သရဲ ဆိုတာ ဂျိုနဲ့ ပေါ့ကွယ်..

ဆူးJune 15, 20111min27122

တခါ ခရီးထွက်တုန်းက ဘုန်းကြီးကျောင်းမှာ အိပ်တော့ အိမ်သာနဲ့ ညအိပ်တဲ့ အဆောင်က ဝေးသကိုး..
မီးကလေးက မှိန်မှိန်.. လက်နိပ်ဓါတ်မီး အားကိုးနဲ့ အိမ်သာကို သွားရတယ်။
ဘုန်းကြီး ကျောင်းထဲမှာ ခွေးတွေ ရှိလို့ လိုက်ဆွဲမှာလည်း ကြောက်ရသေးတယ်။
ဝါးဆစ် တချောင်း လမ်းမှာ ကျနေတာ ကောက်ဆွဲပြီး သွားရတယ်။ ခွေးပါးတွေ ဒုတ်ပါတဲ့ လူ အနား ခွေးမလာရဲဘူး။ အိမ်သာ မှာတော့ မီးမှောင်မှောင် ရှိတာပေါ့။ အိမ်သာဘေးနားမှာ လယ်ကွင်းကြီးရှိတယ် သစ်ပင်တွေ ရှိတယ်။ အိမ်သာ နဲ့ အနီးဆုံး နေရာနားက သစ်ပင်က လေမတိုက်ပဲ လှုပ်နေတယ်။ လေတိုက်လို့ လှုပ်တာနဲ့ အတူ ကလောက် ကလောက် အသံ သဲ့သဲ့ ကြားရပါတယ်။
လေမတိုက်ပဲ လှုပ်တဲ့ သစ်ပင် ထို အပင် တစ်ပင်တည်းသာ ရှိပါတယ်။
စိတ်ထဲ မသင်္ကာတာနဲ့ အမှောင်ထဲမှာ အလင်းမရှိလည်း အနည်းငယ် မြင်နိုင်တယ် ဆိုတဲ့ အတိုင်း သေချာ ကြည့်လိုက်တဲ့ အချိန်မှာ….. ဟယ်….

မှောင်ပြပြ အရိပ်ထဲ မသည်းမကွဲ နဲ့ သေချာ မြင်လိုက်တယ်။ လှုပ်လည်း လှုပ်နေတာ အမှန်ပါပဲ။

မြင်လိုက်ပြီးတဲ့ အချိန်မှာ အနားမသွားရဲတော့တာ အမှန်ပါပဲ။

တကယ် ဂျို ရှိတဲ့ သရဲ ကိုတွေခဲ့ပါတယ်။

မဲမဲကြီးပါ..

အဲဒါ ဘာသရဲလဲ ဆိုတော့.. ရွာသားတွေ ဝိုင်းမစဉ်စားခိုင်းတော့ပါဘူး..
နေ့လည်က လယ်ထွန်တဲ့ ကျွှဲ ၂ကောင် အဲဒီ သစ်ပင်မှာ ည သိပ်ချည်ထားခဲ့တာ ဖြစ်ပါတယ်။

မသွားရဲတာက မှောင်နေတာ ကလည်း တကြောင်း မြွေပါး ကင်းပါး ရှိရင်သော် လည်းကောင်း ကြိုး ချည်ထားတာ မသေချာရင် လူကို လာခွေ့မှာ စိုးလို့ပါ။

22 comments

  • weiwei

    June 15, 2011 at 2:31 pm

    သူရဲဆိုလို့ အခုတလော နံမည်ကြီးနေတဲ့ သူရဲကားကြည့်ဖူးလား … မိုင်တိုင် ၇၆ တဲ့ …
    သူများတွေကတော့ ကြည့်ရင်းနဲ့ကြောက်လို့တဲ့ … မဝေကတော့ ကြည့်ရင်းနဲ့ အိပ်ပျော်သွားတယ် …. 😛

    • hmee

      June 15, 2011 at 4:27 pm

      မဝေရေ မှီကြည့်လိုက်ရတယ်။ ဗမာကားထဲမှာတော့ ကြည့်လို့ဖြစ်တဲ့ ကားလေးပါ။ အရင်က သရဲကားတွေ ထက်စာရင် ကောင်းပါတယ်။

  • MaMa

    June 15, 2011 at 2:36 pm

    ဆူးရေ သရဲကို DNA စစ်ဖို့ လုပ်တဲ့လူက လုပ်နေတုန်း ရှိသေးတယ်။ ဆူးက ဂျိုပါကြောင်း သက်သေပြလိုက်တာပေ့ါနော်။

  • ဆူး

    June 15, 2011 at 2:49 pm

    ဆူး သေချာ မြင်ခဲ့တဲ့ သရဲက မဲမဲကြီး မှာ ဂျို ကြီးနဲ့ပါလို့ သက်သေသာဓက နဲ့ ပြောပြတာပါ။

  • Snowy

    June 16, 2011 at 4:29 am

    မိုင်တိုင် ၇၆ ဆိုတဲ့ကားက အဖြစ်မှန်ကိုပြန်ရိုက်ထားတာ လို့ရေးထားတာပဲ … တစ်ကယ်သာဆိုရင်တော့ အယ်ဒီ ကားပေါ်မှာတင် အသက်ထွက်သွားနိုင်တယ် 😛

    • etone

      June 16, 2011 at 4:51 am

      ဒီလောက် ပြောင်ပြောင်တင်းတင်း သရဲ ခြောက်ရဲပါ့မလား ။
      တကယ့်အဖြစ်ပျက်ဆိုရင် ပြောတာပါ.။

      • နွယ်ပင်

        June 16, 2011 at 5:46 am

        အဲ့ကားကို တစ်ကယ့်အဖြစ်အပျက်လို့တော့ ပြောနေကြတာပါပဲ ဟုတ်မဟုတ်တော့ မသိပါ ဒါပေမဲ့ အကြိုက်ဆုံးကတော့ အဲ့ကားမှာ ခွန်းဆင့်နေခြည် ရီ တဲ့အသံပါ သဘောကျလွန်းလို့ အလုပ်မှာတောင် တွေ့တဲ့သူက အရင်ဦးအောင် အဲ့ အသံနဲ့ရီပြနေကြလေရဲ့ … 🙂

  • meelay

    June 16, 2011 at 4:41 am

    တော်သေးတယ် …. ကျွဲဖြစ်နေလို့ …….. 🙂

  • nyolay

    June 16, 2011 at 8:30 am

    ဒါဆို မမဆူးက ဂျိုနဲ့ သရဲကိုတွေ့ခဲ့ရတယ်ပေါ့
    ရုပ်ကရောဆိုးလား ညိုလေးတော့ သရဲ တခါမှ မတွေ့ဘူးလို့ လားတော့မသိဘူး မကြောက်တတ်ဘူး
    ကံနိမ့်တဲ့အချိန်မှာလဲ အဲ့ဒါမျိုးတွေ တွေ့တတ်တယ်နော် တတိထား……..း)

  • Anzartone

    July 13, 2011 at 10:44 am

    ပုပ္ပါးက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အိမ်သာတံခါးကို ဆွဲဖွင့်လိုက်ရင် သနပ်ခါးဘဲကျားနဲ့ သရဲမကို တွေ့ရတတ်တယ် ဆိုတဲ့ အကြောင်းကို သွားပြီး သတိရမိတယ်။

  • pan pan

    July 13, 2011 at 11:26 am

    ကျောပေါက်သရဲရော တကယ်ရှိလားမသိဘူး
    ငယ်ငယ်တုန်းက ကြားဖူးတယ်
    ၅တန်းလောက်က၊
    ကျောင်းမှာရှိတယ်ဆိုပြီး

  • မောင်ဘလိူင်

    July 13, 2011 at 12:26 pm

    ခုတလော ရွာထဲမှာ တစ္ဆေအကြောင်းတွေ ရေးနေကြတာ..ကျွန်တော်လည်း
    တစ်ရက်တော့ ကိုယ်တွေ ့လေးတွေ ရေးတင်ဦးမှပဲ။
    (ပြောသာပြောရမှာ ယောကျာ်းတန်မဲ့ အကြောက်လွန်တဲ့အကြောင်းဆိုတော့
    ကိုယ့်ပေါင်ကိုလှန်ထောင်းရသလို ဖြစ်နေမှာပဲ 🙂 )

  • ကြေးမလောင်

    November 28, 2011 at 3:55 pm

    သရဲတဲ့ ဘာများလဲလို့.. ကျွှဲကြီး ကိုများ ရီရတယ်။

  • naywoonni

    November 28, 2011 at 5:43 pm

    ရှေးလူကြီးတွေ ပြောတာ ကြားဖူးတယ်…..။ နာနာဘာဝကို မြင် တာကံနိမ့်နေလို့တဲ့….။ ကံမြင့်အောင် မြေတူးပြီး ဖို့ဘို့တော့လိုမယ်ထင်တယ်နော်….။

    • ဆူး

      November 29, 2011 at 9:05 am

      ကံမြင့်အောင် လုပ်ပြီး တူးရင်းနဲ့ ဘေးမှာ ကံတခု ထပ်ဖြစ်နေအုန်းမယ်။ ကံ တွေ တိုးကုန်မယ်။
      မြန်မာပြည်က လမ်းတွေဆိုရင် လမ်းဘေးတိုင်းမှာ မြောင်းရှိတယ်.. လမ်းလုပ်ဖို့ တူးတင်ရင်းနဲ့ ဘေးမှာ ရေကန်တွေ အစီအရီပဲ..

  • ဟုတ်ပါတယ် ဆူးရေ။လမ်းတွေတလျှောက်လုံးရေကန်တွေတော့ ဖြစ်ကုန်ပါပီ။နာနာဘာဝဆိုတာက
    လဲ မရှိဘူးလို ့ပြောရခက်၊ရှိတယ်လို ့ပြောရအောင်လဲ မမြင်ဖူးလေတော့……

  • ဆူး

    November 29, 2011 at 9:47 am

    အဲဒီ ရေတွေက ခြင်တွေ အရမ်းပေါက်ပြီး ရောဂါ ဖြစ်နိုင်တဲ့ အနေအထားဖြစ်စေတယ်။
    ပြောသာ ပြောရတာ နွေ ဆို အဲဒီ ရေတွေ ရှိတော့ အပူတော့ တော်တော် သက်သာတယ်။

  • water-melon

    November 29, 2011 at 12:21 pm

    အခုခေတ်မှာ သရဲတွေက သိပ်မပေါတော့ဘူးဗျ။ ဘာလို့လဲဆိုတော့ သရဲထက်မိုက်တဲ့ လူတွေပေါ်လာပြီဗျ။ ရွာတွေမှာလဲ ဒီလိုဘဲ အခု အဲဒီအပင်က သရဲခြောက်တယ်နော် ရတယ်ကြိုက်သလောက်ခြောက်နောက်နေ့
    အဲဒီ အပင်မီးရှိ့ပြစ်တာ။ သရဲလည်း ဘုံပျောက်ရော။

  • NK

    December 1, 2011 at 9:48 am

    စကေးရှိတဲ့ သရဲ့နဲ့မတွေသေးလို့ပါ…မဟုတ်ရင်တော့လား ဂုတ်တက်စီးခံရမယ်

  • ကိုရင်စည်သူ

    December 1, 2011 at 10:11 am

    ဖွားဆူး.. သရဲနဲ့သိပ်တွေ့ချင်တာ..
    နောက်ခါ ချိုနဲ့သရဲတွေ့ရင်
    ကိုရင် ပရိတ်ရွတ်ပြီး
    ချို ချိုးလာပေးမယ်..
    ပီးရင်… ဇစ်လေးကို ပေးမယ်.. အဟိး 😀 😀 😀 😀

    • ဆူး

      December 2, 2011 at 10:01 am

      ဇတ် ကို ချို ချိုးပေးဖို့ ကိုရင် ကို ခေါ် ရမှာလား..
      ကိုရင် ပရိတ် နဲ့ မရတဲ့ ဘုန်းကြီး တစ္ဆေတွေ ရွာထဲမှာရှိတယ် အရင် ကျွှတ်အောင် တရားဟောပေးပါအုန်း။

  • cobra

    December 1, 2011 at 1:30 pm

    တကယ်သာအခြောက်ခံရရင်
    ဒီလိုမျိုးတောင်ပြန်ပြောပြနိုင်ပါ့မလားကွယ်…..။

Leave a Reply