သရဲဆိုတာ ဂျိုနဲ့လားဗျို့

erosJune 14, 20111min27825

အချိန်ကာလကား ည၉နာရီခန့် ရှိလေပြီ။ ရုံးကြီးတခုတွင်းရှိ တနေရာ တွင် မီးရောင်ကလေး လင်းလက်နေလေသည်။ ရုံးဝန်းကြီးတခုလုံးနှင့် ပတ်ဝန်းကျင်တခုလုံးကား ပိန်းပိတ်အောင်မှောင်လျက်ရှိသည်။ ကောင်းကင်တွင်လည်း မိုးတိမ်မဲများ ဖုံးအုပ်နေသောကြောင့် ကြယ်ရောင်မှ မလင်းနိုင်ရှိလေသည်။ တခါတရံတွင် လျှပ်ပြက်လိုက်သေးသည်။ ပတ်ဝန်းကျင်တခုလုံးတွင်လည်း သစ်ပင်ကြီးများကို လေတိုးသံမှတပါး ဘာသံမှ မကြားရချေ။ တခါတရံတွင်မူ ခပ်လှမ်းလှမ်းမှ မော်တော်ကားလမ်းမကြီးပေါ်တွင် အရှိန်ပြင်းပြင်းမောင်းနှင်သွားသော မော်တော်ကားစက်သံသဲ့သဲ့ ကိုကြားရလေသည်။ အဆိုပါမီးရောင်ရှိရာ ကြည့်လိုက်လျှင် ရုံးစားပွဲလေးတခုတွင် စာရွက်များနှင့် အလုပ်ရှုပ် နေသောလူတဦးကို မြင်ရမည်ဖြစ်ပေသည်။ ထိုသူသည်ကား စာရွက်ကို ကြည့်လိုက် ကွန်ပြူတာစာရိုက်လိုက်လုပ်နေလေသည်။ အတန်ငယ်ကြာသောအခါ ထိုသူသည် အလုပ်ပြီးသွားသည့်ပုံဖြင့် နေရာမှထလိုက်ကာ အညောင်းဆန့်ကာ ကွန်ပြူတာကို ပိတ်၊ အိမ်သာရှိရာ နေရာကို သွားလေသည်။ ထိုနောက် ၎င်း၏နေရာသို့ ပြန်လာကာ လွယ်အိတ်ကို ကောက်ယူလိုက်လေသည်။ ထို့နောက်ရုတ်တရုတ် ၎င်း၏မျက်နှာတွင် ထူးဆန်းသော အရိပ်အရောင်များမြင်လာရလေသည်။ ထို့နောက်တွင် သူသည် ရုံးနေရာ အနှံ့ တစုံတရာကို ဟိုဟိုဒီဒီရှာဖွေနေလေသည်။ ထို့နောက်တွင် ရုံး ဧည့်ခန်းမဆောင်ရှိရာ သွားပြီး ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေလေသည်။ ထို့နောက်တွင် ရုံးလှေခါးရှိရာသို့ တစုံတယောက်ကို မြင်လိုက်ရသည့်အလား ဆက်ခနဲကြည့်လိုက်လေသည်။ထို့နောက်ဘာမှမတွေ့လိုက်သဖြင့် ဇဝေဇဝါဖြင့် စဉ်းစားနေလေသည်။ ထို့နောက်တွင် ၎င်းသည် သတိမပေါ့သော ခြေလှမ်းဖြင့် ထမင်းစားခန်းရှိရာသို့ သွား၍ တံခါးဖွင့်လိုက်သည့် အခါမှာတော့……………………………………………………………………
အထက်ပါသူသည်ကား စာရှုသူမိတ်ဆွေများ တခြာသူမထင်ပါနှင့် ထုံးစံအတိုင်း ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး eros ပင်ဖြစ်လေတော့သည်။ ညမိုးချုပ်သည်အထိ အလုပ်ရှိသဖြင့်အလုပ်နောက်ကျလုပ်ပြီး ပြန်ရန်အလုပ်တွင် ထမင်းချိုင့်ရှာမတွေ့၍ ဗျာများသွားခြင်းဖြစ်သည်။ စင်စစ် ထမင်းချိုင့်ပါသော်လည်း ကျွန်တော်သည် ရုံးထမင်းစားခန်းနှင့် လားလားမျှမအပ်စပ်ပေ။ အဘယ်ကြောင့်ဆိုသော် အပေါင်းအသင်းများနှင့် ဆိုင်ထွက်စားသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ အလုပ်လုပ်ရာ စားပွဲပေါ်မှာတွင် ထမင်းချိုင့်ကို အမြဲတင်ထားလေသည်။ သို့သော်ထိုနေ့တွင်ကား ထမင်းချိုင့်ပျောက်ခြင်းမလှ ပျောက်နေလေသည်။ တစုံတယောက်က နောက်ခဲ့လေသလား ရုံးကြီးအနှံ့ရှာဖွေပါသော်လည်းမတွေ့ပေ။ ရုံး ဧည့်ခန်းမဆောင်ရှိရာ သွားပြီး ဆိုဖာပေါ်တွင်စဉ်းစားသော်လည်း အဖြေမပေါ်ပေ။ ထိုအချိန်တွင် လျှပ်ပြက်လိုက်သဖြင့် အလင်းရောင်တွင် ရိတ်ခနဲ တခုခု တွေ့လိုက်သဖြင့် ဆက်ခနဲ ကြည့်လိုက်ခြင်းဖြစ်သည်။ ထိုနောက်သတိထားပြီး ထမင်းစားခန်းရှိရာသို့ သွား၍ တံခါးဖွင့်လိုက်ပြီး အခန်းထဲဝင်လိုက်သည့် အခါမှာတော့ ထမင်းချိုင့်ကို အခန်းထောင့်တွင် တင်ထားကြောင်းတွေ့ရလေသည်။ ထမင်းချိုင့်ကိုယူပြီး အဘယ်ကြောင့်ထိုနေရာသို့ ရောက်နေသည်ကို အဖြေမပေါ်ပေ။
နောက်နေ့တွင် မေးမြန်းစုံစမ်းကြည့်ရာတွင်မတော့ ကိုယ့်နှဖူးကိုယ်ရိုက်ချင်စရာဖြစ်လေတော့သည်။ သန့်ရှင်းရေးတာဝန်ခံက လောကွတ်ချော်၍ ထမင်းချိုင့်ကိုယူဆေးပေးပြီး ထမင်းစားခန်းတွင် ထားထားခြင်းဖြစ်ပြီး လေပြင်းလျှင် အပင်ကြီးတပင်၏ အရိပ်သည် လှေကားရှိရာသို့ ရောက်လာတက်သဖြင့် ရိတ်ခနဲမြင်ရခြင်းဖြစ်သည်။
စာရှုသူများလည်း ကိုယ်တွေ့ သူရဲ၊ တစ္ဆေ ဖြစ်ရပ်များရှိပါက ဝေငှပေးပါရန် တောင်းဆိုပါသည်။ eros အခုအချိန်အထိ သရဲကိစ္စ မကြုံဘူးသေးပါ။

25 comments

  • weiwei

    June 14, 2011 at 4:52 am

    eros က တော်သေးတာပေါ့ …
    ကျွန်မဆို မျက်မှန်ကို တပ်ထားလျှက်နဲ့ ခဏခဏ မျက်မှန်ပျောက်ရှာတတ်တယ် … 😛

  • နွယ်ပင်

    June 14, 2011 at 5:57 am

    သရဲက ဂျို ပါမပါတော့ မသိဘူး မြန်မာ ရုပ်ရှင်ကားတွေထဲမှာတော့ အကျီင်္အဖြူရောင် ဝတ်ပြီး ဆံပင်က ဖို့ယို့ဖားယား မျက်နှာက်ဖြူဆွတ်ဆွတ်ကြီးရယ် ….:)….

    • rabbit

      June 15, 2011 at 9:50 am

      မျက်ကွင်းကလဲ မည်းလိုက်သေးတယ်

  • etone

    June 14, 2011 at 8:18 am

    မှင်စာဆိုတာတော့ ကြုံဖူးတယ်လေ … အသံနဲ့ ခြောက်လှန့်ခြင်း ခံခဲ့ဖူးတာပါ … ။ မမြင်ဖူးဘူး ။ အဲ့ဒီအကြောင်းပို့စ်တင်ဖူးတယ် .. ။

  • fatty

    June 14, 2011 at 8:26 am

    သရဲမှာ ဂျိုပါမပါ … DNA စစ်ကြည့်မှသိမယ်ထင်တယ် ….

  • ဆူး

    June 14, 2011 at 8:33 am

    သရဲ ဟုတ်မဟုတ်တော့ မသိဘူး.. ငယ်ငယ်က ခဲတံတွေကော အကြွေစိတွေကော မတ်ခွက်တွေ ကော စုံနေတာပဲ.. စမ်းကြည့်ပါလား.. ပျော်ဖို့တော့ ကောင်းသား။

  • cobra

    June 14, 2011 at 9:01 am

    သရဲမှာဂျိုမပါတာတော့သေချာလောက်တယ်….
    ဘယ်သရဲကားမှာမှသရဲကဂျိုမပါဘူး…။

  • kai

    June 14, 2011 at 9:06 am

    သရဲ..သရဲ..။
    အခုတင်..အီးမေးလ်ရလို့..။
    ==============

    သာမညဆရာတော်ဘုရားကြီး၏အိမ်မက်အရ
    > >> လူသားတို့၏ကောင်းကျိုးအတွက် ဗုဒ္ဒံ ဓမ္မံ သံဃံ အနန္တော အနန္ဒ ငါးပါးတို့ကို
    > >> အိပ်ရာဝင်တိုင်း မမေ့ကြနှင့် ဦးပုဒ်သီလစောင့်ထိမ်းကြပါ။
    > >>သားကြီး ငါးကြီးတို့ကိုရှောင်ကျဉ်ပါ ကောင်းသောအလုပ်လုပ်ကိုင်ပါ။
    > >> မကောင်းသောဒုစရိုက်အလုပ်ကိုရှောင်ပါ။ ကုသိုလ်ကောင်းမှုကိုလုပ်ကိုင်ပါ။
    > >>ရှောင်သူများအားသာမညတောင်ဆရာတော်ဘုရားအကျိုးပေးမည်။
    > >> ဒီစာကိုရသူတိုင်း(၉)စောင်ရေးပြီး ဖြန့်ဝေပါ
    > >> (၉) ရက်အတွင်းအကျိုးတစ်ခုခု ခံစားရမည်။
    > >> မော်လမြိုင်မြို့ရဟန်း (၁)ပါးသည် ဒီစာကိုရပြီးဖြန့်ဝေသဖြင့် သိန်း(၇၀)ထီပေါက်သည်။
    > >>ကျန်အမေအို(၁)ယောက် ဒီစာကိုရပြီးမယုံကြည်စိတ်ဖြင့် မဝေခဲ့သောကြောင့် အမေအို၏သမီးသည် အလိုလို
    > >>နေရင်းသေဆုံးခဲံရသည်။
    > >>နောက်မှဒီစာကို သတိရ ရု်ဖြန့်ဝေခဲ့သောကြောင့်သမီး၏ရက်လည်နေ့မှာဘဲ
    > >>သိန်းထီကြီးပေါက်ခဲ့သည်။ ဒီစာကိုယုံကြည်မူထားပါ။
    ဒီစာကိုလူ20ကိုဝေပေးပါနော်
    သင်ကံကောင်းလာမည်။သင့်ချစ်သူသင့်ထံပြန်လာမည်

    • ဆူး

      June 14, 2011 at 9:29 am

      သဂျီးတောင် အီးမေး ရတာနဲ့ လိုက်လုပ်တော့တာပဲ..
      ဒီမှာ ရေးတော့ လူ ၂ဝ ထက်မက ဖတ်မိတော့တာပေါ့။ အကြံကလည်း ပိုင်ပါ့နော်။

  • good

    June 14, 2011 at 9:58 am

    သဂျီး ဒီပို့စ် မှာပဲ ကော်ပီ ကူး ပြီး ၉ ခါ မန့် လိုက်ရ မလား။

  • eros

    June 14, 2011 at 10:10 am

    အမလေးလေး စုံတကာကို စေ့နေတာပဲ သရဲကိစ္စနဲ့။ ဒီကြားထဲ သူကြီးက လမ်းကြောင်းလွဲအောင်လာလုပ်နေတယ်။

  • Yan Shin

    June 14, 2011 at 10:19 am

    ကျွန်တော်တို့ အများစုမှာ ငယ်စဉ်က တစ္ဆေ သရဲ ပုံပြင်များဖြင့်ကြီးပြင်းခဲ့ကြရတာပါ။
    ဒါပေမဲ့ ကျွန်တော်တို့မောင်နှစ်မတွေကို ကျွန်တော်တို့ဦးလေးတစ်ယောက်က ငယ်စဉ်ကပင်

    ကြောက်စိတ်မရှိရေး လေ့ကျင့်ပေးခဲ့ပါသည်။

    ခွေးမြင်ဘူးလား
    မြင်ဘူးတယ် အေး ခွေးရှိတယ်။
    နွားမြင်ဘူးလား မြင်ဘူးတယ် အေး နွားရှိတယ်။ စသည်မေးပါတယ်။

    သရဲမြင်ဘူးလား (တကယ်လက်တွေ့နှော်) မမြင်ဘူးပါဘူး အေး သရဲမရှိဘူးတဲ့။ မရှိတာကို ရှာကြောက်မနေနဲ့တဲ့။

    နောက်တစ်ခုက ဟိုးကအဝေးက ခွေးမင်းမြင်လား မြင်တယ် သူ့ဟာသူနေတာ ငါတို့နဲ့ထိစပ်မှု့မရှိရင် ငါတို့ကို ဘာဒုက္ခပေးလဲ။ အေးအဲဒီလိုပဲ သရဲ နတ် စုန်း ရှိခြင်ရှိမယ် ရှိတော့ကောဘာဖြစ်လဲ။ သူ့ဟာသူနေ ကိုယ့်ဟာကိုနေပေါ့တဲ့။

    ကျွန်တော်တို့ သိခဲ့တာကို ပြန်လည်ဝေမျှတာပါ။
    comment မို့ တိုတိုပဲပြောရတာပါ။ မရှင်းခဲ့ရင် sorry!

  • Shwe Tike Soe

    June 14, 2011 at 10:22 am

    ဟဟဟ အဲလိုပါပဲ တစ်ယောက်ထဲဆိုရင် စိတ်ချောက်ခြားတာလေ
    ကိုယ်အသက်ရှူသံကို ကိုယ်ပြန်လန်.သလိုဖြစ်နေတာပေါ့..

  • naywoonni

    June 14, 2011 at 10:41 am

    ကိုခိုင်ရေ………. သိန်း70ထီပေါက်တယ်ဆိုတာက ချဲထီလား လုပ်စမ်းပါဦး နံပါတ်လေးဘာလေး မွဲဆေးမွဲဆေး ဟေးဟေးဟေးးးးးးးးးးး

  • eros

    June 14, 2011 at 10:51 am

    လုပ်ပြီ သူကြီးလုပ်တာနဲ့ ကွန်မန့်တွေ လမ်းကြောင်းလွဲနေပြီ။

  • mayhtet

    June 14, 2011 at 12:02 pm

    ဦးဖက်တီး ပြောတာမှန်တယ်

  • ဆူး

    June 14, 2011 at 1:15 pm

    အမှောင်ထု ကတော့ လူ့စိတ်ကို ထိတ်လန့် ခြောက်ခြားစေတာ အမှန်ပါပဲ။

  • windtalker

    June 14, 2011 at 2:32 pm

    ဒီတစ်ပါတ် အလုံးပိုင် က ၃ တစ်လုံး တဲ့ ။ ဝါသနာရှင်များ ကြိုက်သလို သုံးဗျာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 14, 2011 at 2:39 pm

    အခါတစ်ပါး၌
    လပြည့်ခြင်း လကုန်ခြင်းစသည့်) အမှတ်အသားတို့ဖြင့် သိမှတ်အပ်သော
    ဆန်းဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက် တစ်ဆယ့်ငါးရက် ရှစ်ရက်
    ညဉ့်မျိုးတို့တွင် ကြောက်မက်ဖွယ် ကြက်သီး မွေးညင်း ထဖွယ်ကောင်းသော
    စေတီဖြစ်သော အရံ စေတီဖြစ်သော တောအုပ်
    စေတီဖြစ်သော သစ်ပင် ဟူသော ကျောင်းအိပ်ရာ နေရာမျိုးတို့၌ နေရမူ
    ဘေးနှင့် ကြောက်မက်ဖွယ် အာရုံကို မြင်နိုင် ကောင်း တန်ရာ၏ ဟု (အကြံသည် ဖြစ်ခဲ့ပြန်၏)။
    စိုင် ကြံ့ သစ် တောဝက်စသော သားကောင်သည်လည်း လာ၏၊
    ဥဒေါင်း(နှင့် အခြားငှက်များ) သည်လည်း သစ်ခက် ခြောက်ကို ကျစေ၏၊
    လေသည်လည်း သစ်ရွက်မှိုက်ကို တိုက်ခတ်၏၊
    ဤအရာစုသည် ပင်ရောက်လာသော ဘေးနှင့် ကြောက်မက်ဖွယ် ပေလော ဟု ထိုငါ့အား အကြံဖြစ်မိ၏။
    ထိုငါ့အား ငါသည် စင်စစ်အားဖြင့် ကြောက်မက်ဖွယ်ကို တောင့်တလျက် နေသည် မဟုတ်လော၊
    ( ဒီနေရာမှာ အလွန်အရေးကြီးတဲ့ ကီးကတော့
    ( ထိုငါ့အား ငါသည် စင်စစ်အားဖြင့် ကြောက်မက်ဖွယ်ကို တောင့်တလျက် နေသည် မဟုတ်လော )
    ဆိုတာဘဲဖြစ်ပါတယ် )
    ဣရိယာပုထ် အလိုက် နေသော ငါ၏ထံသို့ ရောက်လာသော
    ကြောက်မက်ဖွယ်ကို ထိုဣရိယာပုထ် အလိုက်ပင် ငါပယ်ဖျောက်ရမူ ကောင်းပေမည် ဟု ဤအကြံ ဖြစ်ပေါ်ခဲ့၏။
    ထိုငါသည်
    စင်္ကြံသွား နေစဉ် ထိုကြောက်မက်ဖွယ်သည် ပေါ်ပေါက်လာအံ့၊
    ထိုကြောက်မက် ဖွယ်ကို မရပ်မထိုင် မအိပ်ဘဲ စင်္ကြံ သွားလျက်သာ ပယ်ဖျောက်၏။
    ( အဲ့သည်လို ကြောက်မက်ဖွယ်တွေကို ခံစားရသူဟာ
    အောက်ပါ အကြောင်းတွေကြောင့်ဖြစ်ပါတယ် )
    ထိုသူတို့သည်
    ကာယကံ မစင်ကြယ်ကုန်ဘဲ၊ ဝစီကံ မစင်ကြယ်ကုန်ဘဲ၊
    သူတစ်ပါး စည်းစိမ်ကို ရှေးရှုကြံခြင်း အဘိဇ္ဈာ များကုန်လျက်
    ကာမဂုဏ်တို့၌ ပြင်းထန်စွာ တပ်မက်ကုန်လျက်၊
    ဖောက်ပြန်သောစိတ် ပြစ်မှားသောစိတ် အကြံ ရှိကုန်လျက်၊
    ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ ဖြင့် အနှိပ်စက် ခံရကုန် လျက်၊
    ပျံ့လွင့်သောစိတ် မအေးမြသော စိတ်ရှိလျက်၊
    ယုံမှားခြင်း ကင်္ခါ မဆုံးဖြတ်နိုင်ခြင်း ဝိစိကိစ္ဆာ ရှိလျက်၊
    မိမိကိုယ်ကို မြှင့်တင်ကာ သူတစ်ပါးကို နှိမ့်ချသူ ဖြစ်လျက်၊
    ထိတ်လန့်ခြင်းရှိသူ ကြောက်ရွံ့ခြင်း ရှိသူဖြစ်လျက်၊
    လာဘ် ပူဇော်သကာ အကျော်အစောကို လိုလားသူ ဖြစ်လျက်၊
    ပျင်းရိ ရော့ရည်း ဝီရိယနည်းသူ ဖြစ်လျက်၊
    လွတ်သောသတိ ဆင်ခြင်Óဏ် မရှိကုန်ဘဲလျက်၊
    မတည်ကြည် တုန်လှုပ်သော စိတ်ရှိသူ ဖြစ်လျက်၊ ပညာမရှိသူ ထိုင်းအသူ ဖြစ်လျက် ဖြစ်သူတို့တည်း။
    (မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် – ၁ – မူလပရိယာယဝဂ် – ၄ – ဘယဘေရဝသုတ် )
    ဆိုတော့ကာ
    သရဲဆိုတာကို ဘာလို့နားလည်ထားတာလဲ
    ကိုယ်ကိုယ်တိုင်ပြောတဲ့ သရဲဆိုတဲ့ သရဲဟာ ဘာလဲ
    ကိုယ်ကိုယ်တိုင်က ဘာမှန်းမသိတဲ့အရာတစ်ခုကို မေးတာလား
    သူများယောင်လို့ယောင်တာလား
    သရဲဆိုတာကတော့
    ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ တရားတော်ထည်းကနေကြည့်ရင်
    အခြား မမြင်အပ်သော ဘဝတွေလို့ပြောရင်လက်ခံနိုင်မလား
    သဘာဝတရားကြီးဟာ
    ရုပ်ဝါဒနှင့် နာမ်ဝါဒဟာ ဘယ်တော့မှ ဆက်စပ်လို့မရဘူးဆိုတာကို
    လက်ခံနိုင်လား
    ကိုယ်က ရုပ်ဝါဒီဖြစ်လို့
    အရပ်စကားနဲ့ပြောတဲ့
    သရဲဆိုတဲ့ အခြားဘဝသားတွေကို
    ကိုယ်တွေ့မှ ယုံကြည်ခြင်သလား
    ဒီလိုဆိုရင်
    အပေါ်မှာ ပြထားတဲ့ ကြောက်မက်တတ်သူတွေရဲ့ အိန္ဒြေကို အရင်လေ့လာကြည့်
    ကိုယ့်မှာရှိမရှိ သေခြာအောင်လေ့လာ
    ( သေသေခြာခြာလေ့လာပါ )
    ကိုယ့်ကိုယ်ကိုယ် တစ်ကယ်ယုံကြည်ပြီလို့မှတ်ယူမိပြီဆိုရင်
    ( သေသေခြာခြာစမ်းစစ်နော် )
    အီလက်ထရောနစ် ပစ္စည်းအတိုင်းထက်အလွန်မရှိတဲ့ဒေသ
    အထူးသဖြင့်
    မြန်မာပြည် ကျေးရွာတွေက ရွာသင်္ချိုင်းတွေကို
    ညနေ ငါးနာရီကန သန်းခေါင်ယံအတွင်း
    ( အထူးသဖြင့် လပြည့်လကွယ် ဥပုသ် အဖိတ်နေ့တွေ )
    အမဲသားအစိန်းတွေကို ကြိုက်တဲ့နည်းနဲ့ယူသွား တစ်ယောက်တည်းသွား
    ( နာမ်သဘောမှာ ကြောက်မက်ဖွယ်ကို တောင်းတ တာရယ်
    ကိုယ့်ရဲ့စိတ်အိန္ဒြေ မစင်ကြယ်တာရယ်ကို သေသေခြာခြာစစ်နော် )
    ခုနစ်ရက်ဆက်တိုက်သွား
    အဲ့သည် သင်္ချိုင်းထဲက အကြီးဆုံးသစ်ပင်အောက်မှာ
    အမဲသားတွေကိုချပြီး
    လာစားကြဟေ့လို့ ကြိုက်တဲ့ဘာသာနဲ့ပြော
    စမ်းကြည့်
    မှတ်ချက်။ ။ အပေါ်မှာ ရေးထားတာတွေကို သေသေခြာခြာလေ့လာနော်
    လွယ်လွယ်လေးပါ မခက်ပါဘူး
    ထပ်ပြောမယ်နော် ကိုယ့်ကိုယ်ကိုယ်ခြောက်တာ ကိုယ့်ရဲ့စိတ်ဘဲနော်။
    ကိုယ့် လူမှုဘဝရဲ့ ယုံကြည်ချက်တစ်ခုကို
    သိပ်ပြင်းထန်နေရင်တော့
    ဒီလောက်တော့လုပ်ရဲရလိမ့်မယ်
    ကျုပ်ပြောတဲ့အကြောင်းတွေထည်းမှာ ခြောက်ပြောတာလဲမပါဘူး။
    မြှောက်ပြောတာလည်းမပါဘူး
    စဉ်းစားပါ။ ဝေဖန်ပါ ၊ သုံးသပ်ပါ
    ပြီးမှလုပ်ပါ။
    ခင်ဗျားတို့ရေစီကြောင်းတိုင်းမျှောနေပြီး
    ဘာပါ ညာပါ လာဖောလ်တာလောက်ကတော့သနားတယ်
    ကိုယ်က ဘာကို လေးလေးနက်နက်လေ့လာဘူးသလဲဆိုတာ
    ကိုယ့်ကိုယ်ကိုယ် သေသေခြာခြာဝေဖန်ကြည့်ပြီးမှ
    ပြောကြပါ
    လုပ်ကြပါ
    ဒါဘဲနော် များပြောဒါကို သေသေခြာခြာစဉ်းစားပြီးမှလုပ်ကြနော်
    မတော်နေ ကိုယ်တော်ကြီးတွေ ကိုင်လိုက်မှ ယာကျိယားကျိဖြစ်ကုန်မယ် ဟွမ်း

    • kai

      June 14, 2011 at 5:43 pm

      ကြည့်စမ်းပါဦး..အရပ်ကတို့…
      ကိုရင်အောင်ပု … ဒေါ်လာ၁သိန်းတန်…. နည်းပညာကို .. သေသေချာချာမပြောပြပဲ.. လျှိုထားတယ်…။
      ကြည့်ရတာ… သရဲခေါင်းနဲ့.. နတ်ခေါင်းတွေဆီက..လာဘ်စားထားတယ်ထင်တယ်..။ 🙂

  • captainamerica

    June 14, 2011 at 4:32 pm

    အင်းဗျ ကျွန်တော်တောင်မယုံဖူးဆိုပြီးဝင်ဖောမလို. 😀 တကယ်လည်းမယုံဘူးလို.တော့ပြောရမှပဲ။ဒါပေမဲ့
    အဲဒီလိုတော့မစမ်း ရဲဝူးဂျ..ယုံသာွးနိုင်တယ်။ကိုပုပြောတာစဉ်းစားကြည့်ကြပါ။မယုံဖူးလို.ငြင်းကြမယ့်သူတွေ
    ကိုယ့်ခံယူချက်ကိုတကယ်ခိုင်မာတယ်လို.ယူဆရင်စမ်းကြည့်ပါလား။ 🙂 🙂 တကယ်မခိုင်မာပဲနဲ.တော့သာွး
    မစမ်းနဲ.နော်။ဂွိသာွးနိုင်တယ်။ 😀 😀 😀

  • bigcat

    June 15, 2011 at 1:39 am

    Yan Shin says: {{{{{နွားမြင်ဘူးလား မြင်ဘူးတယ် အေး နွားရှိတယ်။ စသည်မေးပါတယ်။
    သရဲမြင်ဘူးလား (တကယ်လက်တွေ့နှော်) မမြင်ဘူးပါဘူး အေး သရဲမရှိဘူးတဲ့။ မရှိတာကို ရှာကြောက်မနေနဲ့တဲ့။
    ခွေးမင်းမြင်လား မြင်တယ် သူ့ဟာသူနေတာ ငါတို့နဲ့ထိစပ်မှု့မရှိရင် ငါတို့ကို ဘာဒုက္ခပေးလဲ။ အေးအဲဒီလိုပဲ သရဲ နတ် စုန်း ရှိခြင်ရှိမယ် ရှိတော့ကောဘာဖြစ်လဲ။ သူ့ဟာသူနေ ကိုယ့်ဟာကိုနေပေါ့တဲ့။ }}}}

    ကြောင်ကြီး – ကျားမြင်လား မြင်တယ်၊ ကြောက်လား ကြောက်တယ်၊ ကြောက်လို့ ငြိမ်ငြိမ်နေရင် မင်းကိုလာခြောက်မလား၊ အေးဒီလိုပဲ သရဲရှိမယ် ရှိတော့ဘာဖြစ်လည်း။ သူ့ကိုသွားမစနဲ့၊ လာစာရင်လည်း ဘုရားစာရွတ်၊ မရတော့လည်း ပြေးပေါ့… 😀
    ကိုရန်ရSင်း ဦးလေးဆုံးမတာ ပြည့်စုံသွားအောင် ထပ်ဖြည့်လိုက်သည်။

  • esz88

    June 15, 2011 at 8:20 am

    သရဲမှာ ဂျိုမပါ ပါဘူး ။ တွေ့ဖူးပါတယ် ဖြစ်ရပ်မှန်ဇာပ်လမ်းထဲမှာ ဂျိုတော့မတွေ့ဘူး နှုမ်းနီ ဆိုးထားတာတော့တွေတယ်

  • captainamerica

    June 15, 2011 at 9:06 am

    သူရဇ္ဖမဂ်ဂဇင်းထဲကဟာတွေဖတ်ပြီးကြုံဖူးတာလား…. 😀 😀

  • အာဖျံ ကွီး

    June 15, 2011 at 10:22 am

    ရုံးချိန်မှာ .. ကြားဖောက်အနေနဲ. .. ဟိုရွာဝင် ဒီရွာဝင် ..
    အလုပ်မပီးတော့ အိုဗာတိုင်ဆင်းရ ..
    အိုဗာတိုင်ဆင်းရင်းနဲ.လဲ .. ရွာထဲပြန်ဝင် ..
    အဲဒီတော့ ပိုညည့်နက် ..
    ပေါက်ကရတွေလျှောက်မြင် ..
    (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ .. အာဖျံကွီး လုပ်တတ်တာနဲ.များတူနေမလားလို. ရွှီးကြည့်တာ .. အဟဲ)
    အာဖျံကွီးကတော့ တကယ်မြင်ဖူးတယ် ဆရာ . .ပိုစ်တောင်တင်ဖူးသေးတယ် ..

Leave a Reply