အင်တာနက် သုံးစွဲခွင့်ဟာလည်း အခြေခံ လူ့အခွင့်အရေး

we R oneJune 11, 20111min602

ကုလသမဂ္ဂရဲ ့ အခြေခံ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အင်တာနက်သုံးစွဲခွင့် ထည့်သွင်းလိုက်ပါပြီ။

၁ရ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မြှင့်တင်ခြင်းရှုထောင့်မှ ကြည့်လျှင် လူတဦးတယောက်၏ အင်တာနက်သုံးစွဲခွင့်ကို ပိတ်ပင်ခြင်းသည် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်သည်လို့ အတိအလင်း ဖော်ပြထားပါတယ်။

BBC သတင်းဌာနက နိုင်ငံ ၂၆ နိုင်ငံမှ ပြည်သူတွေကို ၂၀၁ဝ ခုနှစ် မတ်လအတွင်း စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ ၇၉ ရာခိုင်နှုန်းသော ပြည်သူများက အင်တာနက်သုံးစွဲခွင့်ဟာ အခြေခံကျတဲ့ အခွင့်အရေးဖြစ်တယ်လို့ ယူဆကြကြောင်း သိရပါတယ်။

လစ်ဗျား၊ ဆီးရီးယား၊ အီဂျစ်နဲ့ ယီမင် နိုင်ငံများမှာ ဖြစ်ပွားခဲ့တဲ့ တရားမျှတရေးနဲ့ တန်းတူအခွင့်အရေးရရှိရေး လူ့အခွင့်အရေးဆိုင်ရာ လူထုအုံကြွမူများမှာ အင်တာနက်ဟာ အဓိကကျပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေမှာ အာဏာပိုင်များက အင်တာနက်ကို တင်းကျပ်စွာ ထိန်းချုပ်ခဲ့ပါတယ်။ အွန်လိုင်းမှာ မိမိလိုချင်သော အချက်အလက်များကို လွတ်လပ်စွာ ရှာဖွေခွင့်၊ ဖတ်ရှုခွင့်တွေကို ပိတ်ပင်တားဆီးခြင်းဟာ အခြေခံ လူ့ခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလည်း ထိုသို့သော အခွင့်အရေးများကို ပိတ်ပင် ထိန်းချုပ်ထားခြင်းဟာ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းလို့ ပြောနိုင်ပါတယ်။

နိုင်ငံတကာ ဆက်သွယ်ရေးဆိုင်ရာ အဖွဲ့ (International Telecommunication Union) ရဲ့ အဆိုအရ ကမာ္ဘတဝန်းမှာ စုစုပေါင်း အင်တာနက်သုံးစွဲသူ ၂ ဘီလီယံကျော်ရှိပြီး Facebook လို လူမှုကွန်ရက်ဆိုဒ်တွေကို သုံးစွဲသူ သန်း ၁၅ဝ ကနေ သန်း ၆၀ဝ အထိ ၂၀၀၉ မှ ၂၀၁၁ အတွင်း တိုးတက်များပြားလာခဲ့ကြောင်း သိရပါတယ်။ ဒီလို တိုးတက်လာတာနဲ့အမျှ အင်တာနက်ဟာလည်း ခေတ်သစ်လူနေမှုဘဝရဲ့ တစိတ်တဒေသအဖြစ် အရေးပါတဲ့ ကဏ္ဍက ပါဝင်လာနေပါပြီ။

http://www.irrawaddyblog.com/2011/06/blog-post_3611.html#more

2 comments

  • kai

    June 11, 2011 at 9:29 am

    United Nations report: Internet access is a human right
    June 3, 2011
    Internet access is a human right, according to a United Nations report released on Friday.

    “Given that the Internet has become an indispensable tool for realizing a range of human rights, combating inequality, and accelerating development and human progress, ensuring universal access to the Internet should be a priority for all states,” said the report from Frank La Rue, a special rapporteur to the United Nations, who wrote the document “on the promotion and protection of the right to freedom of opinion and expression.”

    http://latimesblogs.latimes.com/technology/2011/06/united-nations-report-internet-access-is-a-human-right.html
    http://documents.latimes.com/un-report-internet-rights/

  • winkyawaung

    June 12, 2011 at 4:29 pm

    မြန်မာပြည်မှာလည်း အင်တာနက်ကို ထိမ်းချုပ်မူမှ ဘယ်သောအခါမှာ လွတ်လပ်မှု ရပါမည်လည်း။ ကွန်နရှင်က တက်လိုက်၊ ကျလိုက် နဲ့ပါ။ ကွှန်မကောင်းသော်လည်း အခွန်အခတွေကတော့ လုံးဝ မလျှော့ပါ။

Leave a Reply