မင်္ဂလာပါ

nyolayJune 14, 20111min20118
images

MG member များကို မိတ်ဆက်တာပါ း)

ညိုလေး လို့ခေါ်ပါတယ် MG က star များဖြစ်တဲ့  လေးဖက် ၊ဦးပေါက် ၊မမဆူး ၊မမဝေ (ကျန်တဲ့သူတွေလဲ အများကြီးသိတယ်နော် ) တို့ ရေးတဲ့ ပိုစ့်တွေကို ဝင်ဖတ်နေတာ ကြာပါပီ

အရေးသမား မဟုတ်ပဲ စာဖတ်တာ ဝါသနာပါလို့ MG မှာ ကျင်လည်ရင်း ပျော်နေတာပါ ခုတော့ သူများတွေ မန့်သလိုမျိုး ဆွေးနွေးချင်လို့ member ဝင်လိုက်တာပါ

ပွင့်ပွင့် လင်းလင်းပြောဆို ခင်နိုင်ပါတယ် ရှင်။ (ရုပ်ဆိုးပေမဲ့ သဘောကောင်းပါတယ် )

 

 

18 comments

  • cobra

    June 14, 2011 at 9:49 am

    ဟုတ်ကဲ့MGမှကြိုဆိုပါတယ်…
    ရုပ်ဆိုးတာကိုတော့ထည့်မကြွားပါနဲ့….
    MGမှာချောတာဆိုလို့တယောက်ထည်းရှိတယ်
    ဘယ်သူလဲသိလား…။

  • weRone

    June 14, 2011 at 10:00 am

    ငါထင်တယ်… ဟိဟိ 😀

  • good

    June 14, 2011 at 10:15 am

    ရုပ် ဆိုးတယ် တဲ့ မယုံပါ ဘူး။ ပုံ တွေ့ရ မှ ယုံမယ် တဲ့၊ မိုက်ခဲဂျီမဲအောက်ပု က။

  • narziparty2009

    June 14, 2011 at 10:31 am

    ရုပ်ဆိုးတယ်ဆိုရင်အတော်ပဲ
    ငါ.အဖွဲ.ထဲမှာခေါင်းဆောင်တင်မယ်။

  • ညိုထွေးကို အကိုလေးတို့ မန်းလေးဂေဇက်က
    အားရ ပါးရ ကြိုဆိုလိုက်ပါတယ်။
    တစ်ခါတစ်လေတစ်ယောက်နဲ့တစ်ယောက် ပိုစ်ထဲမှာထဲ့လို့နောက်မယ်
    တစ်ခါတစ်လေတော့လဲ အတည်ပေါက်တွေမန်းရင်း ရန်တွေဖြစ်ကြတယ်။
    အသွင်မတူပေမယ့်လည်း ကိုယ်ကြိုက်တာ ကိုရေးကြပါတယ်။
    ကိုပေါက်ကတော့ ရွာထဲ့ လူတွေကိုနာမယ်ပြောင်ပေးပါတယ်။
    လူသစ် ညိူလေးကိုလဲ ဘယ်လိုနာမယ်ပေးမလဲလို့ တွေးလိုက်ပါအုံးမယ်

    • nyolay

      June 15, 2011 at 6:13 am

      ဟုတ်ကဲ့ MG ကရွာသူရွာသား အားလုံး နွေးနွေးထွေးထွေး ကြိုဆိုလို့ ကျေးဇုူးတင်ပါတယ် ။
      ညို လေးကို လဲ ရင်းရင်းနှီးနှီး ပြောဆိုလို့ ရပါတယ်
      MG က ရွာသူရွာသားအားလုံးကို ညိုလေးက မုန့် အဝကျွေးပါမယ် (100 တန် အောက်)
      မမဆူး မမအိတုန်း မမဝီဝီကော လေးဖက် ကိုပေါက် ကော အကုန်ပါတယ်နော် လာကြ လာကြ….

  • ဆူး

    June 14, 2011 at 1:12 pm

    ခင်မင်မှုမှာ ရူပါ လေးသာ ပါမိရင်တော့ ဆူး တော့ လူတော မတိုးတော့ပါဘူး ညိုလေး ရယ်။
    ဆိုင်ရာ ဆိုင်ရာ အထာလေးတွေ ရှိလို့ လူတော မတိုးပဲ ရွာထဲသာ အတင်းတိုးပြီး အာရွီးနေရပါတယ်ရှင်။
    မင်္ဂလာပါ ခင်ခင် မင်မင် စာလေးတွေ ရေးပြီး ကွန်မန်းလေးတွေ ပေးပေါ့.. အပြန်အလှန် ရင်းနှီးမှု ရှိစေတယ်။

  • fatty

    June 14, 2011 at 1:48 pm

    ညိုချောလေးရယ်ယဉ်ပါတယ် … ဘာကြောင့်များကွဲ့ဖြူချင်တယ် .. သီချင်းစာသားလိုဖြစ်နေပါပြီ
    ညိုလေးနော် … အင်း … အင်း …
    ခင်တတ်သူတွေချည်းပါဘဲ မန်ဘာဖြစ်ချင်ရင် ဦးဖက်ဆီ postcard size ပုံတပုံပို့ရတာရောသိပြိးပြီလား။

  • weiwei

    June 14, 2011 at 2:05 pm

    ိမင်္ဂလာပါ …
    ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ကွန်မန့်တွေ ပေးရင်း အပြန်အလှန် နားလည်မှုတွေ ရနိုင်ပါတယ် …
    ကြိုဆိုပါတယ် ….

  • nozomi

    June 14, 2011 at 3:11 pm

    “မျက်ဝန်းထဲမှာ မိုးတွေရွာနေပြီ ညို”

    ဘယ်သူ့ဝတ္ထုလေးပါလိမ့် ?

  • noob

    June 14, 2011 at 3:53 pm

    ရိုက်မစစ်ပဲနဲ ့ပြောသွားလိုက်တာ ရုပ်ဆိုးတယ်တဲ့ မချောလည်းရပါတယ် ရုပ်ချောနေရင် ရင်မောရလွန်းလို ့

  • ကြောင်ကြီးရေ ဒီတစ်ခါ ရွာသူအသစ်ကလေးကို မင်းဘာလို့ မိတ်မဆက်သေးတာလဲ
    နောက်ကျရင် အပေါက်ဝက လှည့်ပြန်သွားရမယ်နော်
    မုန့်ကုန်သွားလို့ပါ။

    • bigcat

      June 15, 2011 at 1:52 am

      ညိုထွေး
      အပျိုလေးကို
      ဆိုရေးရှိလို့
      အကိုသူဌေး
      ဖေါ်ကျွေးချင်တာ
      ပီယချစ်ဆေး….
      😳

      • meelay

        June 15, 2011 at 6:48 am

        ညိုလေးရေ … ဦးကြောင်ကြီးကျွေးတဲ့ ပီယဆေး မစားမိစေနဲ့နော် … သတိထား… 🙂

  • MaMa

    June 15, 2011 at 2:24 am

    ညိုလေးရေ-အားလုံးအားလုံးသော member များလိုပဲ ကြိုဆိုပါတယ်လို့။ တာဝန်မကျေမှာစိုးလို့ လက်တို့ပြီး ပြောရဦးမယ်။ တချို့ ကွန်မန့်တွေမှာ ညိုလေးက ညှိလေးဖြစ်နေတယ်နော်။

  • KoNyeinChan

    June 15, 2011 at 2:41 am

    (ရုပ်ဆိုးပေမဲ့ သဘောကောင်းပါတယ် )
    မြှုပ်ချက်တစ်ခုက (သဘောလည်းကောင်းတယ် လက်ဝါးလည်းပြင်းတယ်)
    သတိထားကြနော် ကိုယ့်လူပျိုတို ့ 😀

  • esz88

    June 15, 2011 at 7:35 am

    ပြောပြထားရဦးမယ် မြို့ထဲ မသွားကြနဲ့ နော် ပါသွားမှာစိုးလို့ပြောတာပါ

Leave a Reply