ရွှေ ရွှေ လိပ်ပြာ …

weiweiJune 14, 20111min15314

အခုတလော မိုးကလည်းများ အလုပ်ကလည်း မအားတာနဲ့ အပြင်ကို သိပ်မထွက်ဖြစ်တာကြာပြီ … ဓါတ်ပုံအလှတွေလဲ မရိုက်ဖြစ်တာ ကြာနေပြီ … လွန်ခဲ့တဲ့ ၃ ရက်လောက်က ညဘက် ၁ဝ နာရီ ကျော်မှာ ဓါတ်ပုံထဲက လိပ်ပြာတစ်ကောင် ကျွန်မအိမ်က ဧည့်ခန်းထဲကို မျက်စိလည်လမ်းမှားပြီး ဝင်ရောက်လာပါတယ် … ၄ ထပ်အမြင့်ရှိတဲ့ တိုက်ခန်းထဲမှာ ကျွန်မ ကွန်ပျူတာနဲ့အလုပ်ရှုပ်နေတုန်း ခါးနားကို လာနားလိုက်တာ လန့်လွန်းလို့ ထခုန်မိသွားခဲ့ပါတယ် … အဲဒါနဲ့ လိပ်ပြာလေးလဲ လန့်သွားပြီး ဘေးနားက ဘီဒိုအောက်နားလေးမှာ ခဏနားနေတုန်း ကင်မရာအမြန်ယူပြီး ဓါတ်ပုံရိုက်ထားလိုက်ပါတယ် …
တော်တော်လှတဲ့ လိပ်ပြာလေးကိုကြည့်ပြီး ကဗျာစပ်ပြီးတင်မယ်စိတ်ကူးပြီး စာသားလေးတွေစဉ်းစားတာ ဘယ်လိုမှ ထွက်မလာတာနဲ့ ဒီအတိုင်းပဲ တင်လိုက်ပြီ …

ကျွန်မက အပြင်ထွက်ပြီး ဓါတ်ပုံမရိုက်လို့ မော်ဒယ်လိပ်ပြာလေးက အိမ်ထဲအထိလာပြီးများ ဓါတ်ပုံအရိုက်ခံတာများလားလို့ …. 😛

14 comments

  • ဆူး

    June 14, 2011 at 3:11 pm

    ိလိပ်ပြာ အိမ်ထဲ ဝင်ရင် လာဘ်ကောင်းတယ် ပြောကြတယ်နော်.. အမ လာဘ်ရွင်ရင် မုန့် ဝယ်ကျွှေး။

    • weiwei

      June 15, 2011 at 12:43 am

      လာဘ်ရွှင်ရင်တော့ တကယ်မုန့်ဝယ်ကျွေးမှာပေါ့ ….
      သူနားနေတာကို ဘေးကနေ အကြာကြီး အနီးကပ်ထိုင်ကြည့်နေတာတောင်မှ ထွက်မပြေးဘူး … အိပ်ဖို့တံခါးပိတ်တော့မှ သူ့ကိုဖမ်းပြီး အိမ်အပြင်ဘက်ကို ထုတ်လိုက်ရတယ် …

  • “ချစ်သူ့လိပ်ပြာ”

    မမြင်ရတာကြာ
    မတွေ့တာလဲကြာ
    မင်းကို သိပ်လွမ်းတဲ့အခါ
    အချစ်ကိုဖော်ဆောင်တဲ့
    အဝါရောင်လိပ်ပြာလေးအဖြစ်
    ဘဝပြောင်း
    ကောင်းသောလာခြင်းနဲ့
    မင်းဆီကို လာဖြစ်ခဲ့ရင်
    အချစ်…………. မင်းလန့်မသွားနဲ့နော်
    (အဲဒါဝမေမရဲ့အတွက်တဲ့လာပြောလို့ရေးပေးလိုက်တာနော်။
    အငှားခံစားချက်လေးပေါ့။)

  • phyoshein

    June 14, 2011 at 4:21 pm

    လိပ်ပြာ..
    အဲဒီ လိပ်ပြာတွေပေါ့..
    တစ်ကယ်တော့ လိပ်ပြာတွေက ချစ်ချဉ် စရာကြီးရယ်ပါ…
    ချစ်တာက ဝတ်မှုန်ကူးပေးလို့..
    ချဉ်တာက.. ပိုးကောင်တွေကို မွေးပြီး… သီးနှံပင်တွေကို ဖျက်ဆီးလို့..
    ပိုးမွှားတွေ ကျရောက်စေလို့..

  • bigcat

    June 15, 2011 at 12:49 am

    ဟုတ်ဖူး။ အဲဒါ သဂျီးလွှတ်လိုက်တဲ့ မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်…

  • MaMa

    June 15, 2011 at 2:10 am

    အားးးးးးးးးးလှလိုက်တဲ့ လိပ်ပြာလေး။ ဒေစီကျော်ဝင်း ဆိုထားတဲ့ ရွှေပိုးကောင် သီချင်းပဲ ကြားဖူးတယ်။ ခုတော့ ကိုပေါက် စပ်ဆိုတဲ့ ရွှေလိပ်ပြာသီချင်း- အဆိုတော်ရှာပြီး ခွေထုတ်မှ ထင်တယ်။:P

  • Shwe Tike Soe

    June 15, 2011 at 5:19 am

    ကိုပေါက်ကြီး က ကဗျာစပ်တာလဲ တော်သားပဲ
    မိုက်တယ် ကဗျာလေးက

  • fatty

    June 15, 2011 at 5:55 am

    လိပ်ပြာ ဆိုတော့ ၄၅ .. သေချာပြီဒီတပါတ်။

  • meelay

    June 15, 2011 at 6:08 am

    မီးလဲ ရိုက်ထားတာ တစ်ပုံရှိတယ် … တင်လိုက်အုံးမှ …….. 🙂

  • nyolay

    June 15, 2011 at 6:22 am

    လိပ်ပြာလေးက ချစ်စရာလေးပဲ
    လေးပေါက်စပ်လိုက်တဲ့ ကဗျာကလဲ မိုက်ပ
    တော်တယ် လေးပေါက်
    ညိုလေးနီးပါပဲ နော်

  • shweminthar

    June 15, 2011 at 10:29 am

    အဟိ
    လိပ်ပြာ ကလဲ လှ
    ကိုပေါက် ကလဲ စ
    ကွန်မန်းရေးပြီး မ
    ရှေ့ဆက်ရန် အတွေးစ အတွေးစ
    ကိုပေါက် ကို ဘယ်သူကရေးခိုင်းလဲ ဆိုတာ……

    ထောက်လှမ်းရေးလုပ်လိုုက်ဦးမယ်။ သတင်းရ တာနဲ့ ရွာထဲမှာ အခမဲ့ ကြေငြာ လိုက်မယ်။

  • MaMa

    June 15, 2011 at 12:13 pm

    အခမဲ့စုံစမ်းရေး ကလည်း အသင့်ပါပဲလား။

Leave a Reply