ခွင့်မတောင်းပင်မဲ့ ရပါတယ်

နွယ်ပင်June 14, 20111min1478

လောကမှာ သိပ်ကို ရင်းနှီးနေကြတဲ့ လူတွေအတွက် ခွင့်မတောင်းစရာကို မလိုတဲ့ကိစ္စတွေအများကြီးပါ
ဥပမာ အလုပ်တစ်ခုမှာ နှစ်လ ကြာရှည်စွာ အတူတူလုပ်နေကြတဲ့ သူအချင်းချင်း တစ်ယောက်က အလုပ်များနေရင်
ငါ ကူလုပ်ပေးရမလားဆိုတဲ့စကားက မလိုအပ်တာသေချာပါတယ် ဒီလိုပါပဲ သိပ်ရင်းနှီးနေကြတဲ့
လူနှစ်ယောက်ကြားမှာရှိတဲ့ တစ်ချို့ကိစ္စတွေဆိုရင်လဲ ခွင့်တောင်းဖို့ လိုကိုမလိုအပ်တာပါ …

– မင်း အနားမှာ ကိုယ့်ကို အမြဲ ရှိနေခွင့်ပေးပါ… (ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲဆိုတော့ မင်းအနားမှာ ကိုယ်ကလဲ အမြဲရှိချင်နေချင်သူမို့ပါ …

– မင်းနဲ့အတူတူ ကိုယ်လဲလိုက်ပါရစေ …(ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲ ဆိုတော့ မင်းမလိုက်ရင်တောင် ကိုယ်က ခေါ်ချင်နေသူမို့ပါ…

– မင်းအတွက် ကိုယ် ဘာများလုပ်ပေးရမလဲ….(ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲဆိုတော့ မင်းဘာမှ မလုပ်ပေးရင်တောင် မင်းအနားမှာရှိနေတာလေးနဲ့တင် အရာရာပြည့်စုံနေသူမို့ပါ

– ဒီတစ်ပတ် တနင်္ဂနွေနေ့ လျှောက်လည်ကြမလား … (ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲ ဆိုတော့ တနင်္ဂနွေမှ မဟုတ်ပါဘူးမင်းနဲ့အတူ အမြဲ သွားချင်နေသူမို့ပါ

– မင်းလက်ကလေးကို ကိုယ့်ကို ကိုင်ထားခွင့်ပြုပါ … (ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲဆိုတော့ မင်းမကိုင်ရင်တောင် ကိုယ်ကအားကိုးတကြိး မင်းလက်ကိုဆွဲထားနေမိလို့ပါ

– မင်းပုခုံးလေးပေါ် ကိုယ်မှီပါရစေ …. (ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲဆိုတော့ မင်းအတွက် ကိုယ်ဟာ မှီခိုစရာတစ်ခုမဟုတ်ရင်တောင် ဖြေသိမ့်စရာအဖြစ်အမြဲ ရှိချင်နေသူမို့ပါ

– မင်းပါးလေးကို နမ်းပါရစေ …(ခွင့်တောင်းရန်မလိုပါ)
ဘာဖြစ်လို့လဲဆိုတော့ အနမ်းခံချင်ရင်တောင် အဲလို မျိုးခွင့်တောင်းလိုက်တဲ့အတွက် ရှက်ပြီး ဟင်းအင်း လို့ပြောမိမှာ ဆိုးလို့ပါ .

– မင်းရဲ့ အရိပ်လေး အမြဲဖြစ်ပါရစေ (ခွင့်တောင်းရန်မလိုပါ)
ဘာလို့လဲ ဆိုတော့ ကိုယ်ဟာ မင်းဖြစ်ပြီး မင်းဟာ ကိုယ်ဖြစ်နေလို့ပါ …

………………………… (ခွင့်တောင်းရန်မလိုပါ)
………………………… (ခွင့်တောင်းရန်မလိုပါ)
………………………… (ခွင့်တောင်းရန်မလိုပါ)
………………………… (ခွင့်တောင်းရန်မလိုပါ)
………………………… (ခွင့်တောင်းရန်မလိုပါ

8 comments

  • fatty

    June 14, 2011 at 7:52 am

    အခုတော့ခွင့်တောင်းပါရစေ ………….
    ပိုက်ဆံနဲနဲလောက်ချေးပါလား ..။

    • နွယ်ပင်

      June 14, 2011 at 7:56 am

      ဒီကိစ္စကကတော့ ခွင့်တောင်းမှ ရမယ်ထင်တယ်နော် ဦးဖက် 😛

  • kai

    June 14, 2011 at 8:07 am

    ခွင့်တောင်းဖို့မလိုပါ..
    ရေးလိုက်တာနဲ့.. ပိုက်ဆံ ၁ဝ ပေးပြီးဖြစ်နေလို့ပါ..။ 🙂

    • ဆူး

      June 14, 2011 at 9:28 am

      ခွင့်တောင်းဖို့ မလိုပေမဲ့ ခွင့်တောင်း ချင်ပါတယ်။ ၁သိန်းပြည့်ရင် ၂သိန်း ပေးပါလားလို့.. အဟင့်.. အကြွေးတွေ များနေလို့ပါ။ အဟွတ်.. အဟွတ်… အဟွတ်

  • weRone

    June 14, 2011 at 8:53 am

    -( မင်း အနားမှာ ကိုယ့်ကို အမြဲ ရှိနေခွင့်ပေးပါ… (ခွင့်တောင်းရန်မလိုပါ)
    ဘာဖြစ်လို့လဲဆိုတော့ မင်းအနားမှာ ကိုယ်က အမြဲရှိချင်နေချင်သူမို့ပါ …)
    ဟုတ်ပါတယ်ခွင့်တောင်းရန်မလိုပါ.. ကိုယ်က မင်းအနားမှာ အမြဲရှိချင်တဲ့ သူမို့ပါ..
    ဒါပေမဲ့ ….
    ( ကိုယ့်အနား မှာ မင်းအမြဲရှိနေပါ) ဆိုရင်တော့ ခွင့်တောင်းရလိ်မ့်မယ်..:D

  • naywoonni

    June 14, 2011 at 10:34 am

    ဟိုသီချင်းလေး…. သတိရသွားတယ်..။
    ဘာတဲ့ ……. ခွင့်မတောင်းပေမဲ့ရပါတယ်..။ ဆိုတဲ့သီချင်းလေးးးးးးးးး

  • mayhtet

    June 14, 2011 at 1:28 pm

    ခွင့်မတောင်းပေမဲ့ရပါတယ် အဆိုတော်စိုင်းထီးစိုင် ဆိုတဲ့သီချင်းလား 😛

  • windtalker

    June 14, 2011 at 2:31 pm

    မဟုတ်ဘူး အာဇာနည် ခွင့်ပြု တယ် ခွင့်လွှတ်တယ် ။

Leave a Reply