မြန်မာကျပ်ငွေမာနေရခြင်း brain stormimg

padonmarJune 14, 20111min19623

ဒီရက်ပိုင်းအတွင်း ဒေါ်လှတွေ ရော FEC ,Earning တွေရော ဒလိမ့်ခေါက်ကွေးကျနေလို့ exporter တွေ ဒေါ်လှစားတွေသာမက ကြွေးယူပြီး ပြည်ပထွက် ငွေရှာကြတဲ့သူတွေပါ အော်ညည်းနေကြပါတယ်။ အကြောင်းတွေတော့ အမျိုးမျိုးကြားရပါတယ်။အိမ်ခြံမြေ လေလံငွေရှင်းဖို့၊ကျောက်ပွဲလေလံငွေတွေဝင်လာလို့ ၊ရေနံနဲ့ သဘာဝဓာတ်ငွေ့ရောင်းရငွေတွေ စုပုံလာလို့၊တရုတ်ကချေးငွေရလာလို့စသည်စသည်…..
အဲဒီထဲမှာ အခုအသစ်ကြားမိတာကတော့ US& China Big Game Play တာဖြစ်ပါသတဲ့၊
China Yuan က ဈေးတအားမာနေတာကို US က ချခိုင်းလို့မရတော့ ဒေါ်လာငွေပျော့အောင်လုပ်ပါတယ်တဲ့။ဒီအခါ တရုတ်ပြည်ထဲက ရင်းနှီးမြှုပ်နှံမှုတွေ တွက်ခြေမကိုက်လို့ နီးစပ်ရာ မြန်မာ။ဗီယက်နမ်စသည် ပြောင်းရန်ပြင်ပါတယ်တဲ့။
အဲဒီလိုမပြောင်းနိုင်အောင် တရုတ်ကြီးက မြန်မာမှာလည်းငွေမာသွားအောင် ငွေထုတ်ချေးပေးလိုက်ခြင်းဖြင့် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ မကိုက်အောင် တနည်းသူ့နိုင်ငံကထွက်မသွားနိုင်အောင် play တာပါတဲ့။
ရွာထဲမှာ think tank တွေများတော့ ဖြစ်နိုင်ခြေ နဲ့ ရှေ့အလားအလာလေး ဆွေးနွေးပေးကြပါအုံး။

23 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 14, 2011 at 4:48 pm

    ကျုပ်ကလည်း ဒီအကြောင်းကို သောက်ကျိုးနည်းအောင်စိတ်ဝင်စားနေတာ
    ကျုပ်ပိုင်တာကတော့ဘာမှမရှိပါဘူး
    ပေးစရာ အရက်အကြွေးဘဲရှိတယ် 😀
    တရုတ် ငွေကြေး ဖောင်းပွ မှု သုံးနှစ် အတွင်း အဆိုးဆုံးအခြေအနေရောက်ရှိ
    တရုတ် စားသောက် ကုန် ဈေးနှုန်းများ သည် မေလ က ထက် ၆.၆ ရာခိုင်နှုန်းထပ်မံ မြင့်တက်သွားပြီး
    ယနေ ့မနက် ထပ်မံ ရရှိသည့် သတင်းများ အရ တရုတ် ယွမ် ငွေကြေး တန်ဖိုး ထပ်မံ ကျဆင်း ကာ
    စားကုန် ဈေး နှုန်းများ မြင့် ဆက်လက်မြင့် တက်နေသည် ဟု သတင်း ရရှိသည်။ တရုတ် နိုင်ငံတွင်း သုံး ငွေကြေးတစ် မျိုး ဖြစ်သည့် ယွမ် ငွေကြေး ဖောင်းပွ မှု ကြောင့် တရုတ်
    နိုင်ငံ ထုတ် ကုန် ပစ္စည်းများ ဆက်လက် ဈေးမြင့် တက် ဆဲ ရှိ နေပြီး ယခု ဖောင်းပွ နေ သည့်
    နှုန်းထား ကို ဆက်လက် ထိမ်း သိမ်း နိုင်ခြင်း မရှိလျှင် တရုတ် စီးပွား ရေး သည် ပြိုလဲ နိုင်သည်
    ဟု နိုင်ငံ တကာ ငွေကြေး ရံပုံငွေ အဖွဲ ့IMF က တရုတ် ပြည် ကို အကြံပေး ထားသည်။

    မတ်လ လယ်က မြန်မာ ငွေ ၁၀၀ဝ ကျပ် ကို တရုတ် ယွမ်ငွေ ၆.၆ဝ ခန် ့ရရှိခဲ့ သော်လည်း ယခု
    ၇.၂ဝ ခန့်ရရှိ သည် ဟု မူဆယ် မြို ့မှ ကုန် သည် တသ်ဦး က ပြောသည်။

    တရုတ် နိုင်ငံ တွင်း ထုတ် လုပ်သည့် ကုန် ပစ္စည်း တစ်ချို ့၏ အရည်အသွေး ညံ့ဖျင်း မှုများ နှင့်
    နိုင်ငံ တကာ စီးပွားရေး တုံ ့ဆိုင်း နှေးကွေး မှု များ ကြောင့် တရုတ် ၏ ပြည်ပ ဝင်ငွေ ကျဆင်းမှု
    ပေါ်ပေါက် လာရခြင်းသည် စီးပွား ရေး နှေး ကွေး စေသည့် အချက် ဖြစ်သည် ဟု ဘောဂ ဗေဒ
    ပညာ ရှင် များ က ထောက် ပြကြသည်။

    ” တရုတ် စီးပွားရေး နှင့် ရင်းနှီး မြုပ်နှံ မှု ဆိုင်ရာ အချက် အလက် အမှန် တွေ ကို ဖော်ထုတ်ဖွင့်
    ချမှု တွေ ကြောင့် တရုတ် စီးပွား ရေး ဟာ အခု လို ကျဆင်း ခြင်း ဖြစ်တယ်လို ့” လည်း တရုတ်
    နိုင်ငံ ရေး ကျွမ်းကျင် သူ ဟာဗတ် တက္ကသိုလ် ပါမောက္ခ ဒယ်နီရယ် ရောစ် က ပြောသည်။

    တရုတ် ဝန်ကြီးချုပ် ဝမ်ကျား ပေါင် က မမှန် ကန်သည့် အချက်အလက် များ ဖော်ထုတ် သူတွေ
    ကို အရေးယူမှာ ဖြစ်ပြီး တရုတ် စီးပွားရေး ကတော့ ပုံမှန် ပဲ ဟု သတင်း ထောက် များ ကို ပြော
    ကြားခဲ့သည်။

    Real China Economic data Leak

    အမေရိကန် ရင်းနှီးမြုပ် နှံ သူ ဂျော့ ဆိုရောစ် က တရုတ် ငွေကြေး တန်ဖိုး ကျဆင်း မှု သည်
    စိုးးရိမ်း စရာ အခြေ အနေ ဖြစ်သည် ဟု သုံးသပ် ပြောကြားသည်။

    တရုတ် နိုင်ငံ တွင် လူသုံး ကုန် ပစ္စည်း ဈေးနှုန်း များ သာ မက အခြေ ခံ စား ကုန် ဈေးနှုန်းလည်း
    ဆက်လက် မြင့် တက် လျှက် ရှိသည်။ တရုတ် နိုင်ငံ တွင် ကုန် ဈေး နှုန်းများ မှာ မတ် လ အတွင်း
    ၅.၈ ရာခိုင်နှုန်း မြင့် တက် သွားသည်။

    တရုတ် နိုင်ငံ တွင် ငွေကြေး ဖောင်းပွ မှု နှုန်းဆက် လက် မြင့် တက် နေသောကြောင့် ဟောင်ကောင်
    ဂျပန် နှင့် စင်္ကာ ပူ နိုင်ငံ တို ့မှ စတော့ အညွန်း ကိန်းများ ဆက်လက် ထိုး ကျ လျှက် ရှိသည်။

    ပြီးခဲ့သည့် နှစ် အောက်တိုဘာလ က တရုတ် နိုင်ငံ သည် ဂျပန် နိုင်ငံ ကို ကျော် ဖြတ်ပြီး ကမာ္ဘ ့
    ဒုတိယ စီးပွားရေး အင်အား အကြီး မား ဆုံး နိုင်ငံ ဖြစ်ခဲ့သည်။

    အမေရိကန် ဒေါ်လာ နှင့် လဲလှယ် ရာတွင် တရုတ် ယွမ်ငွေတန် ဖိုး ယနေ ့ထပ်မံ ကျဆင်းသွား ပြီး
    ၁ ဒေါ်လာလျှင် ယွမ်ငွေ ၆.၅ အထိမြင့် တက်သွားသည့် ယခု နှစ်ဆန်း ပိုင်းက ၅.၈ မှ နေ၍ ငွေကြေး
    ဖောင်းပွမှု တက်သွားခြင်းဖြစ်သည်။

    http://freedomnewsgroup.com/2011/04/16/china-inflation/

  • Ko Ko Aung

    June 15, 2011 at 12:12 am

    အကြောင်းတွေက တမျိုးနှစ်မျိုးထဲ မက ရှိမယ်ထင်ပါတယ်။

    ငွေလဲနှုံးအခုထက် ၁၀% – ၂၀% ထပ်ကျသွားရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို တယောက်ယောက်ကများ ဝေဖန်ပြရင် သိပ်ကောင်းမှာပဲ။

  • bigcat

    June 15, 2011 at 12:45 am

    ငွေမာတယ်ဆိုတာ ကက်ကင်းရိုက်ကြည့်ရင် ငါမွှေတယ်လို့ အဓိပ္ပါယ်ရတယ်။ ဒီတော့ တစုံတယောက်သောသူ ပယောဂမကင်းဘူး။ နောက်တမျိုးအသံထွက်က ငါမြွေလို့ အသံထွက်တယ်။ မြွေဆိုတာမျိုးက သူ့ကို သွားရန်မစရင် ဘာမှမလုပ်ဘူး။ ဒါကြောင့် သူနဲ့ကင်းအောင်နေ။ ကမာ္ဘရွာကြီးမှာ ဒေါ်လှနဲ့ကင်းအောင် နေလို့မရဘူးဆိုရင် ရိပ်သာသွား တရားအားထုတ်၊ သူဈေးတက်မှ ပြန်ထွက်ခဲ့။
    ကုသိုလ်လည်းရ
    ဆေးပေါင်းခ
    ကြောင်ကြီးမူဝါဒ။

  • natthamee

    June 15, 2011 at 1:38 am

    တရုတ်စီးပွားရေးအကြောင်းဖတ်ရလို့ ကျေးဇူးတင်ပါတယ် ကိုအောင်ပု။

  • MaMa

    June 15, 2011 at 2:21 am

    ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိသိန်းကြည်လို့ပဲ ပြောလိုက်ချင်ပါတော့တယ်။

  • weRone

    June 15, 2011 at 3:36 am

    $1 = 1 MMK ဖြစ်ရင် US သွားပြီး Shopping ထွက်မယ်… 😀

    • MaMa

      June 15, 2011 at 12:27 pm

      nature ထက် သာတဲ့လူတွေ့ပြီ။
      $1 = 1 MMK ဖြစ်ရင်
      ပထမဆုံး နီးနီးနားနား တရုတ်ကို သွားလည်ဖို့ ဒေါ်ဝေဝေကို guide ခေါ်မယ်။ (လိုက်မလိုက်က သူ့ကိစ္စ)
      ပြီးရင် US သွားပြီး သဂျီးဆီက ပွိုင့်သွားတောင်းမယ်။ (တသိန်း မပြည့်ပြည့်အောင် ခုထဲက ကြိုးစားနေတာ)
      နောက်ပြီး ကမာ္ဘ့ နေချင်စရာအကောင်းဆုံးမြို့တွေကိုလည်း လျှောက်လည်ချင်သေးတယ်။ ခင်မောင်ထူးရဲ့ သီချင်းထဲကလို မြန်မာပြည်က တိုးရစ်ပေ့ါ။
      ကမာ္ဘပတ်လို့ ပျင်းပြီဆိုရင် ဟင်းချက်နည်းစာအုပ်တွေ ဝယ်ပြီး တစ်မျိုးပြီး တစ်မျိုး ချက်စားမယ်။ (စားချင်တဲ့ ရွာသူရွာသားတွေ ခုကတည်းက စာရင်းပေးထားဖို့ လိုတယ်နော်။)
      အင်းးးးးးးးးးးးးးးးးးစားပြီးလို့ ဝိတ်တွေ တက်လာပြီဆိုရင်တော့ အားကစားလုပ်ဖို့ စာရင်းပေးရတော့မယ်။
      နောက်ထပ်ကတော့ ကုသိုလ်လေးလည်း ရသွားအောင် သဂျီးဆီက ရထားတဲ့ပွိုင့်လေးနဲ့ တွေ့ဆုံပွဲကို စပွန်ဆာပေးမယ်။

  • meelay

    June 15, 2011 at 4:45 am

    ယနေ့တရုတ်ငွေဈေးမှာ မြန်မာငွေ ၁ထောင်လျှင် 8.15 – 8.20 ပတ်ဝန်းကျင် ရှိပါတယ် ….

  • မမလေး

    June 15, 2011 at 9:36 am

    $ အခုဝယ်ထားရင် မြတ်မှာလား .. မြတ်ရင်ဝယ်ထားချင်လို့

    • antimoe

      June 15, 2011 at 10:51 am

      မမလေးရေ….
      ၅၀ဝထိကျမယ်(တက်မယ်) ဆိုပဲ။
      ပိုက်ဆံပေါရင်…မြေဝယ်ထားပါနော။

  • usnczn

    June 15, 2011 at 10:36 am

    ကျွန်တော်နားလည်သလိုပြောကြည့်မယ်နော်..မှားရင် ဝိုင်းဆော်ကြပေါ့ (မတောင်းပန် လဲဝိုင်းဆော်မှာဘဲမဟုတ်လား)
    ဒေါ်လာဈေးကျတာ ကောင်းတယ်လို့ပြောရမှာဘဲ၊
    ဒေါ်လာရှိတဲ့လူတွေကတော့ မကောင်းဘူးလို့ ပြောမှာဘဲ၊
    ဒေါ်လာဈေးကျတာ့ ပြည်ပပို့ကုန် တွေ မပို့နိုင်တော့ဘူး
    ပြည်တွင်းမှာ ကုန်စည်တွေ ပိုလာမယ်
    ရောင်းမရရင် ဈေးလျှော့ ရောင်းရတော့မယ်လေ၊
    ဒါဆို ပုဇွန်ထုပ်ကြီးတွေ ဈေးပေါပေါ နဲ့ ဝယ်စားလို့ ရပြီ
    ဒေါ်လာ လုပ်နေတာနဲ့ ကိုယ့်ပြည်တွင်းက ထွက်တဲ့ စားစရာတောင်
    ပေါပေါလောလော မစားရတာကြာပြီ အခုမှ ဝါးရ စားရ တော့မယ်။
    ခင်ဗျားတို့ က ပြောချင်သေးလား ..“ဒါတွေ မရောင်းရရင်..
    နိုင်ငံခြားငွေ မရ တော့ဘူးပေါ့” ….လို့
    “ရောင်းရတော့ကော … အဲသည်ငွေတွေ ခင်ဗျားတို့ …ကျုပ်တို့…. ပြည်သူ ပြည်သားတွေ
    မြင်ရ ကိုင်ရ သုံးရ စားရ လို့လား?” မေးလိုက်ချင်ပါတယ်။
    ဒီတော့ ဒီအခြေအနေ ကို ကျွန်တော်တော့ ကြိုက်တယ်။
    ဒေါ်လာဈေးထပ်ကျရင် ပိုတောင်ကြိုက်သေး တယ် …
    လစာ မတိုးဘဲ စားသုံးကုန်တွေ ဈေးကျသွားရင်..
    အခြေခံ လူတန်းစားတွေ အတွက် အကောင်းဆုံးဘဲ လို့ထင်တယ်။
    လစာတိုးလိုက် ကုန်ဈေးနှုန်းက တက်လိုက် ဆိုတဲ့ သံသရာ က လွတ်နိုင်မယ် ထင်ပါရဲ့။
    (ဒေါ်လာစား များ.. ကုန်သည် အမြတ်ကြီးစား များ.. ခွင့်လွှတ် နိုင်ပါစေ)

    • padonmar

      June 15, 2011 at 8:42 pm

      ပုဇွန်ထုပ်ဈေးပေါပေါတော့စားချင်ပါတယ်။
      ဒါပေမယ့် အဲဒီလို စားနေရင် ကိုယ်ပြည်ထဲမှာမလုပ်နိုင်သေးတဲ့ ကွန်ပျူတာတွေကင်မရာတွေ စသည် သုံးရတော့မှာမဟုတ်ဘူးနော်။
      တော်တော်များများဆေးတွေကလည်း နိုင်ငံခြားကသွင်းရတယ်။
      ကိုယ့်အိမ်မှာပြန်ကြည့် ပြည်တွင်းဖြစ် ဘယ်နှစ်မျိုး ပြည်ပဖြစ် ဘယ်နှစ်မျိုးလဲလို့။
      သဘောက ကိုယ့်မှာပေါတာပေး ကိုယ့်မှာမရှိတာပြန်ဝယ်သုံးနေတာပါ.
      ဒါမရှိရင် တံခါးပိတ်ဝါဒ ပြန်ဖြစ်သွားမှာပေါ့

    • etone

      June 16, 2011 at 4:41 am

      ဒေါ်လာဈေးကျလို့ export လုပ်ငန်းတွေ ရပ်ဆိုင်းတာမျိုး ၊ ဆိုင်းငံတာမျိုးဆို ထောင်သောင်းပေါင်းများစွာသော အလုပ်သမားတွေ ပိတ်ရက်မှာ လစာရမှာမဟုတ်ဘူး … အဲ့ဒီအခါ ဈေးကွက်ထဲ ပေါပေါများများရနေလည်း ဝင်ငွေ မရှိလို့ မြင်သာမြင် မကြင်ရတဲ့ ဘဝရောက်နေလိမ့်မယ် ။

  • R Ga

    June 15, 2011 at 10:48 am

    ဒီကနေ့ ဒေါ်လာဈေး ပြန်တက်တယ်လို့ သတင်းရပါတယ်။ နေပြည်တော် ကျောက်မျက်ရတနာပြပွဲကြောင့် ပြန်တက်တယ်လို့လည်းသိရပါတယ်။

  • အခုတော့ လျျောသွားပြီ အခုတော့လျောသွားပြိ……………….
    မနက်ပိုင်းက တရုပ်ငွေဈေး .87
    မနေ့ညနေက တရုပ်ငွေဈေး.845

  • nigimi77

    June 15, 2011 at 11:55 am

    ဒေါ်လာဈေးကျတာ ကောင်းတယ် မကောင်းဘူးဆိုတာက …အောက်မှာ နည်းနည်း ဝင်ရွှီးထားတယ်။

    ဥပမာ ခင်ဗျားက အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီနဲ ့ နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်တော့မယ် ဆိုပါဆို ့။

    ကိုရီးယားကို သွားမယ်ဆိုရင် အပြီးအစီး ၁၅ သိန်းလောက် ကုန်ကျလိမ့်မယ်။ အခု ဒေါ်လာဈေးကျတော့ ရ သိန်းခွဲ ၈ သိန်းလောက်ပဲ

    ကုန်မယ်။ ဝမ်းသာသွားသလား ? နေပါဦး။ ခင်ဗျား ဟိုကနေ အလုပ်လုပ်ပြီး ပိုက်ပိုက် ပြန်လွဲပြီ ဆိုပါဆို ့။ သဂျီး အသံနဲ ့ ပြောရရင်

    ဒန်…တန်…တန်….။

    တရုပ်ကြီးတွေ အမေရိကန်ကြီးတွေက ခဏထားပါဦး။ ခင်ဗျားတို ့သိမလားပဲ…။ အာဆီယန် ဂိမ်းလေ….။

    အိမ်ရှင်က ဘယ်သူပါလိမ့်….? 🙂

    အဲတော့ဗျာ ဆောက်လုပ်ရေး ပစ္စည်းတွေ အားလုံးက ပြည်ပကနေ တင်သွင်းရတယ်။ ဘယ်လောက် ကုန်ကျ မလဲဆိုတာ

    အကြမ်းဖျင်းတွက်ကြည့်လိုက်ပါ။ ကြားရတဲ့ သတင်းတခုရှိတယ်။ ကောလဟာလလို ့ထင်ချင်ရင်ထင် ။

    အဲဒါအတွက်ကို Contract ရတဲ့ ကိုယ်တော်တွေနဲ ့ လူဆိုးတွေနဲ ့ မောင်တိုင်ပင်ဆိုတာမျိုးပေါ့။

    ပြည်ပကနေ ဆောက်လုပ်ရေး ကုန်ကြမ်းတွေကို တစ်ဒေါ်လာ ကို 650 ဈေးနဲ ့ တင်သွင်းမဲ့ Project ပါတဲ့။

    ဒီတော့ စဉ်းစားကြည့်ပေတော့။

    ဗမာပြည်မှာ ကိုရီးယား အထည်ချုပ် လုပ်ငန်းရှင်များ အသင်းရှိတယ်ဗျာ။ သူတို ့တွေ စုပေါင်းလက်မှတ်ထိုးပြီး နေပြည်တော်ကို

    စာတင်ကြတယ်တဲ့။ ဒေါ်လာဈေးကို ၇၅ဝ မှာ ရပ်တန် ့ပေးဖို ့ကိုပေါ့။ ဒါမှ မဟုတ်ရင် ဗမာပြည်မှာရှိတဲ့ လုပ်ငန်းတွေ အကုန်

    ပြန်ပြေးပါတော့မယ်ပေါ့။

    ခင်ဗျား စဉ်းစားကြည့် ။ ဗမာပြည်က ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ် ့ နိုင်ငံတွေထက် အထူးသဖြင့် တရုပ်ပြည်

    ထက် လုပ်အားခ အလွန်ဈေးပေါတယ်ဗျ။ ဟုတ်ပါပြီ။ ဒီတော့ တနေ ့တခြားဈေးကြီးလာတဲ့ လုပ်အားခတွေကို ရှောင်ရှားဖို ့ကို

    ဗမာပြည်ကို ထွက်လာကြတာပေါ့။ ခက်တာက ဗမာပြည်မှာ အထည်ချုပ် လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းကို ထုတ်လုပ်နိုင်မှု

    က ဘာမှ မရှိသလောက်ပဲ။ Carton Box, Poly Bag, Padding, Fiber Down, ဒါ မိုင်ကုန်ပဲ။ ဒါတောင် အဲဒါတွေဟာ နိုင်ငံခြားသား

    ရင်းနှီးမြုတ်နှံမှုတွေပဲနော်။ ကျုပ်တို ့ဗမာနိုင်ငံသားတွေက လူပေါ်လူဇော်တွေများတော့ နိုင်ငံအကျိုးထက် ကိုယ့် အကျိုးပိုဖြစ်မဲ့

    အိမ်ခြံမြေကားကျောက် ဒါနဲ ့ပဲ နပန်းလုံးနေကြတာ။ ဘာ ကုန်ကြမ်းမှ မရှိတော့ လိုအပ်တာတွေကို အပ်က အစ တင်ပို ့ပေးရတယ်။

    နိုင်ငံက အရမ်းချမ်းသာနေပြီဆိုတော့ ဘာမှ ထုတ်လုပ်စရာမလိုတော့ဘူးထင်တယ်။ အကုန် ဝယ်သုံးတယ်။ ကိုယ်က ထုတ်လုပ်ပြီး

    အပြင်ကို ရောင်းစားတာ မရှိဘူး။ ပစ္စည်း တခါတင်ပို ့ရင် ဗမာပြည်ကို ရောက်တဲ့ ကြာချိန်၊ ကုန်ကျစားရိတ် တွေ….။

    ဒီမှာ လျှပ်စစ်မီး ပြသာနာရှိတော့ မီးစက် ဒီဇယ်ဘိုး ၊ ဘွိုင်လာ ထင်းဘိုးတွေ…..။ ပြောမယ်ဆိုရင် အများကြီးပဲ။

    အဲဒီတော့ အဲဒီ ကုန်ကျစားရိတ်တွေကို နှုတ်လိုက်ရင် တခြားနိုင်ငံတွေမှာ လုပ်ရင် ကုန်ကျတဲ့ စားရိတ်တွေနဲ ့ သိပ်မကွာတော့ဘူး။

    ဒီကြားထဲ ပြသာနာ အရမ်းများတယ်။ ဗမာနိုင်ငံသားတွေရဲ ့အတွေးအခေါ်ပိုင်း ချို ့တဲ့မှု များပြာလာတာကြောင့် အလုပ်နဲ ့ပတ်သပ်ပြီး

    ပြုပြင်လို ့မရတဲ့ အရိုးစွဲမှုတွေရှိတယ်။ ပြီးတော့ Quality ဆိုရင်လဲ ဒီက တော်တော် ညံ့ဖျင်းတယ် ။ သိပ်မထူးတော့ ကုန်ကျစားရိတ်

    မကွာတဲ့ အတူတူ တရုပ်ပြည် အပါအဝင် တခြားနိုင်ငံတွေက လာပြီး လုပ်ငန်းလုပ်နေတဲ့ သူတွေ တဖြေးဖြေး လာရင်းနိုင်ငံတွေကို

    ပြန်ပြီး တပ်ခေါက်နေပြီ။ ဒီထဲမှာမှ ဗမာပြည်မှာ လုပ်ငန်းလုပ်သက် ၁ဝ နှစ် အထက်ရှိသူတွေကတော့ တတ်နိုင်သမျှ တောင့်ခံပြီး

    လုပ်နေဆဲပေမဲ့ အခု လက်ရှိ ဒေါ်လာဈေးနဲ ့က လက်ကျန်တွေပါ ပြေးရမဲ့ အခြေအနေကို ရောက်လာပြီ။

    တခြား နိုင်ငံတွေ အနေနဲ ့က မသိပေမဲ့ ကိုရီးယားလုပ်ငန်းရှင်တွေရဲ ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ ့ဗမာနိုင်ငံသားတွေ

    ၆ သောင်းနဲ ့ အထက်မှာ ရှိတယ်။ သူတို ့ကို မှီခို နေတဲ့ မိသားစုတွေရှိတယ်။

    သိပ်ရှည်နေလို ့ ဒီလောက်ပဲရေးမယ်။ ကောင်းလားမကောင်းလား စဉ်းစားကြည့်ပေတော့။

  • weRone

    June 15, 2011 at 12:37 pm

    ဒီနေ့ ဒေါ်လာ ဈေး က $1 = 780 MMK ဖြစ်ပါတယ် ။ ဒီနေ့ ညနေ ပေါက်ဈေးပါ..
    ဈေးနည်းနည်း ပြန်တက်လာပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 15, 2011 at 12:50 pm

    ကျုပ်အထင်တော့
    အာစီယမ်ဂိမ်း အဆောက်အဦးတွေတွက်လောက်နဲ့တော့
    ဒီလောက်ထိသူတို့လုပ်နိုင်မှာမဟုတ်ဘူးလို့ထင်တယ် အထင်ပါ
    ဘာဖြစ်လို့လဲဆိုတော့ကာ
    ဒီလောက်များတဲ့ငွေတွေကို
    တော်ယုံငွေအမာဏနဲ့ကစားလို့မရဘူး
    အထူးသဖြင့် ဗမာပြည်စစ်တပ်နဲ့ပတ်သက်တဲ့ မသာတွေက ဒီလောက်ထိစိတ်ကောင်းရှိမှာလဲမဟုတ်သလို
    ရင်းနှီးရဲမှာလဲမဟုတ်ဘူး
    သူတို့က ပြည်သူ့မြေယာသိမ်း သယံစာတရှာမယ် ဒီလောက်ဘဲ
    ကျန်တဲ့ပြည်တွင်းလုပ်ကွက်တွေကို လက်ဝါးကြီးအုပ်မယ်
    ဆိုတော့ကာ
    ဘေးမှာက စီပွားရေးတောင့်တဲ့နိုင်ငံတွေခြည်းဘဲ ( တရုပ်၊ ထိုင်း၊ အိန္ဒိယ၊ စင်္ကာပူ )
    ဒီကငွေလှုပ်ရင် ဟိုကငွေလည်းလှုပ်မှာဘဲ ( ရွှေဈေးနှင့် အခြားဆက်စပ်ကုန်ပစ္စည်းဈေးနှုန်း )
    တစ်ခုထူးဆန်းတာက
    တော်တော်ကြီးကိုရုပ်ပျက်ဆင်းပျက်ကျသွားတာ
    သဂျီးတို့ရွာက လူတွေကို ငချဉ်လို့လဲ လွယ်လွယ်လေးတွက်လို့မရသေးဘူးထင်တယ်
    ဘာကြောင့်လဲဆိုတော့
    ဒီလူတွေက
    မစားရတဲ့အမဲကို သဲနဲ့မပက်ဘဲ
    ဆီတွေ ဆားတွေ အချိုမှုန့်တွေ ဟင်းခတ်အမွှေးကြိုင်တွေ ပေးပြီး
    သူများတွေဝိုင်းလုအောင်လုပ်ပေးတတ်တယ် 😀
    သူတို့ရဲ့ တရုပ်ကို ဖိုက်တဲ့ သိုင်းပြောင်းပြန်တွေလို့လဲပြောလို့မရဘူးလေ
    ကိုယ့်နိုင်ငံရဲ့ငွေကြေးကို မာစေခြင်တာ ခိုင်စေခြင်တာ လူတော်တော်များများရဲ့ဆန္ဒပါ
    ဒါပေမယ့်
    ဒီလိုမျိုး ငွေလွှဲနှုန်းတွေ စွတ်တက် စွတ်ကျတာကတော့
    သိပ်အကောင်းကြီးဘက်ကမရှိဘူး
    ပြောသာပြောရတာ
    အိုက်တိုဘဂေးဆန် တဲ့ကျုပ်က ဒီလိုအောကာင်းတွေကိုပြောရတာကလည်း
    အူကြောင်ကြောင်တော့အနိုင်သား

  • unclegyi1974

    June 15, 2011 at 4:36 pm

    ကိုပုနဲ့နဂျီ ရေးသွားတာတွေကြိုက်တယ်
    ဘာပြောပြောဘ တို့ကမြန်မာငွေမာတာကြိုက်တယ်
    ကိုယ်ပိုင်ကားစီးဖို့အချိန်နီးလာပြိီ
    ကိုယ့်ဖို့ပဲကြည့်မနေနဲ့လို့မပြောနဲ့တော့နဂျီရေ

    • nigimi77

      June 16, 2011 at 3:23 am

      ဟဲ..ဟဲ..ဟဲ…။

      ဦးလေးကြီး တရုပ် ချယ်ရီမက တရုပ်မှာ အစိမ်း ၃၀၀ဝ ။

      ရွာမှာ အစိမ်း ၁၇၃၀ဝ နော်။ ငွေမာတယ် ဆိုပြီး ဝယ်စီးချင်သေးလို ့လား။ မာတာက မာတာပဲ ရှိတာလေ။

      ငွေမာတယ် ပျော့တယ် ဆိုတာက ပြည်သူတွေကို တိုက်ရိုက် အကျိုးမပြူဘူးဗျ။

      ပြည်တွင်းထွက် အခြေခံစားသောက်ကုန်တွေက ဈေးနှုံးခေါင်ခိုက်နေတာ တစ်ဦးချင်း ဝင်ငွေနဲ ့ ယှဉ်ကြည့်ပါဦး။

      တလကို အဝတ်အစား တစုံတောင် မဝယ်နိုင်ဘူး။ ၂ နေ ့လုပ် ၁ နေ ့စားလေဗျာ။

      တက်လက်စ ကုန်ဈေးနှုံးကို နှိမ့်ဖို ့က ဘယ်လို နည်းလမ်းမှ မရှိဘူး။ အခြေခံ အနိမ့်ဆုံး လစာ ၄ သိန်းလောက် ရသင့်

      နေတဲ့ လူနေထိုင်မှု စားရိတ်ဖြစ်နေပြီ။ ဦးလေးကြီးလဲ သိရဲ ့သားနဲ ့။

  • padonmar

    June 15, 2011 at 8:30 pm

    ဝိုင်းပြီးဆွေးနွေးပေးကြတာ ကျေးဇူးတင်ပါတယ်။
    ကျွန်မ အမြင်ကတော့ ကိုယ့်ငွေမာတာပျော့တာထက် ဘယ်နှုန်းမှာဖြစ်ဖြစ် တည်ငြိမ်နေရင် အားလုံးအဆင်ပြေမယ်ထင်ပါတယ်။အခုက ရက်ပိုင်းနဲ့ တဒိုင်းဒိုင်းကျသလို ဒီရက်ထဲပြန်တက်တော့လည်း
    ၁ရက်ထဲနဲ့ ၃၀–၄ဝပြန်တက်တော့ အလုပ်လုပ်ရတဲ့သူတွေ မလုပ်ဘဲ ဘဏ်တိုးသာထိုင်စားချင်စိတ်ပေါက်လာကြပါတယ်။
    ရေရှည် ရင်းနှီးမြှုပ်နှံဖို့ဆိုတာဝေးရောပေါ့။
    အိမ်နီးချင်းနိုင်ငံတွေမှာဆို မနှစ်ကဝယ်တဲ့ဆေးဘောက်ချာနဲ့ ဒီနှစ်သွားဝယ်ရင်လည်းဒီဈေးဘဲ ပေးရပါတယ်။
    ဒီလိုမတည်ငြိမ်တာ အပေါ်ပိုင်းက ဘာလုပ်မယ်ဆိုတာ မသိရဘဲ (Transparency မရှိတဲ့အတွက်)
    ကောလာဟလနဲ့ (ကောလာဟလတွေကလဲမှန်နေတတ်တော့) ရမ်းလုပ်နေကြလို့ ဒီလိုမတည်ငြိမ်တာလို့ယူဆပါတယ်။ဘတ်စကားပေါ်လုတက်ရတာ နောက်တစ်စီး ဘယ်တော့လာမလဲ မရေရာလို့ပါ။နောက် ၅ မိနစ်မှာ ရထားနောက်တစ်စီးကျိန်းသေလာမယ်လို့ သိရင်သူ့ထက်ငါ အရင်ဦးအောင် တိုးမတက်တော့ဘဲ တန်းစီစောင့်မှာပါ။
    ဗြဟ္မစိုရ်တရားဟာ နောင်ရေးစိတ်မပူရမှ ပေါ်နိုင်ပါတယ်။

  • တညင်သား

    June 16, 2011 at 2:02 am

    ဘာမှ သိပ်မပူကြပါနဲ့ ဒီထက် တက်လဲနဲနဲပေါ့ ကျ လဲနဲနဲပေါ့ ဒေါ်လာဈေးကို ချိန်နေတာလို့ ထင်တယ် အပြင်ဈေးနဲ့ အစိုးရဈေး အရမ်းကွာနေတော့ ပြင်ပက ရင်းနှီမြုတ်နံ သူတွေ ဝင်လာရင် ငွေ တဈေးထဲ ဖြစ်အောင် နဲ့
    bank to bank ချိတ်ဖို့ ကြိုးစားနေတယ် ထင်တယ်… ဒီ ဈေးနုံးနဲ့ ဆိုရင် တရုတ်နဲ့ ယိုးဒယားမှာ အလုပ်လုပ်နေတဲ့သူတွေ ပြန်လာနိင်တယ် မလေးရှားပါ တွက်ခြေ မကိုက်တော့ဘူး.. ကာတာ ကို သွားတဲ့ သူတွေတော့ ပြန်လာကြပြီ….ကျန်တဲ့ နိင်ငံ ရောက်နေတဲ့သူတွေ ကတော့ bank to bank ချိတ်လို့ ရရင် အစိုးရအတွက် ဝင်ငွေပိုရနိင်တယ်.. နိင်ငံခြားပစ္စည်းတွေတော့ ဈေးပေါပေါ သုံးနိင်မှာပါ (ဈေးငြိမ်ရင်)….တရုတ်က ငွေ ဈေးချပြီး စီးပွါးရေး ရင်နှီးမြုတ်နှံသူတွေ ကို ခေါ်တာ ကိုရီယားနဲ့ ဂျပန် က မကြာတော့မဲ့အချိန်မှာ တရုတ်ပြည်မှာစက်ရုံတွေ ထားခဲ့ရတော့မယ်လို့ ဖတ်ဘူးတယ်.. ဒါကြောင့် တရုတ်က ဂျပန်ကို စီးပွါးရေမှာ ကျော်တက်သွားတာ အမေရိကားကိုတောင် ချေးငွေနဲ့ ကိုင်လို့ရနေပြီလို့ ဖတ်ရတယ် .. ညက လင့် တင်ပေးမလို့ ရှာတာ မတွေ့လို့ .. ဟုတ်မဟုတ် သူကြီးပြောပြပါအုံး…. ငွေဈေးမာတာကိုတော့ ကျွန်တော်လဲ ကြိုက်တယ် ဒါပေမဲ့ ဒီထက်မာရင်လဲ ရင်းနှီးမြုတ်နှံ သူတွေ မလာပဲနေအုံးမယ်.. အကောင်းဆုံးမဟုတ်တောင်မှ ..အဆင်ပြေမယ်လို့ ထင်ပါတယ် ကွန်ပျုတာ သမားတွေလဲ ဝမ်းသာရတော့မယ် ဖုန်းတွေလဲ ဆက်သွယ်မှု့ ဧရိယာအတွင်းဝင်နိင်တော့မှာပါ ဘယ်တော့လဲမသိဘူး ဂြိုလ်တု တလုံးလွတ်တင်တော့မယ် ဒါက စီးဂိမ်း မတိုင်ခင်ဖြစ်ဖို့များတယ်….ဒေါ်လာငွေ ဝယ်ရောင်း ကစားတဲ့ခောတ် ကုန်တော့မယ်….. ဒါတွေ က ကျွန်တော့်အမြင်ပါ..

  • satsaw

    June 19, 2011 at 4:49 pm

    အခုညမှာတော .တစ်ရုပ်ငွေ8.1 ဖြစ်နေပါတယ်
    မြန်မာငွေကပြန်ကြဖိုအချိန်အနဲငယ်တော ့ဆောင်ရပါမယ်…………….

Leave a Reply