လူမှုဒုက္ခ ဘယ်လိုကူရပါ့

padonmarJune 14, 20111min14011

၁၄ နှစ်သမီးကျောင်းသူလေး တစ်ယောက်အကြောင်း ရွာသူရွာသားတွေကို ပြောပြချင်ပါတယ်။
သူကလေးက ရ တန်းအောင် ၈တန်းတက်ရမှာပါ။ကျောင်းပိတ်ရက် အထည်ချုပ်စက်ရုံမှာ ချည်မွေးညှပ်ဝင်လုပ်ပါတယ်။
လစာ ၄၅၀၀ဝ ရပါတယ်။ဒီလဆန်းမှာ ကျောင်းပြန်တက်ဖို့ ထွက်သွားရာက လလယ်မှာ အင်တာဗျူးပြန်လာဝင်ပါတယ်။ကျောင်းတက်ဖို့ စုထားတဲ့ လခကို အိမ်လခပေးလိုက်ရပါတယ်။(အိမ်လခက ၄၀၀၀ဝပါ၊မရမ်းကုန်းမှာပါ)
အမေက လေးဘက်နာ နှလုံးရောဂါသည်။အဖေနဲ့ အမေက ကွဲနေပါသတဲ့၊အစ်မအကြီးဆုံးက ၅ တန်းထဲက ကျောင်းထွက်ပြီး အခု ဝက်သားတုတ်ထိုး လမ်းဘေးမှာရောင်းရပါတယ်။ ဒီတလောမှာ ဝက်နားရွက်ပြာနေတော့ အမဲသားတုတ်ထိုးပေါ့။ အစ်မ ကလည်း အပျိုလေးဆိုတော့ ဈေးရောင်းရတာရှက်ပါတယ်တဲ့။ အစ်မလတ်က ၁ဝ တန်းကျတော့ ဒီနှစ် အပြင်က ကျူရှင်တက်ဖြေမယ်တဲ့။
မောင်လေးက ၅ တန်းပါ။အဖွားပါ မိသားစု ၆ယောက်မှာ အစ်မကြီးလုပ်စာနဲ့ ဒီသမီးလေးကျောင်းပိတ်ရက် လုပ်အားခ နဲ့ စားနေရပါတယ်။
အခု လမ်းဘေးဈေးမရောင်းရ ဆိုတော့ အမေကသူ့ကိုကျောင်းမနေခိုင်းတော့ဘဲ စက်ရုံမှာပြန်လုပ်ခိုင်းနေပါတယ်။
သမီးကျောင်းနေချင်လား ဆိုတော့နေချင်ပါတယ်တဲ့။တစ်ခါမှစာမေးပွဲ မကျဘူးတဲ့ အပြင် ၁-၁ဝ ဝင်ပါတယ်တဲ့။ကလေးက မျက်ရည်ဖြိုင်ဖြိုင်ကျရှာတယ်။
ဒါနဲ့ စက်ရုံပိုင်ရှင်က သမီးကျောင်းစားရိတ် ထောက်ပေးမယ်။တဝက်တပျက်နဲ့တော့ကျောင်းပြန်ထုတ်ပီး ခိုင်းမစားအောင် သမီးအမေကိုခေါ်လာခဲ့ ဆိုတာ ပြန်မပေါ်လာတော့ပါဘူး။
ကြည့်ရတာ ဒီကလေးကို မခိုင်းရရင် သူတို့ မရပ်တည်နိုင်တော့ဘူးထင်ပါရဲ့။
ဒီလိုကလေးမျိုးကို ဘယ်လိုကူရပါ့။ဒီလိုကလေးမျိုးကော ဘယ်လောက်များနေပြီလဲ၊
အကြံပေးကြပါအုံး။
(မိန်းကလေး အပျိုပေါက်လေးဆိုတော့ သူ့ဓာတ်ပုံတော့ မတင်တော့ပါဘူး)

11 comments

  • kai

    June 14, 2011 at 9:46 pm

    မြန်မာပြည်က… ဒါမျိုးသတင်းတွေ အများကြီးရထားတယ်..။
    မိဘကိုယ်နှိုက်က.. ကလေးကို အခြေခံ..အလယ်တန်းအဆင့်လောက်တောင် ကျောင်းမထားပေးချင်တာမျိုးပေါ့..။

    အစိုးရ အာဏာပိုင်တွေဝင်ရတော့မှာပါ… ဒီလိုကိစ္စမှာ မိဘကို..ပြင်းပြင်းထန်ထန် အရေးယူရမယ်လို့ ထင်ပါတယ်..။
    မြန်မာပြည်မှာ… အဲဒါမျိုးဥပဒေရှိမယ်ထင်တာပါပဲ..။
    လူထုအချင်းချင်းတို့. အန်ပီအို..အန်ဂျီအိုတွေတို့. ဝင်ကူညီလုပ်လို့.. ဘယ်တော့မှမပြီးနိုင်တာမျိုးတွေပေါ့..။
    အစိုးရဆိုတာ ..ဒီလိုမျိုးတွေအတွက်ရှိရတာပါ..။ဘက်ဂျက် ငွေတွေကို ..အခုလိုအခြေအနေတွေ့နေတဲ့ မိသားစုတွေအတွက် သုံးသင့်တယ်..။

    အောက်မှာ ..အခုတလောတင်ဖြစ်တဲ့.. ယူအက်စ်က အဖြစ်ကလေးတခု..တင်ပေးထားပါတယ်..။ သိစေရန်အတွက်ပါ..။

    Four parents arrested for not sending children to school

    Posted May 11, 2011 @ 10:05 AM
    Siskiyou County, Calif. —If you don’t send your children to school, you could now be arrested and charged with a misdemeanor.

    Earlier this month, three Weed residents and a Yreka man were arrested and charged with contributing to the delinquency of a minor after failing to send their children to school, according to Sheriff’s spokesperson Allison Giannini.

    Heather Laura Mills, 33 of Weed, Kathleen Marie Loutsenhizer-Phay 34 of Weed, Jeremy Joseph Pearson 34, of Weed and Mark Timothy Hoffman 37 of Yreka have been all been released from the Siskiyou County Jail with future dates to appear in court. Their children are between the ages of 6 and 9.

    The arrests were made possible through a cooperative effort between the Siskiyou County District Attorney, Siskiyou County Probation Department, Siskiyou County Office of Education and the Siskiyou County Sheriff Department, as well as a grant obtained by Chief Probation Officer Todd Heie, Giannini said.

    The Siskiyou County Student Attendance Review Board has, for the first time, followed through with actions against these parents after a long process to encourage them to send their children to school, Giannini said.

    The SARB board includes professionals from the Siskiyou County Sheriff’s Office, Yreka Police Department, and County Office of Education, Behavioral Health, Child Protective Services, Karuk Tribe, Human Services, the Probation Department, and the Office of the District Attorney.

    The process
    Prior to actual hearings, a lengthy process is involved. , said Giannini. Students who are identified by their school as habitually truant, usually after three unexcused absences, receive a first notification. This first letter usually solves the problem. The second letter, usually sent out after five unexcused absences, calls for a meeting between the school and the parent(s) in an effort to resolve the problem.

    The Probation Department has a probation officer assigned to the Truancy Abatement Program, and he also attends these meetings whenever possible. This stage also resolves many of the cases, Giannini said.

    A third letter, to notice and calendar a SARB hearing before the full board, is sent out after seven unexcused absences.
    The child and parent are compelled to attend the hearing, the goal of which is to formulate a plan to ensure that the student is going to be successful in their school attendance going forward. A SARB contract is signed by all parties.

    The four cases that resulted in arrests all involved parents who had signed a SARB contract but had failed to abide by the terms – and the student continued to be truant, Giannini said. Only after all of these stages and opportunities to resolve the problem does the District Attorney’s Office consider charging the parent(s) with contributing to the delinquency of a minor.

    The four parents who were arrested in the recent sweep had young children with no control over their school attendance.
    They were not teenagers “skipping school,” but are young children who rely on their parents. In these cases the young children are victims of negligent parent(s), Giannini said.

    Taking truancy seriously
    Chief Probation Officer Todd Heie stated, “Siskiyou County has begun to take truancy more seriously over the past few years. I have been on the SARB board for about ten years, and for years it involved, quite frankly, empty threats, or threats that at least weren’t followed through with. About five years ago I rewrote one of our juvenile grants to create our Truancy Abatement Program. In addition to sitting on the SARB Board supervising all SARB cases, this officer also responds to schools throughout the county to counsel pre-SARB students in an effort to prevent the SARB process from even being initiated.”

    Copyright 2011 Mount Shasta Herald. Some rights reserved
    http://www.mtshastanews.com/news/x1539859449/Four-parents-arrested-for-not-sending-children-to-school
    ==
    http://answers.yahoo.com/question/index?qid=20110425195917AASZ6mr
    Parent not sending their child to school! What to do about it?
    My mother is just a horrible person; lazy, selfish, the whole bit. Anywho, on to the main point here. My mom is not sending my 13 year old brother to school. He had failed two grades because of her negligence and she is continuing to dig a deeper hole for him, and he does not understand. Also, my little sister just turned 16, and she is also failing to send her to school as well.
    The special circumstances surrounding this issue are as follows:
    -My brother was having a hard time, my sister as well, adjusting to school life when they were held back so often.
    – My grandparents paid for my brother and sister to go to a crappy “homeschooling” center (lots of gaps in education already)
    – This only helped my mom get away with not sending the kids to school even more for her reasons of “not waking up in the morning to get them up” or “needing them to stay home and ‘help’ her”

    There is still 5 weeks left of school and I am so passionate about education in my siblings lives (it is the only thing that helped me in my life). Who do I report this to??? How do I go about getting it to where they go to school everyday? And for the bullshit my mother is constantly pulling, how do I get this to end by penalizing HER somehow? She constantly tacks the responsibility on two children who do not understand and have not understood for some time the damage she is causing.
    Anything would be of great help!!
    😀

    2 months ago
    Report Abuse

    Additional Details
    1. It was my grandparents choice to have my mother send the kids to homeschooling.
    2. My siblings failed because my mom asked them to stay home constantly.
    3. The homeschooling technique used was not provided by my mom, but by an outside support group. The PACE was what they were doing.
    4. My mom does not value education, and would rather have the children work to support her household.

    2 months ago
    1. It was my grandparents choice to have my mother send the kids to homeschooling.
    2. My siblings failed because my mom asked them to stay home constantly.
    3. The homeschooling technique used was not provided by my mom, but by an outside support group. The PACE was what they were doing.
    4. My mom does not value education, and would rather have the children work to support her household.

    2 months ago
    Samantha Lack Samantha Lack
    Best Answer – Chosen by Asker
    Report to child services. They’ll check into your mother’s negligence and make sure that they end up getting their educationa and teach your siblings why to be passionate about their schooling. what it can do in the long run for them.

  • Ko Ko Aung

    June 15, 2011 at 12:00 am

    မြန်မာပြည်မှာ မူလတန်းအထိပဲ ကျောင်းမထားမနေရ ဥပဒေရှိတယ်လို့ သိထားပါတယ်။
    အဲဒီဥပဒေကိုလဲ တခါမှ ထိထိရောက်ရောက် အကောင်အထည်ဖေါ်တယ်လို့ မကြားမိသေးပါဘူး။
    ၂၀၀၉ လောက်က စ ထားတာကတော့ ကျောင်းအပ်ချိန် ကျောင်းဝင်ကြေးနဲ့ ဝတ်စုံဘိုးလောက် အခက်အခဲရှိရင် အခြားနည်းလမ်း အခြားအကူအညီတွေနဲ့ (ကျောင်းကိုသာလာခဲ့ပါ) ဆိုပြီး ကျောင်းအပ်ဖြစ်အောင်လုပ်တာမျိုးပါပဲ။ ဒါတောင် အစိုးရအကူအညီမဟုတ်ပါဘူး။

    လူအားလုံးပညာတတ်စေချင်ရင် –
    ဆင်းရဲလို့ပညာမသင် ပညာမသင်လို့ဆင်းရဲ သံသရာကို ဖြတ်ချင်ရင်
    ကျောင်းကထိုင်စောင့်ရုံနဲ့ မလုံလောက်ပါ။
    အိမ်ထဲက ဆွဲထုတ်သင့် ထုတ်ရမှာပါ။

  • weiwei

    June 15, 2011 at 12:36 am

    အဲဒီလို အဖြစ်အပျက်တွေ တော်တော်များများရှိနေတယ် …
    အဓိကက မိဘပဲ … သူတို့ကမှ ကျောင်းကိုမလွှတ်ပဲ ခိုင်းစားချင်တာဆိုတော့ သူများတွေ ဘယ်လောက်ပဲ ကူညီကူညီ မရဘူး ..
    သာကေတက အသိတစ်ယောက်က သူ့အိမ်နားက မိန်းမတစ်ယောက်အကြောင်း ပြောပြဖူးတယ် … ကလေးမွေးတဲ့အလုပ်နဲ့ ကလေးတွေကို ခိုင်းစားတဲ့အလုပ်ကိုပဲ လုပ်တတ်တဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့ … အခု အသက် ၄ဝ လောက်မှာ ကလေး ၉ ယောက် မွေးထားပြီး ရ နှစ်အရွယ်ရောက်တာနဲ့ မိန်းကလေးဆို အိမ်ဖော်လုပ်ခိုင်းတယ် … ယောက်ျားလေးဆို လက်ဖက်ရည်ဆိုင်ပို့လိုက်တယ် …. ကလေးတွေက ကျောင်းတက်ချင်လို့ ငိုနေကြတယ် … ရပ်ကွက်ထဲမှာပဲ အခမဲ့ ဘကကျောင်းရှိပေမယ့် ကလေးအမေက မလွှတ်ဘူးတဲ့ … သမီးလေးတစ်ယောက်ကို ချမ်းသာတဲ့မိသားစုဆီကို အပြီးအပြတ် ရောင်းစားလိုက်တဲ့အမေတဲ့ …
    အဲဒီလို အမေတွေ ဘယ်လောက်များများရှိနေသလဲ မသိဘူး ….

  • Foreign Resident

    June 15, 2011 at 1:58 am

    In Australia, by law,
    Minimum school leaving age is 17,
    Education is compulsory between the ages of 5 to 17
    This means, compulsory schooling until middle school ( minimum ) &
    before 17, you have no right to work & you must learn somethings.

    It is a duty/responsibility of their parents & if they cannot effort it,
    government will take this children from them &
    government will take care of this children education.

  • MaMa

    June 15, 2011 at 3:10 am

    အဲဒါမျိုးတွေ မြင်နေတွေ့နေရလေ ကိုယ့်မိဘကို ပိုကျေးဇူးတင်လေပဲ။ အဲဒါကြောင့် ဆုတောင်းဆုယူလုပ်ရင် ( မလုပ်တဲ့လူများအတွက် မဆိုလိုပါ) မိကောင်းဖကောင်း၊ ဆွေကောင်းမျိုးကောင်းနဲ့ တွေ့ဖို့ကို ဆုတောင်းရတာပေ့ါ။

  • eros

    June 15, 2011 at 4:39 am

    ဒီကိစ္စ အရမ်းဆွေနွှေးချင်စရာပဲ။

  • etone

    June 15, 2011 at 6:37 am

    ကူညီပေးမဲ့လူရှိပေမဲ့ … တခြား မောင်နှမတွေဖိအားပေးလို့ ကျောင်းမတတ်နိုင်တာဖြစ်ပါလိမ့်မယ်… ။ တခါတလေ… မောင်နှမချင်းတောင် မနာလိုတာတွေ ရှိတယ်.. သူကောင်းစားမှာ မနာလိုလို့ အခွင့်ရေးကောင်းကို လက်လွှတ်လိုက်တာ ဖြစ်ပါလိမ့်မယ်… ။ အကြီးမတောင် ငါးတန်းနဲ့ ထွက်ရတယ် ၊ သူ့လုပ်စာလေးကလည်း မိသားစုရပ်တည်ဖို့အတွက် ဒေါက်တိုင်ဖြစ်နေတယ်ဆိုတော့ အကြီးမရဲ့ တွန်းအားပေးမှုလည်း ပါတယ် ထင်ပါရဲ့ … ။

    နောက်တခုက တချို့ မြန်မာလူမျိုးတချို့က ရှက်သင့်ကြောက်သင့်တာ မရှက်ကြောက်ပဲ သူများ အကူညီပေးတာ ရိုးရိုးသားသားယူရမှာကို ရှက်ကြတယ်… ။ သမ္မာအာဇီဝ ဈေးရောင်းရတာ ရှက်တယ်…။ ဒါကြောင့်လည်း တချို့နေရာတွေ တိုးတတ်သင့်သလောက်မတိုးတတ်တာ …။

  • antimoe

    June 15, 2011 at 11:33 am

    လိုအပ်တဲ့နေရာမှာ ….
    လိုအပ်တာတွေ….
    လိုအပ်တဲ့အချိန်..
    အတတ်နိုင်ဆုံး ….ဖြည့်ဆည်းပေးနေတဲ့
    ပဒုမ္မာ..
    မမေအေးဦး
    အလှူရှင်အားလုံးကို…
    လေးစားတယ်။
    ထည့်ရမယ့်အိတ်တွေအများကြီးပါ။
    စေတနာ၊ မေတ္တာတွေဟာ တခါတလေ…
    ဝေဒနာအကြီးအကျယ်…ဖြစ်သွားတတ်ပါတယ်။

  • ဆူး

    June 15, 2011 at 2:58 pm

    အသိ ပညာနိမ့်တာ မျိုးဆက် ဘယ်နှစ်ဆက် မြောက်များ ဖြစ်သွားလဲ မသိဘူးနော်။
    အသိပညာ အားနည်းတဲ့ လူက မွေးတဲ့ သားသမီး အသိပညာ မပေးနိုင်သလို မပေးချင်ဘူး
    ထို့ မှ တဆင့် ဆက်ခါ ဆက်ခါ.. ဆက်တိုက် များ ဖြစ်နေကြသလော.. ပညာပေး လုပ်ငန်းတွေ လုပ်တော့ လုပ်သင့်တယ် ထင်တယ်။

  • shwe ni

    June 15, 2011 at 7:31 pm

    မွန်ပြည်နယ်ဘက်ကရွာတစ်ရွာကို survey ကောက်တော့ အဲရွာက ကလေးအများစုက (၆) တန်း(၇)တန်း(၈)တန်း လောက်ဆိုကျောင်းမတက်ချင်ကြတော့တာတွေ့ရဘူးတယ်။ ထိုင်းသွားမယ် အလုပ်လုပ်မယ်တဲ့ .သူတို့အတွေးက ဘွဲ့ရတယောက်လစာက ထိုင်းမှာအလုပ် လုပ်တဲ့လုပ်ခလောက် မများဘူတဲ့ ။ အိမ်ကြီးအိမ်းကောင်းတွေနေပြီး အသိပညာ ဗဟုသုတအားနည်းကြရှာတယ် . တစ်ရွာလုံးမှာလဲ ကလေးတွေနဲ့အဖိုးအဖွားတွေပဲများတယ်

  • chitpyae

    June 20, 2011 at 7:13 am

    အကြောင်းတွေကတော့ အများကြီးရှိနိုင်ပါတယ်။ အိမ်ရဲ့ စီးပွားရေး အခြေ အနေတို့၊ မိဘတွေရဲ့ အတွေးအခေါ်၊ သဘောထားတွေလည်း လိုပါသေးတယ်။ Ma Weiwei ပြောသလိုပါပဲ အဓိက ကတော့ မိဘပါပဲ ။ တချို့မိဘတွေက ကလေးတွေကို သေစာ ရှင်စာ ဖတ်တတ်ရင် တော်ပြီ ဆက်တက်မနေနဲ့ တော့ ဆိုပြီး သဘောထားတာတွေလည်း ရှိပါတယ်။

Leave a Reply