ကာမေသု။။။။

ကာမေသု။။။။

အမျိုးသား/ ယောက်ျားများ အတွက် ကာမေသုနဲ့ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။အဲဒီ ၂ဝက——
(၁) အမိ ေစောင့်ရှောက်တဲ့ မိန်းမ၊
(၂) အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၃) အမိ အဘ စောင့်ရှောက်တဲ့ မိန်းမ၊
(၄) မောင်ကြီး မောင်ငယ် စောင့်ရှောက်တဲ့ မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့ မိန်းမ၊
(၆) ဆွေမျိုး ေစောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူ စောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရား ကျင့်သုံးဖက် စောင့်ရှောက်တဲ့ မိန်းမ။
ဒီ မိန်းမ ရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစင် မိန်းမများ ဖြစ်ကြပြီး
(၉) စေ့စပ် ကြောင်းလမ်းပြီး မိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့ မိန်းမ၊
(၁၁) ဥစ္စာဖြင့် ဝယ်ထားတဲ့ မိန်းမ၊
(၁၂) ယောကျင်္ား တစ်ဦးဦးနဲ့ အလိုတူ၍ အတူူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ် ပေးပြီး မယား ပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အဝတ် ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြား လက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက် လုပ်ကိုင် စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲသိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယား ဖြစ်နေတဲ့ မိန်းမ။။
ကာမပိုင် မရှိတဲ့ ပထမ မိန်းမ ရှစ်ယောက် ကတော့ တစ်ခြား ယောင်္ကျားနဲ့ ဆက်ဆံမှု ပြုပေမယ့် သူ့ကာမကို သူသာ ပိုင်တဲ့အတွက် ကာမေသု မိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့
( မသွားလာ ထိုက်သော မိန်းမ) အဂမနီယ ဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့ အတွက် ကာမေသု မိစ္ဆာရ ထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှ တစ်ပါး တစ်ခြားယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။
(၁) မသွားလာ ထိုက်သော မိန်းမ ( အဂမနီယ) မိန်းမဖြစ်ခြင်း။
(၂) မှီဝဲ ပေါင်းသင်း ဆက်ဆံ လိုသည့် စိတ်ရှိခြင်း။
(၃) မှီဝဲမူ. ကို လုံ့လ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း (မှီဝဲ ပေါင်းသင်းဆက်ဆံရာ၌ သာယာခြင်း) တို့ပဲ ဖြစ်ပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသု မိစ္ဆာစာရ ထိုက်ပြီး၊ လေးပါး အနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး။
ကာမေသုနဲ့ပါတ်သက်တာလေးတွေကို..သိစိမ့်သောငှာ ဖော်ဝပ် မေး မှရရှိသော ကာမေသုနဲပါတ်သက်သောအကြောင်းအရာလေးအားဖြတ်ညှပ်ကပ်လုပ်ကာ တင်ပြအပ်ပါတယ်။။။
အရေးအသား မှန်သည်ဖြစ်စေမှားသည် စောင့်ထိန်း အပ်သည်ဟုတင်မြင်မိပါသည်။။။

3 comments

  • KoNyeinChan

    June 15, 2011 at 9:50 am

    ဪ.. ဒါတွေနဲ ့လွတ်အောင်လို ့ ကိုပုတို ့က လိင်တူချစ်သူထားတာကိုး…….. 😀

  • Shwe Tike Soe

    June 15, 2011 at 10:28 am

    အင်းကောင်းပါတယ် ကျေးဇူးတင်ပါတယ်..
    ဘယ်လိုပဲဖြစ်ဖြစ် တစ်လင်တစ်မယားစနစ်နဲ. တစ်ယောက်နဲ.တစ်ယောက်သစ္စာရှိမယ်ဆို
    သီလလဲစောင့် ရောဂါလဲကင်း ပေါ့ဗျာ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 16, 2011 at 2:32 pm

    ကိုယ့်ရဲ့အဓိကကြီးဖြစ်နေရင်တောင် ကာမေသုထိုက်တဲ့ အကြောင်းလေးပါးရှိတယ်လို့တော့
    စာအုပ်ထဲမှာ ပြောတာဘဲ 😀
    ( ၁ ) အကာလေ = ရောဂါ၊ ကိုယ်ဝန်အရင့်အမာကြီးရှိနေတဲ့အခါ
    ( ၂ ) အာဒေသေ = မိဖ ဆရာ သူတကာတို့ မြင်သဖြင့် မသင့်သောအရာ
    ( ၃ ) အဓမ္မေန = ကျင့်ရိုးမဟုတ်ကျင့်ခြင်း ( ဒါကတော့ သဂျီးတောင်မလွတ်လောက်ဘူး )
    ( ၄ ) အနင်္ဂေန = ဆေးဝါးမှီဝဲ၍ ရှိမြဲထက်ကို သန်မာထွားကြိုင်းစေခြင်း
    မှတ်ချက်။ ။ သိပ်မပေါက်သူများ မေးလှာလျှင် အကျယ်တဝန့်ဖြေကြားပေးပါမည်။
    တွေ့ဂျဒယ်မလား ဒီအထဲမှာ လိင်တူချစ်သူဒွေပါဘူးဆိုဒါ
    ဒက်ဂလောက်
    ဒက်ဂလောက်

Leave a Reply