ပြီးခဲ့တဲ့ 9-6-2011နေ့က မနက်ဆယ်နာရီလောက်ပေါ့ စစ်ကိုင်းဘက်အသွား၊
မိုင်းအုံ့သလိုလိုရှိနေတဲ့ကောင်ကင်အောက်က ဗျိုင်းတောင်လို့ ဖြူဖြူဖွေးဖွေးစေတီလေးတွေကို
မင်းဝံတောင်ရိုးမှာမြင်လိုက်ရပါတယ်။
ရေတွေတိုးလာတဲ့ နီညိုညို အုတ်ခဲရောင်လွှမ်းနေတဲ့ မြစ်မင်းဧရာရဲ့ရင်ခွင်ထဲမှာတော့
သစ်ဖောင် ၀ါးဖောင်လေးတွေကို ကမ်းစပ်မှာခေတ္တရပ်နားထားတာတွေ့ရပါတယ်။
ဒီပုံလေးကို မတင်ခင်လေးမှာ ရွာထဲက ကိုကိုဖက်က မြစ်ကမ်းနံဘေးက ဖောင်တွေပုံတင်ပေးပါလို့ပြောလာပါတယ်။
ဖြစ်ချင်တော့ ဒီနေ့(13-6-2011)နေ့အလုပ်ကိစ္စနဲ့စစ်ကိုင်းအသွားနေ့လည် 2နာရီလောက်မှာဟိုတစ်နေ့ကဓါတ်ပုံရိုက်ခဲ့တဲ့နေရာလေးရောက်တော့…………….
ဟိုတစ်နေ့ကနဲ့မတူတဲ့ ပြာလွင်တဲ့ကောင်းကင် လွင့်နေတဲ့တိမ်တန်းလေးတွေ စိမ်းစိုလက်နေတဲ့တောင်တန်း တငြိမ့်ငြိမ့်စီးနေတဲ့မြစ်မင်းပေါ်မှာရှိနေတဲ့ဖောင်လေးတွေ………..
ဟိုနေ့ကမြင်ရတာက မိုင်းမူံမူံ ဒီနေ့တွေ့ရတာ ပြာပြာလွင် လှချင်တိုင်းလှနေတယ်လို့ထင်ပါတယ်။
ဒီနေရာ ဒီနေရာဘဲဖြစ်နေပေမယ့် မတူတဲ့ရာသီဥတုကြောင့်လှပုံလဲမတူတာလေးကို သတိတရနဲ့ တင်ပေးလိုက်ပါတယ်။
တည်နေရာတူ

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1607 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။