အလင်းများနှင့်ဆော့ကစားခြင်း (၂ )

alinsettJune 12, 20111min911

၁/ စာပေအနုပညာဆိုင်ရာ အတွေးတချို့ကို တင်ပြတာပါ။ ကြမ်းကြမ်းတမ်းတမ်းဝေဖန်တာလေးတွေကိုပါ ခံရတော့ ရေးမယ် ကြံပြီး…လက်ရွံ ့သွားပါသေးတယ်။ ဒါပေမယ် ့ရေးဖို့က ကျွန်တော့်အလုပ်ပါ။ ဝေဖန်တာက ဖတ်သူတွေအလုပ်ပါ။ဒီတော့ ပြောစရာရှိတာကို ဆက်ပြောပါရစေ။တန်ဖိုးရှိတဲ့ ့စာမျက်နှာကို ဖျက်ဆီးတယ်လို့ဝေဖန်သွားတဲ ့မိတ်ဆွေ
ကို တောင်းပန်ပါတယ်။ တန်ဖိုးကြီးကြီးတွေ ရေးနိုင်ဖို ့ကျွန်တော် ကြိုးစားနေပါတယ်။
ကျွန်တော် ့ တင်ပြချက်တွေကို လက်ခံခြင်း/
လက်မခံခြင်း..ကို စဉ်းစားပြီး လက်ခံသင့်တယ်ထင်မှ လက်ခံပါ။ ကျွန်တော်က ပညာရှင်ကြီးမဟုတ်ပါဘူး။ ဒါကြောင့် အဆိုအမိန့်တွေ ရေးနေတာလည်း မဟုတ်ပါ
ဘူး။ ကြားဖူးတာ ဖတ် ဖူးတာလေးတွေကို ကိုယ့်အယူအဆလေးနဲ ့ဝင်ဆွေးနွေးတာပါ။
ကျွန်တော်သိသလောက် (တာဝန်ယူနိုင်သလောက်ကို)အကျိုးမယုတ်လောက်ဘူးထင်လို ့ ဝင်ပြောတာပါ။
ကျွန်တော်ပြောသမျှက်ု လက်ခံကြပါလို့
မပြောပါဘူး။ပြောခွင့်လည်းမရှိပါဘူး။ ကိုယ့်အယူအဆနဲ ့ကိုယ် လွတ်လပ် ငြိမ်းချမ်းစွာ ကွဲလွဲ
ကြပါမယ်။
( မင်းခိုက်စိုးစန်ရဲ ့လုပ်စားပုံတွေကို ကျွန်တော်တို့လည်း ကြားကနေ မျက်နှာပူနေရပါတယ်။
သူက နာမည်ကို ခုတုံးလုပ်နေပါတယ်။ဒါပေမယ်..တကယ်တ်ဖိုးရှိတဲ ့စာအုပ်တွေလည်းရေးခဲ့ ့ဖူးပါတယ်။ဥပမာ…ကောင်းကင်နဲ ့ မလွတ်တဲ့ ့တောင်ပံ တစ်စုုံ……။)ထားပါတော ့။
၂/ ဟို အရင်ကဆိုရင်…. စာတစ်ပုဒ်မှာ
အဖြစ်အပျက်တစ်ရပ်ကိုရေးတယ် ဆိုပါစို ့။ အဲဒိ
အဖြစ်အပျက်ကို စာရေးသူက စကားလုံးတွေနဲ ့
အပြည့်အဝ ဖော်ပြရပါတယ်။ အဲ လို ဖော်ပြနိုင်မှ
လည်း အဓိပ္ပာယ် ရှိတယ် လို ့ ယူဆ ကြပါတယ်။
မှန်သလား ဆိုတော့ မှန်ပါတယ်။ အဲဒီတုန်း
ကပေါ့လေ။
၃/ အခုတော့ ဒီအယူအဆ ကိုလည်း လမ်းခွဲလိုက်ပါပြီ။(လမ်းမခွဲနိုင်သူတွေလည်း ရှိပါ
သေးတယ်)
၃/ က ဥပမာ အဖြစ်ဝါကျတွေကို တင်ပြချင်ပေမယ်။ အချိန်နဲ ့ နေရာ ကြောင့် မတင်ပြတော့ပါဘူး။
ဝါကျ ကို အဆုံး ထိ မရေးတာတွေ… စာ
လူံးတွေကိုတောင် ထည် ့မရေးတော့တာတွေ ဟာ
စာရေးသူနဲ ့အတူ စာဖတ်သူကပါ တွဲဖက်ပါဝင်
လာဖို ့လည်း ရည်ရွယ်ပါတယ်။
စာဖတ်သူ ကလည်း အများကြီးတွေး…..
(စကားလူံးတွေဟာ စာရေးသူတွေရဲ ့ ပြောချင်တာ
တွေကို အပြည့်အဝ ဖော်ပြမပေးနိုင်တဲ ့အကြောင်း ပညာရှင်တွေ ပြောနေကြပါပြီ။)
စာတစ်ပုဒ်ကို စာရေးသူနဲ ့ အတူ စာဖတ်သူ
ကပါ တွဲကူ ဖော်ဆောင်ရတယ် ဆိုတာ ကို
“ဟန်နရီဘိတ် ” ကလည်း Kiss Theory နဲ ့
ပြဋ္ဌာန်းခဲ ့ဖူးပါတယ်။
၄/ အခုဆက်ပြီး သင်္ကေတဝါဒ
( Symbolism) သမားတွေရဲ ့ လောက အမြင်တစ်ခု
ကို တင်ပြပါရစေ။
လူသားတွေဟာ လောကကြီးရဲ ့
အသွင်သဏ္ဍာန် (Phenomenon)ကို ပဲ..မြင်နေရပြီ
..တဲ ့။
လောကကြီးရဲ ့ အစစ်အမှန်(Nounenon) ကိုပါ မြင်အောင်ကြည့်
ဖို ့ ကြိုးစားကြရမယ်…တဲ ့။
အရာဝတ္ထုတွေကို ရုပ်ရော နာမ်ပါ…
မြင်အောင်ကြည့် ဖို ့ ကြိုးစားတဲ ့အခါ….ပုံသဏ္ဍာန်
တွေဟာ….(သာမန်အတိုင်းမဟုတ်တော့ပဲ) ရွေ့လျား
ပြောင်းလဲ ကုန်ပါတော့တယ်။
စိတ်ဝါဒ ဆီကို ဦးတည်နေတဲ ့ အဆိုပါပဲ။
(ဆရာကြီးဇော်ဂျီ က အနုပညာ/ရသ ပညာဆိုတာ
စိတ်ကိစ္စ လို့ဆိုဖူးပါတယ်။)
သင်္ကေတ ဝါဒ သမားတွေဟာ…
အနုပညာကို စိတ်အတွင်းပိုင်းထါရောက်အောင်…
နက်နက်ရှိုင်းရှိုင်းဖော်ထုတင် တင်ပြဖို ့ ကြိုးစားကြတယ်။
ထူးခြားပါတယ်။ ဒီဝါဒဟာ…သာမန်…
ပုံတူကူးတင်ပြခြင်း( Imitation) မဟုတ်တော့ဘူး။
ဖန်ဆင်းတင်ပြခြင်း( Creation) ဖြစ်လာတယ်။
ထူးခြားဆန်းပြားပြီး ချစ်စရာကောင်းတဲ ့ ပြောင်းလဲမှုပါ။
၅/ အချိန်နဲ ့ နေရာ အခက်အခဲကြောင့်အကျယ်တဝင့် မပြောနိုင်သေးပါဘူး။
အတို ့ အထိလေး တင်ပြလိုက်ပါတယ်။
အခုပြောသမျှတွေကို ပြန်ချုပ်လိုက်ရင်……
၁ ။ ကျွန်တော်တို ့ အယူအဆ ချင်း စီးချင်းထိုးတိုက်ခိုက်နေမယ့်အစား… ကိုယ် ့အယူအဆနဲ ့ ကိုယ် ငြိမ်းချမ်းလွတ်လပ်စွာ..ကွဲလွဲပြီး
ရပ်တည်ကြမယ်။ကွဲလွဲခွင့်လည်း ရှိပါတယ် ။
၂ ။ ဝါကျတွေကို တိတိကျကျ မရေးတာဟာ..
(တစ်ဝက်တစ်ပျက်နဲ ့ရပ်လိုက်တာဟာ..)ရှေ ့ကို ဆက်ပြီး.. ဖတ်သူက လွတ်လပ်စွာ..တွေးချင်ရာတွေး
ဖို ့လမ်းဖွင့်ပေးတာ… (ဒါမှမဟုတ်) ရေးသူပြောချင်တာကို စကားလုံးတွေက ဖော်ပြမပေးနိုင်တော့လို ့ …. ရပ်လိုက်တာ….။
ကျွန်တော်ကတော့ အနုပညာ တစ်ခုပဲ မို ့ကြိုက်ပါတယ်
၃ ။ သင်္ကေတဝါဒ(Symbolism)ဟာ
Plato ရဲ ့ကြေးမုံသီဝရီ(Mirror Theory) ကို
လမ်းခွဲ လိုက်ပါတယ်။
၄။ အတုလုပ်ခြင်း အနုပညာ ၊ ပုံတူကူးခြင်းအနုပညာ
တွေကို ကျွန်တော်မချစ်တော့တာကြာပြီ။
အခု သင်္ကေတဝါဒီတွေဟာ..အစစ်ကိုဖော်ထုတ် တင်ပြဖို ့
ကြိုးစားကြတယ်။ ဆိုတော့……..ကျွန်တော် အရမ်းလေးစားအားကျသွားပါတယ်။
ကဲ ကျွန်တော်ပြောတာလေးတွေကို မညှာတမ်းဝေဖန်ပေးကြပါဦး။
လေးစားစွာဖြင် ့…
အလင်းဆက်
9.6.2011. ည 11း20
alinsett.art@gmail.com

One comment

  • captainamerica

    June 12, 2011 at 5:35 pm

    ကိုယ် Feel နဲ.ကိုယ်ပေါ့ သုငယ်ချင်းရယ် မြှားလိုဘဲတစ်ဖြောင့်တည်းဆက်သာွးပါ။

Leave a Reply