လောကမှာ သိပ်ကို ရင်းနှီးနေကြတဲ့ လူတွေအတွက် ခွင့်မတောင်းစရာကို မလိုတဲ့ကိစ္စတွေအများကြီးပါ
ဥပမာ အလုပ်တစ်ခုမှာ နှစ်လ ကြာ၇ှည်စွာ အတူတူလုပ်နေကြတဲ့ သူအချင်းချင်း တစ်ယောက်က အလုပ်များနေရင်
ငါ ကူလုပ်ပေးရမလားဆိုတဲ့စကားက မလိုအပ်တာသေချာပါတယ် ဒီလိုပါပဲ သိပ်ရင်းနှီးနေကြတဲ့
လူနှစ်ယောက်ကြားမှာရှိတဲ့ တစ်ချို့ကိစ္စတွေဆိုရင်လဲ ခွင့်တောင်းဖို့ လိုကိုမလိုအပ်တာပါ …

– မင်း အနားမှာ ကိုယ့်ကို အမြဲ ရှိနေခွင့်ပေးပါ… (ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲဆိုတော့ မင်းအနားမှာ ကိုယ်ကလဲ အမြဲရှိချင်နေချင်သူမို့ပါ …

– မင်းနဲ့အတူတူ ကိုယ်လဲလိုက်ပါရစေ …(ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲ ဆိုတော့ မင်းမလိုက်ရင်တောင် ကိုယ်က ခေါ်ချင်နေသူမို့ပါ…

– မင်းအတွက် ကိုယ် ဘာများလုပ်ပေးရမလဲ….(ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲဆိုတော့ မင်းဘာမှ မလုပ်ပေး၇င်တောင် မင်းအနားမှာရှိနေတာလေးနဲ့တင် အရာရာပြည့်စုံနေသူမို့ပါ

– ဒီတစ်ပတ် တနင်္ဂနွေနေ့ လျှောက်လည်ကြမလား … (ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲ ဆိုတော့ တနင်္ဂနွေမှ မဟုတ်ပါဘူးမင်းနဲ့အတူ အမြဲ သွားချင်နေသူမို့ပါ

– မင်းလက်ကလေးကို ကိုယ့်ကို ကိုင်ထားခွင့်ပြုပါ … (ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲဆိုတော့ မင်းမကိုင်ရင်တောင် ကိုယ်ကအားကိုးတကြိး မင်းလက်ကိုဆွဲထားနေမိလို့ပါ

– မင်းပုခုံးလေးပေါ် ကိုယ်မှီပါရစေ …. (ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲဆိုတော့ မင်းအတွက် ကိုယ်ဟာ မှီခိုစရာတစ်ခုမဟုတ်ရင်တောင် ဖြေသိမ့်စရာအဖြစ်အမြဲ ၇ှိချင်နေသူမို့ပါ

– မင်းပါးလေးကို နမ်းပါရစေ …(ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲဆိုတော့ အနမ်းခံချင်ရင်တောင် အဲလို မျိုးခွင့်တောင်းလိုက်တဲ့အတွက် ရှက်ပြီး ဟင်းအင်း လို့ပြောမိမှာ ဆိုးလို့ပါ .

– မင်းရဲ့ အရိပ်လေး အမြဲဖြစ်ပါရစေ (ခွင့်တောင်းရန်မလိုပါ)
ဘာလို့လဲ ဆိုတော့ ကိုယ်ဟာ မင်းဖြစ်ပြီး မင်းဟာ ကိုယ်ဖြစ်နေလို့ပါ …

………………………… (ခွင့်တောင်းရန်မလိုပါ)
………………………… (ခွင့်တောင်းရန်မလိုပါ)
………………………… (ခွင့်တောင်းရန်မလိုပါ)
………………………… (ခွင့်တောင်းရန်မလိုပါ)
………………………… (ခွင့်တောင်းရန်မလိုပါ

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..