ကိုတောက်တဲ့

cobraJune 14, 20111min18611

လူအတော်များများပြောနေကြတဲ့တောက်တဲ့အကြောင်းလေးသိချင်ပါတယ်။
ဘာအကြောင်းကြောင့်တောက်တဲ့ကိုဈေးကောင်းပေးဝယ်နေကြပါသလဲ။
ရန်ကုန်မှစီးပွားရေးသမားကြီးများတောင်နယ်ဘက်အထိဆင်း
ကာတောက်တဲ့များအား
အမိအရဝယ်ယူနေကြပါတယ်။
ကျွန်တော်အဒေါ်တောင်ငူမှပြောပြချက်အရ
ရန်ကုန်ကလူတွေလာတာများတယ်တဲ့
လာရင်လည်းတောက်တဲ့အကြောင်းပဲပြောနေကြတယ်တဲ့
တောက်တဲ့ဈေးကောင်းရနေတာဘာကြောင့်ပါလဲ….။
သိတဲ့အကို၊အမများဖြေပေးစေချင်ပါတယ်..။

11 comments

  • ဆူး

    June 14, 2011 at 1:23 pm

    အဲဒါ ဦးတရုတ်ကြီးကိုမေး..
    ဟိုနေ့ကတော့ အီးမေး တခု ဝင်တယ် တောက်တဲ့ အကြောင်း လက်မြန် ခြေမြန်နဲ့ ဖျက်လိုက်ပြီ.. ဖတ်ပြီးသွားလို့.. မေးထဲမှာ ရေးထားတာတော့ အလေးချိန်စီးရင် ဈေးကောင်းပေးမယ် ပြောပေမဲ့ သူတို့ ပြောတဲ့ ၂၅ကျပ်သား ဒီက ဘယ်တောက်တဲ့မှ မရှိဘူးလို့ပြောတယ်။ ဒါနဲ့ ဝယ်သာ လိုက်ဝယ်ပြီး အရင်းရှုံးတယ် ရေးထားတာပဲ ဟုတ်မဟုတ်တော့ မသိဘူး။

  • nature

    June 14, 2011 at 1:35 pm

    ကမာ္ဘကြီးရာသီဥတုဆိုးဝါးလာတော့ တောက်တက်တွေဖမ်းပြီး မိုးလေဝသဟောခိုင်းမလို့ထင်တယ်။

  • fatty

    June 14, 2011 at 2:12 pm

    တောက်တဲ့သားက သူငယ်နာကောင်းတယ် .. တရုတ်ပြည်မှာ ကလေးမွေးချင်တိုင်း မမွေးရတော့
    မွေးတဲ့ကလေးကို ပိုးမွေးသလိုမွေးရတာပေါ့ .. ကလေးဆေးအတွက်ပါ။

  • nozomi

    June 14, 2011 at 3:28 pm

    ကိုတောက်တော့ မသိဘူး ကိုပေါက်တော့ သိတယ်
    ရုပ်ချော သဘောကောင်း အရေးလှပြီး အရိုက်တော်တယ်
    မန်းလေးလာတဲ့ ရွာသူရွာသားတွေ ကိုပေါက်နဲ့ ဆက်သွယ်လိုက်ရင်
    အားလုံး ငြိမ်း တဲ့

  • လင်းငယ်

    June 14, 2011 at 4:58 pm

    တောက်တဲ့ အကြောင်းနဲ့ပက်သက်ပြီး လူတစ်ဦးနဲ့ စကားပြောဖူးတယ်။ ဘာကြောင့် ဈေးတွေ မတန်တဆ ကောင်းနေတာလဲဆိုတော့ AIDS ကို ကုတဲ့ နေရာမှာ သုံးနေတဲ့ အတွက်လို့ သူက ပြောပါတယ်။ ဒါက စကားအဖြစ်ပြောတာပါ။ သက်သေ အထောက်အထားတော့ မရှိပါဘူး။ ယုံချင် ယုံ မယုံချင် မယုံနဲ့ပေါ့။ သိတာကို ပြောပြတာပါ။ သူက ဒါနဲ့ ပက်သက်ပြီး ရယ်စရာတောင် ပြောသေးတယ်။ မင်းတို့ အင်ဂျင်နီယာတွေ ကျောင်းမတက်ပဲ တောက်တဲ့ ထွက်ရှာရမှာတဲ့။ တောက်တဲ့ တစ်ပိသာ တစ်ကောင်လောက် ရရင် စီးပွားရေး လုပ်ငန်းတစ်ခု ထောင်လို့ ရအောင်ကို ရတာတဲ့။ မင်းတို့ အင်ဂျင်နီယာတွေ ကျောင်း ငါးနှစ်တက်ပြီး အလုပ် လုပ်ရင်တောင် အဲလောက် ရချင်မှ ရမှာတဲ့။ အင်း..စဉ်းစားစရာပဲနော်…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 14, 2011 at 5:07 pm

    ပြောတာသာပြောတာပါ
    ဘယ်သူမှလည်းသေသေခြားသိကြတာမဟုတ်ဘူး
    သေခြာတာကတော့
    တရုပ်ကိုသွားတာပါ
    တရုပ်တွေမှလည်းမဟုတ်ပါဘူး
    ဒို့မြန်မာပြည်စားတွေလည်းအခြားသတ္တဝါတွေကိုစားတာပါဘဲ
    ဒါပေမယ့်
    ဒါပေမယ့်
    အဲ့သည်ဘက်ကခွေးမသားတွေက
    ပိုပြီးဝါးတယ်
    မေဂလွားဒွေ
    ဆဲတယ်ကွာ
    ဘာလုပ်ခြင်လဲ

  • bigcat

    June 15, 2011 at 2:02 am

    News Date:6/13/2011 http://www.narinjara.com/detailsbur.asp?id=3240
    စစ်တွေမြို့တွင် စီးပွားရေး သမားတစ်ဦး နေအိမ်မှ အဖိုးတန် တောက်တဲ့များ ဖမ်းဆီးရမိ
    ထွန်းထွန်း
    ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား တစ်ဦး နေအိမ်မှ သိန်းထောင်ချီ တန်ဖိုးရှိသော တောက်တဲ့များနှင့် ဆေးခြောက်ထုပ်များကို ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။
    ဖမ်းဆီးရမိသော တောက်တဲ့မှာ အကောင် ၄ဝ ခန့်ရှိပြီး ကာလ ပေါက်ဈေးနှင့် ဆိုလျှင် ကျပ်သိန်းထောင်ချီ၍ တန်ဖိုးရှိကြောင်း သိရသည်။
    “ စစ်တွေ အောင်မင်္ဂလာရပ်ကွက်က နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား ဦးမောင်တော် ဂေါ်ဘီ အိမ်က ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ သူ့ကို ညနေပိုင်းလောက်မှာ အမှတ် ၂ ရဲတပ်ဖွဲ့က လာပြီး ဖမ်းဆီးသွာတာပါ။ ဖမ်းဆီးရမိတဲ့ တောက်တဲ့ အကောင်က ၄ဝ ကျော် ဖြစ်ပါတယ်။ တကောင်စီ ၂ဝ ကျပ်သား ကျော်ရှိတယ်လို့ ဆိုပါတယ်။ ကာလ ပေါက်ဈေးဆိုရင် သိန်းထောင်ချီ ရှိတယ်လို့ သိရပါတယ်။ တခြား ဆေးခြောက်ထုပ် အများအပြား ကိုလည်း ရဲက ဖမ်းမိတယ်လို့ သိရပါတယ်” ဟု ရပ်ကွက်လူငယ် တဦးက နိရဉ္စရာသို့ ပြောသည်။
    တောတောင်များနှင့် လူနေအိမ်တွင် နေထိုင်လေ့ရှိသည့် ၂ဝ ကျပ်သား အထက် အလေးချိန်ရှိ တောက်တဲ့များကို တရုတ်နှင့် မလေးရှားမှ ဈေးကောင်းကောင်းပေးပြီး ဝယ်ယူနေသဖြင့် အဆိုပါ တောက်တဲ့များကို နိုင်ငံခြားသို့ တင်ပို့ရန် သူ၏ နေအိမ်တွင် ဝယ်ယူ သိုလှောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
    “ တောက်တဲ့က တောရိုင်း တိရစ္ဆာန် အက်ဥပဒေနဲ့ ငြိနေတော့ တရားမဝင် ရောင်းဝယ် ဖေါက်ကားလို့မရဘူးလို့ သိရပါတယ်။ ဒါကြောင်း ရဲက သတင်းအရ သူရဲ့ အိမ်ကို ဝင်ရောက် ရှာဖွေ ဖမ်းဆီးတာ ဖြစ်ပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။
    တောက်တဲ့ အကောင်ကြီးများကို တရုတ်ပြည်နှင့် မလေးရှားမှ ဈေးကြီးပေးပြီး ဝယ်ယူနေသဖြင့် ယခုအခါ တောက်တဲ့ကို မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်း ဘင်္ဂလာဒေချ့်နှင့် အိန္ဒိယ နိုင်ငံတွင်လည်း လိုက်လံ ရှာဖွေ ဖမ်းဆီး နေကြသည်ဟု သိရသည်။
    မလေးရှားနိုင်ငံမှ လာသော သတင်း တပုဒ်တွင် ၃၀ဝ ဂရမ်အထက် တောက်တဲ့ တစ်ကောင်ကို မလေးရှား ရမ်ဂစ် နှစ်သောင်း ငါးထောင် အထက် ဈေးပေါက်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂ဝ ကျပ်သား တောက်တဲ့ တစ်ကောင်ကို သိန်း (၅၀) အထက် ဈေးရရှိကြောင်း သိရသည်။ ဘင်္ဂလာဒေချ့်တွင် ၃၀ဝ ဂရမ် အထက် တောက်တဲ့ တစ်ကောင်ကို တာကာ (၅) သိန်းပေါက်ဈေး ရှိနေကြောင်း သိရသည်။

    တောက်တဲ့ ရောင်းဝယ်နေသူ တစ်ဦးက “တောက်တဲ့ အကောင် အငယ်ပိုင်းကို မယူဘူးနော်။ အနည်းဆုံး ကျပ်သား ၂ဝ ဖြစ်ရမယ်။ ကျပ်ချိန် ၂ဝအထက် ဆိုအကုန်လုံးဝယ်တယ်။ ကျပ်ချိန် ၂ဝ သားတကောင်ဆို ကျပ်သိန်း ၄ဝ ထိ ရောင်းရပါတယ်“ ဟုတောက်တဲ ရောင်းဝယ်နေသူ တဦးကပြောသည်။

    အဆိုပါ အရွယ်အစား တောက်တဲ့များကို တရုတ်ပြည်က အကြီးအကျယ်ဝယ်နေသဖြင့် ယခုအခါ ရခိုင်ပြည်နယ်တွင် တောက်တဲ့များ အထူး ရှားပါးလာသည်ဟုသိရသည်။

    “တောက်တဲက တရုတ်ပြည်မှာရောက်လို့ရှိရင် ရွှေဈေးနဲ့တူတူဖြစ်သွားတယ်လို့သိရပါတယ်။ ပီးတော့အဲဒီ တောက်တဲ့ကို AIDS ဆေး ဖေါ်စပ်ရာမှာအသုံးပြုတယ်လို့လည်း ပြောကြပါတယ်။ အဲဒါကြောင့် ဈေးများများ ပေးပြီးဝယ်နေတာဖြစ်နိုင်ပါတယ်။ တရားဝင်တော့ဝယ်လို့မရဘူး။ လျှို့လျှို့ဝှက်ဝှက်နဲ့ဝယ်နေကြတာပါ“ ဟုဆက် ပြောသည်။

    ၎င်းပြင် တောက်တဲ့ကို AIDS ဆေးဖေါ်စပ်ရာတွင်၎င်း၊ ကင်ဆာရောဂါတွင်၎င်း၊ ဝက်ခြောက်နာတွင်၎င်း၊ ကာမအားတိုးဆေး အဖြစ်၎င်း အရိုးပြန်ဆက်ရာတွင်၎င်း၊ ယာနားရောဂါများကုသရာတွင်၎င်း အသုံးပြုသည်ဟု သိရသည်။

    တောက်တဲ့နှင့် ဆေးခြောက်ထုပ်ဖြင့် ဖမ်းဆီးခံရသူ မွတ်စလင် ဦးမောင်တော်ဂေါ်ဘီမှာ ယခုအခါအမှတ် ၂ ရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

  • xman

    June 15, 2011 at 4:58 am

    တောက်တဲ့က မြန်မာပြည်မှာရော ဘယ်လိုအသုံးကျသလဲ…..
    ဥပမာ – ဂေဟစံနစ်ကို အကျိုးပြုသလား…..
    အင်းဆက်တွေစားတာကတော့ အိမ်မြှောင်ရော ပေါက်သင်ညိုရော အခြားအကာင်တွေရော စားတာမို့ တောက်တဲ့က ထူးထူးခြားခြား အကျိုးပြုတယ်လို့ မဆိုနိုင်ပါ။
    တောက်တဲ့တွေသိပ်ရှားသွားရင် ဘာဆိုးကျိုးတွေရှိမလဲ….
    အဲဒါတွေသိတဲ့လူက ပြောပြရင်ကောင်းမှာ။
    သိပ်အဖိုးတန်နေရင်လဲ တရုတ်ပြည်မရောက်ကုန်ခင် တားဆီးကြရအောင်ပေါ့…
    ဘာမှအဖိုးမတန်ဘူးလို့ အဖြေထွက်ရင်တော့ သူ့ဟာသူ သေပြီးပုပ်ကုန်မယ့်အစား တရုတ်ဖြစ်ဖြစ် ကုလားဖြစ်ဖြစ် မိုက်တဲ့သူဝယ်ပစေပေါ့ ….

  • လင်းဝေကျော်

    June 15, 2011 at 6:56 am

    တောက်တီးတောက်တဲ့။
    အဲဒီအလေးချိန်လောက် ကောင်တွေက ရှာဖို့မလွယ်လောက်ပါဘူး။
    ဘာဖြစ်လို့များဈေးတွေကောင်းနေကြတာတုန်း။

  • etone

    June 15, 2011 at 9:51 am

    ဟိုတနေ့က ကုလားတယောက်အိမ်မှာ တောက်တဲ့ တွေ လှောင်ထားတာ ဖမ်းမိတယ်ဆိုတဲ့ သတင်းဖတ်လိုက်မိတယ်.. ။

  • windtalker

    June 16, 2011 at 4:23 am

    ဆရာသော်တာဆွေ ရဲ ့မခင်နှင်းဆီ ဝတ္ထု ထဲ မှာ ရေးထားတာတော့ အမြီးနှစ်ခွ နဲ ့တောက်တဲ့ က အမျိုးသား တနလာင်္ ကို support ပေးတယ် ဆိုလား ဗျ ။ အမြီးနှစ်ခွ နဲ ့တောက်တဲ့ များ တွေ ့ခဲ့ရင်တော့ သေချာ မွေးထားနော် ကိုcobra ။

Leave a Reply