မနေ့ကပဲ ဆရာမ ဂျူးရဲ့ ” သူမင်းကိုဘယ်တော့မှ ” ဆိုတဲ့ စာအုပ်ကို ပူပူနွေးနွေး ဖတ်ထားပါတယ်။ ဒီစာ အုပ် ကို သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်တွန်းမှုနဲ ဖတ်ဖြစ်ခဲ့တာပါ။ ဒီစာ အုပ်ကို မဖတ်ရသေးတဲ့ သူငယ်ချင်းတွေ ကိုလည်း ဖတ်စေချင်တယ်။  ဒီစာအုပ် ကို ဖတ်ပြီးတော့ ဆင်းရဲ ခြင်းဆိုတဲ့ စကားလုံး ပို သဘောပေါက် လာတယ်။ နယ်ဖက်တွေမှာ ဆင်းရဲတဲ မိန်းကလေးတွေရဲ့ အဖြစ်အပျက်တွေ ၊ ဆင်ရဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးရလဒ် တွေ ကို ကြည့်ပြီးတော်တော် လေး စိတ်မကောင်း ဖြစ်မိတယ်။ စာမဖတ်ခြင်း ၊ စာဖတ်ခြင်း ရဲ့ ဆိုးကျိုး  ကောင်းကျိုးတွေ ကို သိလာရတယ်။ စာဖတ်ခြင်း ကြောင့် အမြင်ကောင်း ၊ ရူထောင့်ကောင်းတွေ ၊ ဆင်ခြင်မှုတွေ ပိုရလာတယလို့ မြင်မိတယ်။ ဒီစာအုပ် ကို မိန်းကလေး တော်တော် များများ ကို ဖတ်စေချင်တယ်။ စာမဖတ်တတ်ခြင်းဟာလည်း ဆင်ရဲခြင်းကြောင့် ထင်တယ် ။ ဆင်းရဲခြင်မရှိရင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်လိမ့်မယ်။ ကျောင်းနေမှ စာဖတ်နိုင်လိမ့်မယ်။  အနည်းဆုံး ပုံပြင်တွေ ၊ ကာတွန်တွေ ဖတ်နိုင်လိမ့်မယ်။ ဆရာ ၊ ဆရာမ တွေ ရဲ့ ဆိုဆုံးမ မှု ကို ခံယူရင်း ပိုမို တိုးတက်တဲ့ အနာဂတ် ရှိလာမယ်လို့ ယုံကြည်တယ်။ ဒီခေတ်ကြီးမှာ ပညာဒါန ကျောင်းတွေ ၊ ဖောင်ဒေးရှင်း တွေ ရှိလာတာ ကောင်းပါတယ်။ ဒီထက်ပို ကောင်းတာက မိမိရဲ့ စိတ်ထဲမှာ အသိဥာဏ် တစ်ခု ကိန်းအောင်းပြီး စာအုပ်စာပေ ဖတ်မှ ပိုမို အသိကြွယ်ပြီး ၊ အမှားအမှန်ပို ခွဲုခြား နိုင်မယ်လို့ထင်တယ်။ အခြေခံ စာတတ်မှ အထက်တန်းစာ တတ်သလိုပေါ့ ၊ စာဖတ်ခြင်းဝါသနာပါမှ စာပေတန်ဖိုး သိမှာပါ။

အားလုံးစာဖတ်နိုင်ကြပါစေ……………

 

ကျေးဇူးတင်ပါတယ်။

ကြာဖြူ

About ကြာဖြူ

has written 2 post in this Website..