှိတဲ. အဖွဲ.တွေက ပူးပေါင်းပြီး စစ်ဆေးနေတာကိုတွေ.လိုက်ရပါတယ်။
မနက်(8)နာရီ ပါတ်ဝန်းကျင်ဆိုတောာ.အလုပ်သွားတဲ.လူတွေ ကျောင်းသွားတဲ.ကလေးတွေနဲ. အရမ်းကို အသွားအလာများ
တဲ.အချိန်ကလေးပါ ။
သူတို.စစ်ဆေးရေးလုပ်နေတဲ. ပလက်ဖောင်းဘေးနားက စားပွဲခုံလေးမှာ လူတွေအများကြီးဝိုင်းအုံနေတာဘာများပါလဲလို.စပ်စုလိုက်တော. ဒဏ်ငွေဆောင်ရမဲ.သူတွေပါတဲ.။
မစည်ကားအပ်တယ်ဆိုတဲ. အရပ်ထဲမှာနောက်တိုးအနေနဲ.စည်းကမ်းဖောက်လို.ဒါဏ်ငွေဆောင်ရတဲ.နေရာကိုထပ်တိုးလိုက်ချင်ပါတယ်။
တစ်ခါတရံသတင်းစာထဲမှာ စည်းကမ်းဖောက်ဖျက်တဲ. သူတွေကိုဒဏ်တပ်တာ နိုင်ငံတော်ဘဏ္ထာ ဘယ်လောက်ကောက်ခံရတယ်ဆိုတာတွေကိုဖတ်ရတဲ.အခါ ဒဏ်ငွေများများရလေလေ
ကျနော်တို.လူမျုးိတွေ စည်းကမ်းမဲ.လေလေလို.ကောက်ချက်ချမိပါတယ်။
အထူးသဖြင်.တရုပ်က ခိုးဝင်လာတဲ.မော်တော်ဆိုင်ကယ်တွေ ကို တရားဝင်အောင် လက်ခံပြီးတဲ.အချိန်
ကျနော်တို.မန်းလေးမှာ ဆိုင်ကယ်ဦးရေ အများကြီးတိုးလာပါတယ်။
အရင်က ဆိုင်ကယ်ဆိုတာ တော်ရုံတန်ရုံမိသားစု မစီးနိုင်ရာကနေ အိမ်တိုင်းမှာဆိုင်ကယ်ရှိသည်အထိတိုးတက်လို.လာပါတယ်။
ဆိုင်ကယ်တွေဈေးပေါလာတယ် ဆိုတော.မိဘများကလဲ အရွယ်မရောက်သေးတဲ.ကလေးတွေက တက်ခွလို.နေရင်တောင် မတားတဲ.အပြင် ငါ.သားလေးတော်လိုက်တာ ငယ်ငယ်လေးနဲ.ဆိုင်ကယ်တောင်စီးတတ်နေပြီဆိုပြီးဝမ်းသာဂုဏ်ယူလို.နေပါတယ်။
ဆိုင်ကယ်တွေပေါလာတော.စီးတဲ.သူပေါလာပါတယ် ။
မော်တော်ဆိုင်ကယ်စီးဘို.လိုတဲ.လူလိုင်စင်ကလဲလုပ်ရတာလွယ်မှလွယ်။
လုပ်ရတာသာလွယ်တာ မော်တော်.ယာဉ် စည်းကမ်းကြတော. နည်းနည်းလေးမှမသိ။
ဒီလောက်လွယ်လွယ်ထုတ်ပေးနေတဲ. လိုင်စင်ကိုတောင်လုပ်ရကောင်းမှန်းမသိတဲ.လူတွေကလဲပေါမှပေါ။
လူတွေကလဲဆိုင်ကယ်သာဝယ်စီးနေတာဆိုင်ကယ်စီးဦးထုပ်ကြတော.ဝယ်ဘို.နှမျောနေပြန်ပါတယ်။
နေ.စဉ်နဲ.အမျှ လမ်းပေါ်မှာ ဆိုင်ကယ်စီးနေကြပေမဲ. ဆိုင်ကယ်ဦးထုပ်ဆောင်းဘို.ကြတော.
ဝန်လေးနေပြန်တယ်ဆိုတော. စိတ်ညစ်ဘို.တောင်ကောင်းနေပါတယ်။
ဆပ်ပလိုင်းချက်နဲ.တွေ.ရင် အများဆုံး အဖမ်းခံရတဲ.အမူ.ဟာ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ.အမူ.ပါ။
ကောင်းပြီ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲတာ လူငယ်တွေချည်းဘဲလားဆိုရင် လုံးဝမဟုတ်လို.ပြောရမှာပါ။
တစ်နေ.က အိမ်ကတူမလေးက သူတို.ကျောင်းရှေ.မှာ အမှတ်တရ ဓါတ်ပုံလေး ရိုက်ထားတာကိုကြည်.မိပါတယ်။
စိတ်ပျက်စရာကောင်းတာကို တွေ.လိုက်ရတာကတော. အမျုးိသားစည်းကမ်းအစစာသင်ကျောင်းကဆိုတဲ.ဆိုင်းဘုတ်ဘေး
က ဆရာမနှစ်ယောက် ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးလာတဲ.ပုံလေး ပါဘဲ။
မသိတတ်သေးတဲ.လူငယ်တွေ မိုက်ရူးရဲဆန်တဲ.အရွယ်လေးတွေ ဦးထုပ်မဆောင်းဘဲဆိုင်ကယ်စီးတာကိုမြင်ရတာက
မ မှန်ပေမဲ. ခွင်.လွှတ်နိုင်ပါတယ်။
အခုလိုကျောင်းဆရာမတွေ မိဘအရွယ် အဘိုးအရွယ်ကိုရောက်နေတဲ.သူတွေကစည်းကမ်းဖောက်ဖျက်လို.
ဦးထုပ်မဆောင်းတာကတော. ကျနော်.အမြင်အရ အမှားကြီး မှားတယ်လို.ထင်ပါတယ်။
ငယ်တဲ.သူကို ဆုံးမပဲ.ပြင်ပေးရမယ် .ထိန်းကျောင်းပေးရမဲ.သူတွေကိုယ်တိုင်က စည်းကမ်းမဲ.တယ်ဆိုတော.
ပြောစရာစကားလုံးတောင်ရွေးရခပ်ခက်ခက်ပါ။
တစ်လမ်းမောင်းသတ်မှတ်ထားတဲ.နေရာမှာ ယာဉ်ကြောပြောင်းပြန်စီးလာတဲ. လူကြီးတွေကို တွေ.ရင်
တကယ်အထင်သေးပါတယ်။
နေရာတကာမှာလူကြီးတော်တော်များများ က လူငယ်တွေကို စိတ်တိုင်းမကျလို.
အပြစ်တင်နေပါတယ်။
ဒါပေမဲ.သူတို.ကိုယ်တိုင်ကရော စည်းနဲ.ကမ်းနဲ.နေထိုင်ကျင်.သုံးခြင်း မရှိတာကိုတော.ပြင်ဘို.မေ.နေပါတယ်။
ဘာဘဲပြောပြော နိုင်ငံတစ်နိုင်ငံတိုးတက်ဖွံ.ဖြိုးဘို.ဆိုတာ အဲဒီနိုင်ငံရဲ.ပြည်သူ့ပြည်သားတွေရဲ.စည်းကမ်းကောင်းဘို.လိုအပ်တယ်ဆိုတာ ကလဲအရေးကြီးသောအချက်အလက်ပါ။
ကလေးတွေရဲ.နမူနာယူခြင်း ကိုခံယူနေသော လူကြီးတွေက အသေးအဖွဲလေးကစ လို.စည်းကမ်းမရှိဘူးဆိုရင်
……………………………………………………………….
ဒါကြောင်.မို.ကလေးတွေကောင်းအောင် ကျနော်တို.လိုလူကြီးတွေက အရင်စလို.ပြင်ကြရအောင်……………………………

10 comments

  • M. Nyunt

    May 4, 2010 at 5:26 pm

    ကောင်းမွန်လျှော်ကန်ပါ၏

  • သာမိညောင်

    May 4, 2010 at 5:32 pm

    ဒါက အင်မတန်ကောင်းတဲ့ အယူအဆပါ ခင်ဗျား
    ဖြစ်သင့်တာတွေကို ပြောတာပေါ့နော်
    ဆိုလိုတာက လူကြီးတွေက အရင်စပြင်ကြရအောင် ပေါ့နော် အကယ်၍များဗျာ
    လူကြီးတွေက အရင်စမပြင်ကြ ဘူးဆိုရင် အဲ့သည် လူကြီးတွေကို ဘယ်လိုလုပ်သင့်ပါသလဲ?
    ယနေ ့မြန်မာပြည်မှာ ဖြစ်သင့်နေတာတွေကအများကြီးပါ အဲ့သည်ဖြစ်သင့်နေတာတွေကို မဖြစ်အောင် ပိတ်ပင်နေတဲ့သူတွေကို
    ဘယ်လို လုပ်ပြစ်ရမယ်ဆိုတာကို ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့

  • kopauk mandalay

    May 5, 2010 at 12:04 am

    သာမိညောင်
    ကျနော်ဆရာတစ်ယောက်က ပြောဘူးပါတယ်။
    ဥပမာ စာသင်ခန်းထဲမှာ အမှိုက်တစ်ခုကျနေတာ ကိုလူတိုင်းမြင်ပေမဲ.ဘယ်သူမှမကောက်ဘူး။
    မကောက်တဲ.အထဲမှာ မင်းလဲပါတယ်ဆိုရင် မင်းလဲအသုံးမကျတဲ.လူစာရင်းမှာပါတာဘဲတဲ.။
    ကောင်းသောအလုပ်ကို လုပ်ဘို.သိလာတဲ.အချိန်ရောက်ရင် ဘယ်သူလုပ် လုပ် မလုပ်လုပ်
    ကိုယ်လုပ်ရင် ကိုယ်ကောင်းလာမှာပါ.။
    တစ်ယောက်ခြင်းစီကောင်းလာလို. ကောင်းတဲ.သူတွေများလာရင်မကောင်းသောသူတွေကို
    လူနည်းစုဖြစ်ပြီးဘေးရောက်သွားမှာပါ။
    သူများကို ဘယ်လိုလုပ်ရင်ကောင်းမလဲလို. မစဉ်းစားဘဲ ကိုယ်ဘယ်လိုကောင်းလုပ်မလဲလို. တွေးနေတာက
    ပိုလှမယ်လို.ထင်ပါတယ်။
    အခုလိုရေးတာကျေးဇူးတင်ပါတယ် ကျနော်ပြောဘို.ကျန်တာလေးကိုဆက်ဖြည်.ပေးလို်က်လို.ပါ။
    နောင်ကိုလည်း အခုလိုဖတ်ပြီး ဝေဖန်ပါနော် အမြင်တူခြင်းမတူခြင်းသည် အဓိက မဟုတ်ပါ။

    ခင်သောကိုပေါက်

  • Shwemannmay

    May 5, 2010 at 4:13 am

    စည်းကမ်းပာူသည်လူဧ။်တန်ဘိုး လို ့ဆိုပါတယ်။ ယာဉ်စည်းကမ်းနဲ ့ပက်သတ်ရင် မန်းလေးပာာ အတော်နာမည်ပျက်နေတာကြာပါပြီ။
    စည်းကမ်းထိန်းသိမ်းမှူအပိုင်းမှာလည်း ပုံမှန်မရှိပါဘူး။ ဖမ်းချင်ရင်ဖမ်းပြီး သူတို ့လွတ်ပေးချင်တဲ့အချိန်ကျလည်း ဒီတိုင်းကြည့်နေတတ်ကြတာမျိူးပါ၊။
    ကြီးသည်ငယ်သည်မပာူပေါ့ စည်းကမ်းကိုလိုက်နာရမယ့်သူတွေကလည်း တိတိကျကျလိုက်နာရမှာဖြစ်သလို ယာဉ်ထိန်းရဲများကလည်း မှန်မှန်ကန်ကန်လုပ်ကိုင်ဆောင်ရွက်ဖို ့လိုပါတယ်။
    ဘယ်နေရာမဆို လူအများကိုထိန်းသိမ်းတဲ့နေရာမှာ စည်းကမ်းဆိုတာထုတ်ပြီးရင် တည်တံ့အောင်၊ အများလိုက်နာအောင်၊ခိုင်မာတဲ့လုပ်ဆောင်ချက်တွေနဲ ့ ပံ့ပို းထိန်းသိမ်းသင့်တာမျိူးပါ၊
    လစ်ရင်လစ်သလို ချိူးဖောက်လို ့ရနေတယ်ဆိုတဲ ့အနေအထားမျိူးမှာ ထိန်းသိမ်းနိုင်ဖို ့ဆိုတာ အတော်မလွယ်တဲ ့ကိစ္စပါ၊ မိဘ တွေရော ၊ကျောင်းသူကျောင်းသားတွေရော မော်တော်ယာဉ်
    ယာဉ်ထိန်းရဲတွေရော ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ထိထိရောက်ရောက်ဖြစ်ပြီး အောင်မြင်နိုင်မှာပါ၊

    ရွှေမန်းမေ

  • etone

    May 5, 2010 at 4:40 am

    ကြီးတဲ့လူက စပြင် ရမယ်လို့တော့မဟုတ်ပါဘူး ။ ဘယ်သူဖြစ်ဖြစ် စပြင်လို့ရတာပဲလေ ။ အရင်ဆုံး စ ပြင်သင့်တာကတော့ ကိုယ်ကိုယ်တိုင်ပဲမဟုတ်ဘူးလား ။

  • moethiha

    May 26, 2010 at 3:32 am

    ဟုတ်ပါတယ်။တကယ်လဲအဲ့လိုဖြစ်သင့်ပါတယ။်
    ရှေ့ကနွားဖြောင့်ဖြောင့်သွားမှနောက်ကလိုက်တဲ့နွားလဲဖြောင့်ဖြောင့်လိုက်မှာပေါ့

  • moethiha

    May 26, 2010 at 3:35 am

    ဟုတ်ပါတယ်။တကယ်လဲအဲ့လိုဖြစ်သင့်ပါတယ။်

  • Rain girl

    May 26, 2010 at 4:24 am

    etone ပြောတာမှန်တယ်။ ကြီးတဲ့သူမှ မဟုတ်ပါဘူး ငယ်သူများနှင့် အရွယ်ရောက်သူများ အားလုံးပြင်သင့်တာပါ။ ကိုယ်က စပြင်ရင် ပိုကောင်းတာပေါ့။ သူများကို ပြင်စေချင်ရင် ကိုယ်က စပြင်ရတယ်တဲ့။

  • thethtet87

    September 28, 2010 at 4:47 am

    ပြူပြင်နိုင်ရင်တော့ကောင်းတာပေါ့။လူတွေအများကြီးကို
    ပြုပြင်ဖို့ဆိုတာကတော့ကိုယ်လည်းတန်ခိုးရှင်မှမဟုတ်
    တာလေ။အကောင်းဆုံကတော့ကိုယ့်ကိုအရင်ပြုပြင်သင့်
    တယ်။ပြုပြင်ပြောင်းလဲမှုကတော့လူကြီးမှတင်မဟုတ်ပါ
    ဘူးလူငယ်တွေလည်းလုပ်သင့်တာဘဲလေ။နေရာတိုင်း
    ပေါ့။

Leave a Reply