တစ်မိနစ်စာ အပျင်းပြေ ဟာသများ

maung hninkharrJune 12, 20111min54

ငါ့မြေး အမြည်းနော်

တစ်ခါက ရွာကိုလည်လာတဲ့ မြေးကိုအဖိုးဖြစ်သူက ပြောတယ်။

အဖိုး ။ ။ ‘ ငါ့မြေးလာကွာ ထန်းရည်သွားသောက်ရအောင်’

မြေး ။ ။ ‘ ကျွန်တော် ထန်းရည်မသောက်တတ်ဘူး’

အဖိုး ။ ။‘ ဒါဆိုလည်း အမြည်းလိုက်စားပေါ့။’

ထန်းတောတွင် အဖိုးဖြစ်သူက ထန်းရည် တစ်မြူနှင့်ဆတ်သားခြောက် တစ်ပွဲ မှာလိုက်သည်။

ထန်းရည်နှစ်ခွက်လောက်အကုန်တွင် အမြည်းစားရန် ကြည့်လိုက်ရာ

အမြည်းကုန်နေသည်ကိုတွေ့ရသည်။

အဖိုး ။ ။ ‘ငါ့မြေး အမြည်းနော်။’

မြေး ။ ။ ‘စားပါတယ် အဖိုးရ။’

ဆတ်သားခြောက် နောက်တစ်ပွဲ မှာလိုက်သည်။

ထန်းရည်နည်းနည်းသောက်ပြီး အမြည်းစားရန် ကြည့်လိုက်ရာ

အမြည်းထပ်ကုန်နေသည်ကိုတွေ့ရသည်။

အဖိုးက

‘ငါ့မြေး အမြည်းနော်။’

‘စားပါတယ် အဖိုးရ။’

သုံးလေးခါလောက် ဒီအတိုင်းဆက်ဖြစ်နေတော့ အဖိုးဖြစ်သူကဆက် သည်းခံနိုင်စွမ်းမရှိတော့ဘဲ

‘ဟေ့ကောင် . . . နင့်ကို အမြည်းလို့ပြောနေတာ က ငါ သတိပေးနေတာ ထန်းရည်သာကုန်သွားတယ်

အခုထိ ငါတစ်ဖတ်မှ မစားရသေးဘူးကွ။’

ဆိုပြီး နားရင်းထအုပ်လေတော့သည်။

 

ရေသူမ တွေ့ချင်လား

တစ်ခါက gay တစ်ယောက်က ကောင်းလေးတစ်ယောက်ကိုပြောတယ်။

‘ရေသူမ မြင်ဖူးချင်လား။’ တဲ့

‘အင်း . . .မြင်ဖူးချင်တယ်။’

‘ဒါဆို ငါနဲ့လိုက်ခဲ့။’

ဆိုပြီးအခန်း တစ်ခန်းထဲ ခေါ်သွားတယ်။ ကောင်းလေးက အခန်းကိုလှည့်ပတ်ကြည့်ပြီး ဘာမှမတွေ့တော့

‘ဘယ်မှာလဲ’ ဟုလှမ်းမေးလိုက်တော့

Gay က သူ့ကိုသူ လက်ညိုးထိုးပြီး

‘ဒီမှာလေ’

ဟု လှမ်းပြောလိုက်သည်။

 

လူသားဝါဒ

‘လူသားဝါဒ ဆိုတာဘာလဲ?’

‘ လူတစ်ယောက် မြင့်တက်နေချိန်မှာ မနာလိုပြီး နိမ့်ကျနေစဉ်မှာ ကဲ့ရဲ့ခြင်း။’

 

ဦးထုပ်ရှိတယ်

‘ခေါင်းရှိတဲ့လူနဲ့ ခေါင်းမရှိတဲ့လူ ကို ဘယ်လိုသိရလဲ?’

‘ခေါင်းမရှိတဲ့လူက ဦးထုပ်ရှိတယ်လေ။’

 

%3