မနေ့က တနင်္ဂနွေနေ့လဲဖြစ် အလုပ်ပိတ်ရက်လဲဖြစ်တော့ တစ်ခုခုလုပ်စားမယ်ဆိုပြီး ငါးသံပုရာပေါင်း လုပ်စားဖို့ စဉ်းစားမိတယ် ။ ဆိုင်မှာ 0ယ်စားရင် တစ်ကောင်ကို (2500/ 3000) လောက်ပေးရတော့ ကိုယ့်ဘာသာကိုယ်လုပ်စာရင် အဲ့လောက်ငွေနဲ့ဆိုရင် အနည်းဆုံ (2) ကောင်လောက်တော့ အသာလေး စားလို့ရတယ်ဆိုပြီး ငါးပေါင်းဖို့အတွက် တီလားပီးယား (ဇလားပီးယား)ငါး 0ယ်လာခဲ့တယ် ။
အရင်ဆုံး တီလားပီးယားငါးကို ဗိုက်ခွဲ၊ အညစ်အကြေးတွေထုတ်၊ ရေဆေးပြီး အကောင်လိုက်ကို ဆား၊ အချိုမှုန့်နဲ့ နယ်ပြီးနှပ်ထားပါတယ်။ ဂျင်းကို ပါးပါးလှီးပြီး၊ ကြက်သွန်ဖြူကို ဒါးပြားရိုက်ထားပါတယ်။ ပြီးရင် မီးဖိုပေါ်အိုးတင်ပြီး ရေအနည်းငယ် ထည့်ပါတယ် ပြီးရင်နှပ်ထားသောငါး ပါးပါးလှီးထားသောဂျင်း ဒါးပြားရိုက်ထား ကြက်သွန်ဖြူတို့ကိုအတူရောကာ အပူခံနိုင်မယ့် ပုဂံလုံးခံပြီး အိုးထဲထည့်ကာပေါင်းပါတယ် ။ငါးကိုပေါင်းထားစဉ်မှာ ငရုတ်သီးစိမ်း စားနိုင်သလောက်နဲ့ ကြက်သွန်ဖြူ ခပ်များများကို ရောပြီး ထောင်းပါတယ်။ ပန်းကန်တစ်လုံးမှာ ရေနွေး အနည်းငယ် ထည့်ပါတယ်။ ရေနွေးထဲကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထားတာရယ် သံပုရာရည်ရယ် ညှစ် နောက် ဆား၊ အချိုမှုန့် ထည့် နံနံပင်နဲ့ ကြက်သွန်မြိတ် လှီးထည့်၊ အားလုံးသမအောင် မွှေပြီး ဖျော်ထားပါတယ်။ ငါးပေါင်းတာ 15 မိနစ် မိနစ် 20 လောက်ဆိုရင် ကျက်ပြီ ဖြစ်တဲ့အတွက် (ငါကပေါင်းထားတဲ့အတွက် ငါးပေါ်ကို ရေနွေးငွေ့လေးတွေ ကျနေတက်ပါတယ်။) အဲ့ဒီရေလေးတွေပါပါ0င်တဲ့ ငါးကို ပန်းကန်ပြားထဲကိုပြောင်းထည့် ပါတယ်။ ပြီးရင် အပေါ်ကနေ ခုနကဖျော်ထားတဲ့ ချဉ်စပ်ရည်လေး လောင်းထည့်ပါတယ်။ ဒါဆို ချဉ်ချဉ်စပ်စပ်၊ သံပုရာနံ့ မွှေးမွှေးလေးနဲ့ ငါးသံပုရာပေါင်လေးရပါပြီ …

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..