ကလေးသူငယ် လိင်အကြမ်းဖက်ခံရမှုပြဿနာ

we R oneJune 15, 20111min948

အခုတလေ တော်တော် ကြားနေရတယ်။ ဟိုနေရာဖြစ်လိုက် ဒီနေရာ ဖြစ်လိက်။ ဂျာနယ်ထဲမှာ ပါလိုက်။ အပြင်မှာ ကြားလိုက်နဲ။ တော်တော်လည်း အော့နှလုံးနာစရာ ကောင်းတဲ့ အဖြစ်တွေ။ ဟိုတလေ တုန်းက 7 Days News  ဂျာနယ် ထဲမှာ ဖတ်ရတယ်  အဖေ အရင်း က အသက် ၅ နှစ်အရွယ် သမီးကို ကြံစည်တာ ၊ ဦင်္းလေးဖြစ်တဲ့ သူက ၅ နှစ်အရွယ် တူမ ကိုကြံစည်တာ။ ကျွန်မ တို့လမ်းထိပ်မှာလည်း ဖြစ်သေးတယ် မုန့်သွားပို့တဲ့ ၆ နှစ်အရွယ် ကလေး ကို မျက်နှာချင်းဆိုင် အခန်း က အသက် ၂၁ နှစ်အရွယ် ကောင်လေး က ကြံစည်တာ။ နောက် 7 Days News  ဂျာနယ် ထဲမှာ ပဲ ဖတ်ရတာ  ကျောင်းဆရာတစ်ယောက် မူလတန်းကလေး ကို မလျှော်မကန် ပြုပြီး ကိုယ့်ကို သတ်သေသွားတာ။ ဘာတွေ ဖြစ်နေကြတာလဲ။ တော်တော်လည်း စိတ်ပျက်ဖို့ ကောင်းတဲ့ အဖြစ်အပျက်တွေပဲ။ ကိုယ့်သမီးကို တောင် ကျူးလွန်တာ ဆိုတော့ လုံးဝ လူစိတ်မရှိတော့လို့ဖြစ်မယ်။  တော်တော့ ကို အောက်တန်းကျတဲ့ စိတ်။ ခွေလောက်တောင် အဆင့်မရှိတဲ့စိတ်ဓါတ်။

ဘာထူးသေးလဲ ကိုယ့်တူမ အရင်ခေါက်ခေါက် ကို ကြံစည်တာ။သားသမီးချင် ကိုယ်ချင်းမစာ။ ဘယ်စာတတ်ပါ့မလဲ ဖအေ ဖြစ်တဲ့ သူ က တောင် ကြံစည်တာ ။ ဘေးလူဆိုဝေးရော။

ကျွန်မ တို့လမ်းထိပ်က ကောင်လေး က တော့ အခု ထောင်ကျသွားပြီ။ ယူနီဆက်ဖ် က ပြောတာတော့ ” ကလေးသူငယ်အပေါ် လိင်မှုဆိုင်ရာ ကျူလွန်ခြင်းသည် ပြစ်မှုဖြစ်သည်။ ကလေးများအပေါ် လိင်မှုဆိုင်ရာ မလျှော်မကန်ပြုသူ နိုင်ငံသားများ ကိုသာမက နိုင်ငံခြားသားများ အပါအဝင် မည်သူ့ ကိုမဆို ထောင်ဒဏ် တစ်သက် အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။ ‘

လူတွေ က ရုပ်ဝတ္ထုတွေ တိုးတက်လာတာနဲ အမျှ စိတ်ဓါတ်ပို်င်းဆိုင် ရာ ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ နိမ့်ကျ လာလို့နဲ တူတယ်။။

ကိုယ်ကျင့်သိက္ခာနဲ ပြည့်ဝ တဲ့ လူ့ အသိုင်းအဝိုင်း တည်ဆောက်နိုင်ကြပါစေ။

weRone

8 comments

  • မမလေး

    June 15, 2011 at 9:44 am

    အသက် ၅ နှစ် ၆ နှစ်ဆိုတာ တော်တော်ကိုငယ်သေးတာပဲ … ငယ်တာမှတော်တော်ကိုငယ်တာ … ဦးနှောက်ထဲမှာ တဏှာတွေနဲ့ပဲပြည့်နေတာနေမယ် ..

  • mzm

    June 29, 2011 at 1:36 pm

    အေးဗျာမိူးရိုးကဏှာမိူးရိုးမို့လို့ထင်တယ်…ခွေးသားတွေ
    သေဒဏ်ချလိုက်ဖို့ကောင်းတာ…………..
    လူ့လောကထဲမထားသင့်တာအမှန်ပဲ………….

  • ဆူး

    June 29, 2011 at 1:48 pm

    အခု တလော သတင်းစာမှာ အသက် ၁၂ ၁၃ ၁၅ ဝန်းကျင် မိန်းကလေး ယောင်္ကျားလေးတွေ ပျောက်လို့ ကြေညာထားတာ ခဏခဏ မြင်မိတယ်။ ၂ရက် တခါလောက် ပါပါနေတယ်။

  • naywoonni

    July 14, 2011 at 9:56 pm

    ကုမရတဲ့ အငုံ့ စိတ်ရောဂါထင်ပ…..

  • bigbird

    July 14, 2011 at 10:10 pm

    ထိုင်းမှာ ဒါမျိုးသတင်းတွေ မကြာချင်မှအဆုံးပဲ။ ခဏခဏကြားနေရလို့ ဒီကလူတွေ ရိုးတောင်ရိုးနေပြီး။

  • unclegyi1974

    July 14, 2011 at 10:20 pm

    ထိုင်းမှာကြားတာကမဆန်းဖူးလေကိုငှက်
    သူတို့ဆီမှာကျင့်သုံးနေတာနဲ့သူတို့ယဉ်ကျေးမှု
    ဒီမှာကဒီလောက်ဝိုင်းဝန်းထိမ်းသိမ်းနေကြတဲ့ကြားကဖြစ်တာ
    အဖြေတခုရှာကြည့်သင့်ပြီထင်ပါတယ်

  • winkyawaung

    July 15, 2011 at 7:52 am

    အင်း ဘာသာရေး အသိပညာတွေ နည်းနေကြပါပြီ..။ ရွာတွေမှာ ယခင်ကလို ဘုန်းတော်ကြီးပညာရေးကျောင်း များဖွင့်သင့်ပါတယ်။ မြို့တွေမှာလည်း နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းတွေ များများဖွင့်ပေးသင့်ပါတယ်။

  • စုံ စုံ

    July 15, 2011 at 9:55 am

    တဏှာရူးတွေကတော့လေ
    ကလေးသူငယ်မှမဟုတ်ဘူး
    အိုနေတဲ့အဖွားကြီးတွေတောင်ချမ်းသာပေးချင်တာမဟုတ်ဘူး
    ဒီ့ထက်ပြောရရင်လည်းရိုင်းတယ်ဖြစ်တော့မယ်

Leave a Reply