စိုးမြတ်နဲ့မှ သူဇာ

လင်းဝေJune 13, 20111min21815

စိုးမြတ်သူဇာ ရဲ့ လပ်ထပ်မယ်ဆိုတဲ့ သတင်းပါပဲ။ ( အတင်းလို့ပဲပြောလို့ရမှာပေါ့လေ။)
အတည်ပြုဖို့ရာကတော့ ကာယကံရှင်များကသာ ဟုတ်ပါတယ်ပြောမှဖြစ်မှာမို့။
ထွက်လာတဲ့ အတင်းရင်းမြစ်ကတော့ ခိုင်လုံသော နေရာကဖြစ်ပြီး လုပ်ငန်းတွေခွဲနေတာလည်း မြင်နေရတာမို့ပါ။

အတင်းပြောတာတော့ မဟုတ်ပါဘူး။
သင်ခန်းစာယူစရာ စဉ်းစားစရာကောင်းလို့ သံဝေဂ ရလို့ပါ။ ( ဒီလိုပဲ ပြောကြတာပဲလေ ) း)

မထူးဆန်းပေမယ့် ထူးဆန်းတာလေးပါ။

အောင်အောင်အင်တာပရိုက်စ် ဆိုတာသိကြပါသလား။ AA Companies ပေါ့လေ။
အဲဒီက အမျိုးသမီးကြီး ဒေါ်ခင်မြင့်မြင့် ဆိုတာ ဆုံးသွားတာ နည်းနည်းတော့ ကြာပါပြီ။
သူ့ယောကျာင်္း ဦးမြတ်သင်းအောင် ကျန်ခဲ့တာပေါ့။ သနားပါတယ် အသက်ကြီးမှ တကိုယ်တည်းဖြစ်ရှာတာပေါ့။
ဘိုးတော်က မြန်မာစက်မှုလုပ်ငန်းရှင်များအသင်း က ဥက္ကဌလားမသိပါဘူး။ MIA ပွဲတွေမှာ တက်တက်စကားပြောတာတော့ တွေ့မိတယ်။
ကိုယ်လည်း စိတ်မဝင်စားလို့ သေချာ သတိမထားမိပါဘူး။ ကိုယ်စိတ်ဝင်စားတာက သူတို့ လုပ်ငန်းမှာ လှိုင်သာယာမှာ လုပ်တဲ့သူတွေကို မှတ်ပုံတင်သိမ်းပြီး ခိုင်းတယ်ဆိုတာလေးပဲ။
နောက် အခုလို အတင်းအဖျင်းပေါ့။

အဘိုးကြီးက တစ်ယောက်တည်းဖြစ်နေတော့ အဖော်ရှာတာပေါ့လေ။
အဲဒီမှာ တွေ့တာပဲ။ စိုးမြတ်နဲ့မှ သူဇာ ကို။
စိုးမြတ်သူဇာက သူ့ကို တရားဝင်အခမ်းအနားနဲ့ လပ်ထပ်ပါလို့ လုပ်ပါတယ်တဲ့။
အဖိုးကြီးကလည်း ယူမယ်ပေါ့။ ယူမယ်လုပ်တော့ သူ့သားတွေက မယူပါနဲ့ ရှုပ်ကုန်မယ်တဲ့။ (သူဌေးများရဲ့ ဥစ္စာချောက်ဒုက္ခပေါ့။)
အဘိုးကြီးကလည်း သူတို့ချစ်ခြင်းကိုမခွဲပါနဲ့ ဘာညာလုပ်မှာပေါ့လေ။ ယူမယ်အတင်းလုပ်နေပါသတဲ့။
ကဲ ယူမယ်ဆိုလည်း ယူ။ အမွေကိစ္စသာ ဖြတ်ဆိုပြီး အခုတော့ ခွဲခြမ်းစိတ်ဖြာလုပ်နေကြပါတယ်တဲ့။
သူတို့ဆီက ဝန်ထမ်းတွေ လည်း ကုမ္ပဏီတွေ ကွဲကုန်တော့မယ်တဲ့။
နောက်သူတို့ လေလံအောင်ထားတဲ့ လှည်းတန်းက ပြည်မြန်မာ ကုန်တိုက်ကို ဘယ်သားက ယူပြီး ဘယ်လုပ်ငန်းကို ဘယ်သူက ပိုင် စတာတွေလုပ်နေပါသတဲ့။
အင်း စိုးမြတ်သူဇာအတွက်လည်း စိတ်ပူမိပါရဲ့။ ဆရာမကြီး အချစ်အတွက်နဲ့ အခွန်ချည်းပဲ ကျန်တဲ့ အဘိုးကြီးကို ပိုက်မိနေမှာ စိုးလို့ပါ။
အဘိုးကြီး ကို ဘယ်လို အကြင်နာပေးလိုက်တယ်မသိဘူး။ အဘိုးကြီခမျာမှာ ကိုယ့်မှာတော့ ရူးဟူးဟူးးးး… ဖြစ်သွားပြီ။

စိတ်ဝင်စားစရာမကောင်းဘူးလား…။
အဘိုးကြီးနေရာမှာ ကိုယ်သာ ဆို ဘယ်လိုနေမလဲ။ ဘယ်လိုလုပ်မလဲ။
ဒီဟာ ဒီကိစ္စအတွက်နဲ့တော့ တသက်လုံး လူလေးစားခံလာတာကို လူရီစရာ အဖြစ်တော့ မခံဘူးလို့ပဲ စဉ်းစားမိတယ်။
တိတ်တိတ်စားရင် ကျား ဆိုပြီး ယောကျာင်္ချင်းတော့ ဖြုံကြဦးမယ်။ ဒါကြီးကို နာမည်ဝင်ပြီး သားသမီးတွေအမြင်စောင်းအောင်လုပ်တော့ မိုက်တယ်ပဲ အပြောခံရမှာပေါ့။
တွေ့ဖူးသလောက်တော့ မိသားစုပြဿနာတွေမှာ ကြီးမှ မိန်းမ ရှုပ်လို့ သားသမီးက မလေးစားတော့တာ တော်တော်ဆိုးပါတယ်။

15 comments

  • Machitsu

    June 13, 2011 at 8:26 am

    ဒီသတင်း မဟုုတ်မမှန်ကြောင်းကိုု စိုုးမြတ်သူဇာက အလင်းတန်းဂျာနယ်က တစ်ဆင့် အသိပေး ကြေငြာပြီးသားပါ။ နောက်ထပ် လက်ထပ်ဖြစ်မယ်ဆိုုရင်လည်း အလင်းတန်းဂျာနယ်ကိုုပဲ အရင်ဦးဆုုံး အသိပေးမယ်လိုု ့လည်း အတိအလင်း ပြောထားပါတယ်။

  • kai

    June 13, 2011 at 8:35 am

    ဒေါ်ခင်မြင့်မြင့် က.. ယူအက်စ်ကို မစ်ယူနီဗါစ့် လာပြိုင်ဖူးတဲ့.. မယ်တဦးဖြစ်ခဲ့ဘူးပါတယ်..။
    http://en.wikipedia.org/wiki/Miss_Universe_1961
    အဲဒီမှာ.. Burma – Myint Myint Khin ကသူပဲ..။
    အဲဒါလေး…။

    • etone

      June 15, 2011 at 3:22 am

      သဂျီးပြောတဲ့လင့်ကနေ ဝင်ကြည့်တာ မြန်မာနဲ့ တရုတ်အလံလေးက မတိမ်းမရိမ်းလေးပဲ ဆင်တယ်နော် … ။ မြန်မာမိန်းမတွေ ကမာ္ဘမှာ ရင်ပေါင်တန်းနိုင်ခဲ့တာပဲ … ။ ပုံလေးတောင် ပြလျှင် ပိုကောင်းမှာ … ။

  • moegyothwar

    June 13, 2011 at 8:39 am

    ကိုလင်းပြောတဲ့ ကိုကြီးအောင်ရဲ့ သတင်းက ပြောသံကြားနေတာကြာပါပြီ… သူက စက်မှု့အသင်းမှာ နာယကဆိုတော့ အစည်းအဝေးတွေမှာ အမြဲတက်လေ့ရှိပါတယ်။ ၁၁ ရက်နေ့ကအသင်းအစည်းအဝေးမှာ တောင်တွေ့လိုက်သေးတယ်။ မင်္ဂလာဆောင်ရင်တော့ လက်ဖွဲ့ရသေးတာပေါ့ …….

  • Big Defender

    June 13, 2011 at 10:41 am

    ကိုလင်းပြောတာကကောင်းတာပေါ့
    ဘိုးတော်ကြီးကဘယ်လောက်တောင်ချမ်းသာနေလဲမသိဘူး
    ချမ်းသာတော့လည်းလုပ်ချင်တာလုပ်တာပေါ့ဒါနဲ့စကားမစပ်
    အခုတလောပျက်စီးနေတဲ့လူအများစုကချမ်းသာတဲ့အဘိုးကြီးတွေပဲ
    ငွေရှိတော့လုပ်ချင်တိုင်းလုပ်လို့ရနေတော့ဟုတ်နေတာပဲ

  • mayhtet

    June 13, 2011 at 10:58 am

    အော် အလင်းတန်းဂျာနယ်မှာရှင်းပြီးပြီပေါ့နော်

  • လင်းဝေကျော်

    June 13, 2011 at 11:19 am

    မချစ်စု ရေ အလင်းတန်းရှာဖတ်လိုက်ဦးမယ်။
    မဟုတ်ရင်တော့ အားနာစရာကြီး။ ပြောတဲ့သူကတော့ သူ့သားတွေနဲ့ အနီးကပ် လူတွေပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 13, 2011 at 12:05 pm

    ပြောလို့ပြောတာဟုတ်ဘူး
    တိုက်ဆိုင်မှုလား ဖြစ်ရပ်မှန်လားတော့တိဝူး
    ကိုလင်းဝေကျော်ကြီးက
    အဲ့သည် စိုးမြတ်သူဇာ ဆိုတဲ့ ရုပ်ရှင်မင်းသမီး အဒေါ်ကြီးကို
    တော်တော် ဖီးလ်လာပုံရတယ်
    ဟိုအရင်ကလည်း ဟိုးးးးးးးးးးးအရင်တုန်းကလေ 😀
    တစ်ခုတင်ဘူးတယ်
    အဲ့ဒါကိုမှ
    ဘရုပ် ( ကိုဘရုပ် ) ဆိုတဲ့ ရှာရှာဖွေဖွေ ဆရာကြီးက
    ဘယ်လောက်တောင်များ ရှာဖွေကြည့်ရှု့တတ်သလဲမပြောနဲ့
    အဖြေတွေလျှာထုပ်ဘူးတယ်
    အံ့ဖွယ်ရှိပေစွ
    မဖြစ်ဘူးဘဲဖြစ်ပေစွ
    တတ်နိုင်ပေစွ 😀 😀 😀

    • char too lan

      June 15, 2011 at 8:16 am

      soe soe @ so myat thu zar လေ
      YAG တင်တာကို ဘာတွေဖြစ်လို့လဲတိလိုက်ဝူး တဂျီးမင်းကဖျက်ပီး လူတလုံးက ရှင်းချက်တွေ ထုတ်ပေးဖူးတာမှတ်မိတယ် ဘပုလိုပဲ ရွတ်ရတော့မယ် …………….စွ ……………စွ …………….စွစွစိစိ :haha:

  • moethidasoe

    June 14, 2011 at 9:45 am

    သူတို့ ညီအစ်မတွေက ပိုင်မှ လုပ်မှာပါ .. မပိုင်ရင် ခြင်တောင် မရိုက်ဖူးတဲ့

    • etone

      June 15, 2011 at 10:00 am

      ဟုတ်တယ် Dr ရေ ကျမလည်း ကြားဖူးပါတယ် … ပိုက်လုံးဆိုလား … ပိုင်းလုံးဆိုလားပဲ ..။

  • လင်းဝေကျော်

    June 14, 2011 at 9:50 am

    မစ္စတာ အောင်ပုရေ တိုက်ဆိုင်တာပါဗျာ။ အဲဒီပုံကတော့ ရှယ်ပဲနော် ဟားဟားးး။
    ပြောရရင်တော့ သူ့ကို ဖီးလ်မလာပါဘူးဗျာ။ အိုပြီး ဗွက်ထလို့ ပွနေပြီလေပြီ။
    နောက်မကြိုက်တာက အဲသလို ဆတ်ဆော့တာကိုမကြိုက်တာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 14, 2011 at 2:47 pm

    တွင်းဟောင်းရေကြည်အေးမြသည်ဆိုလားဗျာ
    မြန်မာပြည်မှာ
    ဂျပန်ကားတွေကို
    နည်းနည်းပါးပါး
    မန်းမှုတ်ပြီးသုံးလို့ရတဲ့သဘောပေါ့

  • လင်းငယ်

    June 14, 2011 at 4:52 pm

    အသက်ကြီးလာတော့ ဒီလိုပဲ ကြင်ဖော်ကြင်ဖက်ကို ရှာကြရမှာပေါ့။ မတော်လို့ သားသမီးတွေက လျစ်လျူရှူထားရင် ဘယ်မလဲ အနီးကပ်စောင့်ရှောက်မယ်သူ။ ဖြစ်သင့်တာတော့ ဖြစ်သင့်ပါတယ်။ နောက်တစ်ချိန် ကိုယ်လည်း အဲလို မဖြစ်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။ လူတွေရဲ့ လုပ်ငန်း တာဝန်ထဲမှာ အဲဒီဟာလည်း ပါဝင်တယ်လေ။ မဟုတ်ဘူးလား..?

  • bigcat

    June 15, 2011 at 12:58 am

    လင်းဝေကျော်၊ မိုက်ကယ်ဂျော်လကီအောင်ပု
    နင်တို့နှစ်ယောက်ပဲ မကောင်းပြောကြ။ ဟိုက နှစ်ယောက်ထဲက တယောက် ဦးရာလူဆိုရင်တော့ လူသတ်မှု ဖြစ်မှာမြင်ယောင်သေး 🙁

Leave a Reply