(00း15)မိနစ်စာ..တက္ကစီယာဉ်မောင်းအမြင်

တစ်နေ့တော့ဗျာ။။။။။။။။။
မြို့ထဲကိုအလုပ်နဲ့အသွား  အရေးတကြီးအလုပ်တူလုပ်သူရဲ့ဖုန်းဆက်လာမှုကြောင့် ။။။။။။။။။
လောကဓံရဲ့ သဘော   မတည်မြဲမှု  အနိစ္စတရားရဲ့ ပြယုဂ်
ဟိုတုန်းက ဘယ်လိုသစ်သစ် ကြာလာရင်အဟောင်းဖြစ်ခဲ့ရတဲ့
သိရီမင်္ဂလာဈေးဟောင်းကြီးနားက ဆိပ်ကမ်းဝင်းကြီးထဲကို သွားရောက်ခဲ့တဲ့တနေ့ကပါ။။။
အိတ်တစ်ဖက်လွယ်လျှက် ကျွန်တော့ အရှေ့မှဖြတ်ကျော်လုကျော်ခင် အငှားယာဉ်တစ်စီးကိုလှမ်းတားလိုက်ပြီး
။။သီရိမင်္ဂလာဈေး နားကိုသွားမယ် ဘယ်လောက်လဲ ?
။။အဟောင်းလားအသစ်လား ?
။။ဈေးဟောင်း
။။၁၅၀၀ ပဲပေးပါညီလေးရာ
အနည်းငယ် ဖွင့်ရခက်ပြီး အားစိုက်ပြီးပြန်ပိတ်ရတဲ့ ကားတံခါး ကိုဆွဲဖွင့်ကာ  ကားပေါ်တက်ထိုင်လိုက်ပါတယ်
ကားခမေးစရာမလိုအောင် နိုင်ငံတကာ တက္ကစီ ကားများလို တက်ထိုင်၊ လိုရာမောင်းခိုင်း ၊သွားလိုရာရောက်မှ
မီတာထဲကထွက်လာတဲ့ဖြတ်ပိုင်းပါ ကျသင့်ငွေကို ရှင်းပေးချင်ပေမယ့်  ဒစ်ဂျစ်တယ်မီးလင်းလာလိုက် ကားချိုင့်
ဆောင့်တိုင်းမှိတ်သွားလိုက်နဲ့ ဒီလိုမှမဟုတ်ရင် ယာဉ်စစ် အဖွဲ့တွေ တွေ့မှ မီတာစက်ကိုဖွင့်တတ်ကြတဲ့ တက္ကစီ
ယာဉ်မောင်းတွေရဲ့ မီတာစက်ပျက်မှာစိုးတဲ့ စိုးရိမ်စိတ် မြန်မာပီပီ ရှေးရိုးကတည်းက စွဲယူလာတဲ့ ကိုလိုချင်ရာကို
တန်ရာတန်ကြေး  ခပ်ပြတ်ပြတ်မေးပြီး ကြိုက်ရင်ဝယ် မကြိုက်ရင်ဖယ် သွားတတ်တဲ့ စိတ် တွေကြောင့်တက္ကစီ
ယာဉ်များမှာတပ်ဆင်ထားတဲ့ မီတာဒိုင်ကွက်ဂဏန်းတွေပါတဲ့ စက်ကလေးဟာ ရန်ကုန်မြို့သူမြို့သားများရဲ့ယုံကြည်
မှုကိုမရရှိခဲ့သလို တက္ကစီ စီး ခရီးသည်များနဲ့ ချင်းစိမ်းနဲ့ မိတ်သလင်လို မကြင်နာနိုင်ခဲ့တာဟာ အခုတော့လုံးလုံး
လျားလျား တစ်စိမ်းတွေလိုဖြစ်သွားကြပါပြီ။
ကားစထွက်တယ်ဆိုရင်ပဲ ကားရှေ့မှာ ကွန်တိမ်နာတင်ကားကြီးတွေက လမ်းအပြည့်ပိတ်မောင်းလို့နေပါတော့တယ်။
me:။။ကမ်းနားက  လမ်းကြီးတစ်ခုထပ်လုပ်မယ့်အပြင် ဒီကမ်းနားလမ်းနဲ့ မဟာဗန္ဓုလလမ်းကိုနှစ်ထပ်လမ်းလုပ်ပြီး
ဟိုင်ဝေးလမ်းသဘောမျိုး  လေဆိပ်နဲ့ ဟိုင်ဝေးကားဂိတ်တွေဘက်  ဆက်ပေးလိုက်ရင်ကောင်းမယ်ဗျ။။
taxi:။။အင်း….ငါ့ညီရာ ကောင်းရင်တော့ တော်တာပေါ့ကွာ ပြိုကျမှဒုက္ခ ကွ။။
me:။။အာ  ကောင်းကောင်းတော့ဖြစ်အောင် လုပ်ရမှာပေါ့ဦးလေးရ။။
taxi:။။မထင်ပါနဲငါ့လူရာ၊ အခုဟာတွေက အဆင့်ဆင့်ဖြတ်စားပြီးမှ လမ်းဖြစ်မယ့်ကိစ္စကွ၊  အမှန်ကတော့ကွာ ကုန်ဈေးနှုန်းတက်
သလိုဝန်ထမ်းတွေ့ရဲ့လစာလည်းတိုးပေးလာတာပဲ၊ ဒီကုန်ဈေးနှုန်းကိုအကြောင်းပြပြီး လစာမလောက်လို့ လာဒ်စားရ ဖြတ်စား
ရ ပါတယ်လို့ပြောလို့ မရဘူးကွ၊ တို့တွေလည်း ငယ်ငယ်က လစာလေးနှစ်ပြားတစ်ပဲနဲ့ ၀န်ထမ်းလုပ်ခဲ့ဘူးတာပဲ၊ ဒါပေမယ့်
ဒို့ခတ်တုန်းက လူနေမှုရုပ်ဝတ္ထုတွေ မတိုးတက်သေးဘူးလေ ၊မနက်ဆိုအလုပ်သွားရင် ဒို့မြန်မာပြည်ကလုပ်တဲ့ဒန်ချိုင့်လေး
ထဲထမင်းထည့်ပြီးဒီလိုပဲသွားခဲ့တာ ၊ လမ်းသွားရင်းရေဆာရင် ရေအိုးစင်ဝင်သောက်လိုက်တာပဲ ၊အိမ်မှာရေမရှိရင် လမ်းထိပ်
ရေဘုံဘိုင်မှာသွားရေချိုးခဲ့တာ ၊ ဖိနပ်ဆိုရင် စင်ကြယ် တံဆိပ်နဲ့ ယိုးဒယားကလာတဲ့ကွင်းထိုးအ၀ါကြီးတွေက အကောင်းဆုံးပဲ၊
အိမ်မှာနားထောင်ဘို့ဆို အုမ်းလီး ကက်ဆက်နဲ့ နေရှင်နယ်ရေဒီယို ကအကောင်းဆုံးပဲ၊ ကျန်တာဘာမှမရှိဘူး  မြန်မာပြည်မှာ
အများကြီးဝယ်စရာဇိမ်ခံပစ္စည်း မရှိဘူးကွ၊ဘီယာဆိုင်မရှိဘူးကွာ နိုက်ကလပ် မရှိဘူး မာဆပ် မရှိဘူး ကာရာအိုကေမရှိဘူး
ရေခဲသေတ္တာမရှိဘူး  အဲယားကွန်းမပေါ်သေးဘူး  ရေသန်ဘူးမရှိဘူး မင်းအခု စီးနေတဲ့ တက္ကစီမရှိဘူး မင်းလွယ်ထားတဲ့နိုင်
ငံခြားကလာတဲ့အိတ်တွေမရှိဘူး အားလုံးလွယ်အိပ်ပဲလွယ်တယ်၊ မင်းခါးမှာချိတ်ထားတဲ့ဟန်းဖုန်မပေါ်သေးဘူး၊ ဖုန်းဆိုတာ
ဒို့အစိုးရရုံးနဲ့ ရဲဌာနာမှာပဲရှိတာကွ၊ ဒါတောင်လက်နဲ့လှည့်ရတာကွ၊ ကလေးတွေအခုတက်နေတဲ့ ကျူရှင်ဆိုတာမပေါ်သေးဘူး။။။
me:။။အဲဒီတော့ ဘာဖြစ်လဲဗျ အခုဟာကတိုး တက်လာတဲ့အပိုင်းပဲ၊ မကောင်းတာတွေပါလာပေမယ့် အနည်းငယ်တိုးတက်လာ
တယ်ဆိုတာတော့ မငြင်းနိုင်ပါဘူးဗျာ။။
taxi:။။ အေးငါလည်းဒါပဲပြောချင်တာ ကိုယ့်ဝင်ငွေနဲ့ အခြေခံစားသောက်ကုန်စရိတ်ကိုတကယ်နှိုင်းယှဉ်လိုက်ရင် လောက်င
ပေမယ့် မင်းအခုပြောတဲ့ တိုးတက်မှုနဲ့အတူပါလာတဲ့ အရာတွေကြောင့်လူတွေဟာ ဖြတ်စားလာဒ်စားတွေလုပ်လာရပြီး ၀င်ငွေ
လစာနဲ့ မလောက်ငတဲပြသနာ ပေါ်လာရတာပဲ။ ဥပမာကွာ မင်းအခုအပြင်သွားလို့ရေဆာရင် ဟိုအရင်ဆိုရေအိုးစင်မှာသောက်လို့
ရပေမယ့်  အခုလူတွေက ရေအိုးစင်ကရေကိုပဲ သူတောင်စား သီးသန့်သောက်သုံရန်ရေလို့များ ထင်နေလားမသိဘူး မသောက်
ရဲဘူး ရှက်သလိုလို၊ လူတွေကပဲရေအိုးစင်က ရေသောက်ရင် အထင်သေးမှာလိုလို၊ အဲဒီလိုတွေကြောင့် အနည်းဆုံးဘာမှမဟုတ်
တဲ့ ရေတမှုတ်ကြောင့်  ရေသန့်ဘူးဝယ်သောက်တော့ သုံးရာလောက်ကုန်သွားရောကွ၊ ဟိုအရင်ကအရေးကြီးရင်လူကိုယ်တိုင်သွား ဒါမှမဟုတ်စာရေးပို့လို့ရပေမယ့် အခုဟာကမင့်ဟန်းဖုန်းဆိုတာကြီးပေါ်လာတော့ ဈေးကြီးပေးဝယ်စကားလေးတစ်ခွန်းနှစ်ခွန်းပြော
ဘို့ လိပ်ခေါင်းထွက်အောင် အော်ရနဲ့ ဒီကြားထဲဖုန်းဘေလ်ကဆောင်ရသေးတယ် ကုန်ပေါက်တွေပေါ့ကွာ အေး အောက်ဆိုဒ် ၀င်ငွေ
ကောင်းတဲ့လူတွေကျတော့အိမ်မှာအဲယားကွန်းတပ်ချင်ရတာနဲ့  ရေခဲသေတ္တာဝယ်ချင်ရတာနဲ့   ကားစီးချင်ရတာနဲ့ ညညဆို ဘီယာလေးသောက်ချင်ရတာနဲ့ နိုက်ကလပ်သွားချင်ရတာနဲ့၊ ပြီးတော့ သားသမီးလဲ ကျောင်းမှာတင်မဟုတ်ဘူး အကောင်းဆုံးကျူရှင်ထားချင်ရတာနဲ့ အဲဒီလိုတိုးတက်လာတဲ့ရုပ်ဝတ္ထု ပစ္စည်းတွေနောက် လိုက်ရင်းလိုက်ရင်းနဲ့  မသမာတဲ့နည်းနဲ့ ဖြတ်စား လာဒ်စား တွေဖြစ်ကုန်ကြတာပဲငါ့ညီရေ ၊ အဓိက ကတော့ လူတွေရဲ့  အတောမသတ်နိုင်တဲ့လိုချင်တက်မက်မှုကြောင့်
ပါပဲကွာ။။။။။။
ဝန်ထမ်းလည်းဝန်ထမ်းအလျောက် ကုန်သည်လဲကုန်သည် အလျောက် လက်လုပ်လက်စားလဲ သူ့ဝင်ငွေအလျောက် ရောင့်ရဲနှိုင်
ကြမယ်ဆိုရင်..အဲဒီလာဒ်စားမှုတွေ ပပျောက်သွားမှာပါညီလေးရာ။။။။။
taxi:။။ ကဲညီလေး ဒီနေရာမှာပဲဆင်းမှာမှတ်လား….
me:။။အော်..အင်းဟုတ်ကဲ့ …..ရော့ဦးလေး  ၊ ကားခ တစ်ထောင်ငါးရာ
taxi:။။ ဒီခရီးကို သူများကားသမားတွေ နှစ်ထောင့်ငါးရာလောက်တောင်းတယ်ကွ၊  ဒါပေမယ့်ငါပြောခဲ့သလို ရောင့်ရဲလိုက်တာပဲကွ
ငါနှစ်ထောင်တောင်းလဲ မင်းပေးမယ်ဆိုတာသိပေမယ့်  ကိုနဲ့တန်ရာတန်ရာရတဲ့ ၀င်ငွေပဲကောင်းပါတယ်ကွာ ပေးတဲ့သူလဲစိတ်ချမ်း
သာတယ်  ယူရတဲ့လူလဲ စိတ်သန့်တာပေါ့၊ ကဲသွားပြီဟေ့။။။။။
ကျွန်တော်ကားပေါ်ကဆင်းလာခဲ့ရပေမယ့်……ကားသမားကြီးပြောတဲ့စကားတွေပြန်ကြားနေမိပါတယ်….ဒီညနေသူငယ်ချင်းများနဲ့
ဘီယာဆိုင်မှာချိန်းထားခဲ့တဲ့  အစီအစဉ်ကိုဖျက်သိမ်းလိုက်ရတော့မလိုလို တွေဝေ ၀ိုးဝါး လို့နေပါတော့တယ်။။။။။

 

ပညာပြည့်ဝ…နှလုံးလှသော်….

ကိစ္စကြီးငယ်….ဆောက်သဖွယ်လျှင်….

ကျဉ်းကျယ်ထွင်းဖောက်…ဖြတ်တောက်လိုရာ….

ပြီးနိုင်စွာ၏။။။။။

(မာဃဒေ၀)

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com