လှည့်သူများ

zoxnetMay 3, 20101min722
1

ရန်ကုန်ရောက်ပြီး မကြာခင်မှာပဲ ကြားလိုက်ရတဲ့ သတင်းတစ်ခုပါ။ သတင်းကြားပြီးတော့ စိတ်မကောင်းတော့ ဖြစ်ခဲ့ရပါတယ်။ ရန်ကုန်မှာရှိတဲ့ အေးဂျင့်တစ်ခုက ဒူဘိုင်းနိုင်ငံအတွက် အလုပ်ရမယ်ဆိုပြီး လူတော်တော်များများကို ငွေတော်တော်များများ လိမ်ပြေးသွားတာပဲ။ တော်တော်များများ ခံလိုက်ရပါတယ်။ သူ့ဆီမှာ အလုပ်အပ်ထားတဲ့ လူတွေဆီက တစ်ယောက်ကို စရံငွေ (6) သိန်းဆီယူပြီး အပျောက်ရိုက်သွားတာပါ။ လူ (60) လောက်ခံလိုက်ရတယ်လို့ ကြားပါတယ်။ သူလုပ်သွားတဲ့ပုံစံကလည်း အတွေ့အကြုံမရှိတဲ့သူတွေအတွက် ဟုတ်မလိုလိုတော့ ထင်စရာပါ။ ဘာလို့လဲဆိုတော့ အလုပ်တင်ထားတဲ့သူတွေ အားလုံးကိုဗီဇာကျပြီဆိုပြီး ဗီဇာစာရွက်တွေထုတ်ပေးပါတယ်။ စရံငွေကိုယူပြီး မကြာခင်ဟိုဘက်က လေယာဉ်လတ်မှတ် ပို့ပေးမယ်၊ တစ်ရက် နှစ်ရက်စောင့်ပါဆိုပြီး ပထမစောင့်ခိုင်းပါတယ်။ လူတွေကလည်း ဗီဇာတောင်လက်ထဲ ရောက်နေပြီဆိုတော့ လတ်မှတ်အတွက် ဝမ်းပန်းတသာနဲ့ပဲ စောင့်တာပေါ့။ ဒီလိုနဲ့ပဲ တစ်ရက်၊ နှစ်ရက် ကနေ သုံးရက်၊လေးရက် ဒီလိုနဲ့ပဲ ကုမ္ပဏီပါပိတ်ပြီး ပြေးတော့တာပေါ့။ သူပြေးမှပဲ လူတွေကလည်း လိမ်ခံထိပါလား။ သူတို့ရထားတဲ့ ဗီဇာကြီးကအတုကြီးပါလား ဆိုပြီးသိရတော့တာပေါ့။ အဲဒီအကြောင်းကြားပြီး ကျွန်တော်တစ်ခုစဉ်းစားမိပါတယ်။ ဒူဘိုင်းကနေ အလုပ်ခန့်ပြီဆိုရင် ပထမအနေနဲ့ အလုပ်ကုမ္ပဏီက Employment Visa ကို ဒူဘိုင်းကနေပဲ ပို့ပေးပါတယ်။ အီးမေးလ်နဲ့သော်လည်းကောင်း၊ ဖက်စ်နဲ့သော်လည်းကောင်း မူရင်းဗီဇာရဲ့ ဖိုတိုကော်ပီအဖြူ၊ အမဲကိုပဲ ပို့တာပါ။ အဲဒီစာရွက်ကိုကိုင်ပြီး ဒူဘိုင်းလေဆိပ်အထိသွား၊ လေဆိပ်ရောက်မှ ဗီဇာချိန်းတဲ့နေရာမှာ မူရင်းနဲ့လဲရတာပါ။ ဒါကြောင့်မို့လို့ အဖြူ၊ အမဲဗီဇာစာရွက်ဟာ အတုလုပ်ချင်ရင် လုပ်လို့အရမ်းလွယ်ပါတယ်။ ဖိုတိုရှော့ပ်နဲ့ နံမည်လေးတွေ ကောက်ပြောင်းလိုက်ရုံပါပဲ။ တော်ပါသေးရဲ့ လို့ပြောလို့ ရမလား။ ဘာကိုလဲဆိုတော့ ကျွန်တော်အရှေ့ မှာပြောခဲ့တဲ့လူက အဲလိုဗီဇာအတုတွေ အများကြီးထုတ်မယ်ဗျာ။ လေယာဉ်လတ်မှတ်လည်း ဝယ်ပေးလိုက်မယ်ဗျာ။ ပြီးတော့ ကျန်နေသေးတဲ့ အေးဂျင့်ဖီးစ်ကိုလည်း အကုန်ယူမယ်ဗျာ။ ပြီးတော့ အဲဒီလူတွေကို ဒူဘိုင်းကိုလွှတ်လိုက်မယ်ဗျာ။ အဲဒီလူတွေအားလုံး ဒူဘိုင်းလေဆိပ် ဗီဇာလဲတဲ့နေရာရောက်ရင်တော့ ဘာဆက်ဖြစ်မလဲ။ တွေးကြည့်ရင်တော့ ပဟေဠိတွေပဲရှိနေမှာပါ။ တော်ပါသေးရဲ့ လို့ပြောလို့ရမလား ခင်ဗျ။

2 comments

  • susunosuki

    May 3, 2010 at 12:02 pm

    ကြောက်စရာကောင်းလောက်အောင် လောဘသားတွေက မိုက်မိုက်မဲမဲ လိမ်လည်နေမှာပဲ
    သက်ဆိုင်ရာက အရေးယူဖို့ဆိုတာလဲ အချိန်လွန်မှ သိရတာများတဲ့အတွက် ခက်တယ်
    ကိုယ်တိုင်က အယုံမလွယ်ဖို့ရယ် အသိပညာရှိဖို့လိုပါတယ်

  • laypyay

    May 3, 2010 at 2:08 pm

    သွားတော့မယ်ဆိုရင် လိုအပ်ချက်တွေ အကုန်လုံးကိုလေ့လာသင့်ပါတယ် ခင်ဗျာ.. ဘာလိုဆို ဒါက အဓိက ဖြတ်သန်းရမယ် ့ လမ်းဖြစ်နေတော့ မဖြစ်မနေ သိထားသင့်ပါတယ်.. ကိုယ်သွားမယ ့်နေရာရဲ့ အချက်လက် တွေကို လိမ်တဲ့ သူက ဘယ်လောက်လိမ်ပါစေ.. ကိုယ်က သာ ပြည့်စုံနေရင် သူဘယ်လိုမှ မလိမ်နိုင်ဘူး.. ဒါကြောင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတော့မယ်ဆိုရင် .. အားလုံးကိုလေ့လာသွားသင့်တယ်လို ထင်ပါတယ်..။

Leave a Reply