မိုးကြီး တောင်ပြို၍ ဘူးသီးတောင်- မောင်တော ကားလမ်း ပိတ်သွားပြီ

ဂ်စ္စူJune 11, 20111min662

2009 က ၃ ပိုင်းပြတ်လမ်း
2010 ခုနှစ်တုန်းက


တာကလူး News Date:6/9/2011 ။ ။ နိရဉ္ဖရာသတင်း ဌာန (ပေးပို ့သူ-ဗမာ့သွေး)

ဘင်္ဂလာဒေချ့်နှင့် မြန်မာနိုင်ငံ အကြား အဓိက ဆက်သွယ်ရာ တစ်ခုတည်းသော ကုန်လမ်း ဝင်ပေါက် ထွက်ပေါက် ဖြစ်သည့် ဘူးသီးတောင် မောင်တောကားလမ်းမှာ ယနေ့တွင် မိုးရွာ၍ လမ်းပြိုကျပြီး ကားလမ်း ပိတ်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မောင်တောမှ အမျိုးသမီး တစ်ဦးက ” ဟုတ်ပါတယ်။ မိုးရွာတဲ့ အတွက် တောင်ပြိုကျပြီး လမ်းပိတ် သွားပါတယ်။ ဘူးသီးတောင်က ကားတစီးလည်း ဒီနေ့ မောင်းတောကို မဝင်သေးဘူး။ တချို့လည်း ကားလမ်းကို သွားကြည့်နေကြပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းမှာ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် လူသွား လူလာ အများဆုံး ကားလမ်း တစ်ခု ဖြစ်ပြီး ကုန်စည်များ နေ့ည မပြတ် သယ်ယူ ပို့ဆောင်ရာ အဓိက လမ်းတစ်ခုလည်း ဖြစ်သည်။

” ဒီလမ်း ပိတ်သွားတော့ ကုန်ပစ္စည်းတွေ သယ်ယူရေးတွေ အကုန်လုံး ရပ်ကုန်ပြီ။ လူတွေလည်း သောင်တင်နေကြရပြီ။ အားလုံး ဒုက္ခရောက်နေကြရပြီ။ နှစ်စဉ် နှစ်တိုင်း မိုးရွာတာနဲ့ ခုလို ကြုံနေကြရပေမယ့် အစိုးရက တစ်ခါမှ ထိထိရောက်ရောက် ပြန်ပြင်တာ မရှိပါဘူး” ဟု တခြား ကားပိုင်ရှင် တစ်ဦးက ပြောသည်။

ယခု လမ်းပိတ်ဆို့မှု ဖြစ်နေသော နေရာမှာ ကားလမ်းမပေါ်ရှိ တောင်ခေါင်းကြီး ခေါ် လှိုဏ်ခေါင်းကြီး အနီးတွင်ဖြစ်ပြီး၊ ဘူးသီးတောင်မှ မောင်တောသို့လာသည့် ကုန်တင်ကားတစ်စီးလည်း ပြိုကျလာသည့် တောင်မြေများနှင့်အတူ ပိတ်ဆို့နေကြောင်း သိရသည်။

မောင်တောမှ ကားဒရိုင်ဘာတစ်ဦးက လမ်းပြိုကျသွားကြောင်းကို ယခုကဲ့သို့ ပြောသည်။

“ဒီနေ့ နံနက် အစောပိုင်းကနေ အဆက်မပြတ်ရွာနေတဲ့ မိုးကြောင့် ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ရှိတဲ့ တောင်ခေါင်းကြီးပေါ်က တောင်မြေတွေပြိုကျပြီး လမ်းပိတ်ဆို့ သွားခဲ့တာ ဖြစ်ပါတယ်။ ဘူးသီးတောင်ကနေလာတဲ့ ကုန်တင်ကားတစ်စီးလဲ တောင်ပြိုကျတဲ့အထဲ ပါသွားပြီးတော့ အဲဒီနေရာမှာပဲ ပိတ်ဆို့နေတာတွေ့ရပါတယ်။ လူတွေကိုတော့ ဘာမှမထိခိုက်ခဲ့ပါဘူး။ တောင်ခေါင်းကို ဖြတ်ပြီး ဟိုဘက်ဒီဘက် ဘယ်ကားမှ သွားလို့ မရဖြစ်နေကြရပါတယ်။”

အဆိုပါ ကားလမ်းမမှာ ၁၆ မိုင်ရှည်လျားပြီး နယ်စပ်မြို့များ ဖြစ်ကြသည့် ဘူးသီးတောင် နှင့် မောင်တောကို ဆက်သွယ်ဖေါက်လုပ်ထားသည့် တစ်ခုတည်းသောကားလမ်းမဖြစ်သည်။

ဘူးသီးတောင်-မောင်တော ကားလမ်းမှာ တောင်ကြောများအတိုင်း ဖေါက်လုပ်ထားသော လမ်းဖြစ်သောကြောင့် နှစ်စဉ်နှစ်တိုင်း မိုးရာသီ ရောက်လျှင် ပိတ်ဆို့ ပိုင်းပြတ်လေ့ရှိပြီး လမ်းပျက်လျှင် ဒေသခံများမှာ အဆက်အသွယ် ပြတ်တောက်မှု၊ ကုန်ဈေးနှုန်းများ မြင့်တက်လာမှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိကြသည်။

လွန်ခဲ့သောနှစ် ဇွန်လ လကလည်း မိုးကြီး၊ တောင်ပြို ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဘူးသီးတောင်နှင့် မောင်တော နယ်စပ်မြို့နယ်တို့တွင် လူပေါင်းရာချီ သေဆုံးခဲ့ကြကာ ထောင်နှင့်ချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ အဆိုပါ အချိန်ကလည်း ကားလမ်းမမှာ အပိုင်းပိုင်း ပိုင်းပြတ် သွားခဲ့ပြီး လပေါင်းများစွာ ကြာအောင် ကားလမ်းကို ပြုပြင်ခဲ့ရသည်။

Source:http://arzarni.blogspot.com/2011/06/blog-post_5836.html

ဓာတ်ပုံ သတင်း-နိရဉ္ဖရာ

2 comments

  • apulay

    June 11, 2011 at 1:12 pm

    လမ်းပျက်တာ ရာသီဥတု တခုထဲကြောင့်မဟုတ်ဘူး ။ ကားသမားတွေက သတ်မှတ်တန်ချိန်ထက် ပိုတင်တာကြောင့်လဲပါတယ် ။ စည်းကမ်းမဲ့ မောင်းနှင်တာကြောင့်လဲပါတယ် ။ တဖက်စောင်းနင်း မပြောပါနဲ့ ။ လူတွေအကုန်လုံး စည်းကမ်းရှိဖို့ အသိတရားရှိဖို့ လိုအပ်တယ် ။

    • PaukPhaw

      June 11, 2011 at 1:25 pm

      ကားပိုင်ရှင် တစ်ဦး ပြောတာ
      သားကြောတာဟုတ်ဝူး..ချိတ်ချိုးနဲ ့

Leave a Reply