ယောဂ သင်တန်းတက်ကြမလား

we R oneJune 15, 20111min15013

ရောဂ သင်တန်းတက်ကြမလားဗျို့ ၊ ဒီနေ့ထုတ် 7 Days News ဂျာနယ်ထဲမှ ဖတ်ရတယ်။ India သံရုံမှာ တက်ရမှာ ။ မှတ်ပုံတင်ကြေးက 3 ဒေါ်လာ ၊ တစ်လ ကို 5 ဒေါ်လာ တဲ့။ မဆိုးဘူး ။ ဒေါ်လာဈေးတွေ ကျနေတာနဲ အတော်ပဲ။ 😀

စိတ်ဝင်စားလို့ ရန်ကုန် လမ်းညွှန်မှာ India သံရုံး ဖုန်းနံပါတ်ရှာပြီး ဆက်ကြည့်တော့ အားလုံးရုံးဆင်းသွားကြပါပြီ။ India အမျိုးသားတစ်ယောက် ဖုန်းလာကိုင်ပါတယ်။ အသံနားထောင်တာနဲ တင် ဗမာလို ပြောတတ်မှာမဟုတ်ဘူလို့ တွေးမိတယ်။ သိတယ်မဟုတ်လား ကိုယ်က လည်း အီးလို အရမ်းကျွမ်းတာ ဆိုတော့  ” မြန်မာ လို ပြောတတ်လားလို့ ” မြန်မာ လို ပဲ ပဲ မေးလိုက်ပါတယ်။ 😀 သူကလည်း ပြန်ဖြေရှာပါတယ်။ ကျွန်တော် နည်းနည်းပဲ တတ်တယ်တဲ့။ 😀 ” Yoga Class အကြောင်းသိချင်လို့ပါ ဆိုတော့ ခဏ လေးနော်။ ဆိုပြီး ဖုန်းဘေး ချ ထွက်သွားပုံပေါ်တယ်။

မာမားခေါက်ခွဲ နူးတဲ့အချိန်လောက်ကြတော့ ဖုန်းပြန်လာကိုင်ပါတယ်။ ဒီတစ်ခါ ကြတော့ မြန်မာလိုပဲ မပြောတတ်တော့တာလာ း မသိဘူး. ယောဂ နဲပတ်သက်ပြီး ဘာအကြောင်းတွေ သိချင်တာလဲ လို့ မေးပါတယ်။ ကျွန်မ ကဘယ်အချိန်တွေ လဲဆိုတာ သိချင်ပါတယ်လို့ ပြောလိုက်ပါတယ်။ အခုမှ စတတ်မှာလား လို့ ပြန်မေးပါတယ်။ ဟုတ်ကဲ့ လို့ ပြန်ဖြေလိုက်ပါတယ်။ ဗုဒ္ဒဟူး ၊ သောကြာ ၊ တနင်္ဂနွေ နေ့တွေ ဆိုရင် မနက် ၆ နာရီ ခွဲ ကနေ ရ နာရီခွဲ ၊ အင်္ဂါ၊ ကြာသပတေ့ ၊ စနေ နေ့တွေ ဆိုရင် ညနေ ၆ နာရီ က နေ ရ နာရီ ထိပါတဲ့ ။ တစ်တန်း ကို လူ 30 က နေ 40 ကြားတဲ့

ကဲ ဘယ်လိုလဲ တက်ကြမလး ။ ကိုယ်လုံးလည်း လှ ၊ အကြောလည်း ပြေ ၊ စိတ်လည်းကြည်လင်၊ ရုပ်လည်း နုပျို တဲ့ ယောဂ သင်တန် းတက်ကြမလေ။

အပြင်သင်တန်းတွေ နဲ စာရင် ဈေးလည်း အရမ်း ကို သက်သာပါတယ်။

weRone

13 comments

  • MaMa

    June 15, 2011 at 1:02 pm

    စိတ်ဝင်စားပါတယ်။ တစ်ပတ်ကို ဘယ်နှစ်ရက် တက်ရတာလဲလည်း သိချင်သေးတယ်။

    • weRone

      June 16, 2011 at 2:36 am

      ဗုဒ္ဒဟူး ၊ သောကြာ ၊ တနင်္ဂနွေ နေ့တွေ ဆိုရင် မနက် ၆ နာရီ ခွဲ ကနေ ရ နာရီခွဲ ၊ အင်္ဂါ၊ ကြာသပတေ့ ၊ စနေ နေ့တွေ ဆိုရင် ညနေ ၆ နာရီ က နေ ရ နာရီ ထိပါတဲ့ ။ တစ်တန်း ကို လူ 30 က နေ 40 ကြားတဲ့။

  • ဆူး

    June 15, 2011 at 1:51 pm

    သံရုံးက သင်ပေးတာ ဆိုတော့ အိန္ဒိယ နည်းပညာ စစ်စစ်တွေ ဖြစ်မှာပေါ့။ ကောင်းလေစွ။ ကောင်းလေစွ

    • weRone

      June 16, 2011 at 2:41 am

      ဟုတ်တယ် မဆူး ရေ India နည်းပြဆရာ ကိုယ်တိုင် သင်မှာတဲ့…
      သွားတက်ကြမလား။?

  • နွယ်ပင်

    June 16, 2011 at 3:31 am

    နွယ်ပင်လဲ တက်ချင်လိုက်တာ ဒါပေမဲ့ မနက်ပိုင်း အချိန်တွေက အိပ်ယာက မထနိုင်ဘူး ညနေပိုင်းအချိန်တွေက သင်တန်းနဲ့ ညိနေတယ် ဘယ်လိုလုပ်ရမလဲ …..

  • mihninlay

    June 16, 2011 at 4:03 am

    ယောဂသင်တန်းကိုအချိန်ရရင်သွားတက်ဖို ့တိုက်တွန်းချင်တယ်…ကိုယ်တိုင်လဲတက်ဖူးလို ့သူ ့ရဲ ့ကောင်းကျိုးတွေကိုသိထားလို ့ပါ….အဲမှာတက်တာ၁လမှ၅ဒေါ်လာဆိုတော့တကယ်တန်တယ်…ဒီမှာ၃လစာကို ၄သောင်းနီးပါးပေးရတယ်…တစ်လစာချင်းသွင်းရင်၁သောင်းခွဲကျော်တယ်…

  • manawphyulay

    June 16, 2011 at 7:19 am

    ဒါဆို ၈ ဒေါ်လာသွင်းရမှာပေါ့နော်။ နောက်ပြီး ဘယ်နှလအပြတ်လဲမသိဘူးနော်….

  • etone

    June 16, 2011 at 7:20 am

    အဲ … အဲ့လိုမဟုတ်ပါဘူးဟယ် …
    ဝင်ကြေးက 3ဒေါ်လာလို့ရေးတာပါ … တနေ့ဝင်ရင် တခါပေးရမဲ့ပုံစံမျိုးမရှင်းမရှင်းရေးထားတယ် …။ လစဉ်ကျေးက ငါးဒေါ်လာတဲ့ မနက်ပိုင်းနဲ ့ ညပိုင်း ၂ချိန်ရှိတယ်တဲ့..။

  • weRone

    June 16, 2011 at 8:40 am

    နောက်လမှာ တန်းခွဲ အသစ်ရှိပါတယ်။ Registration Fees $3 က တစ်ခါတည်းသွင်းရမှာ ၊ လစဉ်ကြေး $5 ပဲ လစဉ်သွင်းသွားရမှာတဲ့ ။ ဘယ်နှစ်လ လဲဆိုတာ ကို မမေးလိုက်ရဘူး။ တက်ချင်တဲ့ သူ သံရုံကို လာပြီး Form ဖြည့်ရမယ်တဲ့ ။

  • nyolay

    June 16, 2011 at 8:50 am

    ညိုလေး ရောဂ သင်တန်းတော့ မတတ်ဘူးပါဘူး မေမေနဲ့တော့ Gym တူတူဆော့ဘူးပါတယ်၊ အကြောအချင်တွေတော့ တကယ့်ပျော့မှရမယ်ထင်ပါတယ် လုပ်နိ်ုင်ရင်တော့ အကောင်းဆုံးပေါ့ း)

  • nyolay

    June 16, 2011 at 8:52 am

    ဟာ ယောဂပါ မှားလို့ ကိုတညင်သားရေးတာကို ကြည့်ပီးမှားသွားတယ် ဟွန့် လူဆိုးကြီး

  • nature

    June 16, 2011 at 2:01 pm

    ယောဂ ကိုစိတ်ဝင်စားရင် wellness of yoga ဆိုတဲ့ခွေတော်တော်ကောင်းပါတယ်၊ National CD ခွေဆိုင်မှာရတယ်။

Leave a Reply