ပြည်ပသွားမြန်မာခရီးသည်တစ်ဦးလျှင် ရွှေတစ်ကျပ်သားထက် ပိုသယ်ခွင့်မပြုတော့ဟုဆို

klnMay 3, 20101min502

ပြည်ပသို့ထွက်ခွာမည့် မြန်မာနိုင်ငံသားခရီးသည်များအနေဖြင့် တစ်ဦးလျှင်တစ်ကျပ်သားထက်မပိုသည့် ရွှေထက်ပစ္စည်းကိုသာ ယူဆောင်ခွင့်ပြုပြီး ကျောက်ကွင်းထားသည့် မည်သည့်လက်ဝတ်ရတနာကိုမျှ ပြည်ပသို့ ယူဆောင်ခွင့်မပြုကြောင်းပြည်ပမှ ပြန်ရောက်လာသည့် မြန်မာခရီးသည်တစ်ဦးထံမှသိရသည်။ အဆိုပါ ညွှန်ကြားချက်ကို အကောက်အခွန်ဌာနမှ ထုန်ပြန်ထားခြင်းဖြစ်ကြောင်း၊ ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာခြင်းမရှိသူများအား နိုင်ငံခြားငွေလှဲလှယ်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ (၉/၂)ဖြင့်လည်းကောင်း၊ ကျောက်မျက်ရတနာဥပဒေပုဒ်မ (၃၉)အရလည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ ထွက်ခွာသည့် မြန်မာနိုင်ငံသားခရီးသည်အချို့သည် ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာများအား ပြည်ပသို့ ထုတ်ယူသယ်ဆောင်သွားကြသဖြင့် လေဆိပ်မှတာဝန်ရှိသူများအနေဖြင့် အထူးကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ပြည်ပထွက်ခွာနေရာတွင် နိုင်ငံခြားသားများပစ္စည်းယူဆောင်ခွင့်နှင့် ပတ်သက်သည့် ကြေညာချက်များကိုလည်း ကြေညာထားကြောင်း သိရသည်။

2 comments

  • susunosuki

    May 3, 2010 at 12:11 pm

    ကျပ်တာကတော့ တော်တော်ကိုကျပ်လာပါတယ်
    လေယာဉ်နဲ့ ယူတော့ လူမြင်တာပေါ့
    နယ်စပ်က လူမသိသူမသိ တစ်နေ့ကိုကားဆယ်စီးလောက်ကျွန်းတွေခိုးထုတ်နေတာကိုလဲ အရေးယူသင့်ပါတယ်

  • Shwemannmay

    May 11, 2010 at 8:22 am

    ဒါတော့ကြည့်ရင်မြင်တာပေါ့ susunosuki ရဲ ့ ။ ကြည့်တိုင်းလည်းမြင်ချင်မှမြင်တာပါ သတိမမူဂူမမြင်တဲ ့သတိမထားမိလို ့များလား :p

Leave a Reply