တူညီ၍မတူညီသော(အင်းဝတံတား)

နေရာတူညီပေမယ့် မတူညီတဲ့ အနေအထားကြောင့်ပြောင်းလဲသွားတဲ့ ပုံလေးတွေပါ။
အင်းဝတံတားလို့လဲခေါ် စစ်ကိုင်းတံတားလို့လဲ့ခေါ်တဲ့ ရှေးပဝေသဏီက တံတားလေးပါ။

ပြီးခဲ့တဲ့နှစ်က မိုးတွေအုံ့ပြီး မူံရီမိူင်းနေတဲ့ အချိန်ကောင်းကင်ကလဲ သပြေသီးရောင်ညိုမှောင်မှောင် ………………

ဒီပုံလေးကတော့ သာယာကြည်လင် ပြာလွင်နေတဲ့ တစ်ရက်ပေါ့……………………..
ဒီပုံလေးကတော့ ဧပရယ်လ ဧရာဝတီမြစ်ရေနည်းနေတော့ သောင်တွေတောင်ထွန်းနေတဲ့ရက်ကလေးမှာ……………………
ဒါကတော့ မကြာသေးခင်တစ်ရက်စစ်ကိုင်းဘက်အသွား ရေတိုးလို့မြစ်တပြင်လုံးရေအနီတွေနဲ့ပြည့်နေချိန်…………………..
စစ်ကိုင်းတံတား(ခ)အင်းဝတံတားပုံလေးတွေက တော့ တစ်ခါတင်ပြီးသားပါ။
ဒါပေမယ့် မတူညီတဲ့ အချိန်မှာမြင်ရတဲ့ ကွဲပြားတဲ့အလှလေးတွေကို တစ်စုတစ်စည်းထဲ ခံစားလို့ရအောင်ပါ။

19 comments

  • မနေ့ညက တင်လိုက်တာ ခေါင်းစဉ်မတတ်မိတော့ ဘယ်သူမှ မမြင်လိုက်တော့ဘူးလေ။
    ဒါကြောင့် …………………..

  • nozomi

    June 14, 2011 at 6:26 am

    ပုံလေးတွေက မှတ်တမ်း အနေရော အနုပညာမြောက်မှုမှာပါ တန်ဘိုးမဖြတ်နိုင်ပါ

  • fatty

    June 14, 2011 at 8:11 am

    Black & White ကိုပိုကြိုက်တယ် tone ကို ပိုခံစားလို့ရတယ်လေ …။

  • ဆူး

    June 14, 2011 at 9:15 am

    မန်း ရဲ့ ပတ်ဝန်းကျင် ပုံတွေ တင်တော့ မှတ်တမ်းလေး ကျန်ခဲ့တာပေါ့.. နောက် အနှစ် ၅ဝ လောက် ကြာသွားတဲ့ အချိန် ဆူး တို့ လည်း သေပြီ မြေးတွေက ဘွားဘွားဆူး ရဲ့ မိတ်ဆွေ ကိုပေါက် မန်း တင်ထားတဲ့ ပုံတွေ ကြည့်ရပြီး အဲဒီတုန်းက အဲလို ကိုး ဆိုပြီး ကြည့်ပြီး ပြောကြမလားလို့.. ဟီးဟီး..

    မှတ်ချက်။ ။ ထို အချိန်ဆိုရင်လည်း သဂျီးက အနိစ္စ သဘောနဲ့ ကိစ္စချော သွားလောက်ပြီ။ သဂျီး ရဲ့ တာဝန်ကို ယူပေးမဲ့ လက်ဆင့်ကမ်း တာဝန်ယူတဲ့ မျိုးဆက် (သားသမီးကို မဆိုလို) မရှိခဲ့သော်.. ဘွားဘွားဆူး ရဲ့ မြေးတွေလည်း ပုံတွေ မကြည့်နိုင်လောက်တော့ဘူး။

    • bigcat

      June 15, 2011 at 2:58 am

      ပူမနေနဲ့၊ သဂျီးက သူ့ကိုယ်ပွား ကလုံးသဂျီး ထားခဲ့မယ်တဲ့ဗျား…..

      • ဆူး

        June 15, 2011 at 3:03 pm

        ကလုံး သဂျီးက သဂျီးလောက် ဉာဏ်ရည် မှီပါ့မလား. ရွာသဂျီး မို့ ပြောတာ မဟုတ်ဘူး ဒီရွာက သဂျီးက ဒင်ဒင်မြည်အောင် ကျပ်ပြည့်တာ..
        ကလုံး က သဂျီး ဖတ်ထားသမျှ သိအောင် အသစ် ပြန်ဖတ်မလား ဒါမှ မဟုတ်………

        • Foreign Resident

          August 19, 2011 at 2:27 am

          Yesss,
          We all realized it,
          Our သဂျီး is ” special one ” & wiser than other ရွာ သဂျီး 😛
          ” ဒီရွာက သဂျီးက ဒင်ဒင်မြည်အောင် ကျပ်ပြည့်တာ.. ” 😛

  • hmee

    June 14, 2011 at 10:08 am

    ရွှေကြက်ကျဘုရား (ဟုတ်လားမသိ သိပ်တော့ မကွဲဘူး) အဲဒီဘုရားပေါ်က ရိုက်ရင် တံတားနှစ်စင်းလုံး ပါတယ်နော် ဦးပေါက်။

  • ဟုတ်တယ် ဒါပေမယ့် အလယ်ပစ္စယံလောက်က တက်မှ ဆိုတော့
    ဖက်တီးပုတ်ကိုပေါက်အတွက် အဆင်မပြေလောက်ဘူး။
    ကြိုးစားကြည့်ပါအုံးမယ်နော်။

  • MaMa

    June 14, 2011 at 12:44 pm

    ဓာတ်ပုံနဲ့ ခေါင်းစဉ် လိုက်ဖက်တယ်။ စာရေးဆရာလို့ မပြောရဘူး။

  • captainamerica

    June 14, 2011 at 5:09 pm

    တံတားတစ်စင်းတည်းကိုမတူညီတဲ့ရသတွေပေးနိုင်တယ်။လေးစားပါတယ်ကိုပေါက်…..

  • meelay

    June 15, 2011 at 6:58 am

    မီးတို့လို ခရီးမထွက်ဖြစ်တဲ့သူတွေကတော့ လေးပေါက်ရဲ့ ဓါတ်ပုံကိုကြည့်ပြီး နေရာတော်တော်များများကို ရောက်ဖူးသွားတယ် ……… 🙂

  • char too lan

    June 15, 2011 at 8:37 am

    ုwww.kopaukmdy.info ကိုဝင်ပါ ကိုပေါက်ကိုလက်ဆော့ပါတဲ့ ..
    အဲ့မှာလဲ ပုံတွေအားကြီးပဲ ဝင်ကြည့် 🙂

  • အခုအဲဒီဆိုက်က ဝမ်နိန်ပေးထားတယ်။
    ပုံတွေလှိမ့်မတင်ပါနဲ့တဲ့။
    မဆန့်မပြြဲဖြစ်နေပြီတဲ့။
    အဲတော့မူရင်း ရွာထဲမှာဘဲပြန်လက်ဆော့ရပါတော့တယ်။

  • villiager

    June 18, 2011 at 11:15 am

    တူညီ၍ မတူညီသော(အင်းဝတံတား) တဲ့လား။
    တင်ပြပုံလေး ကောင်းလိုက်တာ။
    ဘယ်နှစ်ခေါက်သွားပြီး ရိုက်ထားတာတွေ စုပြီး တင်လိုက်တာလည်း မသိဘူး။

  • ကျနော်စစ်ကိုင်းကို မကြာခဏရောက်ပါတယ်။
    ဟိုအရင် ငယ်ငယ်က ကင်မရာ တစ်လုံးဘုးိ မတတ်နိုင်ခင်ဘဝတုံးက
    မြိုသိပ်ထားရသမျှတွေကို အခုမှစုပြီး စိတ်တိုင်းကျရိုက်လိုက် တင်လိုက်လုပ်ပေးနေတာပါ။
    ဒစ်ဂျစ်တယ်ခေတ်ဆိုတော့ လက်ဆော့ ပြီးရင်ကွန်ပြူတာထဲထည့်ကြည့်
    လှတယ်ဆိုရင်ကျေနပ်လို့ …………….
    ပြီးတော့ မမြင်ဘူးပေမယ့်ခင်မင်ရပါသောရွာထဲက မိတ်ဆွေများပါ
    ကြည့်ရအောင် ကိုယ့်ဇာတိကို သတိတရလွမ်းရအောင်
    မရောက်ဘူးသူများကလဲ အော်…………ဒီလောက်လှတာပါလားဆိုပြီ သိအောင်
    တင်ပေးပါတယ်။
    မနှစ်သက်သူများလဲ ရှိနိုင်ပါတယ်။
    နှစ်သက်သူများလဲရှိတာကတော့ သေချာပါတယ်။
    ကျနော်ကတော့ ပုံတွေတင်အုံးမှာပါ။

  • windtalker

    August 18, 2011 at 10:18 pm

    မန်းတလေး အချင်းချင်းဆိုတဲ့ အစွဲ ရယ်
    မန်းတလေး သား ထဲ မှာ စာရေးကောင်းသူ အိုင်ဒီယာ ကောင်းသူ
    ကျွန်တော့်ထက် အတွေ ့အကြုံ ဗဟုသုတ များသူ တစ်ဦး မို ့ရယ်
    ကိုပေါက်ထံ မှ သင်ယူစရာလေ့လာစရာ အများကြီး ရှိတာမို ့ရယ်
    ( ကျန်တာတွေ လည်း ရှိသေးတယ် အများကြီး ) စတဲ့အချက်တွေ ကြောင့်မို ့
    ကိုပေါက် အား အဆင်ဆက်မပြတ် အားပေးလျှက်ပါ

  • pooch

    August 18, 2011 at 10:33 pm

    အယ်လေးပေါက် ဒီနေ့မှ ကြည့်မိတယ် ….လှလိုက်တာ ရသစုံ ပေးတဲ့ ခံစားမှုမျိုးမို့ ကြိုက်ပြီးရင်း ကြိုက်ပါ…
    🙂

Leave a Reply