အတ္တများတဲ့ လောက

manawphyulayJune 11, 20111min541

ကျွန်မ စာမရေးတာ အတော်ကြာပါပြီ။ စိတ်ထဲမှာ ရေးစရာတွေ တစ်ပုံတစ်ခေါင်းကြီးရှိပေမယ့် အပြင်မထုတ်ချင်တာလည်း ပါပါတယ်။ ဒါပေမယ့် တချို့အကြောင်းအရာတွေက ရင်ထဲမှာ သိမ်းထားမိရင် မသိမမြင် မကြုံဖူးတဲ့သူတွေရှိနေကြမယ့်သူတွေအတွက် ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
လူဆိုတာ အပြစ်အနာ အဆာ ကင်းနိုင်ကြတာမှ မဟုတ်တာ။ လူတိုင်းမှာ ကောင်းကွက်လေးတွေရှိသလို ဆိုးကွက်တွေလည်း ရှိကြမှာပါ။ အဆိုးအကောင်းဆိုတာ အမြဲဒွန်တွဲလေ့ရှိပါတယ်။ တစ်ခါတလေ တစ်ဖက်သတ်အမြင်နဲ့ ဆုံးဖြတ်တတ်ကြတဲ့ လူတွေလည်း သင် တွေ့ဖူးချင် တွေ့ဖူးမှာပါ။ အဲလိုအချိန်ကျရင် သင့်စိတ်ထဲ ဘယ်လိုခံစားမိပါသလဲ။ လူတွေစိတ်ကလည်း တစ်မျိုးပဲနော်။ လူတစ်ယောက်ကို မကောင်းမြင်ပြီဆိုရင် ဒီလူတစ်ယောက် ဘယ်လောက်ပဲလုပ်ပေးခဲ့၊ လုပ်ပေးခဲ့ အကောင်းမမြင်တော့ဘူး။ ဘာတွေဘယ်လိုပဲ အမြင်ကြည်လင်အောင် ဆောင်ရွက်ပေးပေး ဒီလူကို မျက်စိဒေါင့်ထောက်ကြည့်ပြီး ဟိုဟာ အပြစ်မြင် ဒီဟာ အပြစ်မြင်တတ်တဲ့ လူတွေကိုကော တွေ့ခဲ့ဖူးပါသလား။ အဲ ကောင်းတာမြင်တဲ့သူကျတော့လည်း ဘယ်လောက်ပဲ အခွင့်အရေးတွေ လိမ့်ယူပါစေ အပေါ်ယံအပြောလေးတွေကြောင့် အပြစ်မမြင်ကြတော့ပြန်ဘူး။ ဒီလိုလူမျိုးတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ပေါ်ကောင်းတဲ့သူ မြဲနေနိုင်ပါ့မလားဆိုတာ သင် ပြောနိုင်မလား။ ဘယ်လိုမြင်ပါသလဲ။ ကိုယ်ကရော အားလုံးအပေါ် မျှတမှုရှိရဲ့လား။ ဖိနှိပ်ချင်တဲ့သူကျတော့ အခွင့်အရေးအတူတူ ယူတာချင်းသူတွေမှာ ဘာကြောင့် ကိုယ်အမြင်မကြည်လင်တဲ့သူမှ ပိုပြီး မကောင်းမြင်ရတာလည်းဆိုတာ နားမလည်နိုင်တော့ဘူး။ ဒါဆိုရင်တော့ ဒီလိုလူမျိုးတွေဟာ အကောင်းအဆိုးကို တကယ်ပဲ မခွဲခြားနိုင်တဲ့သူတွေဖြစ်နေပါသလား။ ကိုယ့်စိတ်မှာ အကောင်းအဆိုး မဝေခွဲနိုင်သူတွေဖြစ်တဲ့အတွက် ကိုယ့်အသိုက်အဝန်းနဲ့ ပတ်ဝန်းကျင်ကို မကွဲကွဲအောင် အမြဲခွဲနေတဲ့သူတွေ ဖြစ်နေတတ်ပြန်တယ်။ ဒီလိုဝန်းကျင်မှာ နေတဲ့သူတွေကရော တဖြည်းဖြည်းနဲ့ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တဲ့သူတွေပဲ တိုးပွားလာနိုင်တာပေါ့။ ပွင့်လင်းမှုမရှိတဲ့ သူတစ်ယောက်ဟာ ညှိနှိုင်းရေးအမြင်လည်း မရှိနိုင်ဘူးလေ။ ကိုယ့်အမြင်နဲ့ အထင်ကို ထုတ်ဖော်ဖို့ မလိုဘူးဆိုတဲ့ စိတ်ဓာတ်တွေကြောင့် သူတစ်ပါးက ကိုယ့်အပေါ်မှာ ဘယ်လိုမှ ထင်မြင်သုံးသပ်ချင်တော့မှာလည်း မဟုတ်ဘူး။ ဒီလိုအနေအထားနဲ့ ကိုယ့်ဝန်းကျင်မှာ ိန်းချုပ်ထားခဲ့မယ်ဆိုရင် နောင်အနာဂတ်မှာ အောင်မြင်မယ့်သူ ဖြစ်လာနိုင်ပါသလားဆိုတာ…………

ဟုတ်ပြီ သင်ကော ဒီလိုလူမျိုးဟာ ဘယ်လိုလူမျိုးဖြစ်နိုင်ပါသလဲဆိုတာ ပြောကြည့်ပေးပါဦး။

One comment

  • bigcat

    June 11, 2011 at 11:03 pm

    မနောရယ် စိတ်လျှော့လိုက်ပါကွယ်၊ ဗိုလ်ချုပ်မှူးကြီးက အနားယူသွားပါပြီ။ အခုစာလုံးတွေက သူရှိတုံးမှာ ပြောရမှာ….ဘာပဲဖြစ်ဖြစ် မှန်ရာကို ထုတ်ဖော်ပြောရဲတဲ့ သတ္တိကိုတော့ ချီးကြူးပါတယ်။

Leave a Reply