ပြည်သူ့ရင်ပြင် ၊ ရေလွှာဦးယျာဉ်တွင် ဇွန်လ ၁ ရက်နေ့က ရေလွှာလျှောစီးရင်း  လူငယ်တစ်ဦးသေဆုံးပြီး တခြားလူငယ်တစ်ဦး   လက်သုံးချောင်းပြတ်သွားခဲ့ ကြောင့် သိရသည်။ သေဆုံးသူမှာ အမှတ် ၉၆၊ ကျိုက်ဝိုင်းဘုရားလမ်း ၊ (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့် ၂၄ နှစ်အရွယ် မောင်ဖိုးခွားခွား (ခေါ်) မောင်စန်းထွန်းဝင်းဖြစ်သည် ဟုသိရသည်။

ယင်းနေ့ ညနေ လေးနာရီခန့်တွင်ပဲ ဝေဘာဂီမြို့နယ် နေ အသက် ၂၁ နှစ်အရွယ် မောင်တင်အောင်ဖြိုး ဆိုသူ လူငယ်တစ်ဦးလည်း ရေလွှာလျှောစီးရင်း လက်သုံးချောင်းပြတ်သွားခဲ့ကြောင်း သိရပါသည်။  ထိခိုက်ဒဏ်ရာ ရမှုများနှင့် သေဆုံးမှုအတွက် ကန်ထရိုက်ငှားရမ်းလိုပ်ပိုင် ခွင့်ရရှိထားသော Company က တစ်စုံတစ်ရာ တာဝန်ယူခြင်းမရှိကြောင်းလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ မောင်တင်အောင်ဖြိုးက ပြောကြားသည်။

ပြည်တွင်းသတင်းဂျာနယ် တစ်စောင်မှ အယ်ဒီတာချူပ်တစ်ဦးကမှု အဆိုပါ ဖြစ်စဉ်တွက် တာဝန်အရှိဆုံးမှာ ကန်ထရိုက်ငှားရမ်းပေးသူနဲ ကန်ထရိုက်ငှားရမ်းလုပ်ကိုင်သူတို့ဖြစ်ပြီး အပန်ဖြေလာရောက်သော ပြည်သူများအတွက် ဘေးကင်းအောင်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်။

သေဆုံးသူ မှာ ဒန်အိုးစက်တွင် တရက် 2500 နှုန်းဖြင့် မိသားစုကိုလုပ်ကိုင် ကျွေးမွေးနေသူ တစ်ဦးဖြစ်သည်။ နောက်တစ်နေ့တွင် Company ၀န်ထမ်းမှ ရက်လည်နေတွင်လာခဲ့ ပါအုံမယ် ဆိုပြီး ငွေ ၁သိန်း ပေးလိုက်ကြောင်းသိရသည်။

 

 

About ကြာဖြူ

has written 2 post in this Website..