အော် -ဘ၀ ဘ၀ ငပလီပင်လယ်ပြင်ကြီးကိုကြည့်ပြီး
ကျခဲ့ရတဲ့မျက်ရည်စတွေ များပြားလှပေါ့ အို–ဘယ်ခန်း
တော့မည်လဲ—
တခါက ငပလီ မဇဉ် လမ်းမပေါ်မှ ခြံမြေတွေ ဘန်ဂလို
လေးတွေဟာ မိသားစုများစွာတွေရဲ့ဘ၀အခက်အခဲတွေ
ဖြေရှင်းပေးနေရတဲ့ သဘာဝ အစိုင်အခဲလေးပါ
အပူပင်ကင်းမဲ့တဲ့ ဆည်းဆာ ပျော်ရွင်နေတဲ့မိသားစု
တွေရဲ့ဘသ၀ အသံသဲ့သဲ့တောင်ကြားနေရတုံးပါ…..
ခုတော့ ဒီလူတွေရဲ့ဘ၀ ရင်နင့်စရာ အသပြာမရှိ
ကိုင်းခုတ် လယ်လုပ် ထမင်းတစ်လုပ်အတွက်—-
ဒီမြေတွေကို မိဘအဆက်ဆက် ပိုင်ဆိုင်လာခဲ့ကြတာ
စစ်အစိုးရလက်ထက်ရောက်တော့ ဒီခြံမြေတွေကိုသိမ်း
ဟိုတယ်တွေဆောက်ဒေါ်လာတွေများစွာရ–
ပိုင်ရှင်တွေမှာ ဘာမှမရခဲ့ကြပါဘူး
ခုကာလပေါက်ဈေးနဲ့ဆိုရင် တစ်ဧက ကို သိန်းတစ်ထောင် ကျော်နေပါပြီ —–
မျက်ကျရုံမျှ အပ ဘာမှမရှိတော့ပါပြီ—
ကိုယ်ချင်းစာနိုင်ကြပါစေ—
သံတွဲသား

About kyawkyaw11

has written 26 post in this Website..