ကျေးဇူးပြုကြပါခင်ဗျား

anewgenerationboneJune 11, 20111min14011

ကျေးဇူးပြုကြပါခင်ဗျား
နယ်မှာပါ
အသက် သုံးဆယ်ကျော်ကျော် လူတစ်ယောက်ပါ
အိမ်ထောင်ရှိပါတယ် ကလေးတစ်ယောက်နှင့်ပါ
ယနေ့မှ ဆိုလျှင် နှစ်နှစ်ခန့်တော့ရှိပါပြီ
မိုးတွင်းဖက်ကြီးပါ မနက်ရေချိုးပြီးတာနဲ့ အဝတ်စားလဲနေတုန်း
ဘုန်းဆိုလဲကျပြီး လေဖြတ်သွားတာပါ
ကိုယ်တစ်ခြမ်းဖြတ်သွားတယ်လို့ဆိုရမလားခင်ဗျား
ပါးစပ်ရွှဲ့သွားပါတယ်
လက်တွေခြေတွေ ရွှဲ့သွားပါတယ်
လမ်းကိုတော့ အဲ့သည်လိုဘဲ ရွှဲ့စောင်းရွှဲ့စောင်းနဲ့ဘဲ
တော်တော်ခက်ခက်ခဲခဲလျှောက်ရပါတယ်
အပေါ့အပါးသွား အိမ်သာတက်တာတို့ ဆို သူ့တွက် ရော သူ့မိသားစုတွက်ပါ
တော်တော်ကို ဒုက္ခရောက်ကြရပါတယ်
ဒါ့ကြောင့် ဘယ်လို သမားတော်တွေကို ပြသပြီး
ဘယ်လိုဆေးဝါးတွေကို မှီဝဲသင့်ပါသလဲဆိုတာ ကို ကျေးဇူးပြုကြပါခင်ဗျား
ဆိုလိုတာက
ဆေးညွှန်း သမားညွှန်းကို လမ်းညွှန်ပေးကြစေလိုပါတယ်ခင်ဗျား

11 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 12, 2011 at 2:58 pm

    လေဖြတ်တာကတော့
    ယနေ့ခေတ်ကြီးမှာတော်တော်လေးကို ဖြစ်ကြတယ်ပြောရမှာဘဲ
    အနောက်တိုင်းဆေးတွေတော့ သိဘူး
    ကျုပ်ကြားဘူးတာကတော့ စပါးကြီးမြွေရဲ့သည်းခြေနဲ့ကုတယ်လို့ပြောတာဘဲ
    ကျုပ်ကတော့ ကိုယ့်အသက်ရှင်ဘို့ သူများအသက်နဲ့စတေးတာကိုသိပ်ဝါသနာမထုံပါ
    သို့စေငြား
    စပါးကြီးမြွေ သည်းခြေအတုအကြောင်းကို
    ဒီရွာထည်းက သတ်သတ်လွတ်စားပြီး ဂဠုန်တွေ နဂါးတွေကို ရွှေတိဂုံဘုရားမှာ
    ရှိုးပွဲပြစားမဲ့ ကိုကြောင်ကြီးရဲ့ ပိုစ့်တစ်ခု ဖတ်ဘူးတယ်
    ကိုကြောင်ကြီးရေ ညွှန်းလိုက်ပါဦးခင်ဗျ

    • maythakhin

      June 12, 2011 at 5:42 pm

      လေဖြတ်တာကတော့ မြန်မာတိုင်းရင်းဆေးနဲ့ လည်းကုကြတယ်။ အသက်က ငယ်သေးတာ ပဲ ပြန်ကောင်းလာမှာပါ။ တကယ်နားလည်တတ်ကျွမ်းတဲ့
      အကြောပြင်ဆရာနဲ့ နှိပ်မယ်။ဆေးလိမ်းမယ် ဆိုရင်တော့ ပြန်ကောင်းလာမှာပါ။ နည်းနည်းတော့အချိန်ပေးရမှာပေါ့။ အင်္ဂလိပ်ဆေးနဲ့လည်း ကိုလို့ရတယ်။ နောက်တစ်ချက်ရှိသေးတယ်။ ယုံသော်ရှိ မယုံသော်ရှိ ဘုရားကုလည်း ကုလို့ရသေးတယ်။ ယုံကြည်မှုပိုင်းနဲ့တော့ဆိုင်တာပေါ့။ ဘာကို လုပ်ပါလို့ အားပေးတာ မဟုတ်ဘူးနော်။ စဉ်းစားနိုင်အောင် အကြံပေးတာလူနာရှင်တွေရဲ့သဘောပါ။

    • bigcat

      June 12, 2011 at 11:15 pm

      ကိုမျိုးဆက်သစ်ကျောရိုးရေ
      ကျနော့်အဒေါ်တဦးလည်း လေဖြတ်ရောဂါနဲ့ ကိုယ်တပိုင်းသေပြီး ရနှစ်၈နှစ်လောက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ လေဖြတ်တယ်ဆိုတာ သိသလောက် ချက်ခြင်းကုနိုင်မှ ပြန်ကောင်းဖို့ အခွင့်အလမ်းများပါတယ်။ ကျနော်က ဆရာဝန်မဟုတ်တော ဆေးပညာအရ အကြံညဏ်မပေးတတ်ပါဘူး၊ ဒါပေမယ့် ရေနစ်တဲ့သူအတွက် ကောက်ရိုးတမျှင်တောင် အားကိုးစရာဖြစ်လို့ သိထားတာလေးကို ဝေမျှလို်က်ပါတယ်။ အာနာပါနကို ပြင်းပြင်းရှုကြည့်ပါ။ ဘာသာခြားဖြစ်လည်း တရားသဘောထက် လေအဝင်အထွက်ကိုပဲ သတိကပ်လုပ်ကြည့်။ နှာရည်များထွက်လာသည်အထိ ပြင်းပြင်းထန်ထန် လုပ်နိုင်သလောက်လုပ်ပါ။ ရောဂါပျောက်ကင်းသွားသူ ဆရာတော်ဦးဥတ္တရရဲ့ ကိုယ်တွေ့ပြောပြချက်ကို အသံဖိုင်လင့်ခ်မှာ နားထောင်ကြည့်နိုင်ပါတယ်။ မြန်မာဆေးနည်းလိုတော့ ဝါယောဓါတ် ပြတ်တောက်သွားတာမို့ လေပြန်ဆက်ပေးခြင်းလို့ထင်ပါတယ်။ အိပ်ယာထဲပက်လက် ဘဝဆုံးမယ့်အတူတူ ကိုယ့်စိတ်ကိုယ် ခိုင်ခံ့တည်ငြိမ်အောင် ဆောက်တည်ခြင်းဖြင့် မိမိကံကြမ္မာကို ရင်ဆိုင်သွားနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်…
      http://www.mediafire.com/?p5tgq2di2s97h52
      မစ္စစ်မိုက်ကယ်ဂျော်လကီအောင်ပုရေ.. ကိုကြောင်ကြီးက လေဖြတ်လို့ တကိုယ်လုံးသေတာသာမက စိတ်လေဖြတ်ပြီး အရှင်လတ်လတ် လုံးရာကပြား ဖုန်းကညာတပါးအဖြစ် ဘဝပြောင်းသွားတာကိုလည်း ကုနိုင်တဲ့ ဆေးနည်းရှိသကွဲ့။ နောက်များမှ ဆွေးနွေးကြတာပေါ့။ 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 13, 2011 at 2:27 am

    လုံးရာကပြားတာဟုတ်ဝူး
    ယောက်ျားစိတ်လုံးလုံးကိုဝင်လာတဒါ
    ဓားဓားချင်းဒုတ်ဒုတ်ချင်း
    ယှဉ်မြိုင်တာကိုဘယ်လိုဝါသနာပါလာမှန်းမသိဘူးဗျ
    မယုံရင် ရွာထဲက တစ်ယောက်ယောက်ကိုဖိတ်ခေါ်ပြီးစမ်းကြည့်ပါလား 😀 😀 😀

    • ဆူး

      June 14, 2011 at 10:08 am

      လုံးရာက ပြား ဖုံးကညာ တပါး ဖြစ်သွားလို့ စိတ်ညစ်ပြီး အတ္တလောက ပါလား ဆိုပြီး အော်တဲ့ သူတောင် ရှိသေးတယ်။
      မမပု နော် ကိုယ့် ဇတ် ကို နိုင်အောင်က.. အရှေ့တမျိုး အနောက်တမျိုး ၂မျိုးဆိုတော့ ခမျာ စိတ်ထိခိုက်နေရှာတယ် အားပေးလိုက်အုန်း။

  • mayhtet

    June 14, 2011 at 1:13 pm

    မြန်မာကုထုံးနဲ့အရင်ကုကြည့်လေ မေထက်မန်းလေးက နွေရာသီဆိုရင်အရမ်းပူတယ်လေ။
    တစ်နေ့အဘွားက အရမ်းပူလွန်းလို့ဆိုပြီး ရေခဲတုံးဝယ်ပြီး ခေါင်းအုံးအောက်ထည့်ခံပြီးအိပ်လိုက်တယ်လေ အဲဒီမှာတင်ဦးနှောက်သွေးကြောထိသွားပြီး တစ်ခြမ်းလေဖြတ်သွားတယ် ဆေးရုံထိတော်တော် ကြာတင်လိုက်ရတယ်။ နောက်အိ်မ်ကိုပြန်ခေါ်ပြီး မြန်မာအနှိပ်ဆရာကိုခေါ်ပြီး နိပ်လိုက်တယ် နဲနဲတော့သက်သာတယ် သက်သာတယ်ဆိုပြီး အနှိပ်ဆရာထပ်ခေါ်တယ် အနှိပ်ဆရာက မလာလို့အိမ်လိုက်သွားတယ် အနှိပ်ဆရာကချက်ချင်းလေပျက်ပြီး ဆုံးသွားတယ်တဲ့

  • ဆူး

    June 14, 2011 at 2:28 pm

    လေဖြတ်တဲ့ လူတွေ တော်တော် များများ ကုပေးတဲ့ မြန်မာ တိုင်းရင်းဆေး ဆရာ တယောက် တော့ ရှိတယ် သမိုင်းဘက်မှာ.. အဲဒီမှာ ပျောက်တဲ့ လူနာတွေ တော်တော်များတယ်။
    ဆေးခန်းသွားတဲ့ အချိန်တွေမှာ မျက်စိရှေ့တင် ဖြစ်ခါစ သမားတွေ ၂ခါ ၃ခါလောက်နဲ့ တော်တော် သိသိသာသာ ဖြစ်သွားတာလည်း မြင်ဖူးတယ်။ ကောင်းလည်း ကောင်းသွားကြတယ်။
    ရေးချင်တာတွေ များသွားလို့ ပိုစ်အသစ် တခု အနေနဲ့ တင်လိုက်ပါပြီ။

  • padonmar

    June 14, 2011 at 2:46 pm

    ဲရန်ကုန်/မန်းလေး လာပြချင်ရင် ဦးနှောက်နဲ့ အာရုံကြော အထူးကုသမားတော် ပြရမယ်။
    ဆေးကတော့ သွေးတိုးရှိရင်(ရှိဖို့လည်းများတယ်) သွေးပေါင်ကျဆေး ၊အဆီကျဆေး၊သောက်ရမယ်။
    ဆီးချိုရှိရင် ဆီးချိုထိန်းရမယ်။
    သွေးခဲလေးတွေထပ်မဖြစ်အောင် သွေးကျဲဆေး အနည်းဆုံးAspilet သောက်ရမယ်။
    အရေးကြီးတာက လေ့ကျင့်ခန်းလုပ်ရမယ်။
    ကိုယ့်တစ်ကိုယ်ရေ ကိစ္စတွေ ဖြစ်နိုင်သရွေ့ ကိုယ့်ဖာသာကြိုးစားပြီးလုပ်ရမယ်။ဒါမြန်မြန်ပြန်ကောင်းဖို့ လေ့ကျင့်ခန်းပါဘဲ။
    ဥပမာ အကီင်္ျကြယ်သီးတပ်တာမျိုး။

  • unclegyi1974

    June 14, 2011 at 3:35 pm

    တိုင်းရင်းဆေးရုံကိုပို့ပြီးကုကြည့်ပါ
    အသိထဲကပျောက်ဖူးတာမျက်မြင်ပဲ
    ငွေလည်းသိပ်မကုန်ဖူး

  • anewgenerationbone

    June 14, 2011 at 4:26 pm

    ကျေးဇူးတင်ပါတယ်ခင်ဗျ
    အမှန်တိုင်းပြောရရင်
    တိုင်းရင်းဆေးရုံဆိုတာ ဘယ်မှာရှိမှန်းကျွန်တော်လည်းမသိပါဘူးခင်ဗျ
    ကျေးဇူးပြုပြီးလိပ်စာလေးပေးညွှန်းစေလိုပါတယ်
    ဒီလိုပါ
    ကျွန်တော်က တစ်ချို့အသိတွေထည်းက
    တစ်ခုခုအကြောင်းရှိလာရင်
    ကြားဘူးနားဝလေးတွေကို
    သေချာလေ့လာပြီး ပြန်အကူညီပေးတာပါ
    ခုကိစ္စက အပေါ်မှာရေးထားတဲ့အတိုင်းပါဘဲခင်ဗျ
    သူတို့လည်း ငွေကြေးအခက်အခဲတွေနှင့်
    မိသားစုအရေးကိစ္စတွေလည်းရှိပုံရမှာပါ
    ဒါပေမယ့်ကျွန်တော်တတ်နိုင်တာက
    ဒီမှာကြုံးဘူး သိဘူးတဲ့သူတွေကိုမေးကြည့်ပြီး
    သူတို့ကိုပြန်ပြောလမ်းညွှန်ပေးရုံလေးပါ
    ဒါကလည်းကျွန်တော်တတ်နိုင်သလောက်လေးပါ
    ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ
    အပန်းမကြီးဘူးဆိုရင်
    ကျွန်တော့်လိပ်စာကိုလည်းပို့ပေးလို့ရပါတယ်
    anewgenerationbone@hotmail.com
    ဒီနေရာမှာပြောပြလိုက်တော့
    အခြားသူတွေလည်း
    ဗဟုသုတအနေနဲ့ရလိမ့်မယ်လို့ထင်မိပါတယ်ခင်ဗျ
    ပါဝင်ပြောပြပေးသူများအားလုံးကို
    အထူးကျေးဇူးတင်ပါတယ်ခင်ဗျ

  • padonmar

    June 14, 2011 at 5:22 pm

    တိုင်းရင်းဆေးရုံ က ဗဟန်း ငါးထပ်ကြီးဘုရားလမ်းမှာပါ။ကန်တော်ကြီးပတ်လမ်းကနေဝင်ရပါတယ်။
    ၄၃ စီး ဗဟန်း၃လမ်းမှတ်တိုင်(သို့) ရေခဲဆိုင်မှတ်တိုင်ဆင်း လမ်းလျှှောက်။

Leave a Reply