အရေးကြီးသတင်း (သူငယ်ချင်းများအတွက်)

mGJune 15, 20111min25016

အားလုံးသော အွန်လိုင်းမှ သူငယ်ချင်းများ၊ကျွန်တော် ဒီစာကို ကျွန်တော့မေးလ်ကနေ..Forward ရလာတာပါ။ဒါလေးကိုဖတ်မိတိုင်း အရမ်းကို
စိတ်တုန်လှုပ်မိပြီး၊မျက်ရည်ကျမိပါတယ်။…… 🙁

အရေးကြီးတဲ့ မေးလ်တစ်စောင်မို့လို့ forward လုပ်လိုက်တာပါ။ အွန်လိုင်းက
သူငယ်ချင်းများဆိုတာထက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက်ဆိုရင်
ပိုမှန်ပါလိမ့်မယ်။ ဒီမေးလ်ကို တခြားသူငယ်ချင်းတွေလည်း လက်ခံပြီးရင်
လက်ခံပြီးလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် မသိသေးသော ကျွန်တော်သူငယ်ချင်းများအတွက်
ထပ်ပြီး ပို့ပေးလိုက်တာပါ။ မေးလ်ကို ဖတ်ပြီးပြီးချင်း ပို့ပေးလိုက်တာပါ။
ဒီမေးလ်ကို ဖတ်ပြီးသွားတော့ အရမ်းကို အံ့ဩတုန်လှုပ်သွားတယ်။ ဒါဟာ
ဖြစ်သင့်သလားဆိုတာကိုရောပေါ့။ (ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။) မေးလ်လေးကို
ဖတ်ပြီးသွားရင် forward မေးလ်လေး ထပ်လုပ်ပေးကြပါ။ တာဝန်ရှိသူများအနေနဲ့လည်း
ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ သဒ္ဓါတရားကို အဲဒီလိုနည်းနဲ့ မစော်ကားသင့်ပါဘူး။
ဒီကိစ္စကိုလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူငယ်ချင်းများအားလုံး
ဝိုင်းပြီးစုံစမ်းပေးစေချင်တယ်။ ဒီအကြောင်းအရာဟာ တကယ်ဟုတ်သလားဆိုတာကိုရောပေါ့။
ဘာသာခြားတွေကို အဓိကထားပြီး ပြောချင်တာ မဟုတ်ပါဘူ။ ဒီလိုမျိုးလုပ်ရပ်ကို ဘယ်သူက
လုပ်တာလဲဆိုတာကိုပဲ သိချင်တာပါ။ အရမ်း အံ့ဩတုန်လှုပ်ဖို့ကောင်းတယ်။

ဇေယျာဦး

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ

ကျွန်မလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်။ မနက်ဆို
နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျွန်မပေါ့။
အဲဒါမနက်ပိုင်း ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျွန်မတို ့ညီအမလေးယောက်
ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တက်
ချမ်းသာကြီး တန်ဆောင်းမှာ ပုတီးစိတ် စကားတွေပြောပြီး။ ခေါင်းလောင်းထိုး
လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျွန်မတို ့ ဆင်းလာခဲ့ကြတယ်။ ကျွန်မတို
့ညီအစ်မ ဘုရားမနက်တက် ညနေတက်လို ့ဘုရားတရား သိပ်လုပ်တယ်လို ့တော့ မထင်စေချင်ဘူး
။ အကြောင်းအရာတစ်ခုစလိုက်ရင် တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီး
နိုင်ပြောတာတွေ
ရင်ထဲမှာစုထားတဲ ့ အကြောင်းအရာတွေ အကုန်ပြော ကြုံရင်ကြုံသလို နောက်တုန်း။

ကျွန်မကတော့ အကုန်စပ်စုတွေ ့သ မျှ အကုန် အဲလိုစပ်စုရင်းနဲ ့ရွှေတိဂုံဘုရားက
အလှူခံပုံးတွေ အကြောင်း ကျွန်မသိလာခဲ ့ရတယ်၊ ချမ်းသာကြီး
တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု
ကောင်လေးတစ်ယောက်က သော့ခတ်ထားတဲ ့အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ်။
ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ။
ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့လဲ မဟုတ် နှစ်နေ ့လဲ
မဟုတ် စဉ်းစားကြည့်ပါဦး။

ကျွန်မတို ့ငယ်ငယ်ကတောင် မိုးအလင်း ဝင်ချင်တဲ့လူ ဝင်ထွက်သွားလာနေတဲ့
့ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ဖူးခဲ ့ဘူး။ အခုဆယ်နာရီဆိုရင်
ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ ့ဝန်ထမ်းပဲ ကျန်တာ။ သော့ခတ်ထားတဲ ့အလှူခံပုံးကို
ဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့မတူပေဘူးလား။ ပုတုတုနဲ
့အဲဒီပုံးလာထမ်းတဲ ့ကောင်လေးကို မမလေ – သိတယ်နော်။ ဟဲ ့နင်ကို
ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ့ကျွန်မမေးတော့ – ဗျာ အစ်မတဲ ့ အဲဒီပုံးတွေထမ်းပြီး
ဘယ်ယူသွားတာတုန်းဆို တော့ – သိမ်းတာလေတဲ ့။ ဟဲ
့နင်အားနေလား*နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ
ခိုးမယ့်သူမရှိဘူးဆိုတော့။ မဟုတ်ဘူး အမ ကျွန်တော်တို ့က ဝန်ထမ်း။
ဒါကျွန်တော်တို ့သူဌေးပိုင်တာတဲ့။
*ကျွန်မခေါင်းနဘမ်းကြီးသွားသလို အစ်မတွေလည်း အနားတိုးလာတယ်။ ရှင်းရှင်းပြောစမ်း
နားမလည်ဘူး၊ ဂေါပကသွား တိုင်မှာနော် ဘုရားပိုင်ငွေတွေ
ပြည်သူတွေရဲ့အလှူငွေတွေကို ဘယ်ကသူဌေးက ပိုင်တယ်လို ့
နင်ပြောတာတုန်းဆိုတော့၊ ကျွန်တော်တို
့သူဌေးက ရွှတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ကန်ထရိုက
်ယူထားသတဲ့။ ရှင်။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို အစ်မတို
့အားလုံးလဲပါးစပ်အဟောင်းသားနဲ့။ နင့်သူဌေးက ဗုဒ္ဓဘာသာလား ဆိုတော့ – မဟုတ်ဘူး၊
ဘာသာခြားတဲ ့ ။ မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး၊ မမ နင်မေးရက်တယ်တဲ့။
မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို ့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား
ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ *့ဗုဒ္ဓဘာသာ မဟုတ်တဲ ့စီးပွါးရေးချွတ်ခြုံကျနေတဲ့
လူတစ်စုကြောင့် ရပြီးသား ဘုရားငွေတွေရော၊ မရေရသေးတဲ
့အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို
သိန်းငါးထောင်နဲ့ဘာသာခြားလက်ထဲမှာ ပေါင်ထားတာပေါ့တ*ဲ့။ ငါတို
့ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ဘာသာခြားက ရနေတာကိုးတဲ့။ အဲဒီနေ
့ကစလို ့ ဘုရားကို ရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို ့သော့ခတ်ထားတဲ
့အလှူခံပုံးတွေထဲ ကျွန်မတို ့ အလှူငွေမထည့်တော့ဘူးရှင်။ ကဲ….. ရှင်တို
့ရောလှူကြဦးမလား…ရှင့်။

မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျွန်မကို
ကျိုးကြောင်းခိုင်လုံစွာ ရှင်းပြပေးပါရှင်။ ကျွန်မ မဟုတ်ဘူးဆိုတာ
ကိုလက်ခံချင်လို့ပါ….။ ရင်းနှီးတဲ ့ဂေါပကလူကြီးတစ်ယောက်ကိုလဲ
ကျမမေးကြည့်တော့မှန်ပါတယ်တဲ ့ရှင် …..
(ကိုယ်တွေ ့ကြုံ ရေးသားသူ – မမ)။

ဒါကသူရေးထားတဲ့စာပါ။ ဒီအဖြစ်အပျက်က အမှန်ဆိုတာ သေချာမှ ကျွန်မ
ပြန်ပြီးမျှဝေတာပါ။
ကျွန်မအနေနဲ့ အလှူငွေတွေကို စီးပွားဖြစ်လုပ်တဲ့ တစ်ခြားဘာသာခြားတွေကိုလည်း
အပြစ်မဖို့ချင်ပါဘူး။ ဒီငွေတွေကို ဘယ်သူက သူတို့ကို ကန်ထရိုက်နဲ့ ရောင်းသလဲ
ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ပုဂ္ဂလိက လုပ်ပိုင်ခွင့် သိပ်မရှိဘူးလို့ ပြောတဲ့
မြန်မာနိုင်ငံမှာ ရှိတဲ့ ပုဂ္ဂလိက လုပ်ပိုင်ခွင့်တွေကို ဘယ်သူတွေက ဘယ်လိုနည်းနဲ့
ရတယ်ဆိုတာပဲ ကျွန်မတို့က စဉ်းစားရမှာပါ။
Business View ကကြည့်ရင်တော့ စီးပွားရေးလုပ်တဲ့သူက သူအမြတ်ရရင် လုပ်မှာပါပဲ။
ဥပဒေဘောင်အတွင်းက ဘယ်ကိစ္စမဆို သူ့အနေနဲ့ တရားဝင် ပေါ်တင်လုပ်ပိုင်ခွင့်
ရှိပါတယ်။ Ethical View ကကြည့်ရင်တော့ Debatable Situation ပါပဲ။ သူတစ်ပါးက
ယုံယုံကြည်ကြည်နဲ့ လှူတဲ့ငွေတွေကို ကိုယ့်စီးပွားရေးအတွက် သုံးတယ်ဆိုတော့
Unethical ဖြစ်တယ်လို့ ယူဆနိုင်သလို ပတ်ဝန်းကျင်နဲ့ လူသားတစ်ရပ်လုံးကို
မထိခိုက်တဲ့အတွက် Ethical ဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။ Religious View
ကကြည့်ရင်တော့ လုံးဝကိုလက်ခံနိုင်စရာ မရှိပါဘူး။ သူတစ်ပါးဘာသာဝင်တွေရဲ့
ယုံကြည်မှု၊ သဒ္ဓါတရားကို အလွဲသုံးစားလုပ်ရာကျတယ်လို့ မြင်ပါတယ်။
ဒါပေမဲ့ စာရေးသူ မမ မေးတဲ့ “ရှင်တို့လှူကြဦးမလားရှင်” ဆိုတဲ့ မေးခွန်းကိုတော့
ကျွန်မအနေနဲ့ ဖြေရရင် “ဟုတ်ကဲ့၊ လှူဦးမှာပါ” လို့ဖြေမှာပါ။
လှူတယ်ဆိုတာ စေတနာသုံးတန်နဲ့လှူတတ်ရင် အင်မတန်မြတ်တဲ့အလှူ ဖြစ်တယ်လို့
ကျွန်မယုံကြည်ထားလို့ပါ။ သူတို့ ဒီအလှူငွေတွေကို ဘာလုပ်သလဲလို့
ဆိုတဲ့မေးခွန်းဟာ ကျွန်မတို့ လှူလိုက်ပြီးတဲ့ နောက်မှာဖြစ်တဲ့ ကိစ္စပါ။
လှူနေတဲ့အချိန်မှာ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်ပြီး လှူရမှာပါ။
ကျွန်မအနေနဲ့ကတော့ လှူတဲ့အခါတိုင်း မြတ်စွာဘုရားရဲ့ ကြွင်းကျန်ခဲ့တဲ့
ဆံတော်တွေနဲ့ ပြုလုပ်ထားတဲ့ စေတီတစ်ဆူကို ကြာရှည်တည်တံ့အောင်
ကိုယ်တတ်နိုင်တဲ့ဘက်က ထိန်းသိမ်းတာဟာ ဗုဒ္ဓဘာသာကို
အဓွန့်ရှည်အောင်ထိန်းသိမ်းရာရောက်တယ်ဆိုတဲ့ စိတ်ထားပြီး လှူတာပါ။ အဲဒီ့လို
လှူမယ်ဆိုရင်တော့ နောက်ဖြစ်လာမဲ့ အကျိုးဆက်အတွက် သောကပွေစရာ မလိုတော့ပါဘူး။
ဒါကတော့ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်ပါ။ အားလုံးလည်း အမှန်တရားကိုသိပြီး
ကိုယ်ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီး အလှူဒါနတစ်ခုကို ပြုနိုင်အောင်လို့
အခုလိုမျှဝေပေးလိုက်တာပါ။
ဗုဒ္ဓဘာသာ အဓွန့်ရှည်တည်တံ့ပါစေ။ ။

16 comments

  • ဆူး

    June 15, 2011 at 2:27 pm

    ဒီသတင်းလေး ကြားမိတာ ၂နှစ်လောက် ရှိမယ် ထင်တယ်။
    ဒါက အင်ကြီး ဖြစ်မယ် ထင်ပါတယ်။

  • parlayar46

    June 15, 2011 at 2:30 pm

    အော်…. ဘာများလဲလို့ …….အဲဒါမျိုးတွေကကြာပါပြီ။
    ဒီပိုစ့်ပါ ရွှေတိဂုံကိစ္စကို အတိအကျမပြောနိုင်ပေမယ့်..
    ကျုပ်တို့ ဗုဒ္ဓဘာသာတွေရဲ့ဝန်းကျင်မှာ
    ဗုဒ္ဓအလိုတော်နဲ့မကိုက်ညီလောက်တဲ့
    အလားတူကိစ္စပေါင်းများစွာ.. ဆင်တူရိုးမှားကိစ္စပေါင်းများစွာ ..
    ရှိနေပါတယ်။
    သာသနာတော်ကို သန့်စင်စေချင်သူတွေများလာတဲ့အခါ အဲဒါတွေကို ထုတ်ပြော ပြုပြင်လာပါလိမ့်မယ်။

  • windtalker

    June 15, 2011 at 3:24 pm

    ဒီသတင်းသာ မှန်ကန်ခဲ့ရင် ဗုဒ္ဓဘာသာ ကိုးကွယ်ရာ ဖြစ်တဲ့ မြန်မာနိုင်ငံသား မြန်မာလူမျိုး ( သို ့မဟုတ် ) ဗမာ လူမျိုး များ အနေဖြင့် လုံးဝ ခွင့်လွှတ်သည်းခံ နိုင်ရန်မရှိပါ ။ mG ခင်ဗျား သည်သတင်းကို အစိုးရပိုင်းထံ ထိ အမြန်ဆုံး ပေးပို ့စေလို ပါသည် ခင်ဗျား ။ သူကြီး ရေ စုံစမ်း စစ်ဆေး ပေးပါဦးဗျ

  • naungnaung

    June 15, 2011 at 3:30 pm

    ဒီသတင်းက အမှန်လို့တဆင့်စကားနဲ့ ကြားဖူးတယ်…တဆင့်စကားဆိုတာက ဘုရားဝန်ထမ်းတွေဆီကပါ…ဒါပေမယ့် လေလံသဘောနဲ့ ပေးတာဆိုတော့ တဦးတယောက်တည်းတော့ ပုံမှန် မဟုတ်ဘူးထင်တယ်..ပိုပေးနိုင်တဲ့ သူက ရတာတဲ့….နောက်ပြီးကြားဖူးတာတခုရှိသေးတယ်…ဘုရားပေါ်ကနေ ဆင်းလာတဲ့ ရေတွေကို နေရာတခုမှာ filter တွေနဲ့စစ်ထားပြီးတော့ အနည်တွေမှာ ပါလာတဲ့ ရွှေမှုန်တွေကို လေလံသဘောမျိုးနဲ့ပဲ ပြန်ရောင်းတယ်လို့ ကြားဖူးတယ်…
    ဒီလိုမျိုး စွန့်ပစ် ပစ္စည်း ဖြစ်မဲ့ဟာတွေကို အသုံးချတက်တဲ့ သူတွေကို ရောင်းချလိုက်ပြီး ရလာတဲ့ ငွေတွေနဲ့ ဘုရာ အတွက် ပြန် သုံးတယ်ဆိုရင်တော့ သင့်လျှော်တယ်လို ထင်ပါတယ်…

  • unclegyi1974

    June 15, 2011 at 4:08 pm

    ှဘုရားကိုလှူတာပါ ကန်ထရိုက်ကိုလှူတာမဟုတ်ပါဖူး
    ဘုရားအလှူငွေကိုကန်ထရိုက်ပေးလို့ရတယ်လို့မကြားဖူးပါဘူး
    ဟုတ်ခဲ့ရင်လည်း ကန်ထရိုက်ဆွဲတဲ့သူကိုဘာမှမပြောလိုပါ
    လေလံဘယ်သူကပစ်တာလဲ
    လူမျိုးခြားတွေကလေလံလာပစ်တာမဟုတ်တာသေချာပါတယ်
    စိတ်စေတနာပြတ်ပြီးလှူတယ်ဆိုတာကလည်း
    မသိမှပါ သိသ်ိကြီးနဲ့ဘယ်လိုစေတနာပြတ်အောင်စိတ်ကိုထားမလဲ
    ထားနိုင်ရင်လည်းပြီးနေပြီလေ ကောင်းပါလေ့

  • bigcat

    June 16, 2011 at 12:35 am

    ဒီသတင်းထွက်တာ ကြာပါပြီ။ ဘုရားဂေါပကအဖွဲ့ကလည်း မဟုတ်ဘူးလို့ ငြင်းတာတွေ့ဖူးပါတယ်။ သတင်းလွတ်လပ်ခွင့် မရှိတဲ့နိုင်ငံမှာဆိုတော့ တိတိကျကျ ပြောရန်ခက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းငြိမ်သွားလို့ မဟုတ်ဘူးလို့ ယူဆနိုင်ပါတယ်။ ရွှေတိဂုံဘုရားကြီးရဲ့ ဘဏ်အပ်နှံငွေ တွေကိုတော့ အစိုးရကမကြာခဏ ချေးယူသုံးစွဲလေ့ရှိတယ်လို့တော့ အတွင်းသတင်းရှိတယ်။ ဘတ်ဂျတ်လိုငွေပြတဲ့ အခါတွေမှာ ဖြစ်ဖို့များပါတယ်။ အစိုးရကပဲလား၊ ရန်ကုန်စည်ပင်မြို့ သာယာရေးအဖွဲ့ကပဲလား မသိပါဘူး။ ထူးတော့မထူးပါဘူးလေ အတူတူနဲ့ အနူနူပဲဟာ….

  • meocyrus

    June 16, 2011 at 1:37 am

    ဆူးလေဘုရားမှာကပ်ထားတဲ့တင်ဒါခေါ်စာတစ်ခုကိုတော့ဖတ်ဘူးတယ်။ တင်ဒါတင်သွင်းသူဟာ ဗုတ်ဒဘာသာ၊ မြန်မာလူမျိုးဖြစ်ရမယ်ဆိုတဲ့စည်းကမ်းချက်ပါတယ်။ ရွှေတီဂုံမှာတော့ဘယ်လိုစည်းကမ်းချက်ရှိလည်းမသိဘူး။

  • natthamee

    June 16, 2011 at 2:53 am

    ဟုတ်တယ် ဒီသတင်းကြားတာ တော်တော်ကြာနေပါပြီ။ ဟုတ်မဟုတ်တော့ သေချာမသိပါဘူး။ ကျိုက်ထီးရိုးဘုရားပတ်ဝန်းကျင်က ဘုရားတွေမှာလဲ ဒီလိုပဲ ကန်ထရိုက်တွေပေးတယ်လို့လဲ ကြားဖူးပါတယ်။

  • etone

    June 16, 2011 at 3:17 am

    ဒီအကြောင်းကို ဆိုက်ထဲမှာ တခြားလူတွေ တင်တာ နှစ်ခါ ၊ သုံးခါ ။ ရှိပြီ ကြာတောင် ကြာနေပြီ။

    ကိုယ်ကတော့ ဘုရားကို ကြည်ညိုလို့ လှူ လိုက်တာပဲလေ … ကန်ထရိုက်ယူတာ မယူတာ သူတို့ အပိုင်းပဲ … ရိုးရိုးလေးပဲ တွေးလိုက်ပါ ။

  • နွယ်ပင်

    June 16, 2011 at 3:38 am

    ဒီသတင်းကို ကြားဖူးတာ တော်တော်ကြာနေပါပြီ .. သတင်းက အမှန်လို့လဲပြောကြပါတယ် .. သတမ်းမှန်တာ မမှန်တာထက် ကိုယ်ဘုရားကို လှူတဲ့အခါ စိတ်သန့်သန့်နဲ့ လှူဖို့က ပိုအရေးကြီးပါတယ်

  • တညင်သား

    June 16, 2011 at 4:28 am

    ဟုတ်တယ် .. အဲအဲ ဟုတ်တယ်ဆိုတာ ဒီသတင်းကြာပြီလို့ပြောတာ ဒါက အမှန်မဟုတ်လောက်ပါဘူး…..နောင်နောင်ပြောသလို ဘူရားပေါ်က စီးကြလာတဲ့ ရေမြောင်း တလျှောက် လေလံပြစ်တယ်ဆိုတာတော့ဟုတ်ပါတယ်.. ကျိုက်ထီးရိုး တောင်ပေါ် စေတီ သေးသေးလေးတွေမှာ ကိုယ်တွေ့လေးတခုပါ . ခေါင်းလောင်း လိုအပ်နေလို့ ဝယ်ပြီးလူု ခဲ့တယ် ပြီးတော့ ရေတွက်ကြည့်တော့ ၅ လုံးပဲရှိသေးတယ်.. ဒါနဲ့ နောက်တခေါက်ကြမှ လူုမယ်လေဆိုပြီး ပြန်လာခဲ့တယ် တပတ်တောင် မပြည့်သေးဘူး လူုမလို့ သွားကြည့်တော့ ၃လုံးပဲရှိတယ် တိုးမလာတဲ့အပြင်လျှော့တောင်သွားသေးတယ် ..လေလံပြစ်တယ် ပြောတာပဲ ဘုရားပေါ်က လူတွေက ..အလူုခံ တဲ့သူတွေက တော့ အတင်းကြီးကို အလူုခံနေကြတာပဲ……….

  • mawmyayoo

    June 16, 2011 at 5:22 am

    စေတနာသုံးတန်ပြတ်သားစွာဖြင့်လှူတန်းပါ။ဘုရားကိုကြည်ညိုလို ့လှူတာလှူပြီးတဲ ့နောက်ဘာမှမတွေးနဲ ့
    အဲလိုတွေးရင်းနဲ ့လှူရင်လည်းမပြတ်ဘူး။ကြည် ့သောသူမြင်ရသည်။မြင်ရတဲ ့သူခံစားရသည်။ကြားရသည် ့
    သူသည်လည်းစိတ်မချမ်းမြေ ့ပါ။(မိတ်ဆွေရသလောက်ဖြေတွေးတွေးလိုက်ပါ။)

  • kai

    June 16, 2011 at 6:01 am

    လှူရာမှာ… “ငါ့လက်ကလွတ် ဗြွတ်”ဆိုပြီးတော့ မလှူရပါဘူး..။
    ငွေကအလကားရတာမှမဟုတ်တာ…။

    ဆိုတော့…
    မြန်မာပြည်မှာ ငတ်နေတဲ့ကလေးတွေရှိတယ်..။ ဘဝပျက်နေတဲ့..မိန်းကလေးတွေရှိတယ်..။
    ခြေလက်တွေပြတ်နေတဲ့.. ဒုက္ခိတတွေရှိတယ်..။ စာသင်ချင်ရက် ကျောင်းမတက်ရဖြစ်နေတဲ့ ကလေးသူငယ်တွေရှိတယ်..။
    အဓိကက..ကလေးတွေပဲ..
    နောင် တိုင်းပြည်ကြီးကို သူတို့လက်အပ်ရမှာ…။ နောင်အနာဂါတ်ရဲ့..အမျိုး..ဘာသာ..သာသနာကို စောင့်ရှောင့်မှာက..သူတို့တွေ…။

    သူတို့ဘဝကို မြှင့်တင်ပေးမဲ့နေရာကို လှူပါ..။ ငွေကိုစံနစ်တကျသုံးပါ..။ အထိရောက်ဆုံးဖြစ်အောင်လုပ်ပါ..။
    အဲဒါမျိုး.. အလှူကိုု.. ဂေါတမမြတ်စွာဘုရားကိုယ်တိုင် သာဓုခေါ်ပါတယ်..။
    တကမ္ဘာလုံးက လူသားတွေ..ဘာသာမရွေး..လူမျိုးမရွေး သာဓုခေါ်ပါတယ်..။

  • wakawaka7

    June 16, 2011 at 7:04 am

    အံ့ဘွယ်သုတပဲ။ အလှူခံပုံးကိုတောင် လေလံတင်ရတယ်လို့။ ဘာတွေကိုများ ဆက်ပြီးလေလံတင်ဦးမလဲးမသိဘူး။ကြာရကြားရ နားဝမသက်သာလိုက်တာ။

Leave a Reply