English … စာ မှန်မှန်လေ့လာပါ …. အဖြမှန်သူကို ၁၀၀ဝ ကျပ် ချီးမြှင့်ပါမည်

fattyJune 12, 20111min11417

ကျနော်ကိုယ်တိုင်လဲလေ့လာနေဆဲပါ။ ယနေ့ခေတ်လူငယ်များအတွက် English နဲ့ပါတ်သက်လို့ သင်တန်းအသီးသီးမှာ level အသီးသီး နဲ့လေ့လာနေကြရပါတယ်။
တဒေါင့်တနေရာက အထောက်အကူဖြစ်တန်ကောင်းရဲ့လို့ တင်ပေးလိုက်ပါတယ်။
ပိုစ်တခုကို အားလုံးမှန်ရင် ၁၀၀ဝ ကျပ် ချီးမြင့်ပါ့မယ်။ အနဲဆုံး ပိုစ် ၅ ခု စလုံးမှန်ရပါမယ်။ ၅၀၀ဝ ကျပ်ပြည့်တိုင်းတခါပေးမယ်ပေါ့ ..။

ကဲစပြီနော် …. ( ကျနော်ကိုယ်တိုင် လေ့လာနေဆဲဆိုတာလဲမမေ့နဲ့အုံးနော် )

၁။ My uncle who lives in England is a doctor.

၂။ My uncle, who lives in England is a doctor.

အဲဒီနှစ်ကြောင်း ရဲ့ အဓိပ္ပါယ် ခြားနားချက်ကိုရှင်ပြပေးပါ။

၁။ How much time do you spend commuting ?

၂။ How many times do you go each week ?

အဲဒီနှစ်ကြောင်းရဲ့ အသုံးအနှုန်း ကွာခြားပုံကို ရှင်းပေးပါအုံး ..။

၁။ တခါက ဆံပင်မရှိတဲ့ ကတုံးနဲ့လူကို သွားပြီးစစ်တမ်းကောက်တယ်တဲ့ …. ဒီလိုပြောပါတယ် ..။

On average, how much do you spend a month for hair products ?
အဲဒီစာကြောင်းမှာမှားနေပါတယ် …. အမှန်ပြန်ရေးပြပါလား ……..

ကဲ အားလုံး မှန်ရင် ၁၀၀ဝ နော် …။

17 comments

  • fatty

    June 12, 2011 at 3:22 pm

    အဖြေမှန် ပေါ့နော … သဝေထိုးကျန်ခဲတယ် ..။
    ဒုတိယစာကြောင်းမှာ … My uncle , who lives in England, is a doctor.
    ဇြစ်ရမှာပါ ..။ ကော်မာ ကျန်ခဲ့လို့။

    • manawphyulay

      June 13, 2011 at 5:59 am

      လေးဖက် ပြောတဲ့အတိုင်းပဲနော် ရရင် တစ်ယောက်တစ်ဝက် 😛

  • အာဖျံ ကွီး

    June 12, 2011 at 3:23 pm

    ဒီလောက်များတဲ့ ဆုကြေးငွေ .. လက်ခံလိုက်ရရင် .. ဓပြတိုက်ခံရမှာကြောက်လို. .. ခပ်ကုတ်ကုတ်နဲ. ပဲ … အနော် .. ပညာလျှိုလို်က်တော့မယ်ဂျာ .. အဟီးးး

  • fatty

    June 12, 2011 at 4:23 pm

    သူကြီးပေးတဲ့ ၈ဝ ယူမလား ၁၀၀ဝ ယူမှာလား အလွယ်လေးနော် …။

  • captainamerica

    June 12, 2011 at 4:25 pm

    များလှပါလားဦးဖက်ရယ်…ခေတ်နဲ.ညီအောင်တော့တစ်ပုလင်းလောက်တော့လုပ်လေ..ဘယ်လိုပုလင်းဖြစ်
    ဖြစ် 😀 😀

  • fatty

    June 12, 2011 at 4:43 pm

    မြန်မာငွေမာနေလို့ပါ …….
    ကလေးတွေအတွက်ဗျ ..။

  • weiwei

    June 12, 2011 at 5:04 pm

    ကလေးတွေအတွက်ဆိုတော့ ….
    ၁ဝ ပဲ ယူလိုက်ပါတော့မယ်လေ …. 😛

  • bigcat

    June 13, 2011 at 12:15 am

    ရွာထဲမှာ နှာစေးနေတဲ့ ပညာရှိများနေလို့ နေမကောင်းသူ လူမိုက်ကြောင်ကြီးမှ ဖြေလိုက်သည်။ ရွာထဲမှာ လူနုံလူအတွေပဲ ရှိတယ်ထင်မှာစိုးလို့ပါ။ ကြောင်ကြီးတို့ကတော့ အထင်သေးခံရတာခြင်းအတူတူ လူမိုက်ပဲလုပ်မယ်။ :angry:

    ပထမ၁။ ဦးလေးလုပ်သူ ဘာလုပ်တယ်၊ ဘယ်မှာနေတယ်ဆိုတာကို တိုက်ရိုက်ညွှန်းတယ်။
    ပထမ၂။ ဆရာဝန်တဦးဖြစ်တဲ့ ဦးလေး သူဘယ်မှာနေတယ်ဆိုတာကို ညွှန်းတယ်။

    ဒုတိယ၁။ how much time ဆိုတာ အချိန်ဘယ်လောက် ကုန်သလဲ uncountable အနေနဲ့ ယူဆတယ်ထင်တယ်။
    ဒုတိယ၂။ how many times ကတော့ ဘယ်နှစ်ကြိမ်သွားလဲပေါ့။

    ၁။ how much on average do you spend for hair products (in) a month?

  • PinkCandy

    June 13, 2011 at 1:43 am

    ၁၀၀ဝ မရပေမယ့် ဗဟုသုတရပါတယ်ရှင်
    ဒီလိုစာမျိုးများများတင်ပေးပါ။
    လောလောဆယ်တော့ ၁ဝ ယူသွားပြီ 🙂

  • Snowy

    June 13, 2011 at 2:54 am

    နည်းနည်းဝင် ဖြီးကြည့်လိုက်မယ် … မှားရင်ရီ ရဘူးနော် 😛
    မေးခွန်း၁။ My uncle who lives in England is a doctor.
    နေတဲ့နေရာကို အဓိကဖော်ပြချင်တာ
    My uncle, who lives in England, is a doctor.
    လူရဲ့ အကြောင်းကို အဓိကဖော်ပြချင်တာ
    မေးခွန်း၂။ How much time do you spend commuting?
    အချိန်ဘယ်လောက်ကြာကြာ ဆိုတဲ့အတွက် အတိအကျမရှိဘူး (ဘယ်နှစ်နာရီလို့လဲယူဆနိုင်တယ်)
    How many times do you go each week ?
    ဘယ်နှစ်ခါလို့မေးတဲ့ အတွက် အတိအကျ ရှိတယ် (၃ခါ, ၄ခါ … စသဖြင့်)
    မေးခွန်း၃။ On average, how much do you spend a month for hair products ?
    ဒီလိုလေးဆိုရင်ရော…..
    For average, how much do you spend a month for hair products?

    P.S မှားနေရင်လဲ အမှန်ကိုပြောပြ အုံးနော် ဗဟုသုတလေး ရပါတယ်…..

  • weiwei

    June 13, 2011 at 3:21 am

    အင်္ဂလိပ်စာကို မလေ့လာဖြစ်ခဲ့တာ တော်တော်လေးကြာသွားပြီ … ဒါပေမယ့် ဝါသနာအရ သိသလောက်လေးတော့ ရှင်းပြချင်ပါတယ် …

    My uncle who lives in England is a doctor.
    အဲဒီစာကြောင်းက ဦးလေးအကြောင်းကို ရိုးရိုးလေးပဲ ပြောလိုက်တာဖြစ်ပါတယ် … (အင်္ဂလန်မှာနေသော ကျွန်တော့်ဦးလေးက ဆရာဝန်ပေါ့ …)

    My uncle, who lives in England, is a doctor.
    အဲဒီစာကြောင်းကတော့ အင်္ဂလန်မှာနေတဲ့ ဦးလေးဆိုတာကို ပိုပြီးလေးနက်စေပါတယ် … comma ၂ ခု ကြားထဲက စာကြောင်းကို ခဏအရင်ဖြုတ်ပြီး ဘာသာပြန်ရမယ် … My uncle is a doctor. ကျွန်တော့်ဦးလေးက ဆရာဝန်တစ်ဦးဖြစ်တယ် … who lives in England ကို အလေးအနက်ပြုထားတာကတော့ ဦးလေးတွေအများကြီးထဲမှာမှ အင်္ဂလန်မှာနေတဲ့ဦးလေးကို ရွေးပြောတဲ့သဘောဖြစ်ပါတယ် …

    ၁။ How much time do you spend commuting ?
    how much time ဆိုတာက အချိန်ဘယ်လောက်ကြာကြာ အသုံးပြုခဲ့ရသလဲလို့ မေးတာဖြစ်ပါတယ် …

    ၂။ How many times do you go each week ?
    how many times ဆိုတာက အကြိမ်အရေအတွက်ကို သိချင်တဲ့အခါမှာသုံးပါတယ် …
    တစ်ပတ်ကို ဘယ်နှစ်ကြိမ် သွားသလဲလို့ မေးတာဖြစ်ပါတယ် …

    on average က adverb ဖြစ်တဲ့အတွက် စာကြောင်းအစမှာ ထားလဲရတယ် … စာကြောင်းအထဲမှာ ထားလဲရပါတယ်။
    how much do you spend a month လို့ရေးတာက မှားပါတယ် … အဲဒီလိုရေးလိုက်ခြင်းအားဖြင့် တစ်လကို ဘယ်လိုသုံးလဲလို့ အဓိပါယ်ပေါက်သွားပါလိမ့်မယ် … a month ကို object နေရာမှာ ထားလိုက်သလို ဖြစ်သွားပါတယ် … တကယ်မေးချင်တာက တစ်လဆိုတဲ့အချိန်အတောအတွင်းမှာ ပိုက်ဆံဘယ်လောက်သုံးသလဲလို့ သိချင်တာဖြစ်ပါတယ် … ဒီအထဲမှာ a month ဆိုတာက အချိန်ပြ adverb တစ်ခုဖြစ်ပါတယ် … အဲဒါကြောင့်
    On average, how much do you spend for hair products (in) a month?

    ရှင်းလိုက်မှ ရှုပ်သွားသလားတော့မသိဘူး … 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 13, 2011 at 4:07 am

    My uncle who lives in England is a doctor.
    My uncle ကျွန်ုပ်၏ဦးလေး
    who ဘယ်သူလဲ ( သော )
    lives in England အင်္ဂလိပ်ပြည်အထည်းမှာနေသည်
    is a doctor ဆေးဆရာတစ်ယောက်ဖြစ်သည်
    ဆိုတော့ကာ
    ဆေးဆရာတစ်ယောက်ဖြစ်သည့် အင်္ဂလိပ်ပြည်ထဲမှာ နေသည့် ကျွန်ုပ်၏ဦးလေးသည် who ဘယ်သူလဲ 😀
    ( MBSS ဆိုတာ မြန်မာ့ ဗိန္ဓောဆေးဆရာ လို့ခေါ်တာ မှန်ပါသလား လေးဖက်ခင်ဗျ ? ( စကားချပ် )
    ( ဒီလိုမျိုး ပဟေဠိတွေကတော့ကောင်းပါတယ်
    ကောင်းတာလဲကောင်းပေါ့ ဘကြီးဖက်ရဲ့
    ဒေါ်လာဈေးတွေက တော်တော်ကျနေတာ
    ကွန်မန့်တွေတက်လာတိုင်း သဂျီးမျက်ခုံးလုှုပ်နေလေရဲ့ ) 😀

  • naywoonni

    June 13, 2011 at 5:07 am

    ABCD ပဲ သိပါတယ်ဆို ဘာဒွေလာမေးနေတာလဲ စိတ်ညစ်လာပြီနော်

  • Big Defender

    June 13, 2011 at 5:30 am

    ကျွန်တော်သိသလောက်ဖြေရမယ်ဆိုရင်တော့အဲဒီနေ့ကကျောင်းမတက်ဖြစ်လို့ပါဗျာ

  • fatty

    June 13, 2011 at 9:17 am

    ကံကောင်းလို့ ကိုကိုကြောင် အကုန်မှန်တော့မလို့ နောက်ဆုံးစာကြောင်းလေးမှားသွားပါတယ်
    အဇြေမှန် ……………..
    noun ကို ကော်မာခံပြီး အထူးပြုရင် … ကော်မာဖြုတ်လဲ အရေးမကြီးပါ။
    ကော်မာမပါရင် ဖြုတ်လိုက်တာနဲ့ အဓိပ္ပါယ်လွဲသွားနိုင်ပါတယ် ။
    eg း My wife who lives in Mandalay works as a teacher. ဆိုတဲ့စာကြောင်းမှာ ကော်မာမထည့်
    ရတဲ့ အကြောင်းက မန်းလေးက မိန်းမက ဆရာမလုပ်တယ် .. တခြားမိန်းမတွေရှိသေးတယ် ဆိုတဲ့
    သဘော …။
    နောက်ဆုံးစာကြောင်းက ….. spend + time/money + on something လို့မှတ်ပါ။
    အဖြေက .. on hair products ဖြစ်ရပါမယ် ….။
    sorry နော် ဘယ်သူမှ ၁၀၀ဝ မရပါဘူး …။

  • char too lan

    June 13, 2011 at 9:45 am

    အိမ်း….. ဖြေကြ ဖြေကြ
    ဘယ်သူမှန်လဲဆိုတာ ဦးဖက်ပြောပီးရင် ကျနော်က ထပ်ပီး Confirm ပြောပေးမယ် 🙂 🙂

Leave a Reply