ကမာ္ဘလည်နေတာ တကယ်လား……

we R oneJune 13, 20111min18520

တစ်ခါတုန်းကလို့ ပဲပြောရမလား.. အရင်တုန်းကလို့ပဲပြော ရမ လားပဲ.. ကျွန်မ တို့ ကျောင်းတက်တုန်းက ပေ့ါ.. (အခုတော့ မတက်တော့ဘူး) ပထဝီဝင် သင်ရတယ်လေ.၅ တန်း ၊ ၆ တန်းလောက် ဖြစ်မယ်ထင်တယ်..ကျွန်မ ကလည်း စာကျက်တာ တိုးတိုးတိတ်တိတ် မကျက်တတ်ဘူး အမြဲတမ်းအာပြဲအောင် အော်ကျက်နေကျ၊ အိမ်နား က ကိုယ်နဲ အတန်းတူးတဲ့ ကလေး တွေနဲ သူ့ထက်ငါ ပအပြိုင်ကျက်ကြတာ  အသံပိုကျယ်အောင်ကျက်တာ.. ပိုဂုဏ်ရှိတယ် ထင်လို့လေ.. ရွာမှာဆိုတော့လေ။ အဲဒါ နဲ ပထဝီဝင် ကျက်တော့ ဂြိုလ် ကိုးလုံး က နေကို လှည့်ပတ်နေတယ်ပေါ့.. အဲဒီဂြိုလ် ကိုးလုံးထဲမှာပါတဲ့ ကျွန်မ တို့နေထိုင်ရာ ဒီကမာ္ဘကြီးလည်း လှည့်ပတ်နေတယ်ပေါ့ အဲဒါကြောင့် နေ့ နှင့် ည ဖြစ်လာတာ ဘာညာ ပေါ့… ပြီးခင်ပဲ အိမ်နားမှာ နေတဲ့ အဖိုးတစ်ယောက်က ကျွန်မဆီကို ရောက်လာပြီး သမီး စာကျက်တာ မှားနေတယ် ဆိုပြီးလာ ပြောတာ..  တကယ်တော့ ကမာ္ဘ က နေ ကိုပတ်နေတာမဟုတ်ဘူး နေ ကသာ ကမာ္ဘကို ပတ်နေတာတဲ့ ..  သမီးကြည့်ပါလား နေက အရှေ့ က ထွက်ပြီး အနောက်ကို ဝင်သွားတာတဲ့.. ကျွန်မ ကလည်း ဘယ်ရမလဲ ငြင်းတာပေါ့..  နောက်ဆုံး သူ့ကို အရှုံးပေးလိုက်ရတယ်.. သူမေးတဲ့ မေးခွန်းက ” ရဟတ်ယာဉ်တစ်စီး က ပေါ့နော်  အခု ရန်ကုန်လေဆိပ်ရဲ့ အလည်တည့်တည့် မှာ မဆင်းသက်ပဲ မိနစ် ၃ဝ လောက် ရပ်နေမယ် တကယ်လို့သာ ကမာ္ဘကြီး လည်နေတယ် ဆိုရင် လေယာဉ် အောက် က နေရာဟာလည်း တခြားနေရာ အဖြစ်ပြောင်းသွားလား .. မပြောင်းဘူးဆိုရင် ကမာ္ဘ လည်နေတာမဟုတ်ဘူးတဲ့..

ကျွန်မ ဘာမှ ပြန်မပြောနိုင်ခဲ့ပါ….

20 comments

  • Big Defender

    June 13, 2011 at 12:39 pm

    Yo,This is logic
    ဟုတ်လည်းဟုတ်နေတာပဲ။
    ဒါကိုမှားဘူးလို့လဲမပြောနှိင်ပါဘူးလေ။မှန်တယ်လို့လည်းမယူဆပါဘူး
    ကိုယ်ဘာသာကိုနေနေတာပါ။

  • naywoonni

    June 13, 2011 at 2:11 pm

    ကမ္ဘာပြားပြီ… တဲ့

  • fatty

    June 13, 2011 at 2:32 pm

    အင်း … လပေါ်မှာ စိုက်ထားတဲ့ အမေရီကန်အလံကို ကင်မရာနဲ့ကြည့်နေတာရှိပါတယ်။
    ဂြိုလ်တုကတဆင့်ကြည့်လားတော့မပြောတတ်ဘူး။ ပြဿနာက အဲဒီအလံက လေထဲမှာ လွင့်နေတယ်တဲ့
    ဒါကြောင့် လပေါ်လူရောက်တာ အတုကြီးတဲ့ .NASA ပြဿနာတက်ဘူးတယ်။
    သူတို့ပြန်ချေပတာက မယုံရင် ကိုယ့်ဖာသာတက်ကြည့်တဲ့ …။ အဲဒီအကြောင်း ခွေထွက်တယ်ပြောတယ်
    ကျနော်တော့မကြည့်ရသေးဘူး ..။ ရှိရင်ညွှန်းကြပါ။

  • kai

    June 13, 2011 at 4:42 pm

    ရထားတော့ စီးဘူးမှာပေါ့..။
    သွားနေတဲ့ရထားပေါ်မှာ.. ကိုင်ထားတဲ့ ပိုက်ဆံအိပ်.. အောက်မှာအမှတ်အသားတခုလုပ်ပြီး… တည့်တည့်ကျအောင်ပစ်ချကြည့်ပါလား…။
    ရထားသွားနေတာမို ့..နေရာလွဲမလား.. တည့်တည့်ကျမလားသိရအောင်…။

    ဆိုတော့…
    လေထုနဲ့..အင်နားရှား သဘောနားမလည်လို့ဖြစ်ပါလိမ့်မယ်..။

    Newton’s laws of motion are three physical laws that form the basis for classical mechanics. They describe the relationship between the forces acting on a body and its motion due to those forces. They have been expressed in several different ways over nearly three centuries,[2] and can be summarized as follows:

    First law: Every body remains in a state of constant velocity unless acted upon by an external unbalanced force.This means that in the absence of a non-zero net force, the center of mass of a body either remains at rest, or moves at a constant velocity.
    Second law: A body of mass m subject to a net force F undergoes an acceleration a that has the same direction as the force and a magnitude that is directly proportional to the force and inversely proportional to the mass, i.e., F = ma. Alternatively, the total force applied on a body is equal to the time derivative of linear momentum of the body.
    Third law: The mutual forces of action and reaction between two bodies are equal, opposite and collinear. This means that whenever a first body exerts a force F on a second body, the second body exerts a force −F on the first body. F and −F are equal in magnitude and opposite in direction. This law is sometimes referred to as the action-reaction law, with F called the “action” and −F the “reaction”. The action and the reaction are simultaneous.

    • bigcat

      June 14, 2011 at 1:21 am

      လူပြိန်းလို နည်းနည်းလောက် ပိုရှင်းပြပါလား သဂျီးရယ်။ မဝရုန်း လုပ်လိုက်တော့ ကျနော်လည်း အင်တင်တင်ဖြစ်သွားတယ်။ သူပြောတာလည်း ဟုတ်တုတ်တုတ်။
      သဂျီးပြောတဲ့ အရှိန်နဲ့သွာနေတဲ့ ရထားပေါ်က ပစ်ချလိုက်တဲ့ပစ္စည်း တည့်တည့်မကျတာကြောင့် အဲဒီဘကြီးပြောတာ မဟုတ်ဘူးဆိုတာ လူပြိန်းသိ သိနိုင်ပါတယ်။
      နယူတန်ပထမသီအိုရီမှာ ကမာ္ဘကလည်နေတယ်၊ နေကရပ်နေတယ်။ မဝရုန်းဘကြီး ငြင်းတာ ဟုတ်ခဲ့ရင် လေယဉ်ဆင်းတဲ့အခါ လွဲနေရမယ်။ ကျနော် ညဏ်မှီသလောက် စဉ်းစားကြည့်တာ လေယဉ်က အောက်ကိုဒေါင်လိုက်ဆင်းတာမဟုတ်ဘဲ အရှိန်နဲ့ လျောထိုးဆင်းတာဆိုတော့ ကမာ္ဘလည်တဲ့နှုန်းကိုပါ တွက်ဆင်းလို့ ရတာနေမှာပေါ့။
      ငယ်ငယ်က သင်ဖူးတဲ့ အီနားရှားသီအိုရီဆိုတာ အဲဒီပထမသီအိုရီ ပဲနဲ့တူဒယ်။ ကားစရွေ့တဲ့အခါ ကားပေါ်ကလူတွေ ရှေု့ငိုက်သွားပြီး နောင်ကျတော့ ငြိမ်သွားတာနဲ့ ဥပမာပေးတာလား မသိဘူး မှတ်မိတယ်။ တူညီတဲ့အလုပ်ရှိမှ အရွေ့ရှိတယ် ဆိုလားဘာလား။ အဲဒါနဲ့ လည်နေတဲ့ကမာ္ဘနဲ့ လေယဉ်ပျံ ဘယ်လိုစပ်ဆက်ရမလဲ၊ အကူအညီတောင်းပါတယ် သဂျီးမင်း…..

      • kai

        June 14, 2011 at 4:48 am

        ရထားပေါ်က..ရထားနဲ့အတူတူရွေ ့နေတဲ့ လေထုကလည်း .. အရှိန်နဲ့ အတူတူရွေ့နေတာမို ့ပါ။
        ရထားပေါ်ကပစ္စည်း..ရထားအပြင်ကို ပစ်ချလိုက်ရင်လည်း.. အဲဒီပစ္စည်းဟာ..အင်နားရှားနဲ့… ရထားနဲ့အတူတူ.. တော်တော်လေးပါလာပြီးမှ..ကျကျန်ရစ်ခဲ့မှာဖြစ်ပါတယ်..။
        ကမ္ဘာကလည်း… လေထုရှိတာပေါ့..။
        ရဟတ်ယာဉ်တစ်စီးက ရန်ကုန်လေဆိပ်ရဲ့ အလည်တည့်တည့် မှာ မဆင်းသက်ပဲ မိနစ် ၃ဝ လောက် ရပ်နေမယ်ဆိုရင်လည်း.. အဲဒီလေထုကလွတ်တဲ့အထိမဟုတ်တဲ့အမြင့်ဆို… ကမ္ဘာမြေနေရာပြောင်းမြင်စရာ အကြောင်းမရှိပါဘူး..။
        ပေ ၄-၅ထောင်လောက်အမြင့်တက်ပြီးမှ.. (လေထုတော်တော်ပါးသွားတဲ့အထိတက်ပြီးမှ) ဆင်းမယ်ဆိုရင်တော့..ကမ္ဘာ့မြေနေရာပြောင်းသွားတာမြင်ရတော့မှာပါ…။
        လွန်းပျံယဉ်လို.. အာကာသထဲအထိ တက်သွားပြီဆိုရင်တော့… ကမ္ဘာကြီး ၂၄နာရီမှာ တပါတ်လည်နေတာ မြင်နိုင်ပြိး.. ဆင်းဖို့ တက်ဖို့တွေအတွက် တွက်ချက်လုပ်ရတော့မယ်ပေါ့..။

        သာမန်အားဖြင့်… ခရီးသွားလေယဉ်တွေ.. အဲဒီလို ကမ္ဘာလည်နေတဲ့အပေါ်မှာ အကျိုးခံစားမှုရယူပြီး.. သွားနေကြတာပါ..။
        ဆိုလိုတာက… ရန်ကုန်ကနေ နယူးယောက်ကို.. သွားရင်.. ကမ္ဘာက နာရီလက်တန်အတိုင်းလည်နေတာမို ့… အချိန်ပိုသက်သာပြီး.. နယူးယောက်က ရန်ကုန်ဆိုရင်တော့ … ပိုကြာမယ်ပေါ့..။ လေဆန်-လေစုံသဘောပါပဲ..။

        ကားစရွေ့ရင်… လူကိုယ်ကြီးနဲ့ခေါင်းက… ကားနဲ့အတူတူပါမသွားသေးပဲ..ကျန်ခဲ့တာမို ့.. ခေါင်းကလန်သလိုဖြစ်ရမှာပါ..။
        .မောင်းနေတဲ့ကားက.. ရှေ့မှာတခုခုကို …တိုက်တယ်ဆိုရင်တော့… ကားနဲ့အတူတူရွေ ့နေတဲ့လူ့ခန္ဓာက… ကားကရပ်ပေမဲ့..(ထိုင်ခုံခါးပါတ်မပါတ်ထားရင်) ကားအရှိန်အတိုင်း ရှေ ့ဆက်ထွက်သွားတာမို ့… မှန်ကိုကျော်ပြီး လွင့်ထွက်တာတွေဖြစ်နိုင်ပါတယ်..။

        နောက်တခုက..အရာဝတ္ထုတွေက..ဆွဲငင်အားရှိပါတယ်..။
        ဆိုတော့.. ကမ္ဘာဧရာမကြီးမှာ.. လူပိစိကွေး.. အဆောက်အဦးပိစိကွေးတွေက.. ဇောက်ထီးဖြစ်နေမှန်းမသိရလောက်ကို…ဆွဲကပ်ထားခံရပြီး. ဇောက်ထီးကြီး တွဲလောင်းဖြစ်နေလည်း… မသိရေးချမသိ…။
        ဘောလုံးပေါ်က…ဗက်တီရီးယားတွေက… ဘောလုံးကြီင်္းလုံးနေမှန်းလည်းမသိ… အောက်မှာကပ်နေမှန်းလည်းမသိရေးချမသိသလိုပေါ့..

        ရှေး နှစ်၂၅၀ဝ ဘုရားဖွင့်ချိန်လောက်က လူတွေကတော့… ကမ္ဘာအကြောင်းမသိတာမို ့… အပြားကြီးမှတ်ပြီး.. မြေပုံတွေထုတ်.. မြင့်မိုရ်တောင်တွေ.. ဘာတွေလုပ်ထားခဲ့သပေါ့..။
        အနောက်နိုင်ငံတွေမှာတော့..အဲဒီခေတ်တွေမှာ.. ကမ္ဘာလုံးတယ်ဆို.. “သတ်”..ပဲ..။:)
        ====
        အောက်က ဇယားအရ.. ရန်ကုန်မြို ့ပလက်ဖောင်းမှာရပ်နေတဲ့သူက.. တနာရီ မိုင် ၉၀ဝကျော် ၁၀၀ဝလောက်နဲ့.. ခရီးသွားနေတာပါ..။

        •How fast is the Earth spinning? 0.5 km/sec
        •How fast is the Earth revolving around the Sun? 30 km/sec
        •How fast is the Solar System moving around the Milky Way Galaxy? 250 km/sec
        •How fast is our Milky Way Galaxy moving in the Local Group of galaxies? 300 km/se
        http://www.enchantedlearning.com/subjects/astronomy/planets/earth/Speeds.shtml
        HOW FAST IS THE EARTH SPINNING AROUND ITS AXIS?
        axisThe Earth is spinning around its axis. At the equator, the Earth’s surface moves 40,000 kilometers in 24 hours. That is a speed of about 1040 miles/hr (1670 km/hr or 0.5 km/sec). This is calculated by dividing the circumference of the Earth at the equator (about 24,900 miles or 40,070 km) by the number of hours in a day (24). As you move toward either pole, this speed decreases to almost zero (since the circumference of the spinning circle at the extreme latitudes approaches zero).

        • weiwei

          June 14, 2011 at 5:03 am

          (ဘောလုံးပေါ်က…ဗက်တီရီးယားတွေက… ဘောလုံးကြီင်္းလုံးနေမှန်းလည်းမသိ… အောက်မှာကပ်နေမှန်းလည်းမသိရေးချမသိသလိုပေါ့…)

          ကမ္ဘာပေါ်က ပုရွက်ဆိတ်ကလေးကို ဧဝရတ်တောင်ကိုပြရင် သူမနိုင် မမြင်နိုင်သလိုပေါ့ …

          ကမ္ဘာပေါ်က လူတွေကို မြင့်မိုရ်တောင်အကြောင်းပြောရင် လူသာမာန်မျက်စိ အသိဉာဏ်ဖြင့် မသိနိုင် မမြင်နိုင်တာလဲ ဖြစ်နိုင်တယ် မဟုတ်လား ….

        • bigcat

          June 14, 2011 at 5:21 am

          အလကားပါ အန်တီဝေရယ်။ ဧဝရက်တောင်ဆိုတာ မရှိပါဘူး။ ကမာ္ဘမှာအမြင့်ဆုံးဆိုပြီး မြင်လည်းမမြင်ရဘူး၊ ဟိမဝနာ္တတောင်တန်းတို့၊ ရော့ကီးတောင်တန်းတို့ ဆိုတာလည်း ယုံတမ်းတွေ၊ သူတို့လည်း ရှိရင် လှမ်းမြင်ရမှာပေါ့။ ဒီခေတ်မှာ ကွန်ပြူတာပညာနဲ့ ကြိုက်တဲ့ပုံ လုပ်လို့ရနေပြီပဲ၊ မယုံရင် ပုရွက်ဆိတ်ကလေးကို ဂေါ်ဇီလာဖြစ်အောင် လုပ်ပေးမယ်။

        • xman

          June 14, 2011 at 6:02 am

          “ရန်ကုန်မြို ့ပလက်ဖောင်းမှာရပ်နေတဲ့သူက.. တနာရီ မိုင် ၉၀ဝကျော် ၁၀၀ဝလောက်နဲ့.. ခရီးသွားနေတာပါ..။”

          တကယ်တော့ –
          သူတို့ပြောသလိုဆို စကြာဝဠာကြီးက ပြန့်ကားဆန့်ထွက်နေတာဆိုတော့
          အဲဒီအရှိန်နှုံးများ သိနိုင်ရင် အဲဒါပါထည့်ပေါင်းလို့ရဦးမှာ ထင်ပါတယ်။

      • zaw2zaw

        June 14, 2011 at 1:24 pm

        ဒီမှာ တစ်ခုပြောပါရစေ။ ဒီပို့စ်နဲ့ ပတ်သက်ရင် အရှည်ကြီးပြောရမှာမို့ စာအုပ်ပဲညွှန်းရပါမယ်။ Einstein ရဲ့ General relativity and Special relativity မူရင်း သို့မဟုတ် ဘာသာ ပြန်ထားတဲ့ စာအုပ်တွေ ရှိပါတယ်။ တက္ကသိုလ် ကြယ်ပွင့် ဘာသာပြန်တဲ့စာအုပ်တွေ မုံရွေးစာအုပ်တိုက်က ထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ အလွတ်သဘော အရပ်စကားနဲ့ ပြောကြည့်ပါမယ်။ မှားရင် ပြင်ပေးကြပါ။ မောင်းနေတဲ့ bus ကားပေါ်က ခုံ (၁)နဲ့ (၂) မှာ လူနှစ်ယောက် လိုက်ပါလာတယ် ဆိုပါစို့ ။ အဲဒီလူနှစ်ယောက် ရွေ့နေပါသလားမေးရင် ဘယ်လိုဖြေမလဲ။ ရုတ်တရက် ဆိုရင် မရွေ့လို့ ဘာဖြစ်ရမှာလဲ လို့ ပြန်မေးရပါမယ်။ ဒီမှာ ကြည့်သူရဲ့တည် ရှိနေမှု (Einstein ရဲ့ frame) နဲ့ဆိုင်ပါတယ်။ ကားပေါ်က ခုံ(၁)ပေါ်က လူက ခုံ(၂)ပေါ်က လူကိုကြည့်ရင် မရွေ့ပါဘူး။ ခုံ(၂)ပေါ်မှာ ပါပဲ။ အပြန်အလှန်ပါပဲ။ ကားပေါ်က ခုံ(၂)ပေါ်က လူက ခုံ(၁)ပေါ်က လူကို ပြန်ကြည့်ရင်လည်း ခုံ(၁)ပေါ်မှာ ပါပဲ။ ဘယ်သူမှ ခုံပေါ်ကနေ မရွေ့ပါဘူး။
        လမ်းဘေးက ကြည့်နေတဲ့ လူတစ်ယောက် အတွက်ဆိုရင်တော့ ခုံ (၁) နဲ့ ခုံ(၂) က လူနှစ်ယောက် စလုံး ရွေ့နေပါလိမ့်မယ်။ အဲဒါ ဘယ် frame ကနေကြည့်မှာလဲ ဆိုတဲ့ ကြည့်သူရဲ့ တည်ရှိမှုနဲ့ဆိုင်ပါတယ်။ နှိုင်းရသဘောပေါ် မူတည် ပါတယ်။

        ဒီလိုပါပဲ ကမာ္ဘ လည်နေတာ ကို ဘယ်ကနေကြည့်မှာပါလဲ။ ကမာ္ဘကြီးပေါ်က ကြည့်ရင် အဖြေတစ်ခုပါ။ အာကာသထကဲကြည့်ရင် အဖြေတစ်ခုပါ။ frame ရဲ့ speed ပေါ်မှာ မူတည်ပါတယ်။ speed ချင်းတူနေရင် အဖြေက တစ်မျိုးပါ ။ အဲဒီ relativistic effective ဆိုတာကို Einstein က အများကြီး ဆက်ပြောခဲ့တာတွေ ရှိပါတယ်။ length contraction, time dilation စတာတွေပါ။ အများကြီးပြောရမှာမို့ ဒီလောက်ပဲ ပြောပါရစေ။

        ကျွန်တော့် ဆရာတစ်ယောက်က ရီစရာပြောခဲ့တာ မှတ်မိပါတယ်။ အကယ်၍ ကမာ္ဘလည်နေတာဆိုရင် ကမာ္ဘကြီးက ချားလည်သလို လည်နေမှာပါတဲ့။ ကျွန်တော်တို့အားလုံးက ကမာ္ဘကြီးပေါ်မှာနေတော့ ချားစီးနေကြတာနဲ့ တူတာပေါ့နော်။

        ချားစီးနေတဲ့လူတွေ ဆိုတော့ ……..ဟဲဟဲ ရီစရာပြောတာပါ။

        • zaw2zaw

          June 14, 2011 at 1:33 pm

          relativistic effect ပါ. လက် အရှိန်လွန်သွားလို့ သည်းခံ ဖတ်ပေးပါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 13, 2011 at 4:51 pm

    ဘာဘဲပြောပြော
    ဘောလုံးကို ဖင်ခုထိုင်မိတိုင်း
    ကမ္ဘကြီးလုံးတယ်ဆိုတာ မယုံဘူး
    အောက်ကလူတွေက ဇောက်ထီးကြီးတွေ

  • လင်းငယ်

    June 13, 2011 at 5:36 pm

    တကယ်တော့ ကမ္ဘာလုံးတာနဲ့ ပြားတာက ကျွန်တော်အတွက် သိပ်ပြီး အရေးမကြီးပါဘူး။ ဒါက Scientist တွေ အတွက်ပါ။ ကိုယ် မသိခင်မှာ ကမ္ဘာကြီးက ပြားချင် ပြားသွားမယ်။ လုံးချင် လုံးသွားမယ်။ မှန်တာ ပြောရရင် ဒီရွာသားတွေထဲမှာ ကမ္ဘာ့ကြီး လည်နေတာကို ကိုယ်တိုင် မျက်မြင် မြင်ဖူးတဲ့ လူ မရှိလောက်ပါဘူး။ လက်တွေ့ ပြောတာနော်။ ဒီအယူအဆက တယူသန် ဆန်တယ်လို့ ထင်ချင် ထင်ကြမှာပါ။ ကျွန်တော်ကတော့ အခုအချိန်မှာ MG ကနေ ပိုက်ဆံဘယ်လို များများ ယူရမလဲဆိုတာပဲ တွေးတယ်။ ကျွန်တော် ပိုက်ဆံများများ ရရင် ကမ္ဘာ့ကြီး လုံးတယ်ပေါ့။ မရရင်တော့…။

  • ogre

    June 13, 2011 at 5:53 pm

    အမြန်ရထားပေါ်မှာ..နိုင်ငံခြားကကျည်ဆန်ရထားလောက်တော့မမြန်ဘူးပေါ့
    ယင်ကောင်းလေးတွေပျံနေတာကိုတွေဘူးရင်
    အမြန်းရထားကြီး မောင်းနေပေမယ့်ရထားထဲမှာယင်ကောင်တွေ
    ဘာလို့နောက်မှာကျန်မနေခဲ့တာလဲ……ရထားအမြန်နှုန်းနဲ့အတူဘာလို့လိုက်လာနိုင်တာလဲ
    အင်းစဉ်းစားစရာ။။။။။။။။

  • fatty

    June 14, 2011 at 2:59 am

    ဟောဗျာ .. ကမ္ဘာလည်တယ်ဆိုတာအ ပေါ်အောက်လည်နေတာမဟုတ်ဘူးလေလို့ ….
    အမေရိကန်က အပေါ်ရောက်လိုက် မြန်မာက အပေါ်ရောက်လိုက် လည်နေတာမျိုးမှမဟုတ်ဘဲ
    သူ့ဝန်ရိုးပေါ်မှာသူလည်နေတာဘဲ ..။ သကြားလုံး တလုံးကို ဒုတ်ထိုးပြီး လှည့်ကြည့်ပါလား
    အရှိန်နှုန်းလဲထည့်တွက်ရမယ်နော … လေထဲမှာ နာရီဝက်လောက် နေတဲ့အချိန်နဲ့ ပြန်ဆင်းရင် တနေရာထဲဖြစ်နေတာ လည်တဲ့အရှိန်တွက်ရင် အဖြေပေါ်မှာပါ။ အာကသထဲ အကြာကြီးထွက်နေတယ်
    ပြန်ဆင်းတော့ target ရောက်အောင် ဘယ်လိုဆင်းလဲဆိုတာ သိရင်လဲ အဖြေပေးပါတယ်။
    NASA ကိုလှမ်းမေးထားတယ်။ ကွန်မကောင်းလို့ခဏစောင့် ..။ ရထားပေးက ယင်ကောင်လေးကတော့
    physic ပြန်ဖတ်ပါ …ဟဲဟဲ ..။

  • cobra

    June 14, 2011 at 9:27 am

    ကမာ္ဘလည်မလည်တော့မသိတော့ဘူး…
    အကိုကြီးတို့ပြောတာတွေကိုမလိုက်နိုင်တော့လို့လားမသိဘူး။
    လူတော့တော်တော်လည်သွားပီ..။

  • ဆူး

    June 14, 2011 at 9:52 am

    အပေါ်မှာ နာရီဝက် ရပ်ပြီး ဆင်းတာ သူ့နေရာနဲ့ သူ တည့်တည့် ကျတာ.. ဆွဲအား စက်ကွင်းထဲမှာရှိနေတာရယ် လည်နေတဲ့ အရှိန်နှုန်း ရယ်ကြောင့်လို့ သုံးသပ်ပါတယ်။
    အာကာသကနေသာ နာရီဝက် ရပ်ပြီး တည့်တည့် ထိုးဆင်းလာမည် ဆိုလျှင်တော့ နာရီဝက် မတိုင်ခင်က နေရာ နဲ့ ဆင်းမဲ့ နေရာ မတွက်လို့ မရပါဘူး။

    နောက်တခါ အဘိုးကို ပြန်မေးလိုက်.. အဘိုး အပေါ်ကို တည့်တည့် သရေကွင်း ထောင်ပစ်ရင် နဖူးပေါ် ပြန်မကျတာ ဘာကြောင့်လဲလို့.. ကမာ္ဘကြီး လည်နေလို့ ဘေးချော်သွားတာ ဖြစ်မှာပေါ့လို့ ပြန်ပြောလိုက်ပေါ့။

  • khinmintatthu

    June 14, 2011 at 1:48 pm

    ကမ္ဘာကြီးလည်မလည်ကိုတော့ ပြောမနေနဲ့တော့ဗျို့… ကွန့်မန့်တွေဖတ်ပြီး လူကိုတော်တော်လေး ဒေါင်ချာဆိုင်းသွားတာပဲ…

  • zaw2zaw

    June 14, 2011 at 1:49 pm

    “ရဟတ်ယာဉ်တစ်စီး က ပေါ့နော် အခု ရန်ကုန်လေဆိပ်ရဲ့ အလည်တည့်တည့် မှာ မဆင်းသက်ပဲ မိနစ် ၃ဝ လောက် ရပ်နေမယ် တကယ်လို့သာ ကမာ္ဘကြီး လည်နေတယ် ဆိုရင် လေယာဉ် အောက် က နေရာဟာလည်း တခြားနေရာ အဖြစ်ပြောင်းသွားလား .. မပြောင်းဘူးဆိုရင် ကမာ္ဘ လည်နေတာမဟုတ်ဘူးတဲ့..”

    ဒီကိစ္စမှာ ကတော့ ဒြပ်ဆွဲအား ပြဿနာပါ။ ရဟတ်ယာဉ်က ကမာ္ဘ့ဒြပ်ဆွဲအား စက်ကွင်းအတွင်းမှာပဲ ရှိနေတဲ့အတွက် ကမာ္ဘ လည်သလို လိုက်လည်နေမှာပါ။ တခြားနေရာ အဖြစ်ပြောင်းသွားလား ဆိုရင် မပြောင်းပါဘူး။ ဆွဲအားစက်ကွင်းလွတ်တဲ့ ကမာ္ဘ့ အပြင်ဘက် မှာရောက်နေတဲ့ ဝတ္ထုသာဆိုရင် သူ့ဟာသူ ရှိနေမှာပါ။ ကမာ္ဘ ကြီးလည်တာ သူနဲ့မဆိုင်တော့ပါဘူး။ အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ frame သဘောတရား အတိုင်းပါပဲ ခင်ဗျာ။

  • ပေစုတ်စုတ်

    August 10, 2011 at 12:28 pm

    ဒီလိုကျတော့လဲ မြန်မာလူစွမ်းကောင်းတွေ ပေါပါ့… ဝင်ပြောစရာစကားတောင်မရှိတော့ဘူး..

Leave a Reply