ကောင်းကင်နဲ့တောင်တန်း မြစ်မင်းနဲ့ဖောင် မတူတဲ့ရာသီဥတု


ပြီးခဲ့တဲ့ 9-6-2011နေ့က မနက်ဆယ်နာရီလောက်ပေါ့ စစ်ကိုင်းဘက်အသွား၊
မိူင်းအုံ့သလိုလိုရှိနေတဲ့ကောင်ကင်အောက်က ဗျိုင်းတောင်လို့ ဖြူဖြူဖွေးဖွေးစေတီလေးတွေကို
မင်းဝံတောင်ရိုးမှာမြင်လိုက်ရပါတယ်။
ရေတွေတိုးလာတဲ့ နီညိုညို အုတ်ခဲရောင်လွှမ်းနေတဲ့ မြစ်မင်းဧရာရဲ့ရင်ခွင်ထဲမှာတော့
သစ်ဖောင် ဝါးဖောင်လေးတွေကို ကမ်းစပ်မှာခေတ္တရပ်နားထားတာတွေ့ရပါတယ်။
ဒီပုံလေးကို မတင်ခင်လေးမှာ ရွာထဲက ကိုကိုဖက်က မြစ်ကမ်းနံဘေးက ဖောင်တွေပုံတင်ပေးပါလို့ပြောလာပါတယ်။
ဖြစ်ချင်တော့ ဒီနေ့(13-6-2011)နေ့အလုပ်ကိစ္စနဲ့စစ်ကိုင်းအသွားနေ့လည် 2နာရီလောက်မှာဟိုတစ်နေ့ကဓါတ်ပုံရိုက်ခဲ့တဲ့နေရာလေးရောက်တော့…………….
ဟိုတစ်နေ့ကနဲ့မတူတဲ့ ပြာလွင်တဲ့ကောင်းကင် လွင့်နေတဲ့တိမ်တန်းလေးတွေ စိမ်းစိုလက်နေတဲ့တောင်တန်း တငြိမ့်ငြိမ့်စီးနေတဲ့မြစ်မင်းပေါ်မှာရှိနေတဲ့ဖောင်လေးတွေ………..
ဟိုနေ့ကမြင်ရတာက မိူင်းမူံမူံ ဒီနေ့တွေ့ရတာ ပြာပြာလွင် လှချင်တိုင်းလှနေတယ်လို့ထင်ပါတယ်။
ဒီနေရာ ဒီနေရာဘဲဖြစ်နေပေမယ့် မတူတဲ့ရာသီဥတုကြောင့်လှပုံလဲမတူတာလေးကို သတိတရနဲ့ တင်ပေးလိုက်ပါတယ်။
တည်နေရာတူ

5 comments

  • eros

    June 13, 2011 at 4:14 pm

    လေးပေါက် စာမရေးပဲ ဓာတ်ပုံရိုက်ပါလား။ ဓာတ်ပုံဘက်က ပိုပြီးအနုပညာဗီဇ ပါရမီတွေ တွေ့နေရတယ်။

  • weiwei

    June 13, 2011 at 4:18 pm

    လှတယ် … ရှုခင်းတွေကို ပြောတာနော် …. 🙂

  • erosလေးရေ
    စာတွေလဲရေးချင်ပါတယ်။
    ပုံတွေလဲတင်ချင်ပါတယ်.။
    ဝါသနာအရပါ ပညာရှင်တော့ မဟုတ်ပါဘူး။
    ဆက်ပြီး အားပေးလိုက်ပါအုံး စစ်ကိုင်းတံတားကို တင်ထားပေးပါတယ်၊။

  • padonmar

    June 13, 2011 at 8:35 pm

    ဟုတ်ပါရဲ့။ရာသီဥတုမတူတော့ တစ်နေရာထဲကို ခံစားချက်မတူတော့ဘူးနော်။
    မိုးအုံ့နေတဲ့ပုံကြည့်ရတာ ကိုယ်ပါစိတ်အိုက်လာတယ်။
    မိုးပြာပြာလေးက စိတ်ရွှင်လာစေတယ်။

  • mayhtet

    June 14, 2011 at 1:46 am

    ဟုတ်တယ်နော် ရာသီဥတုကတော့ သာသာယာယာဘဲနော် လေးပေါက် ရွှေမန်းလေးရဲ့ ရူခင်းတွေလဲ တပ်ပြီး တင်ပေးပါအုန်း စိတ်ညစ်နေတာနဲ့ လေးပေါက်ရဲ့ အပြာရောင်ကောင်းကင်ကြီး လင်းထိန်းနေတဲ့ ပုံကိုကြည့်ပြီး စိတ်ကိုပျော်ရွင်သွားတာဘဲ လေးပေါက်ခုလိုပုံတွေတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

Leave a Reply