ကျွန်တော် ကဗျာ တစ်ပုဒ် ကို သတိရနေပါတယ် ။ ရေးတဲ့ သူက အမျိုးသမီး မော်ဒန်ကဗျာဆရာမ ပါ။ အခု သူ့ နာမည်စာလုံးပေါင်း ကို မမှတ်မိလို့ ရေးမပြနိုင်ပါဘူး။
ကဗျာက အောက်ပါအတိုင်း ပါပဲ။
ကဗျာ
… … … …. ….
… … .. … … …
… … …. … … ..
…. … …. …. ….့ 
ကဗျာက စာလုံးတွေ ပါမလာပါဘူး။
အစက်ကလေးတွေချထားတယ်။
ဘာကို ဆိုလိုချင်တာလဲ….?
ကဗျာဆို တာ စကားလုံး နဲ့ ဖွဲ့ စည်းရတဲ့  အနုပညာပစ္စည်းပါ ။
အခု ဆရာမ က ကဗျာကို စကားလူံးတွေ မပါပဲ… ဖန်တီးထားတယ်။
ဒါဆို..ဒါဟာ ကဗျာလား..။ ကဗျာ စာရင်းထဲ သွင်းမှာလား။ ငြင်းပယ်လိုက်မလား..။
ဆရာဇော်ဇော်အောင် ရေးတဲ့  ၀တ္ထု တို တစ်ပုဒ် ထဲ မှာလည်း စာလုံးတွေ မပါပဲ…ဖဲကြိုး
အ၀ါတစ်စ ပဲ ညှပ်ထည့်ထားတာ တွေ့ ဖူးတယ်။ငယ်ချစ်နာမည်မနှင်းဆီ ဆိုတဲ့ဝတ္ထုထင်ရဲ့ ။ နာမည်သိပ်မမှတ်မိလို့ပါ။
ဒါမျိုးတွေ အခုတလောမှာတွေ့ လာရပါပြီ။ ကျွန်တော့် အလို ကတော့ … ကြိုက်ပါတယ်။
ဒါဟာ ကြိုဆိုသင့်တဲ့ ကိစ္စ လို့  မြင်ပါတယ်။
စံသွေခြင်းနဲ့  တည်ဆောက်ထားတဲ့ အနုပညာရပ်တွေ ဟာ သိပ်လှတယ်။ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီလိုပဲ မြင်မိပါတယ်။
ခင်ဗျားတို့ရော…………ဘယ်လိုမြင်လဲ ?
ပြောကြပါဦး။

alinsett

About alinsett

alinsett has written 615 post in this Website..

. . .