တစ်ခါတုန်းကလို့ ပဲပြောရမလား.. အရင်တုန်းကလို့ပဲပြော ရမ လားပဲ.. ကျွန်မ တို့ ကျောင်းတက်တုန်းက ပေါ့.. (အခုတော့ မတက်တော့ဘူး) ပထ၀ီဝင် သင်ရတယ်လေ.၅ တန်း ၊ ၆ တန်းလောက် ဖြစ်မယ်ထင်တယ်..ကျွန်မ ကလည်း စာကျက်တာ တိုးတိုးတိတ်တိတ် မကျက်တတ်ဘူး အမြဲတမ်းအာပြဲအောင် အော်ကျက်နေကျ၊ အိမ်နား က ကိုယ်နဲ အတန်းတူးတဲ့ ကလေး တွေနဲ သူ့ထက်ငါ ပအပြိုင်ကျက်ကြတာ  အသံပိုကျယ်အောင်ကျက်တာ.. ပိုဂုဏ်ရှိတယ် ထင်လို့လေ.. ရွာမှာဆိုတော့လေ။ အဲဒါ နဲ ပထ၀ီဝင် ကျက်တော့ ဂြိုလ် ကိုးလုံး က နေကို လှည့်ပတ်နေတယ်ပေါ့.. အဲဒီဂြိုလ် ကိုးလုံးထဲမှာပါတဲ့ ကျွန်မ တို့နေထိုင်ရာ ဒီကမ္ဘာကြီးလည်း လှည့်ပတ်နေတယ်ပေါ့ အဲဒါကြောင့် နေ့ နှင့် ည ဖြစ်လာတာ ဘာညာ ပေါ့… ပြီးခင်ပဲ အိမ်နားမှာ နေတဲ့ အဖိုးတစ်ယောက်က ကျွန်မဆီကို ရောက်လာပြီး သမီး စာကျက်တာ မှားနေတယ် ဆိုပြီးလာ ပြောတာ..  တကယ်တော့ ကမ္ဘာ က နေ ကိုပတ်နေတာမဟုတ်ဘူး နေ ကသာ ကမ္ဘာကို ပတ်နေတာတဲ့ ..  သမီးကြည့်ပါလား နေက အရှေ့ က ထွက်ပြီး အနောက်ကို ၀င်သွားတာတဲ့.. ကျွန်မ ကလည်း ဘယ်ရမလဲ ငြင်းတာပေါ့..  နောက်ဆုံး သူ့ကို အရှုံးပေးလိုက်ရတယ်.. သူမေးတဲ့ မေးခွန်းက ” ရဟတ်ယာဉ်တစ်စီး က ပေါ့နော်  အခု ရန်ကုန်လေဆိပ်ရဲ့ အလည်တည့်တည့် မှာ မဆင်းသက်ပဲ မိနစ် ၃၀ လောက် ရပ်နေမယ် တကယ်လို့သာ ကမ္ဘာကြီး လည်နေတယ် ဆိုရင် လေယာဉ် အောက် က နေရာဟာလည်း တခြားနေရာ အဖြစ်ပြောင်းသွားလား .. မပြောင်းဘူးဆိုရင် ကမ္ဘာ လည်နေတာမဟုတ်ဘူးတဲ့..

ကျွန်မ ဘာမှ ပြန်မပြောနိုင်ခဲ့ပါ….

About we R one

has written 65 post in this Website..

https://5tds.wordpress.com/