စဉ်းစားထားခဲ့တာက ..

ဒီခေါင်းစဉ်ကလေးနဲ့ အပိုင်းဆယ်ပိုင်း ဆယ့်နှစ်ပိုင်းလောက် ခွဲပြီးရေးမယ်ပေါ့။

ဒါပေမယ့် ရေးရင်းနဲ့ပဲ စာရေးသူရော စာဖတ်သူပါ စိတ်ဝင်စားမှု့လဲနည်းလာ…

အခုတလော တရက်ကို  ပိုစ့်တင်နှုံးတွေလဲ များလာ…

ဒီရက်ပိုင်းမှာ စည်ပင်က ခပ်ကြမ်းကြမ်းဝင်ရှင်းလို့ လမ်းဘေးဈေးရောင်းသူတွေ ဒုက္ခရောက်ကုန်တာကြောင့် သူတို့နဲ့တကွ သူတို့ကိုကိုယ်ချင်းစာသူတွေရဲ့ ဒေါသကို ဆွပေးရာလဲမရောက်ချင်လို့…

ပြီးတော့ဗျာ –

တခြားဟာတွေထက်  MG ရဲ့စာဖတ်သူအများစုဟာ ပညာတတ်တွေ၊ အတွေးအခေါ်ရင့်သန်သူတွေ၊ အမျှော်အမြင်နဲ့ပြည့်စုံသူတွေ၊ စိတ်စေတနာမှန်သူတွေ များတယ်ဆိုတာ ဘယ်သူမှငြင်းနိုင်စရာ မရှိပါဘူး။ ဒီတော့  မိချောင်းမင်း ရေခင်းပြတဲ့နည်းနဲ့ ဆက်ပြီးနှိပ်စက်မနေတော့ပဲ ပြောချင်တာလေးတွေ အတိုဆုံးတက်သုတ်ရိုက် ရရင်……….

 

 

……………

လမ်းဘေးဆိုင်တွေရှိလို့ လူများစုဝယ်ခြမ်းဘို့ အဆင်ပြေကြတယ်။

လမ်းဘေးဆိုင်တွေ စည်းကမ်းမဲ့တာကြောင့်ပဲ လူတွေ သွားလာဘို့ အဆင်မပြေဖြစ်ရတယ်။

လမ်းဘေးဆိုင်တွေ စည်းကမ်းမဲ့တာကြောင့်ပဲ မြို့တော်ကြီးရုပ်ဆိုးရတယ် ။

ဒီတော့ – ပြဿနာအစစ်က လမ်းဘေးဆိုင်မဟုတ်ပါဘူး ။

စည်းကမ်းမဲ့တာပါ။

အနှေးယာဉ်တွေရှိလို့ လူတွေသွားလာဘို့ အလွန်အဆင်ပြေကြတယ်။

အနှေးယာဉ်တွေ စည်းကမ်းမဲ့လို့ပဲ လူတွေ ကားတွေမှာ ကြီးစွာသော အနှောက်အယှက်ဖြစ်ကြရတယ်။

အနှေးယာဉ်တွေ စည်းကမ်းမဲ့လို့ပဲ လူတွေယာဉ်တွေ အန္တရယ်ဖြစ်ကြရတယ်။

ဒီတော့ – ပြဿနာအစစ်က အနှေးယာဉ် (ဆိုက်ကား/တွန်းလှည်း) မဟုတ်ပါဘူး။

စည်းကမ်းမဲ့တာပါ။

ကိုယ်ပိုင်ကားတွေ၊ ကုန်စည်ပို့ဆောင်တဲ့ကားတွေ၊ ဘတ်စကားတွေ ကိုအသုံးပြုရလို့ လူတွေ အများကြီးအဆင်ပြေကြတယ်။

ကိုယ်ပိုင်ကားတွေ၊ ကုန်စည်ပို့ဆောင်တဲ့ကားတွေ၊ ဘတ်စကားတွေ စည်းကမ်းမဲ့ရပ် စည်းကမ်းမဲ့မောင်းလို့

ယာဉ်အန္တရယ် လမ်းအန္တရယ် တွေ ဖြစ်ကြတယ်။ မဖြစ်ဖူးထား – အခြားလူတွေ အခြားကားတွေ အခြားအနှေးယာဉ်တွေမှာ နေ့စဉ်ပဲ အနှောက်အယှက်ကြီးစွာဖြစ်ကြပါတယ်။

ဒီတော – ပြဿနာအစစ်က ကား  မဟုတ်ပါဘူး။

စည်းကမ်းမဲ့တာပါ။

စည်းကမ်းက ဘယ်လိုစ “ မဲ့ ” သလဲ ?

အဲဒါသိမှ ဒီရောဂါကို –

တွေ့တဲ့နေရာက မြန်မြန်ပြတ်အောင် လွှနဲ့တိုက် ပြီးကုတာမျိုး…၊

တခါထဲပြောင်သွားအောင် ရွှေပေါ်နဲ့ထိုးတာမျိုး မလုပ်ဘဲ၊

အနာနဲ့ဆေး တည့်အောင်ပေးပြီး ကုနိုင်မှာပါ။

ဒီပိုစ့်မှာတော့ စည်းကမ်း စ “ မဲ့ ”  ပုံ  နှစ်မျိုးပဲတင်ပြဘို့ ရည်ရွယ်ပါတယ်။

ပထမတမျိုးက ဟိုဟာထောက်ရ ဒီဟာထောက်ရ နဲ့ ချွင်းချက်တွေများလာတာ။

ဥပမာ – ဒီနေရာ ဈေးမရောင်းရ ဆိုပေမယ့်လဲ ဟိုလူကတော့ အင်ဖေါ်မာမို့လို့

ဒီလူကတော့ ဘာကမို့လို့ဆိုပြီး ကိုယ့်စည်းကိုယ်အရင်ဖေါက်ကြတာမျိုး….။

ဒုတိယတမျိုးက – အကိုကြီးနဲ့ ညီလေး  တွေ

ဂေါက်ကွင်း စားသောက်ဆိုင် စတာမျိုးမှာဆုံကြရင်း

အိပ်ကပ်ထဲကဖါး(စပွန်ဆာ) ကိုယ်စီထုတ်ပြီး အလှူ့လက်ဘက်နဲ့ မျက်နှာလုပ်ကြရင်းနဲ့

အပြန်အလှန် ပါဆယ်လဲ(အခွင့်အရေးတောင်း)ကြတာမျိုး….။

(မှတ်ချက်- အဲသလိုပါဆယ်မှာပါလာရင် ကိုယ်ကလဲ အပြန်အလှန် တောင်းထားတာမို့ သူ့ စောင့်ရှောက်လိုက်ပါကွာ … ဆိုတာလေးက စည်းကမ်းမဲ့လာတဲ့အခါ ဘာမှမပြောသာတော့ဘူး။)

အဲ .. တော်ပါပြီ ။

ဖတ်သူ  မန်းသူ  အားလုံးကို  အမှန်တကယ်  ကျေးဇူးတင်ပါတယ်။

 

 

 

 

ဦးဦးပါလေရာ

About ဦးဦးပါလေရာ

parlayar 46 has written 74 post in this Website..

CJ # 3302011 2011/03/30 1:01:16 am