ဝန်ထမ်း အိမ်ခန်းနေရာများ နေရာချထားရာတွင် အဂတိလိုက်စားမှုများရှိနေ

kyawgyiMay 3, 20101min855

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ  အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် ဝန်ထမ်းနေအိမ် လိုင်းခန်းများ နေထိုင်ခွင့်ပြုရာတွင် ဘုတ်အဖွဲ့ဖြင့် စီစစ်ခွင့်ပြုလျှက်ရှိပါသည်။ သို့ရာတွင် အမှန်တကယ် နေအိမ်လိုင်းခန်းများ နေရာချထားပေးခဲ့ရာတွင် အခကြေးငွေပေးဖြင့် ပေးယူသူကိုသာ ဦးစားပေး၍ နေရာချထားပေးနေပါသဖြင့် အမှန်တကယ် ရရှိရမည့် ဝန်ထမ်းများအတွက် များစွာ နစ်နာလျှက်ရှိပါသည်။

အဆိုပါဝန်ထမ်းများအနေဖြင့် ပြင်ပတွင် အိမ်ခန်းများငှားရမ်းနေထိုင်ရသဖြင့် လူမှုရေး၊ စီးပွားရေး၊  စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အင်းစိန်အထွေထွေ ရောဂါကု ဆေးရုံကြီးရှိ ဝန်ထမ်းတစ်ဦးမှ ပြောကြားလာပါသည်။

5 comments

  • mickylay

    May 3, 2010 at 3:49 am

    တကယ်အမှန်ဆိုရင်တော့ နာမည်တွေပါထည့်ပေးရင် ပိုကောင်းမယ်ထင်တယ်။ ဥပမာ- တာဝန်ခံပြီးလုပ်တာ ဘယ်သူ၊ ပိုက်ဆံဘယ်လောက်ပေးရတယ် စသဖြင့်ပေါ့

  • kyawgyi

    May 3, 2010 at 6:58 am

    mickylay ရေ….
    ဒီပို့စ်က အဲဒီဝန်းထဲက ဝန်ထမ်းတစ်ယောက်ဆီက ရတာပါ။
    သူ့ရဲ့ ခံစားချက်တစ်ခုပါ။
    သူ့နာမည်ထည့်ရေးရင် သူ့ရဲ့ အနာဂတ်ကို ထိခိုက်နိုင်တဲ့အတွက် ထိမ်ချန်လိုက်ရတာပါ။

  • susunosuki

    May 3, 2010 at 12:12 pm

    ညှိညှိနှိုင်းနှိုင်းလုပ်ကြတာ
    အရိုးစွဲနေပြီ
    ပြင်နိုင်ကြမှ တိုင်းပြည်တိုးတက်မယ်

  • Tar

    May 4, 2010 at 2:03 pm

    ဝန်ထမ်းအိမ်ယာ မလုံလောက်လို့ဒီလိုမျိုးဖြစ်တာ အိမ်ယာမလုံလောက်တဲ့ ဌာနတိုင်းလိုလိုမှာပါ
    “ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်”

  • http

    May 4, 2010 at 3:50 pm

    ပေးနိုင်မှ နေရာရမယ်ဆိုတာက ဒီတိုင်းပြည်နဲ့ အပေးအယူတစ်ခုဘဲ…ဒါမျိုးတွေဘယ်အချိန်မှ အမျိုးတုံးမလဲသိဘူး။မိုးလုံ လေလုံ မနေနိုင်တဲ့ သူတွေအတွက် သနားစရာပါ။

Leave a Reply