ဒူးနာနေတဲ့ သာကူသည်

ဆူးJune 14, 20111min22015

တခါတုန်းက အသိတယောက် ဆို အသက် ၃၈နှစ်လောက်ပဲ ရှိသေးတယ်။ ချော်လဲပြီး ဒူးထိသွားတာ အသက် ၃၅နှစ်လောက်မှာ ဖြစ်သွားတယ်။ လဲပြီး ခါစ တုန်းကတော့ နီးစပ်ရာ ဆရာတယောက်ကို သွားပြတာ ရမ်းနိပ်လိုက်လို့ ဒူး ပိုနာသွားပြီး ဒူးမှာရှိတဲ့ ဂုံညင်းကြီး ထွက်သွားလို့ ဒူးက အကြီးကြီး ဖြစ်သွားတာ ဒူးက ဘယ်လောက် ကြီးလဲ ဆိုရင် သူ့ပေါင်ရင်း အလုံးထက်တောင် ပိုတုတ်တယ် အဲလိုနဲ့ နေလိုက်တာ ၃နှစ်လောက် ဖြစ်နေပြီ။ ဒူးကလည်း တန်းနေတာ လမ်းမလျှောက်နိုင်တော့ဘူး
ဈေးမှာ သာကူ လိုက်ရောင်းတယ် ဆိုင်ခုံ နေရာ မဝယ်နိုင်တော့ ဈေးရှေ့မှာ အိုးလေး ချရောင်းတယ်။ ဂဠုံ လိုက်ဖမ်းရင် သူများလို အိုးလေး မပြီး မပြေးနိင်လို့ အဖမ်းခံရရင်း အရင်းပါ ပြုတ်ပြုတ် သွားတယ်။ နောက်တော့ ဈေးမရောင်းတော့ပဲ အိမ်တွင်းမှု ထိုင်လုပ်ရတဲ့ အလုပ်လုပ်တယ် ဂုန်နီ အထုံးကို ကျစ်တာ တထုံးကို ၁၀၀ဝ ရတယ်။ တနေလုံး ထိုင်ကျစ်မှ ၁ခုခွဲထက် မပိုဘူး။ အမှုန်တွေလည်း ထလိုက်တာ လွန်ရော.. ကြာရင် အသက်ရှုလမ်းကြောင်းပါ ပြသနာ ဖြစ်နိုင်တယ်။ ရပ်ကွက်ကလည်း သူ့လုပ်တာနဲ့ အမှုန်ထလို့ သိပ်မကြည်တော့ လုပ်စရာကလည်း မရှိ ထိုင်မရ ထမရ ဘဝ နဲ့ တော်တော် ဒုက္ခများတဲ့ အပြင် ကျောင်းတက်နေတဲ့ ကလေး သမီး တယောက်ရှိသေးတယ်။ ယောကျား မရှိဘူးလား မေးတော့ ယောကျားရှိတယ် ဒါပေမဲ့ နေစရာ အိမ် သီးသန့်မရှိလို့ အမ လုပ်သူရဲ့ အိမ်မှာ ကပ်နေပြီး အိုးခွက်ဆေး ပေးရင်း နေရတယ် အမ မိသားစု တခုလုံးက သာကူ ရောင်းတာ သူကပဲ ဒိုင်ခံ ချက်ပေးတယ် ဒီလိုနဲ့ အဆင်ပြေသလို စားသောက်ပြီး နေကြတယ်။ သူ့ယောကျားကတော့ သူ့အမေ အိမ်မှာ နေတယ်။ ယောက္ခမ အိမ်ကို ယောကျား လာပါအုန်းဟယ် တွေ့ချင်တယ် ဆိုမှ ညအိပ်သွားတယ်။ နောက်နေ့ အိမ်ပြန်လာပြီး အမ အိမ်မှာ သာကူချက်တယ် နေ့ဘက်ဆို ဂုန်နီ အထုံးကျစ် သမီးကလေးက ၈တန်း ၉တန်းလောက် ဖြစ်နေပေမဲ့ အဒေါ်အိမ်မှာပဲ တူတူနေပါတယ် အဖေ နဲ့ သွားနေမယ် ဆိုရင်လည်း အဆင်မပြေဘူး နေစရာ နေရာ မရှိဘူးလို့ ပြောတယ်။
ဒါနဲ့ သူအကြောင်းကြားတော့ သနားတာနဲ့ အဲဒီ သမိုင်းက ဆရာကို ပြောပေးထားပြီး သူကို သွားပြခိုင်းတယ်။ သူကိုတော့ လမ်းစရိတ် ပေးတယ်။ ဆရာကလည်း သနားလို့ တခါတလေမှ ဆေးခန်းခ ယူတယ်။ ဆေးခန်းခ ကလည်း သိပ်မများပါဘူး ၅၀ဝ ၁၀၀ဝ ဝန်းကျင်ပါပဲ။ ဒီလိုနဲ့ ၃လလောက် ဆက်တိုက် ကုလိုက်တာ ကောင်းသွားတယ်။ နောက်ဆုံး သူကောင်းသွားတဲ့ အထိ ကုန်ကျ စရိတ်က အလွန်ဆုံး ၅သောင်းပါပဲ အဲလောက်တောင် မကျဘူး ထင်ပါတယ်။ လမ်းလည်း ပြန်လျှောက်နိုင်သွားတယ်။ အခုတော့ ဈေးဗန်းလည်း မပြီး ပတ်ပြေးနိုင်လို့ အဖမ်းမခံရတော့ဘူး။ နောက်တော့ သူလည်း ကောင်းသွားပြီး ဈေးလေး ရောင်းနိုင်တော့ သမီး အပျိုလေး ကျောင်းနားမှာ ဈေးသွားရောင်းတာ သမီး ဘဲ နဲ့ တွဲတာ တွေ့တော့ သမီးလုပ်သူက အမေတော့ တွေ့သွားပြီး ရိုက်သတ်ခံရတော့မှာကို ကြောက်လန့်ပြီး ခိုးရာ လိုက်သွားတော့တာပဲ။ နောက်တော့ ခိုးရာ လိုက်ပြေးတဲ့ သမီးကို ကောင်လေးဘက်က ကောင်းကောင်းမွန်မွန် လုပ်ပေးပြီး အိမ်ကလေး ပေးထားတော့ အမေ လုပ်သူလည်း အဆင်ပြေသွားတယ် သမီး လုပ်တဲ့ လူနဲ့ လိုက်ကပ်နေလို့ ရသွားတယ်။ ဒီလိုနဲ့ အဖေ ကော အမေ ကော ချစ်လျက်နဲ့ နေစရာ မရှိလို့ ခွဲနေတဲ့ ကိစ္စ အဆင်ပြေသွားကြပါတယ်။

နောက်ဆုံး အဆုံးသတ်လိုက်တော့.. ဒူးနာနေတဲ့ အမ တယောက်ကို ဆေးဖိုးနဲ့ လမ်းစရိတ်ပေးပြီး ကုပေးတဲ့ အကြောင်းလေး ဖြစ်ပါတယ်။

15 comments

  • padonmar

    June 14, 2011 at 2:54 pm

    ဒါဆို ဆူးက မြားနတ်မယ်ပေါ့။နှစ်စုံတွဲ အဆင်ပြေအောင်ကူညီရသော ကုသိုလ်ကြောင့်…………..

  • ဆူး

    June 14, 2011 at 3:00 pm

    အန်တီ ပဒုမ္မာ ပြောမှပဲ.. ဟီးဟီး
    ဆူး ကခြေထောက် ကောင်းအောင် ကူညီ ပေးလိုက်ယုံ သက်သက်ပါပဲ။ သူ့လမ်းကြောင်းနဲ့သူ ခွင်တည့်သွားတာ သူစွမ်းဆောင် ရည်နဲ့ သူပါပဲ။

  • nozomi

    June 14, 2011 at 3:36 pm

    ဤသို့ပြုရ ကုသလကြောင့်
    ပျိုကြီးအလှ ဆူးမမ ဘေး
    ကြင်သားသက်ထီး ခန့်ချောကြီးတစ်ယောက်
    ခုမြန်ရောက်စေ ခုရောက်စေ…………

    😀 😀 😀

  • anewgenerationbone

    June 14, 2011 at 4:35 pm

    မဆူးခင်ဗျား
    မဆူးပြောတဲ့ သမိုင်းကဆရာဆိုတာကို
    ဘယ်လိုရှာရမယ်ဆိုတာလေးကျေးဇူးပြုပေးစေလိုပါတယ်
    ဒီလိုပါခင်ဗျ
    လူနာက
    မြန်မာပြည်အောက်ပိုင်းကပါခင်ဗျ
    ကျွန်တော်ကနေပြီးတော့သူ့ကိုလမ်းညွှန်မယ်ဆိုရင်
    ဘယ်လိုလိပ်စာကိုပေးပြီး
    လမ်းညွှန်ရမလဲဆိုတာမသိလို့ပါခင်ဗျ
    ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ

  • MaMa

    June 15, 2011 at 2:54 am

    Happy ending လေးပေ့ါနော်။

  • narziparty2009

    June 15, 2011 at 3:05 am

    ဆူး ရေးတဲ.ပို.စ်မို. Comment ပေးလိုက်ပြီ
    ဖတ်ရတာ အရမ်းပဲ ကောင်းပါသည်။
    ဒါပေမဲ.လည်းကွယ် သတိတော.ပေးလိုက်မယ်
    ဆူးအလည်.ကျ လိုက်လို.မပြေးပါနဲ.။

    ပြေးမယ်ဆိုလည်း ညီကူဗျစေ။
    လိုက်ခိုးပေးပါ.မယ်

  • နွယ်ပင်

    June 15, 2011 at 3:39 am

    ဆူးက သူများခြေထောက်ကောင်းအောင် ကူညီပေးရင်းနဲ့ မြှားနတ်မောင်ပါ ဖြစ်သွားတာပေါ့ ..
    ဇာတ်လမ်းက အဆုံးသတ်လေးလဲ လှတော့ ကူညီရကျိုးနပ်တာပေါ့နော် ….

  • weiwei

    June 15, 2011 at 3:49 am

    လူမှုဒုက္ခတွေကို ကူညီနိုင်ခဲ့တဲ့ နည်းလမ်းလေးတစ်ခုကို လက်တွေ့ပြောပြလိုက်တာ သင်ခန်းစာလဲရပါတယ် … ဇာတ်လမ်းအနေနဲ့ ရသလဲရတယ် … ဆူးရဲ့ ကုသိုလ်ကိုလဲ သာဓုခေါ်ရင်း မျှဝေယူလိုက်ပါတယ် ..

  • Shwe Tike Soe

    June 15, 2011 at 5:11 am

    လင်းကောင်းသားကောင်းရသွားတာပေါ့..
    ကံကောင်းလို.ပါ.. တချို.ဆို အဲလို အရွယ်ငယ်ငယ်နဲ.ယူကြတာပဲ ကံမကောင်းကြဘူး…

  • good

    June 15, 2011 at 7:28 am

    သူတပါးကို အထူးကူညီတတ် တဲ့ ဆူး ကို အပျိုကြီး ဘဝ က လွတ်အောင် ဘယ်သူများ ကူညီမှာ ပါ လိမ့်။

  • kai

    June 15, 2011 at 7:37 am

    .. ဘုရားမှာ အလှူငွေ ၅သောင်းလှူတဲ့သူထက်..အဆရာထောင်မက ကုသိုလ်ပိုရတယ်လို့မြင်မိပါတယ်..။
    အိုင်စတိုင်းရဲ့.. ရီလတစ်ဗတီ သီအိုရီအရ ..နှိုင်းရ တခုခုရှိမှ ထင်ရှား ပေါ်လွင်မှာမို ့..နှိုင်းပြလိုက်တာပါနော..။ 🙂

    ဒါမျိုးက… တကမ္ဘာလုံးက လူသားတွေ… သာဓုခေါ်နိုင်တဲ့ မွန်မြတ်တဲ့အလုပ်ပါ…။
    သာဓု..သာဓု..သာဓုပါဗျာ..။

  • natthamee

    June 15, 2011 at 8:21 am

    မွန်မြတ်တဲ့အလုပ်မို့ သာဓုခေါ်ပါတယ် ဆူးရေ …

  • parlayar46

    June 15, 2011 at 9:17 am

    ဒီပိုစ့်ကိုဖတ်ရတော့ –
    ဟိုးရှေးရှေးတုန်းက ဦးဖိုးကျားရေးခဲ့တဲ့ မိတဆိုးရှင်ပြု ဆိုတဲ့စာကလေး သတိရမိတယ်။
    သာဓုလဲခေါ်ပါတယ်…
    ဂုဏ်ပြုထိုက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

  • shweminthar

    June 15, 2011 at 10:10 am

    ဆူးတို့ များပါရမီ ဖြည့်ပုံများ သူများနဲ့တောင်မတူဘူး
    သူများဒူးနာတာ ပျောက်တဲ့အပြင် အဆင်ပြေပြေ နေနိုင်သွားတယ်
    သမီးဖြစ်တဲ့သူလဲ ယောက်ျားရသွားတယ်…
    တစ်ချက်ခုတ် သုံးချက်ပျက် . . .
    ကောင်းမှကောင်း

  • ဆူး

    June 15, 2011 at 1:26 pm

    ပိုစ်လေးကို ကောင်းတဲ့ ဘက်က ဝိုင်းလက်ခုပ်တီးပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။

Leave a Reply