ငပလီ လှိုင်းပေါ်က မျက်ရည်စ

kyawkyaw11June 14, 20111min872

အော် -ဘဝ ဘဝ ငပလီပင်လယ်ပြင်ကြီးကိုကြည့်ပြီး
ကျခဲ့ရတဲ့မျက်ရည်စတွေ များပြားလှပေါ့ အို–ဘယ်ခန်း
တော့မည်လဲ—
တခါက ငပလီ မဇဉ် လမ်းမပေါ်မှ ခြံမြေတွေ ဘန်ဂလို
လေးတွေဟာ မိသားစုများစွာတွေရဲ့ဘဝအခက်အခဲတွေ
ဖြေရှင်းပေးနေရတဲ့ သဘာဝ အစိုင်အခဲလေးပါ
အပူပင်ကင်းမဲ့တဲ့ ဆည်းဆာ ပျော်ရွင်နေတဲ့မိသားစု
တွေရဲ့ဘသဝ အသံသဲ့သဲ့တောင်ကြားနေရတုံးပါ…..
ခုတော့ ဒီလူတွေရဲ့ဘဝ ရင်နင့်စရာ အသပြာမရှိ
ကိုင်းခုတ် လယ်လုပ် ထမင်းတစ်လုပ်အတွက်—-
ဒီမြေတွေကို မိဘအဆက်ဆက် ပိုင်ဆိုင်လာခဲ့ကြတာ
စစ်အစိုးရလက်ထက်ရောက်တော့ ဒီခြံမြေတွေကိုသိမ်း
ဟိုတယ်တွေဆောက်ဒေါ်လာတွေများစွာရ–
ပိုင်ရှင်တွေမှာ ဘာမှမရခဲ့ကြပါဘူး
ခုကာလပေါက်ဈေးနဲ့ဆိုရင် တစ်ဧက ကို သိန်းတစ်ထောင် ကျော်နေပါပြီ —–
မျက်ကျရုံမျှ အပ ဘာမှမရှိတော့ပါပြီ—
ကိုယ်ချင်းစာနိုင်ကြပါစေ—
သံတွဲသား

2 comments

  • good

    June 14, 2011 at 5:18 am

    မြန်မာနိုင်ငံ တွင်းရှိ မည်သည့် နေရာ မဆို နိုင်ငံတော်ပိုင် မြေအဖြစ် သိမ်းဆည်းပိုင်ခွင့် ရှိသည်။

    ပုံ

    ဖွဲ့စည်းပုံအခြေခံဥပဒေ
    ( မြန်မာနိုင်ငံသားအားလုံး သဘောဆန္ဒ မသေချာဘဲ
    အတည်ပြုထားသည်။ )

    မှတ်ချက်။ ။ ၎င်း ဖွဲ့စည်းပုံအခြေခံဥပဒေ မတိုင်ခင်က လည်း သိမ်းချင်သိမ်း ရောင်းချင် ရောင်းမည်။

  • apulay

    June 14, 2011 at 1:26 pm

    ဘေးထိုင် ဘိုင်ကျ ဘုပြော

Leave a Reply