စိမ်းလဲ့တင် ခြံကြီးအတွင်း ဖင်ကောက် အစီး ၁၀ဝ ကျော်ဖမ်းမိ

fattyJune 13, 20111min18215

စိမ်းလဲ့တင်ခြံကြီး ဟာ ဧကပေါင်းများစွာကျယ်ဝန်းပြီး ခေတ်မီတဲ့ ဘန်ဂလို လေးတွေရှိတဲ့
ရန်ကုန် ကျိုက်ထီးရိုး သွားကားလမ်းပေါ်မှာရှိပါတယ် ..။
အပင်ပေါင်းမျိုးစုံအောင်စိုက်ပျိုးထားပြီး ရှားပါးတိရီစာ္ဆန်တွေပါမွေးမြူထားပါတယ်။
ကျိုက်ထီးရိုးသွားရင်း ဝ်ငပြီးနားနိုင်တည်းခိုနိုင်တာပေါ့ ..။
အဲဒီခြံကြီးထဲက ဖင်ကောက် လိုင်စင်မဲ့တွေ အစီး ၁၀ဝ ကျော်ဖမ်းမိပါတယ်။
လွန်ခဲ့တဲ့ ၂ ပါတ်လောက်ကပါ။ နယ်စပ်စည်ပင် နယ်စပ်ကုန်သွယ်ရေးက အရာရှိတွေ
တော်တော်ပြုတ်ကုန်တယ်လို့လဲသိရပါတယ်။
ဒီသတင်းကို ဂျာနယ်တွေမှာ မတွေ့မိသေးပါဘူး ..။
သတိထားဖို့က …. လေလံပစ်နိုင်တာကြောင့် … ကားဝယ်ရောင်းတွေ သတိသာထားကြတော့ ….။

15 comments

  • nozomi

    June 13, 2011 at 2:40 pm

    ဒါတွေကြောင့် mg မှာ ရွာသားဖြစ်နေတာ
    သတင်းထူး၊သတင်းဦးလေးတွေက ကောင်းမှကောင်း နောက်ဆက်တွဲလေးတွေသိရင် လုပ်ပါဦး

    နောက်ဆို ကြော်ငြာလို့ရပြီ
    “ဟိုသတင်း သိပြီးပြီးလား”
    “လာမပြောနဲ့ အခုမှ ရွာထဲက ပြန်လာတာ”

  • unclegyi1974

    June 13, 2011 at 3:14 pm

    အဟုတ်ကြီးလားကိုဖက် (တရုပ်ကြီးကိုမေးတာမဟုတ်)
    မစိုးရိမ်ပါနဲ့ (ဘုန်းကြီ၊းကျောင်းကိုပြောတာမဟုတ်ပါ)
    လေလံပစ်မှာကို
    နည်းတောင်နည်းသေးတယ်ဟေ့
    နည်းတောင်နည်းသေးတယ်ဟေ့
    ဟေ့ဟေ့

  • winkyawaung

    June 13, 2011 at 3:28 pm

    ဖမ်းတဲ့သူတွေ သတင်းပေးသူတွေကိုလည်း ကားတစ်စီး ဆီပေးမယ်ဆိုရင် နောက်ထပ်ကားတွေ ဖမ်းမိမယ်ထင်ပါတယ်။

  • တော်ပါပြီဗျာ ကားလဲမလိုချင်ပါဘူး။
    ဆိုင်ကယ်တောင် ဓါတ်ဆီတန်းရတာ ပင်ပန်းလွန်းလို့………………………

  • mayhtet

    June 14, 2011 at 1:29 am

    အဲဒီကားတွေဖမ်းပြီး သူတို့ယူကြမှာပေါ့နော်

    • Ko Ko Aung

      June 14, 2011 at 4:01 am

      ယူတော့ယူမယ်-
      ကောင်းတာလေးတွေဖြုတ်ယူမှာ
      ဖြုတ်လို့မရတာတွေကို လဲယူမှာ
      ကျန်တဲ့အခွံအစုတ်ကြီးတွေကိုလေလံပွဲမှာတင်ပြီး
      နောက်ပေါက်ကနေ ရောင်း ယူဦးမှာ

  • fatty

    June 14, 2011 at 1:58 am

    ဘာကြောင့်ဒီသတင်းကိုဂျာနယ်တွေမှာမထည့်သေးတာလဲ pass မဖြစ်လို့လား ….ဂျာနယ်ကဆရာတွေများပါရင် ကျေးဇူးပြုပြီးပြောပြပါလား ….။

  • etone

    June 14, 2011 at 2:34 am

    ဝစ်သောက်ကားတွေ အများကြီး ဝင်လာပြီး ကားတစီး တသိန်း ဖြစ်တော့မှ တပတ်တခါ လဲစီးမယ် ။ 😛 😛

    • bigcat

      June 14, 2011 at 2:50 am

      အဲဒီကြရင်လည်း ၁ဒေါ်လာ ၅ကျပ်ဖြစ်နေပြီလေ….

  • စိမ်းလဲ့နေတဲ့တင်ကြီး(မှားလို့) စိမ်းလဲ့တင်ခြံထဲက ဖင်ကောက် ၁၀ဝ ကျော်တောင်ဆိုတော့ တော်တော်လေးစိတ်ဝင်စားသွားတာ..
    ခုမှသိတယ်… ဪ.. ကားအကြောင်းပြောနေတာပဲလို 😀

  • လင်းဝေကျော်

    June 14, 2011 at 3:21 am

    ခဏခဏ စိမ်းလဲ့တင်ခြံထဲမှာ မိနေတာပါ။
    စိမ်းလဲ့တင် ခြံပိုင်ရှင်ကလည်း စစ်တပ်ထွက်ပဲတဲ့။ အေးတာပဲ။

  • Snowy

    June 14, 2011 at 3:30 am

    ကားတစီး တသိန်း … အင်းဖြစ်တော့ဖြစ်မယ် ဒါပေမယ့် ဒေါ်လာတသိန်း 😛

  • naywoonni

    June 14, 2011 at 10:38 am

    လိုင်စင်မဲ့ ကားတွေတင်ပဲလား ? လိုင်စင်မဲ့ ဆိုင်ကယ်တွေ လမ်းပေါ်မှာ ပေါ်တင်ချပြီး ရောင်းနေကြတာကြတော့ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေကြသလားမသိဘူးနော်
    မှတ်ချက်…။။။ (ဆိုင်ပေါ်မှာတင်ပြီးရောင်းတာနော် အစီးရေများလို့ လမ်းမပေါ်ထိ တက်ပြီး တန်းစီထားတာ………. ပွဲစားနဲ့တစ်စီးနှစ်စီး လက်လွဲရောင်းတာမဟုတ်ဘူး..။ )

  • apulay

    June 14, 2011 at 11:36 am

    ဘယ်မှာရောင်းတာလဲ

  • ဆူး

    June 14, 2011 at 1:19 pm

    အခု ရောင်းနေတဲ့ ချယ်ရီဝယ်ကွန် ၅၅ သိန်း ကို ၇ဝ လောက် နဲ့ ရရင်တောင် လိုချင်တယ်။
    စိတ်ကူးပြောပါတယ် ၁၀ဝ မကျော်ပဲ ဘယ်ရောင်းမလဲနော်..

Leave a Reply