English ….ဝါသနာပါရင်ဖြေကြည့်ပါအုံး ….

fattyJune 13, 20111min974

လူတယောက်က အခုလိုမေးလိုက်တယ် …..
How did you know about it ?
မင်း .. ဒီအကြောင်းဘယ်လိုသိလဲပေါ့ ….
ပြန်ဖြေတဲ့သူက …………….
My friend told me … လို့ဖြေလိုက်တယ် ။ အဲဒီအဖြေပုံစံဟာ မှန်ပေမဲ့ အသုံးအနှုန်း ပြောပုံ English ကနိမ့်နေပါတယ်။
ဆိုလိုတာက သူ့ထက်ကောင်းတဲ့ ဖြေပုံမျိုးရှိသေးတယ်။ အဲဒါကိုဖြေပြပါ။

စာကြောင်း ၂ကြောင်းထဲက မှန်တာကိုရွေးပြပါအုံး။ ဘာကြောင့်ဆိုတာတော့ ရှင်းပြအုံးနော် ..။

1 . They encourage the practice of teachers reading aloud to young children.
2 . They encourage the habit of teachers reading aloud to young children.

ကဲဒါပါဘဲ …. ဖြေဆိုသူများကို ကျေးဇူးတင်ကြောင်းပါ။

4 comments

  • bigcat

    June 14, 2011 at 1:56 am

    how ဘယ်လိုသိခဲ့လည်းလို့မေးထားလို့ I knew about it from my friend ထင်ပါသည်။
    ၁. Practice ပါတဲ့ ဝါကျက မှန်မည်ထင်သည်။ Habit ဆိုတာ သတိမမူမိဘဲ လုပ်နေမိတတ်တဲ့ အကျင့်စရိုက်ပါ။ ခလေးတွေအတွက် ဆရာတွေက အော်ဖတ်တဲ့ အကျင့်လုပ်ပေးဖို့ အားပေးတယ်ဆိုတာ လုပ်ယူခိုင်းတာဖြစ်လို့ practice လုပ်ယူခိုင်းမှ မှန်တယ်ထင်ပါသည်။
    ဦးဖက်ရေ တရှက်ကနေ နှစ်ရှက်ဖြစ်ခဲ့ပြီ၊ သုံးရှက်ဖြစ်အောင်တော့ မလုပ်ပါနဲ့ဗျာ။ ပိုက်ဆံကိစ္စက ညှိလို့ရပါတယ်။

  • fatty

    June 14, 2011 at 2:07 am

    အဖြေတွေကတော့ …..
    My friend told me … လို့ပြောမဲ့အစား ..(. I know ) through my friend လို့ဖြေတာပိုကောင်းပါတယ်။

    နောက်မေးခွန်းအတွက်ကတော့ … ပိုစ်သပ်သပ်တင်ပေးပါ့မယ်နဲနဲရှင်းရမှာမို့ပါ။

    ဖြေတဲ့သူတွေမေးခွန်း အားလုံး ဖြေမထားကြဘူးနော် ….။

Leave a Reply