မြို့သို့အလည်တစ်ခေါက်

မောင်မောင်တောသားလေး တစ်ယောက ်မနေ့က ညနေက ရန်ကုန်မြို့တော်ကြီးဆိုကို ဆိုက်ရောက်လို့ လာခဲ့ပါတယ်။
မိုးတွေကလဲ အုံးမှိုင်းလို့ မှောင်နေပါတယ်။
ရန်ကုန်မန်းလေးကားကြီးပေါ်မှမဆင်းမှီ ဘေးမှာပါလာတဲ့ အကိုကြီးတစ်ယောက်က ငါ့ညီ ကားငှားရင် ဟိုဘက် အတွတ်ဘက်သွားပြီးစောင့်ငှား ဈေးသက်သာတယ်။ ခရီးသည်တွေ ပို့ပြီးပြန်လာတဲ့ ကားတွေ အများကြီးဘဲ တစ်စီးမကြိုက် နောက်တစီး ထပ်ငှား ဆိုပြီး မအူမလည် ဖြစ်နေတဲ့ မောင်မောင်တောသားလေးကို လမ်းညွန်ပေးပါတယ်။
သို့ပေမယ့် ကားဝင်းထဲအရောက် မိုးကလဲ ပျင်းဖို့ ကောင်းလောက်အောင် ရွာပါလေရော.။ အုံးဒိုင်းဂွမ်း နဲ့ သည်းကြီးမည်းကြီး ရွာတာမဟုတ်ပေမယ့် အပြင်ထွတ်တော့လဲ မိုးကစို။ အမိုးအောက် (မိုးလုံတဲ့ နေရာ) ကရင်လို မဟုတ်ပါ…. မိုးလုံတဲ့ နေရာမှာ ဝင်ခိုနေရင်လဲ ဒီနေ့ မိုးက တိတ်မယ်မထင်။
အဲတော့လဲ ကားဝင်းအပြင်ဘက်ကို သွားမဖြစ်တော့လို့ ကားဝင်းထဲက တိုက်စီ ကိုဘဲ အားပြု ခဲ့ရပါတယ်.။
ငါးဆရာကို သွားမယ့်နေရာကို ပြောပါတယ်။
မင်္ဂလာဂါးဒင်း ကိုသွားမယ်…
ရတယ် —— ပေးရမယ်။
ဒါဆိုအခုထွတ်မှာလား။
ဟိုမှာ ကားပေါ်မှာ နှစ်ယောက် ရပြီးသား။
ထွတ်ဖို့ဘဲ ကျန်တော့တာ
ဟုတ်ပြီ ဒါဆိုရပြီပေါ့ အိတ်ကို ကားဆရာလက်ထဲ အပ်လိုက်ပါတယ်.။
ကားဆရာလဲ အိတ်ကို သူ့ကားနောက်ခန်းထဲ ထည့် ပြီးသော့ပိတ် လိုက်တယ်.
ပြီးတော့ ကားဆရာပျောက်သွားရော… ဒီလူ ကွာ ပြောတော့ အခုထွတ်မယ်ပြောပြီး နောက်တစ်ယော်ထပ်ရှာ နေပြန်ပြီ ဆိုပြီး ဒေါသ ထွတ်ရသေးတယ်။
ရှေ့မှာ ရောက်နေတဲ့ တိုက်စီပေါ်က နှစ်ယောက်ကလ ဲ ဒါဆို ကားပြောင်းစီးတော့မယ် လုပ်ပါတယ်။ ဒါပေမယ့် အိတ်တွေ အကုန်လုံးသူ့ ကားနောက်ခန်းထဲ ထည့်ပြီး သော့ခတ်ပြီးသွားပါပြီ။ မောင်မောင်တောသားလဲ စိတ်လျှော့ထားရပါတယ်။
ကဲ တိုက်စီပေါ်လဲ ရောက် ရော ဆရာ ဂိုဏ်းဝင် ကားဆရာက မိုးက အရမ်းများလို့မင်္ဂလာဂါးဒင်းဘက် ကသွားလို့ ရချင်မှ ရမယ် ။ ရသလောက်တော့ လိုက်ပို့ပေးမယ်။ အခြေနေ မကောင်းရင်တော့ အနီးဆုံး နေရာ အထိဘဲ ပို့ပေးနိုင်မယ်လို့ ပြောပါတယ်။ အဲဒီ ဘက်က မိုးကြီးရင် ရေဝတ်လားမသိ။ ဒီလိုနဲ့ ကျနော်လဲ ဘာပြောနိုင်မလဲ အဆင်ပြေသလိုပေါ့ ဆိုပြီး စိတ်လျှော့ပြီးရင်း စိတ်လျှော့ကာ လိုက်လာ ခဲ့တယ်။
အဲဒီမှာ မောင်မောင်တောသားရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ရန်ကုန်ကိုအရင်ရောက်နှင့်ပြီး လူလည်ဖြစ်သွားတဲ့ ကိုဟဝှါက ဖုန်းဆက်လာပါတယ်။ အဲဒါနဲ့ မောင်မောင်တောသားလဲ ငါ့ကို ကားဆရာက ဒီလိုဒီလိုပြောနေတယ်။ ငါတို့ အဆင်ပြေတဲ့နေရာ မှာတွေ့ရအောင် ဆိုပြီး အိပ်ဇဲ တာဝါ နားက လက်ဖက်ရေဆိုင်မှာ ချိန်းလိုက်ပါတယ်။ မောင်မောင်တောသားလဲ အဲဒီမှာ ဆင်းနေခဲ့တာပေါ့။
လက်ဖက်ရေဆိုင်မှာ သူငယ်ချင်းနှစ်ယောက် အအေးသောက်ပြီး တည်းခိုခန်းကိုသွားပြီးအခန်းယူလိုက်တယ်။
ပြီးမှ ညစားသွားစားတာပေါ့… အဲဒီမှာ ငယ်သူငယ်ချင်းကြီးရဲ့ အရည်အချင်းတွေ တိုးတက်နေကြောင်း မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။
ဘယ်လောက်ထိ အရေအချင်းတွေတိုးတက်နေပြီလဲဆိုရင် ရှပ်ဘူးထဲကို တိုက်ဂါး ရောသောက်နိုင်တဲ့ အထိ တိုးတက်နေကြောင်းတွေ့လိုက်ရတော့ အလွန်ကို အံဩမိပါတယ်။ တိုသို့ တိုးတက်မှုတွေ ကို ချီးကျူးခန်းဖွင့်ရပါသေးတယ်။
ဘီယာတစ်လုံးကို လေးယောက်လောက် အနိုင်နိုင်သောက်ခဲ့ရသော ဟိုးရှေးရှေးတုန်းက အကြောင်းတွေ ပြန်သတိရမိပါတယ်။ ဒါနဲ့လမ်းကြောင်းလွဲအုန်းမယ်။ ကြုံရင်ပြောပြအုန်းမယ်။ ငယ်ငယ်က အကြောင်းတွေ…..ရီရတယ်ဗျ
ဒီလိုနဲ့ တောပြောတောင်ပြော ပြောကြပြီး ဟိုတယ် ပြန် အိပ်လိုက်တယ်။
နံနက်လဲ ရောက်ရော ညောင်ပင်လေးဈေးကိုသွား တွေ့စရာရှိတဲ့သူတွေနဲ့ တွေ့ ။
ပြီးတော့ မိုးအခြေနေကို စိတ်မချလို့ ၃၈၀ဝ တန် ထီးတစ်ချောင်းဝယ် ညောင်ပင်လေးဈေးက နေ လမ်း ၃ဝ ဘက်ကို ထီးကြီးကားယားကားယားနဲ့ လမ်းလျှောက်သွားခဲ့တယ်။
ထီးဝယ်ပြီးမှ မိုးကလဲ မရွာ ။ လူကြားထဲ ထီးက ဟိုလူ့ထိုးမိလိုက် ကောင်မလေး လက်ကို ချိတ်မိလိုက်နဲ့ ဆောရီး ဆိုပြီး နှစ်ခါလောက်တောင်းပန်လိုက်ရသေးတယ်။ နေ့လည်စာ စားသောက်ပြီး ဟိုတယ်ပြန်လာခဲ့ပါတယ်။ အခုမောင်မောင်တောသားလေး ဟိုတယ်မှာ စာရေးပြီးပြီ။ ညမှ ရွာထဲပြန်ဝင်လာတော့မယ်။

4 comments

  • MaMa

    June 15, 2011 at 12:58 pm

    ရွှေမင်းသားရဲ့ တောလား မဟုတ်ပဲ မြို့လားဖြစ်နေတယ်။ ထီးကလည်း မျက်နှာလိုက်သလိုပဲနော်။ ကောင်မလေးကိုမှ ချိတ်မိတယ်ဆိုတော့။

    • nature

      June 15, 2011 at 4:12 pm

      ထီးမှာ sensor ပါလားမှမသိတာ။

  • ဆူး

    June 15, 2011 at 2:53 pm

    မနက် ရောက်တဲ့ ကားစီးခဲ့ ပေလို့ပေါ့.. အမောင်တောသား မှ မဟုတ်ဘူး ရန်ကုန်သူတွေတောင် တော်တော် ခံလိုက်ရတယ်။

    နေပြည်တော် ကနေ ရန်ကုန် ပြန်လာတော့ ည ၁ဝနာရီ ခွဲ ဖြစ်နေပြီ။ ကားပေါ်ကဆင်းတော့ အငှားကား သမားတွေ ဝိုင်းအုံပြီး ငှားမလား ဆိုပြီး မေးတာနဲ့ ကဲ စီးမယ် ဆိုပြီး ဈေးဆစ် (တောင်းသလောက်ပေး) ဒါနဲ့ ကားစီးပြီး နေရပ်သို့ ပြန်လာတယ်။ ကားပေါ် စတက်ကတည်းက သေမင်းနှုတ်ခမ်းဝ မှာ ပတ်ပြေးနေသလား ထင်ရလောက်အောင် စုပ်ချာလှတဲ့ အငှားကား ကို မောင်းတဲ့ တက္ကစီသမား လီဗာ အကုန်နင်းလို့ တွေ့သမျှကား အကုန်ကျော် ဂျိမ်းစပွန်းကား ရိုက်နေသလား ထင်ရတယ် ကားရဲ့ ဦးတည်ချက်က ဟိုတိုးဒီတိုးနဲ့ သွားနေလိုက်တာ.. ပုရွက်ဆိတ်များ လမ်းသလား နေတာကို မျက်စိထဲ မြင်မိတယ် လမ်းကြောင်း ရှိပေမဲ့ ဦးတည်ချက် က ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ လမ်းသွားနေသလိုပါပဲ။ အားလုံးကို ပွတ်ခါသီခါ ဒလကြမ်း မောင်းနှင်တဲ့ အတွက် ဖြေးဖြေး မောင်းပါ ဆိုတော့ မဖြစ်ဘူး ည ၁၂နာရီ ဂိတ်မပိတ်ခင် နောက်တကြောင်းရအောင် မောင်းမှ ဖြစ်မှာ မိုလို့ ဆိုပြီး လုံးဝ မလျော့ဘူး။ အဲဒီ လူကတော့ လောဘ နဲ့ ပိုက်ဆံကိုပဲ မြင်ပါတော့တယ်။
    ပြောမရတဲ့ အဆုံး စိတ်တိုတိုနဲ့ ဒီမှာ ကားဆရာ ရှင် လူဖြစ်တဲ့ နေရာ မှားနေလို့ အငှားကားသမား ဘဝ နဲ့ မတက်တာ.. နိုင်ငံခြားမှာ လူဖြစ်ရင် ပြိုင်ကားမောင်းပြီး ချမ်းသာနေလောက်ပြီ။ နောက် တခါ ဘုရားရှိခိုးရင် လူဖြစ်တဲ့ နေရာ မမှားပါစေနဲ့ ဆုတောင်းလို့ ပြောလိုက်တော့ သူလည်း အောင့်သက်သက် နဲ့ ကား အရှိန်နည်းနည်း လျော့သွားတယ်။ ကြည့်လိုက်တော့ အိမ်ရောက်နေပါပြီ တဲ့ကွယ်။

Leave a Reply