သမာအာဇီဝ

မောင် ပေJune 13, 20111min1236

တစ်ရက် က အလုပ်ပြုတ်လာတဲ့ ကိုခိုင် ရယ် ကျုပ် ရယ် အရက် မူးမူး နဲ ့ ရှေ  ့ဆက် ဘာလုပ် ကြမလဲ တိုင်ပင်ကြတယ် ။ မူးနေတာ ဆိုတော့ စကားပြော ကောင်းတာပေါ့ ဗျာ ။ နောက်တစ်နေ ့ မနက်ကြတော့ ကိုခိုင် က ကျုပ် ကို ဆိုင်းဘုတ် တင်ခိုင်းတယ် ။ ကျုပ် က လည်း အမူးပြေသေးတာ မဟုတ်တော့ သူတင်ဆိုတာနဲ ့တင်လိုက်တာ ။ မျက်နှာသစ် ရေချိုးပြီး မှ သကောင့်သား ကို မေးရတယ် ။ ဘာအလုပ်များပါလိမ့် ပေါ့ ။ ဆရာသမား က အိမ်ထောင်သည် ယောက်ျား တွေ ကို သူတို ့မိန်းမ တွေ ဆီ ပြန်ပို ့ပေးတဲ့ အလုပ် တဲ့ဗျာ ။ အာ…ဘယ်လို လုပ်ကြမှာလဲ လို ့ကျုပ် စောဒက တက်လိုက်တော့ ၊ ဆရာသမား က မီးစင်ကြည့်က ပါတဲ့ ။ ဒါနဲ ့နေ ့ခင်းပိုင်းကြ ကျုပ် တို ့အခန်းတံခါး ကို လာခေါက်တယ် ။ ဖွင့်ပေးလိုက်တော့ အသက် ၃ရ လောက် အမျိုးသမီး တစ်ဦး။ ရုပ်ကတော့ တာတေလန်နေတာပဲ ။ သူမ က ဝမ်းနည်းသံ ကြီး နဲ ့” ကျွန်မ ယောက်ျား ကို ကျွန်မ ဆီ ပြန်ခေါ ်ပေးပါရှင် ” ဆိုပြီး ပိုက်ဆံ တစ်ထပ် ပေးတယ် ။ ဆရာသမား က ” ကောင်းပြီလေ ။ သူ ့နာမည် ပြောပြ ၊ နောက်ပြီး သူ ရှိတဲ့ နေရာ ပြော ” ……. ” သူ ့နာမည် က ကိုကြောင်ကြီး တဲ့ ၊ ၁၉ လမ်းက သူ ့ကောင်မအိမ်မှာ အခု ရှိတယ် ” …။ ဒါနဲ ့ကျုပ်နဲ ့ဆရာသမား နဲ ့ထွက်လာခဲ့တယ် ။ ၁၉ လမ်း ရောက်တော့ ဆရာသမား က တုတ်တစ်ချောင်း ကောက်ကိုင် လိုက်တယ် ။  ကျုပ် က အုတ်ခဲကျိုး တစ်ပိုင်း နဲ ့။ ကိုကြောင်ကြီး က သူ ့မယားငယ် အခန်းက အိပ်ချင်မူးတူး နဲ ့ထွက်လာတယ် ။ …..” ခင်ဗျား တို ့က ဘယ်သူတွေ လဲ ” ………..  ” ကျုပ် တို ့ဘယ်သူတွေ ဆိုတာ အရေးမကြီးပါဘူး ၊ ခင်ဗျား ကို ရွေးခြယ်ခွင့် ၂ ခု ပေးမယ် ၊ ခင်ဗျား မိန်းမဆီ အခု ပြန်မလား ၊ ဒါမှမဟုတ် ဒီမှာပဲ ဆက်နေမလား ၊ အေး..ဒီမှာပဲ ဆက်နေမယ် ဆိုရင်တော့ အကျိုးအကန်းဘဝ နဲ ့ပဲ နေခွင့်ရှိမယ် ။ ” ကိုကြောင်ကြီး လဲ ပြာယီးပြာယာ နဲ ့ ” ကျုပ် လည်း ကျုပ် မိန်းမ ကို လွမ်းနေတာ ကလား ဗျ ၊ ဟဲဟဲ ၊ အိမ်ပြန်ရောက် မှ ဒီမိန်းမ ကို ကျုပ်ရဲ  ့ အပွေ ့အဖက် တွေ နဲ ့အသက် ထွက် စေရမယ် ” ……။  ထိုည က ကိုခိုင် နဲ ့ကျုပ် နဲ ့အောင်ပွဲခံ သောက်ပွဲကြီးပေါ့ ။ နောက်တစ်နေ ့ကြ ကျုပ်တို ့အိပ်ယာ က တောင် မနိုးသေးဘူး ၊ တံခါး ခေါက်သံ ကြားရတယ် ။ ဒါနဲ ့ထဖွင့်ပေးလိုက်တော့  အားပါး…လှလိုက်တဲ့ မိန်းမ ဗျာ သောက်ကျိုးနဲ လှတာကလား ..။ သူမ က လည်း ရှိုက်ကြီးတငင် နဲ ့ ” ကျေးဇူး ပြု ပြီး ကျွန်မ ယောက်ျား ကို ပြန်ခေါ ်ပေးကြပါရှင် …၊ ကျွန်မ ယောက်ျားသာ အိမ်ပြန်လာမယ် ဆိုရင် ကျွန်မ အနေ နဲ ့ဘာပဲပေးရပေးရ ” ။ ဆရာသမား က ကျုပ် ကို မျက်စိမှိတ်ပြတယ် ။ ဒါနဲ ့ကျုပ် က      ” ခင်ဗျား ယောက်ျား ပြန်ရောက်ဖို ့အတွက်ဆိုရင် ၃၀၀၀ဝ ပေးရမယ် ” ။ အမျိုးသမီး က သူ ့အိတ်ထဲက ထုတ်ပေးတယ် ။    ” နေဦး ခင်ဗျား ယောက်ျား ပြန်လာရုံ နဲ ့မပြီးသေးဘူး သူ က ခင်ဗျား ကို ချစ်လာအောင် လုပ်ပေးဖို ့ဆိုရင် နောက်ထပ် ၅၀၀၀ဝ လိုမယ် ”   အမျိုးသမီး က ခဏ စဉ်းစားပြီး  ” ပိုက်ဆံ ၅၀၀၀ဝ ရမယ် ဆိုရင် ဘယ်ယောက်ျားကိုမဆို ကျွန်မ ချစ်ဖို ့အသင့်ပါပဲ ”  ။ ဒါနဲ ့သူပေးထားတဲ့ ပိုက်ဆံလေး ၃၀၀၀ဝ ကို ပဲ ယူပြီး ကျုပ်တို ့ထွက်လာတယ် ။ ထုံးစံအတိုင်း တုတ်တွေ ခဲ တွေ ကိုင်ပြီး အမျိုးသမီး ညွှန်လိုက်တဲ့ နေရာ ကို ရောက်တော့ ……….. ။ အရပ်မြင့်မြင့် နဲ ့ အာနိုးတို ့စတားလုံး တို ့လို ဘော်ဒီ မျိုး နဲ ့ငနဲ တစ်ပွေ ကို တွေ ့ရတယ် ။  ” ဒီမှာ..ဒီမှာ.. အကိုကြီး ခင်ဗျား က ကိုပေါက် မဟုတ်ဘူးမလား   ”   ငနဲ က ကျုပ် တို ့ကို ဘုကြည့်ကြည့်ပြီး  ” ဘာလို ့မဟုတ်ရမှာလဲ ငါ ကိုပေါက် အစစ်ပဲ ၊ မင်းတို ့က ဘယ်သူတွေ လဲ ”  ကျုပ်နဲ ့ကိုခိုင် လဲ ယူလာတဲ့ တုတ်နဲ ့ခဲ ကို နောက်ပစ်ထားပြီး   ” ဟဲဟဲ ကျုပ်တို ့က ဘာမှမဟုတ်ပါဘူး ဖွတ်ကျားတွေ ပါ…အဲ မှားလို ့ကျွန်တော် တို ့က ကိုပေါက် ကို သတင်း လာပို ့တာလဲ ”   ” ဘာ သတင်းလဲ ပြော..ပြော ”   ” ဒီလို ပါ ဩဇီ မှာ ရှိတဲ့ အကိုကြီး မိန်းမ အဘိုး ဆုံးသွားတာ အကိုကြီးတို ့လင်မယား အတွက် ဒေါ ်လာတစ်သိန်း ချန်ထားခဲ့တယ် ဆိုတာ ပါ ”    ကိုပေါက် လဲ ဝမ်းသာအားရ နဲ ့ပြေးထွက်သွားတာ ကျုပ်တို ့ကိုတောင် မနှုတ်ဆက် သွားဘူး ..(လူဆိုး) ။ ဒီလို နဲ ့ကျုပ်တို ့နာမည် တွေ ဟာ နေ ့ချင်းညချင်း ကြီးသွားတယ် ။ တစ်ရက် တစ်ရက် ကျုပ်တို ့အခန်းတံခါး လာခေါက်ကြတဲ့ အမျိုးသမီး ထုကြီး က များလွန်းလို ့တစ်ခါ တစ်လေ ရှောင်နေရတယ် ။ တစ်ရက်ကြတော့ အနားယူပြီး ပြန်အလာ မိန်းမ တစ်ယောက် က အခန်းဝ မှာ ထိုင်စောင့်နေတယ် ။ ဒါနဲ ့ မေးကြည့်တော့ ..။ ” ကျွန်မ ကို ကူညီကြပါရှင် .. ရှင်တို ့မှ မကယ်ရင် ကျွန်မကိုယ် ကျွန်မ သတ်သေရပါလိမ့်မယ် ” ဒါနဲ ့သနားသွားပြီး လက်ခံ လိုက်တယ် ။   ” ခင်ဗျား ယောက်ျား က ဘယ်မှာလဲ ဆိုတာ ပြောခဲ့…။ ”   ” ဒါ သူ ့ဓါတ်ပုံ ၊ သူက သင်းချိုင်း မှာပါ ”  ပြောပြီး အဲဒီ မိန်းမ ပြန်သွားတယ် ။ ကျွန်တော် ဆရာသမား ကို ကန် ့ကွက် တယ် ။ မဖြစ်နိုင်ဘူး ပေါ့ ။ ကိုခိုင် က မပူပါနဲ ့ဆိုတဲ့ အကြည့်နဲ ့ကြည့်ပြီး  ကျုပ်တို ့အသိ မိတ်ကပ် မာမီပု ဆီ ရောက်သွားကြတယ် ။ မာမီပု အခန်းထဲ က ကိုခိုင် ပြန်ထွက်လာတော့ ကျုပ်တောင် ကြောက်သွားတယ် ။ ဓါတ်ပုံ ထဲ က လူနဲ ့ချွတ်စွပ် ဗျာ ။  ကိုခိုင် ရုပ်ကတော့ ဟုတ်ပါပြီ ၊ အသံ မတူရင် ဘယ်လို လုပ်မလဲ ဆိုတော့ ..၊   ” ရေခဲတိုက်ထဲ မှာ နေတာကြာသွားလို ့အသံပြောင်းသွားတယ် လို ့ပြောမယ်လေ ”   ။ ကျုပ်တို ့ဟိုမိန်းမ အိမ် ကို ထွက်လာခဲ့ကြတယ် ။ တံခါး ခေါက်ပြီး အထဲ ကို ဝင်မယ် လဲ လုပ်လိုက်ရော ဟိုမိန်းမ ဗျာ အောင်မလေးတော့ ဆိုပြီး မူးမေ့ လဲ သွားတယ် ။ အထဲ ကို ဝင်ကြည့်လိုက်တော့ ဧည့်ခန်းထဲ မှာ သူ ့ယောက်ျား က ငုတ်တုတ်ကြီး ။ သင်းချိုင်းမှာ အလုပ်လုပ်ရာကနေ ခဏ ပြန်လာတာတဲ့ ။ နောက်နေ ့ကြတော့ အချုပ်ခန်းထဲ မှာ ကျုပ် နဲ ့ကိုခိုင် ထိုင် ငြီးတွားနေမိတယ် ။  ” တောက်….ကောင်းကောင်းကန်းကန်း လုပ်စား ရတာ လည်း မလွယ်ပါလား နော်  ”

( ဖတ်ဖူးခဲ့သော ပုံပြင်လေး တစ်ပုဒ်အား ပြန်လည် ဖောက်သည် ချ ထားခြင်း ဖြစ်ပါသည် ။ ရွာသူ ရွာသားများ နာမည် များ တူခဲ့သည်ရှိသော် ခွင့်လွတ်တော်မူကြပါကုန် )

6 comments

  • bigcat

    June 13, 2011 at 5:18 am

    မိန်းမနှစ်ယောက်တောင် နေရင်းထိုင်ရင်း ရလိုက်တာဆိုတော့ ခံသာပါတယ်လေ။ ကိုယ့်အထဲက ခွဲပေးရတာမှ မဟုတ်တာ၊ နောင်ပြောရင် ဒီထက်ပိုများ ပေးပါလားဗျာ… 🙁

  • windtalker

    June 13, 2011 at 5:21 am

    တစ်ကယ်ပြောတာပေါ့နော် ။ စိတ်မဆိုးဘူး မလား ဟင် ဟီဟိ

  • manawphyulay

    June 13, 2011 at 5:47 am

    ဟိဟိ………….. တကယ်ကောင်းတဲ့ ဇာတ်လမ်းလေးတွေပဲ အပြင်မှာလည်း လုပ်စားရင်ဖြစ်မယ်ထင်တာပဲ….. စမ်းသပ်ကြည့်ပေါ့…:P

  • windtalker

    June 13, 2011 at 5:57 am

    ရွာသူ တွေ အတွက် လိုအပ်လာမယ် ဆိုရင် လှုပ်ရှားပေးရမှာပေါ့ ဗျာ ။ အချင်းချင်းတွေ ပဲ နော။

  • Big Defender

    June 13, 2011 at 6:19 am

    ခေတ်သစ်သမ္မာအာဇီဝပေါ့မိုက်တယ်နော်စိတ်တော့ဝင်စားသား
    ုကိုယဘာသာကိုယ်ထွင်ပြီးလုပ်တာကောင်းပါတယ်။ကုသိုလ်ရတာပေါ့ဗျာ

  • kai

    June 13, 2011 at 8:28 am

    အဲဒီအလုပ်မျိုးဆန်ဆန်.. တကယ်မရှိဘူးများ ထင်နေသလားမသိ…။
    တီဗီမှာကို..အခန်းဆက်ပြတာ..
    လူတွေအရမ်းစိတ်ဝင်စားတယ်..မှတ်မိတယ်..။ နှစ်ကြာရှည်ကို.. ပြနိုင်ခဲ့တာ…။

    သူတို့လုပ်တာက… ဖောက်ပြန်တဲ့သူနဲ့..သူ့အငယ်အတူတူရှိနေတုံး… အကြီးကလိုက်သွားပြီး.. လက်ပူးလက်ကြပ်ဖမ်းပြတာ…။
    ပါးချတာတွေ… ရိုက်တာတွေ..စုံနေတာပေါ့..။

    ဆိုတော့…
    မြန်မာပြည်မှာ..တကယ်လုပ်ကြည့်မလားဟင်င်င်… 🙂

Leave a Reply