အသည်းကောင်းမှ ပွဲတောင်းပါ

လင်းဝေJune 13, 20111min14410

ကျန်းမာရေးအတွက် အာယုဒါနပြုပါသည်လို့ ရေးထားတဲ့ စာလေး ရတော့ ဝေမျှချင်စိတ်ပေါ်လာပါတယ်။
ဒီဆိုက်မှာ လာဖတ်ကြသူတွေထဲမှာ အရက်ကြောင့် အသည်းပင်ပန်းနေသူတွေအတွက်ရော၊ အခြားအကြောင်းကြောင်းတွေကြောင့်
အသည်းမှာ ဒဏ်ရာတွေဖြစ်နေသူတွေအတွက်ရောပါ။

အသည်းကောင်းမှ ပွဲတောင်းနိုင်မယ်ဆိုသလိုမျိုးပဲ အသည်းက ခန္ဒာတွင်း လုပ်ဆောင်မှုမှာ အလွန်အရေးကြီးလို့ သိပြီးသားဖြစ်ရင်လည်း မသိသေးသူတွေအတွက်ပေါ့။

၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင် ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်း
တစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်း ထိခိုက်နိုင်သည် ။

၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ။မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ကင်ဆာအတော်များများ မဖြစ်ခင်တွင်
အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။

၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို ဖယ်ရှားပေးရသည် ။ ထို့ပြင် ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်)ပိုးများကိုလည်း တိုက်ခိုက်ရသည် ။

၄. တရုတ် လူမျိုး ၉ဝ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ။အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် အသားနှင့် အဆီစားသုံးမှုများခြင်းကြောင့် ဖြစ်သည် ။

၅. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း ၎င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီ
မှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။ ထို့ကြောင့် ည (၁၁) နာရီ နောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို
အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများစားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော
အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်။ ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊
နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း၊အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။

၆.အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံစားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာကျေလွယ်သည် ။ အသားသည် စားသုံးပြီး
(၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ထိုအသားကိုပင် အဆီများများနှင့်ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။ ထို့ကြောင့် ည
အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။အကယ်၍ စားသုံးမိပါက အသည်းသည် ထို အဆိပ်အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။ မနက်စောစော
အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါအကြောင်းများ၏ရလာဒ်ဖြစ်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင်အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။

၇. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။ အဆီသည် အသည်း၏လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။
ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။

၈.သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သောငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီသည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။

၉.အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်
အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစားမှားခြင်းကြောင့်အသည်းကို ပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုက
ရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။

၁၀. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့် အသည်းအတွက် မကောင်းပါ ။ တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။
မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည်။

၁၁.ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဉာဏ်နှင့် စဉ်းစားဉာဏ် ကို အားနည်းစေသည် ။

၁၂. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁)နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့် အသည်းကိုကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။

၁၃.သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူးစားသုံးခြင်း ၊ စည်သွပ် အချိူရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။

၁၄.စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည်။ စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာအောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘဝ၊ တန်ဖိုးမရှိသော ဘဝနှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည်၊ ခန္ဓာကိုယ်ကို အားနည်းစေသည်။ လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကို ဖြစ်ပေါ်ခံစားရသည် ။

၁၅. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည်ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို စွန့်ပစ်ခြင်းပင် ဖြစ်သည် ။
လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေးမကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့်
ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍ သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။

၁၆.ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင်ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါးသွားစေပါသည် ။
ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော်နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင်
ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။ အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍ အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။

၁၇.ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥနှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက်ကောင်းပါသည် ။

၁၈. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။

၁၉.မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော် မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့်
ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည်။

၂၀. ဝသော သူများသည် ပုံမှန်အားဖြင့် အစားအစာ တရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်းထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။

၂၁.အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့်အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။

၂၂. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။ တစ်နေ့လျှင် ရေ (၂) ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။

၂၃.မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း (C.T. Scan )လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။ နှစ်စဉ်ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်ရောဂါရင့်နေကြပေပြီ ။ မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊ ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီးအကြံဉာဏ်တောင်းပါ ။ အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာအနားယူပါ ။

၂၄. အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှအဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။

၂၅. နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင်စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည်
မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ ထိုအကြောင်းများကြောင့်ဝမ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။

၂၆. သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင်ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။

၂၇. ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊(ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊ သည်းခြေနှင့် ကျောက်ကပ်ကိုသန်မာစေသည် ။

၂၈. မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။

၂၉. အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်နှလုံးအတွက်ကောင်း၏ ။ အဝါရောင် ရှိသော အသီးအရွက်များသည်အစာချေခြင်းအတွက်ကောင်း၏ ။

၃၀.သွးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။

၃၁.မျက်နှာတွင် ဝက်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှအဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။

၃၂. နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှအောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက်လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။

၃၃. ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင်ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။

၃၄.မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ်အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင်အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည်။

အားလုံးပျော်ရွှင် ကျန်းမာကြပါစေ။ အသည်းကောင်းပြီး စိတ်ရွှင်လန်းနိုင်ကြပါစေ။

10 comments

  • nigimi77

    June 13, 2011 at 5:42 am

    ကျေးဇူး အရမ်းတင်ပါတယ်။ သို ့သော်လည်း ……

    ကျုပ် ၆ နာရီမှာ အလုပ်ပြီးတယ်။ ရ နာရီခွဲကနေ ၉ နာရီ အထိ ကော်ဖီဆိုင်ထိုင်တယ်။

    ၉ ခွဲ ကနေ ၁ဝ ခွဲ အထိ မန်းလေး ဂေဇတ် ဖတ်တယ်။

    ၁ဝ ခွဲမှာ အရက် စသောက်တယ်။ ၁၂ နာရီမှာ ထမင်းစားတယ်။

    ထမင်းစားပြီးရင် ပြန်ထပ်သောက်တယ်။ ၁ နာရီမှာ အိပ်ရာဝင်တယ် ။

    မနက် ၆ နာရီ အိပ်ရာထတယ်။ အိပ်ရာထထချင်း ဆေးလိပ်သောက်တယ်။

    ပြီးရင် ဘာမှ မစားပဲ ရ နာရီမှာ ရုံးသွားတယ်။ ရုံးမဝင်ခင် လမ်းမှာ ကော်ဖီသောက်တယ်။

    ရုံးရောက်တော့ ကော်ဖီ ထပ်သောက်တယ်။ နေ ့လည်စာကို ၂ နာရီနောက်ပိုင်းမှ စားတယ်။

    ဒီလိုနဲ ့ပဲ ၃ နှစ် အတွင်းမှာ ခါးပတ်အပေါက် ၃ ပေါက်တိုးလာတယ်။ လက်ပတ်နာရီ ၂ ဆစ် ဖြုတ်လိုက်ရတယ်။

  • လင်းဝေကျော်

    June 13, 2011 at 7:19 am

    သောက်တတ်တဲ့ သူတစ်ယောက်အနေနဲ့ညနေဘက် ကော်ဖီဆိုင်ထိုင်နိုင်တယ်လား။
    ကိုယ်တို့တော့ တော်ရုံ ဘယ်ကော်ဖီဆိုင် ဘယ်လဘက်ရည်ဆိုင်မှ ပုံမှန်အားဖြင့်မထိုင်တတ်ဘူး။
    အခုနောက်ပိုင် အသက်လေးရလားလို့ လျှော့လိုက်တော့မှ တစ်ခါတစ်ရံ လဘက်ရည်ဆိုင်ထိုင်ဖြစ်တယ်။
    သို့သော်လည်း နေညိုလို့ လွပ်လပ်စွာထိုင်မယ်ဆိုလို့ကတော့ မသောက်တတ်တဲ့သူကိုတောင် ဆိုင်အပါခေါ်ထိုင်တယ်။ ည ၁ဝနာရီခွဲမှာတော့ ဘယ်လိုမှ ထပ်မသောက်နိုင်တော့ပါ။ မှောက်နေပြီလေ။
    (လွန်ခဲ့တဲ့ ၂-၃နှစ်လောက်ကစပြီး များများ မသောက်နိုင်တော့ဘူး။ ငယ်ငယ်တုန်းကတော့ ချတာပေါ့။
    ဘယ်လောက်သောက်သောက် မူးတယ်မထင်ဘူး။ အခုတော့ မရတော့ဘူး။မူးပြီ။ များတာနဲ့ သိတယ် သောက်လို့ကိုမရတော့ဘူး။ နောက်ပြီး.. မသေချင်သေးဘူးလေ။)

  • Big Defender

    June 13, 2011 at 10:35 am

    မသေချင်သေးရင်လည်းထပ်မသောက်နဲ့ပေါ့
    ဒါကတော့ကိုယ်ဒုက္ခကိုယ်ရှာတာပေါ့
    ဒီလောက်ခါးပြီးအနံမရှိတဲ့ဟာကိုသောက်နှိက်တယ်ဆိုတာနည်းတဲ့သတ္တိမဟုတ်ဘူး
    သောက်တော့ရောင်းလို့ကောင်းတာပေါ့
    promotionတွေထပ်လုပ်ပေးဦးမှာပေါ့

  • Yan Shin

    June 13, 2011 at 3:02 pm

    ကျွန်တော်တို့တစ်တွေဟာ သာမန်လူတွေများပါတယ်။ ပုထုဇဉ်တွေပေါ့။ လောဘ ဒေါသ မောဟ စသည်အပြည့်နဲ့ပါ။ ခက်တာက လူဆိုတာမျိုးဟာလဲ မကောင်းမှု့မှာမှ ပျော်ပိုက်တတ်တာမျိုးကိုဗျ။
    ဒါပေမဲ့လေ ကောင်းတာတွေကို ခက်ခဲနေပေမဲ့လေ့ကျင့် ပျိုးထောင်ယူရမှာပါပဲ။ ဟို… ဘတ်စ်ကားတွေမှာ ရေးထားသလိုမျိုးပေါ့ ဆန္ဒကို သိက္ခာဖြင့် ထိန်းပါဆိုသလိုပါပဲ။
    စိတ်အလိုကို လိုက်နေသမျှတော့ လူပေမဲ့ တိရိစ္ဆာန်နဲ့ ဘာထူးတော့မှာလဲနှော။
    ကျွန်တော်လဲ ပုထုစဉ်မို့ မကောင်းစိတ်ဒင်းကြမ်းနဲ့ပါ။ ကျိုးစားပြုပြင်နေရတာပါပဲ။

  • သောက်ချင်တယ်ဆိုရင် ကြိုက်သလောက်သောက် လုံးဝမှောက်အောင်တော့မသောက်နဲ့။
    သောက်ချင်တယ်ဆိုရင် နေ့တိုင်းသောက် ဒါပေမယ့် ပုလင်းထဲတစ်စက်မှ မကျန်အောင်တော့ မသောက်နဲ့
    သောက်ချင်တယ်ဆိုရင် ဝအောင်သောက် ဒါပေမယ့် သေအောင်တော့မသောက်နဲ့။
    ဒီလောက်ကောင်းတဲ့ ပေါင်းခံရည် ကြာရှည်သောက်နိုင်အောင် သတိနဲ့နေပေါ့ကွယ်.

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 13, 2011 at 3:54 pm

    ခေါင်းစဉ်ကိုဖတ်ပြီး ကြောက်လို့ မဖွင့်ကြည့်တာ
    လက်ဝှေ့ထိုးရတော့မယ်အောင့်မေ့နေတာ
    နောက်မှ ကျမ္မာရေးပိုစ့်ဖြစ်နေဒယ်
    ဝမ်းသာစရာသိပ်ကောင်းတာက
    အရက်သမားတွေနဲ့လာတိုးလို့လေ
    အရက်ကိုတော့ အဲ့သည်လိုမှိုချိုးမျှစ်ချိုးမပြောပါနဲ့ဗျာ
    အရက်ဆိုတာ သောက်တတ်ရင်ဆေး မသောက်တတ်ရင်ဘေးတဲ့ဗျ
    ကျုပ် … ခွေးဖြစ်ခဲ့တဲ့ဇာတ်ထုပ်တွေကို
    နောင်လာနောင်သားများ မှတ်သိစေခြင်းငှာ
    တစ်နေ့ကျုပ်မသေခင်ပြောပြခဲ့ပါမယ်
    အသဲ……………………..ဆိုဒါဂဒေါ့
    အင်္ဂလိပ်ဒွေဂ အသဲဂိုမစားဘူးဆိုဒါ
    ဒါကြောင့်ဖြစ်မယ်
    ရောဂါပိုးတွေ အထည်းမှာရှိလို့လို့ပြောတာဘဲ
    အသဲဆိုလို့ပြောရဦးမယ် 😀
    ဒါက မြန်မာပြည်ကလူတော်တော်များများ သိတယ်ဗျ
    ကျုပ်တို့ရွာမှာဆို
    အိမ်အောက်က ကြက်တစ်ကောင်ရိုက်ချက်ပြီဆိုရင်
    မနက်ပိုင်းရိုက်ချက်လိုကကတော့
    အသဲအမြစ်ဆိုတာ
    ဘုန်းကြီးဆွမ်းလောင်းတာဗျ
    ညနေဘက် ရိုက်ချက်လို့ကတော့
    အသဲအမြစ်ဆိုရင်
    ကျုပ်အဘတွက် ဦးချရတယ်
    ဒီလိုနဲ့ကျုပ်တို့လည်းရွာမှာငတ်လို့ နိုင်ဂျံဂါးလဲရောက်ရော
    အသဲအမြစ်ဆိုတာ
    လားလား
    နားနဲ့မနာဖဝါးနဲ့နာပါဗျာ
    ကန်တော့ပါရဲ့
    ခွေးတွေ ကြောင်တွေကို ကြွေးတာဗျ

  • ကောင်းတာကိုကောင်းမှန်းမသိတဲ့သူကလဲ လူမို်က်ထဲမှာ ပါ ပါသတဲ့
    နှမောင်တော် ပုပုလေးရေ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 13, 2011 at 4:45 pm

    ကိုယ့်ကိုယ်ကိုယ်
    သူမိုက်ပါလို့သိနေတာကိုတောင်
    ပြင်လို့မရသေးတာက ပြဿနာဖြစ်နေတာဗျ
    ဪ…………..
    နှိပ်ဆက်ပါပေ့ လောကကြီးရယ်
    ဓမ္မသစ္စာတရား သိရှိကျင့်ကြံသူတိုင်းကို
    ခြေစုံဦးခိုက် ရှိခိုးပါတယ်ဗျာ

  • kai

    June 13, 2011 at 8:29 pm

    အပေါ်က..စာတွေက.. တနေရာရာက..ကူးလားတာလား..
    … ဆရာဝန်(ကျမ်းမာရေး ပရိုဖက်ရှင်နယ်..) တယောက်ယောက်ကရေးထားသလို.. တော်တော်တိကျနေတာဖြစ်လု့ိပါ..။

    မေ့လျော့ ပေါ့ဆ.. မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်တဲ့..ဓါတ်..ကမ်မစ်ကယ်တွေ… ဒီခေတ်မှာ.. အများကြိးပဲ..။
    စက်ရုံတွေကထုတ်လို့…. လေထုထဲတောင်.. ပြန့်နေသေးတယ်..။
    လူတွေအသက်ကယ်နေတဲ့..ဆေးဝါးတွေ.။ ယုတ်စွအဆုံး..ချောင်းဆိုးပျောက်ဆေးမှာလည်း ပါတယ်.။
    ဆိုတော့..
    သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ- မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေ တတ်သည့် သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

    ငါးပါးသီလဖွင့်ချက်က… ခေတ်မမှီ..မိုဒယ်အောက်နေပြီ..
    အဲဒီမှာ.. အလွန်အကျွံ.သတိ.မေ့လျှော့စေတတ်သည်အထိ.. ကျမ်းမာရေးထိခိုက်သည်အထိ..လို့ဖြည့်စွက်ထည့်သင့်တယ်…
    ဘယ်အရာမဆိုအစွန်းမရောက်ရင်… ပြီးတာပါပဲ..။

  • kai

    June 13, 2011 at 8:55 pm

    တွေ့ပါပြီဗျာ.. အင်္ဂလိပ်ဗားရှင်း..။ တော်တော်အငြင်းပွားစရာတွေပါတယ်.။
    ပရို က..အတည်ပြုတာလို့လိမ့်မယ်..။

    Main causes of liver damage

    The main causes of liver damage are:

    1. Sleeping too late and waking up too late are main cause.
    2. Not urinating in the morning.
    3. Too much eating.
    4. Skipping breakfast.
    5. Consuming too much medication.
    6. Consuming too much preservatives, additives, food coloring, and artificial sweetener.
    7. Consuming unhealthy cooking oil. As much as possible reduce cooking oil use when frying, which includes even the best cooking oils like olive oil. Do not consume fried foods when you are tired, except if the body is very fit.
    8. Consuming raw (overly done) foods also add to the burden of liver.
    Veggies should be eaten raw or cooked 3-5 parts. Fried veggies should be finished in one sitting, do not store.

    We should prevent this without necessarily spending more. We just have to adopt a good daily lifestyle and eating habits. Maintaining good eating habits and time condition are very important for our bodies to absorb and get rid of unnecessary chemicals according to “schedule.”

    Because:

    Evening at 9 – 11pm : is the time for eliminating unnecessary/toxic chemicals (detoxification) from the antibody system (lymph nodes). This time duration should be spent by relaxing or listening to music. If during this time a housewife is still in an unrelaxed state such as washing the dishes or monitoring children doing their homework, this will have a negative impact on health.

    Evening at 11pm – 1am: is the detoxification process in the liver, and ideally should be done in a deep sleep state.

    Early morning 1 – 3am: detoxification process in the gall, also ideally done in a deep sleep state.
    Early morning 3 – 5am: detoxification in the lungs. Therefore there will sometimes be a severe cough for cough sufferers during this time. Since the detoxification process had reached the respiratory tract, there is no need to take cough medicine so as not to interfere with toxin removal process.
    Morning 5 – 7am: detoxification in the colon, you should empty your bowel.

    Morning 7 – 9am: absorption of nutrients in the small intestine, you should be having breakfast at this time. Breakfast should be earlier, before 6:30am, for those who are sick. Breakfast before 7:30am is very beneficial to those wanting to stay fit. Those who always skip breakfast, they should change their habits, and it is still better to eat breakfast late until 9 – 10am rather than no meal at all.

    Sleeping so late and waking up too late will disrupt the process of removing unnecessary chemicals. Aside from that, midnight to 4:00 am is the time when the bone marrow produces blood. Therefore, have a good sleep and don’t sleep late

    http://www.desitwist.com/general-knowledge/main-causes-liver-damage-10504.html

Leave a Reply