မိုးတွင်းရန်ကုန်

စဆရ ႀကီးJune 13, 20111min7611

ရွာလိုက်တဲ့မိုးနည်းနည်းမှ စဲမယ်မထင်ရော့
ညို့ကာမှိုင်း ရှစ်တိုင်းတစ်ခွင်လုံး။

မျှော်နေတုန်းပေါ်လာ
သူရိယနေမင်းကြီး ထွန်းကာလင်းတော့
လှလိုက်တဲ့မြင်ကွင်း ရှူကာသာကြည့်ပါလော့
ဗွက်အိုင်တွေ တဗွမ်းဗွမ်းပေါ်
လူ/ကား/လှည်း ဖြတ်ကာသာသွားကြ

ရေနှုတ်မြောင်းမနိုင်၊ လမ်းပေါက်တွေအိုင်ထွန်း
ချောကျိကျိ မြေလမ်းတွေပေါ်
တောင်ကိုယိမ်း၊ မြောက်ကိုယိုင်
ချစ်သူကိုထိန်းကာသာ လှမ်းလို့ရယ်လျှောက်နေတော့မယ်

အိုဘယ့်…

ရန်ကုန်လမ်း။ ။

11 comments

  • shweminthar

    June 13, 2011 at 12:03 pm

    ဒီရက်ပိုင်း ရန်ကုန်မှာ မိုးတော်တော်ကြီးလား….
    နေ့တိုင်းမိုးရွာလား

  • MaMa

    June 13, 2011 at 12:06 pm

    ရေလျှံတာ အကြောင်းပြပြီး ကြွားသွားတယ်။ 😉

  • maythakhin

    June 13, 2011 at 1:04 pm

    ဟုတ်ပါ့ ကြွားပုံလေးကလည်း ကြည့်ပါဦး ” ချစ်သူကိုထိန်းကာသာ လှမ်းလို့ရယ်လျှောက်နေတော့မယ်

    အိုဘယ့်… ရန်ကုန်လမ်း။ ။” တဲ့။ 😀 😀

  • weRone

    June 13, 2011 at 1:05 pm

    ဟုတ်ပါ့.. ချစ်သူ ကိုထိန်းကာသာ…:D

  • naywoonni

    June 13, 2011 at 2:48 pm

    ရန်ကုန်မှာ ရွာတဲ့မိုးပေါ့လေ…………

  • fatty

    June 14, 2011 at 8:34 am

    သူကော ချစ်သူကော မတော်လို့ချော်လဲကြရင် …………….
    အောက်ကရေက မိလ္လာကန်တွေကလျှံလာတဲ့ ရေတွေဗျ။

  • ဆူး

    June 14, 2011 at 8:59 am

    မိုးရွာတဲ့ အချိန် ဆူး အင်တာနက် မဝင်ဘူး။
    ဟီးဟီး..
    မိုးရွာရင် ဖုန်းပျက်တယ်။ ဖုန်းပျက်ရင် အင်တာနက် လိုင်းလည်း ပျက်တယ်။ သုံးကောင်းတုံး မိုးရွာမှာတောင် ဆိုးမိတယ်။

  • cobra

    June 14, 2011 at 9:09 am

    မိုးကိုအကြောင်းပြကာ..
    ချစ်သရှိကြောင်းကြွားသွားတာ..
    ရှုံးနိမ့်မှုများနဲ့လူပါ…။

  • khinmintatthu

    June 14, 2011 at 1:51 pm

    ချစ်သူရှိကြောင်းကို မိုးနဲ့တော့ မတင်စားပါနဲ့…. မိုးရေတွေနဲ့လည်း မျောသွားပါဦးမယ်…. မြဲမြဲလေးကိုင်ထားနော်

Leave a Reply